25 November 2018

မြန်မာဘောလုံး အောင်မြင်ဖို့



(Unicode version )




   မြန်မာဘောလုံးအသင်း အရှေ့တောင်အာရှသာမက အာရှထိအောင်မြင်ချိန်ကို မှီလိုက်သူတွေ ဖေ့ဘုတ်သုံးသူ ၉၀% မရှိနိုင်ပါ။ ဘောလုံးအသင်းရဲ့ အောင်မြင်မှုကို ဆာလောင်မွတ်သိတ်နေချိန် အရှုံးကြုံခ့ဲရပြန်ပါပြီ။ လောလောဆယ် နိုင်ငံရေးအရပါ ငြိနေသော မလေးရှားကို ရှုံးခ့ဲလို့ အင်မတန် ခံပြင်းနေကြပါတယ်။

.

ဥက္ကဌ ဦးဇော်ဇော်ကစလို့ ခုတခေါက်မှ ကစားရတ့ဲ မြန်မာ့လက်ရွေးစင် အသင်းသားတွေက ပိုယူကြုံးမရ ဖြစ်နေမှာပါ။ ကာယကံရှင်တွေကိုး။ ဖေ့ဘုတ်အပေါ်မှာတော့ ကိုယ်ချင်းစာ သနားသူရှိသလို ဆဲဆိုနေသူတွေလည်း ရှိပါတယ်။ မြန်မာတွေဆိုတော့ မြန်မာအသင်းရဲ့ အောင်မြင်မှုကို မြင်ချင်ကြတာကိုး။

.

အသားလွတ်ဆဲနေသူတွေ ရှိသလို