26 April 2019

ဒီဆေးပင် ခြောက်မခြောက်၊








(Zawgyi version)

   အညာၿမိဳ႕တၿမိဳ႕မွာ ေဆးေျခာက္မေျခာက္ အပင္ၾကည့္ၿပီး မခြဲႏိုင္လို႔ အမႈျဖစ္ အဖမ္းခံေနရတယ္။ ေသခ်ာတာကေတာ့ ျမန္မာဥပေဒမွာ အတိအက် ပါဟန္မတူဘူး။ ဒါ ဥပေဒပညာ႐ွင္ေတြနဲ႔ သက္ဆိုင္ရာဌာနအတြက္ အလုပ္လုပ္ဖို႔ သတိေပးသလို ျဖစ္သြားပါျပီ။ ႐ွိရင္းစြဲဥပေဒက မတိက်တာ၊ မလံုေလာက္တာ၊ အျငင္းပြားစရာ ျဖစ္ေနတာ ေပၚလာပါတယ္။
.
ေဖ့ဘုတ္ေပၚ ဖတ္ၾကည့္ရင္ကို ေတာ္ေတာ္ဗဟုသုတ ရပါတယ္။ ဘယ္ႏိုင္ငံေတြက ေဆးေျခာက္ကို ခြင့္ျပဳတယ္။ ဘယ္ႏိုင္ငံေတြက စီးပြားျဖစ္ စိုက္ေနၾကၿပီ။ ေဆးေျခာက္ႏြယ္ဝင္ အပင္ဘယ္လိုေတြ႐ွိတယ္။ ဘယ္ဓာတ္ ဘယ္ႏွစ္ရာခိုင္ႏႈန္းပါမွ မူးယစ္ေဆးအျဖစ္ သတ္မွတ္တယ္၊ စသျဖင့္ သိရပါတယ္။
.
ဒါေတြကို ေလ့လာၿပီး ဥပေဒအသစ္ေတြ ေရးဖို႔လိုလာပါၿပီ။ ေခတ္နဲ႔ ေလ်ွာ္ညီစြာ ျပန္ေရးသင့္ပါၿပီ။ ဥပေဒတို႔ရဲ႕မိခင္ ေျခဥေတာင္ ေခတ္မမွီေတာ့လို႔ ျပင္ဖို႔ႀကိဳးစားေနရတာဘဲ။ အရင္အာဏာ႐ွင္ေခတ္ကေတာ့ ဒါမ်ိဳးျဖစ္ၿပီဆို ေပးႏိုင္ကမ္းႏိုင္လိုက္ႏိုင္ရင္ လြတ္မယ္၊ မေပးကမ္းႏိုင္ရင္ အဖမ္းခံရမွာ ေသခ်ာတယ္။ ဥပေဒစာအုပ္ ဘယ္သူမွလွန္မွာ မဟုတ္ဘူး။
.
 ဒီမိုေခတ္မွာေတာ့ ဒီလိုကိစၥမ်ိဳး ေပၚလာရင္ သက္ဆိုင္ရာဌာနေတြနဲ႔ လႊတ္ေတာ္အမတ္ေတြက အသစ္ေရးတန္တာေရး၊ ျပင္သင့္တာျပင္ လုပ္ၾကရပါမယ္။ အေပၚကအခိုင္း ေစာင့္မေနသင့္ပါဘူး။ ဒါမွ ဥပေဒျပဳေရးက႑ အသက္ပိုဝင္မွာေပါ့ဗ်ာ။

XxXxXx

(Unicode version)

   အညာမြို့တမြို့မှာ ဆေးခြောက်မခြောက် အပင်ကြည့်ပြီး မခွဲနိုင်လို့ အမှုဖြစ် အဖမ်းခံနေရတယ်။ သေချာတာကတော့ မြန်မာဥပဒေမှာ အတိအကျ ပါဟန်မတူဘူး။ ဒါ ဥပဒေပညာရှင်တွေနဲ့ သက်ဆိုင်ရာဌာနအတွက် အလုပ်လုပ်ဖို့ သတိပေးသလို ဖြစ်သွားပါပြီ။ ရှိရင်းစွဲဥပဒေက မတိကျတာ၊ မလုံလောက်တာ၊ အငြင်းပွားစရာ ဖြစ်နေတာ ပေါ်လာပါတယ်။
.
ဖေ့ဘုတ်ပေါ် ဖတ်ကြည့်ရင်ကို တော်တော်ဗဟုသုတ ရပါတယ်။ ဘယ်နိုင်ငံတွေက ဆေးခြောက်ကို ခွင့်ပြုတယ်။ ဘယ်နိုင်ငံတွေက စီးပွားဖြစ် စိုက်နေကြပြီ။ ဆေးခြောက်နွယ်ဝင် အပင်ဘယ်လိုတွေရှိတယ်။ ဘယ်ဓာတ် ဘယ်နှစ်ရာခိုင်နှုန်းပါမှ မူးယစ်ဆေးအဖြစ် သတ်မှတ်တယ်၊ စသဖြင့် သိရပါတယ်။
.
ဒါတွေကို လေ့လာပြီး ဥပဒေအသစ်တွေ ရေးဖို့လိုလာပါပြီ။ ခေတ်နဲ့ လျှော်ညီစွာ ပြန်ရေးသင့်ပါပြီ။ ဥပဒေတို့ရဲ့မိခင် ခြေဥတောင် ခေတ်မမှီတော့လို့ ပြင်ဖို့ကြိုးစားနေရတာဘဲ။ အရင်အာဏာရှင်ခေတ်ကတော့ ဒါမျိုးဖြစ်ပြီဆို ပေးနိုင်ကမ်းနိုင်လိုက်နိုင်ရင် လွတ်မယ်၊ မပေးကမ်းနိုင်ရင် အဖမ်းခံရမှာ သေချာတယ်။ ဥပဒေစာအုပ် ဘယ်သူမှလှန်မှာ မဟုတ်ဘူး။
.
 ဒီမိုခေတ်မှာတော့ ဒီလိုကိစ္စမျိုး ပေါ်လာရင် သက်ဆိုင်ရာဌာနတွေနဲ့ လွှတ်တော်အမတ်တွေက အသစ်ရေးတန်တာရေး၊ ပြင်သင့်တာပြင် လုပ်ကြရပါမယ်။ အပေါ်ကအခိုင်း စောင့်မနေသင့်ပါဘူး။ ဒါမှ ဥပဒေပြုရေးကဏ္႑ အသက်ပိုဝင်မှာပေါ့ဗျာ။

No comments:

Post a Comment

Thank you.