15 April 2019

ထီးသူခိုးများ









(Zawgyi version)

ဒီႏွစ္သၾကၤန္အတြက္ ႐ုပ္အဆိုးဆံုးကိစၥ ဒီေန႔ေတြရပါသည္။ အမ်ားသိတ့ဲအတိုင္း အင္းယားကန္ေဘာင္မွာ အလွဆင္ထားတ့ဲ ထီးေတြကို ျဖဳတ္ယူသြားတ့ဲကိစၥပါ။ တကယ္က ျပည္သူပိုင္ပစၥည္း ဖ်က္ဆီးမႈ ခိုးယူမႈ ျဖစ္ပါတယ္။ လုပ္ေနသူေတြၾကည့္ရတာ ေပ်ာ္ေပ်ာ္ပါးပါးဘဲဗ်ာ။ ခိုးေနတာလို႔ေတာင္ ထင္ဟန္မတူဘူး။ ဘယ္လိုမိဘကေမြးၿပီး ဘယ္လိုဆရာက သင္ေပးလိုက္တာပါလိမ့္ ေတြးမိတယ္။
.
ဒီတႀကိမ္ေတာ့ စံျပအေနနဲ႔ အေရးယူျပသင့္ပါတယ္။ မဟုတ္ရင္ ဒီလိုဘဲ ပန္းျခံေတြ လမ္းေတြမွာ အလွဆင္ထားတာေတြကို ဖ်က္ဆီးေနၾကဦးမွာပါဘဲ။ ခုတခါက ဓာတ္ပံုသက္ေသေတြ အတိအက်နဲ႔ဆိုေတာ့ ႐ွာဖို႔ရာ မခက္ေလာက္ေတာ့ဘူး။
.
ပစ္ဒဏ္ေပးသင့္တာက စင္ကာပူမွာလိုဘဲႀကိမ္ဒဏ္ပါ။ ဒီမွာက ႀကိမ္ဒဏ္ေပးလို႔မရေတာ့ ဒဏ္ေငြ႐ိုက္သင့္ပါတယ္။ တန္ဖိုးရဲ႕ဆယ္ဆေလာက္ ဒဏ္႐ိုက္ရင္ ေနာင္က်ဥ္လာမယ္လို႔ ေမွ်ာ္လင့္ရတာဘဲ။ တေလာကမွ ခန္႔လိုက္တ့ဲ ၿမိဳ႕နယ္စည္ပင္ေတြအစြမ္း ၾကည့္ရမွာဘဲဗ်ာ။
.
ျမန္မာျပည္မွာက အမ်ားပိုင္ပစၥည္းဆို တာဝန္ယူမ့ဲသူ မ႐ွိေတာ့ဘူး။ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ဖ်က္တ့ဲသူနဲ႔၊ ပန္းျခံထဲကအ႐ုပ္ေတြ ဖ်က္တ့ဲသူနဲ႔၊ လမ္းအလယ္အလွဆင္ထားတ့ဲ ပန္းအိုးေတြ ဖ်က္တ့ဲသူနဲ႔၊ ေနာက္ဆံုး ေရႊတိဂံုဘုရားေပၚက ထီးေတာင္ မတ့ဲသူနဲ႔ မ်ားလာၿပီ။ ဒီတႀကိမ္ေတာ့ စံျပျဖစ္ေကာင္းေလာက္ပါရဲ႕။

XxXxXx

(Unicode version)

ဒီနှစ်သင်္ကြန်အတွက် ရုပ်အဆိုးဆုံးကိစ္စ ဒီနေ့တွေရပါသည်။ အများသိတ့ဲအတိုင်း အင်းယားကန်ဘောင်မှာ အလှဆင်ထားတ့ဲ ထီးတွေကို ဖြုတ်ယူသွားတ့ဲကိစ္စပါ။ တကယ်က ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ခိုးယူမှု ဖြစ်ပါတယ်။ လုပ်နေသူတွေကြည့်ရတာ ပျော်ပျော်ပါးပါးဘဲဗျာ။ ခိုးနေတာလို့တောင် ထင်ဟန်မတူဘူး။ ဘယ်လိုမိဘကမွေးပြီး ဘယ်လိုဆရာက သင်ပေးလိုက်တာပါလိမ့် တွေးမိတယ်။
.
ဒီတကြိမ်တော့ စံပြအနေနဲ့ အရေးယူပြသင့်ပါတယ်။ မဟုတ်ရင် ဒီလိုဘဲ ပန်းခြံတွေ လမ်းတွေမှာ အလှဆင်ထားတာတွေကို ဖျက်ဆီးနေကြဦးမှာပါဘဲ။ ခုတခါက ဓာတ်ပုံသက်သေတွေ အတိအကျနဲ့ဆိုတော့ ရှာဖို့ရာ မခက်လောက်တော့ဘူး။
.
ပစ်ဒဏ်ပေးသင့်တာက စင်ကာပူမှာလိုဘဲကြိမ်ဒဏ်ပါ။ ဒီမှာက ကြိမ်ဒဏ်ပေးလို့မရတော့ ဒဏ်ငွေရိုက်သင့်ပါတယ်။ တန်ဖိုးရဲ့ဆယ်ဆလောက် ဒဏ်ရိုက်ရင် နောင်ကျဉ်လာမယ်လို့ မျှော်လင့်ရတာဘဲ။ တလောကမှ ခန့်လိုက်တ့ဲ မြို့နယ်စည်ပင်တွေအစွမ်း ကြည့်ရမှာဘဲဗျာ။
.
မြန်မာပြည်မှာက အများပိုင်ပစ္စည်းဆို တာဝန်ယူမ့ဲသူ မရှိတော့ဘူး။ ဗိုလ်ချုပ်ကြေးရုပ် ဖျက်တ့ဲသူနဲ့၊ ပန်းခြံထဲကအရုပ်တွေ ဖျက်တ့ဲသူနဲ့၊ လမ်းအလယ်အလှဆင်ထားတ့ဲ ပန်းအိုးတွေ ဖျက်တ့ဲသူနဲ့၊ နောက်ဆုံး ရွှေတိဂုံဘုရားပေါ်က ထီးတောင် မတ့ဲသူနဲ့ များလာပြီ။ ဒီတကြိမ်တော့ စံပြဖြစ်ကောင်းလောက်ပါရဲ့။ 

No comments:

Post a Comment

Thank you.