20 April 2019

မြစ်ဆုံလျှော်ကြေးကိစ္စ

(Zawgyi version)

   ျမစ္ဆံုဆည္ကိစၥ အေလွ်ာ္ေပးၿပီး ျပန္ေရြးဖို႔ ဆရာႀကီးမ်ား ဆံုးျဖတ္သတ့ဲ။ တ႐ုပ္သမတထံ စာပို႔မတ့ဲ။ ဒီအဆိုကို ျပည္သူဘယ္ႏွစ္ရာခိုင္ႏႈန္းက ေထာက္ခံသလည္းေတာ့ မသိရပါဘူး။
.
ျမစ္ဆံုေနရာ ေပ်ာက္တာမႀကိဳက္ပါဘူး။ ျပည္သူအမ်ားစုလည္း မႀကိဳက္တာ ေသခ်ာပါတယ္။ သို႔ေသာ္ အရင္စစ္အစိုးရက ခ်ဳပ္သြားတ့ဲစာခ်ဳပ္မွာ ဘာပါမွန္းမသိဘဲ ခုလိုလုပ္တာ ေလာလြန္းတယ္ထင္ပါတယ္။ စာခ်ဳပ္ထဲမွာ ဆက္မလုပ္ရင္ ကုန္ထားသမွ်ရဲ႕ ငါးဆေလွ်ာ္ရမည္လို႔ပါရင္ ဘယ္လိုလုပ္မလည္း။ စာခ်ဳပ္ကို ဘာအေၾကာင္းနဲ႔မ်ွ မဖ်က္ရဆို ေသၿပီဆရာ။
.
ေလွ်ာ္ရမ့ဲေငြပမာဏကို ေဒၚလာသန္း၈၀၀ခန္႔ တြက္ထားဟန္႐ွိပါတယ္။ ဘယ္ကရတ့ဲ ကိန္းဂဏန္းလည္း မသိၾကရပါ။ ျမန္မာျပည္လူဦးေရ ၅၂သန္းေက်ာ္ ၁၅ခါ တစ္ေဒၚလာစီ ေလွ်ာ္ရမယ္တ့ဲ။ ျမန္မာျပည္က ကားေရာင္းကားဝယ္၊ အိမ္ေရာင္းအိမ္ဝယ္ စာခ်ဳပ္ၾကသလို ဖ်က္ရင္ႏွစ္ဆဆို အခါ၃၀ ျဖစ္သြားမယ္ေနာ္။ ခုထိ လွ်ပ္စစ္မီး ပိုက္သြယ္ေရ မရဘူးေသးသူမ်ားလည္း အညီအမွ် ေလွ်ာ္သင့္ပါသလား။
.
ဒီအဆိုသာအတည္ျဖစ္ရင္ သေဘာအက်ဆံုးကေတာ့ စစ္အစိုးရေခတ္က ေခါင္းေဆာင္ေတြဘဲ ျဖစ္မွာပါ။ သူတို႔စာခ်ဳပ္ခ်ဳပ္ခ်ိန္က ပြဲစားခသေဘာမ်ိဳး ပါမစ္ေပးခသေဘာမ်ိဳး တနင့္တပိုး ရထားသူေတြဆိုေတာ့ တစ္ေဒၚလာဘဲ ထည့္ရမယ္ဆို ေပ်ာ္စရာ ျဖစ္ေနမွာဘဲ။ တာဝန္လည္း ယူစရာ မလိုေတာ့ၿပီေလ။ ဒီအဆို တင္သြင္းသူေတြကို ေန႔တိုင္းေက်းဇူးတင္ေနၾကမွာဘဲ။
.
ဧရာဝတီအတြက္ သာတူညီမွ် ေလွ်ာ္ၾကရမယ္ဆိုေတာ့ ဧရာဝတီနဲ႔ ထိေတြ႔မႈမ႐ွိတ့ဲ ကရင္ ကယား ခ်င္း ႐ွမ္း ရခိုင္ မြန္ တနသၤာရီ ေဒသေတြကသူေတြကေရာ သေဘာတူသတ့ဲလား။ စားတံုးကေတာ့ ဗမာေတြ၊ (တကယ္က စစ္ေခါင္းေဆာင္ တခ်ိဳ႕ပါ) ေလွ်ာ္ေတာ့မွ ငါတို႔က အညီအမွ်တ့ဲလား ကန္႔ကြက္ရင္ ဘယ္လိုစဥ္းစားထားလဲ။ ေနာက္ထပ္ လက္နက္ကိုင္အဖြဲ႔ေတြ ေပၚလာေတာ့မွာဘဲ။
.
တကယ္က တ႐ုပ္သမတထံ ေလွ်ာ္မယ့္အေၾကာင္းမပါဘဲ ျမန္မာျပည္သားအမ်ားစု လက္မခံေၾကာင္းဘဲ အရင္အေၾကာင္းၾကားရမွာပါ။ ခုလုပ္ပံုက ႏွပ္ေၾကာင္းေပးသလိုျဖစ္ေနတယ္။ ဒီအဆိုျပဳခ်က္ အတည္ျဖစ္သြားရင္ စစ္ေခါင္းေဆာင္ေဟာင္းေတြအတြက္ အျမတ္ထြက္သြားမယ္။ အဆိုးဆံုးကေတာ့ အေမစု တ႐ုပ္သြားခါနီး ဖိအားေပးသလိုျဖစ္ေနတယ္။ ဒီပြဲလုပ္တာ ႐ိုးမွ႐ိုးၾကရဲ႕လား။ ဒါေၾကာင့္ ဒီအဆိုကို လက္မခံႏိုင္ေသးပါ။

XxXxXx

(Unicode version)

   မြစ်ဆုံဆည်ကိစ္စ အလျှော်ပေးပြီး ပြန်ရွေးဖို့ ဆရာကြီးများ ဆုံးဖြတ်သတ့ဲ။ တရုပ်သမတထံ စာပို့မတ့ဲ။ ဒီအဆိုကို ပြည်သူဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံသလည်းတော့ မသိရပါဘူး။
.
မြစ်ဆုံနေရာ ပျောက်တာမကြိုက်ပါဘူး။ ပြည်သူအများစုလည်း မကြိုက်တာ သေချာပါတယ်။ သို့သော် အရင်စစ်အစိုးရက ချုပ်သွားတ့ဲစာချုပ်မှာ ဘာပါမှန်းမသိဘဲ ခုလိုလုပ်တာ လောလွန်းတယ်ထင်ပါတယ်။ စာချုပ်ထဲမှာ ဆက်မလုပ်ရင် ကုန်ထားသမျှရဲ့ ငါးဆလျှော်ရမည်လို့ပါရင် ဘယ်လိုလုပ်မလည်း။ စာချုပ်ကို ဘာအကြောင်းနဲ့မျှ မဖျက်ရဆို သေပြီဆရာ။
.
လျှော်ရမ့ဲငွေပမာဏကို ဒေါ်လာသန်း၈၀၀ခန့် တွက်ထားဟန်ရှိပါတယ်။ ဘယ်ကရတ့ဲ ကိန်းဂဏန်းလည်း မသိကြရပါ။ မြန်မာပြည်လူဦးရေ ၅၂သန်းကျော် ၁၅ခါ တစ်ဒေါ်လာစီ လျှော်ရမယ်တ့ဲ။ မြန်မာပြည်က ကားရောင်းကားဝယ်၊ အိမ်ရောင်းအိမ်ဝယ် စာချုပ်ကြသလို ဖျက်ရင်နှစ်ဆဆို အခါ၃၀ ဖြစ်သွားမယ်နော်။ ခုထိ လျှပ်စစ်မီး ပိုက်သွယ်ရေ မရဘူးသေးသူများလည်း အညီအမျှ လျှော်သင့်ပါသလား။
.
ဒီအဆိုသာအတည်ဖြစ်ရင် သဘောအကျဆုံးကတော့ စစ်အစိုးရခေတ်က ခေါင်းဆောင်တွေဘဲ ဖြစ်မှာပါ။ သူတို့စာချုပ်ချုပ်ချိန်က ပွဲစားခသဘောမျိုး ပါမစ်ပေးခသဘောမျိုး တနင့်တပိုး ရထားသူတွေဆိုတော့ တစ်ဒေါ်လာဘဲ ထည့်ရမယ်ဆို ပျော်စရာ ဖြစ်နေမှာဘဲ။ တာဝန်လည်း ယူစရာ မလိုတော့ပြီလေ။ ဒီအဆို တင်သွင်းသူတွေကို နေ့တိုင်းကျေးဇူးတင်နေကြမှာဘဲ။
.
ဧရာဝတီအတွက် သာတူညီမျှ လျှော်ကြရမယ်ဆိုတော့ ဧရာဝတီနဲ့ ထိတွေ့မှုမရှိတ့ဲ ကရင် ကယား ချင်း ရှမ်း ရခိုင် မွန် တနင်္သာရီ ဒေသတွေကသူတွေကရော သဘောတူသတ့ဲလား။ စားတုံးကတော့ ဗမာတွေ၊ (တကယ်က စစ်ခေါင်းဆောင် တချို့ပါ) လျှော်တော့မှ ငါတို့က အညီအမျှတ့ဲလား ကန့်ကွက်ရင် ဘယ်လိုစဉ်းစားထားလဲ။ နောက်ထပ် လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာတော့မှာဘဲ။
.
တကယ်က တရုပ်သမတထံ လျှော်မယ့်အကြောင်းမပါဘဲ မြန်မာပြည်သားအများစု လက်မခံကြောင်းဘဲ အရင်အကြောင်းကြားရမှာပါ။ ခုလုပ်ပုံက နှပ်ကြောင်းပေးသလိုဖြစ်နေတယ်။ ဒီအဆိုပြုချက် အတည်ဖြစ်သွားရင် စစ်ခေါင်းဆောင်ဟောင်းတွေအတွက် အမြတ်ထွက်သွားမယ်။ အဆိုးဆုံးကတော့ အမေစု တရုပ်သွားခါနီး ဖိအားပေးသလိုဖြစ်နေတယ်။ ဒီပွဲလုပ်တာ ရိုးမှရိုးကြရဲ့လား။ ဒါကြောင့် ဒီအဆိုကို လက်မခံနိုင်သေးပါ။ 

No comments:

Post a Comment

Thank you.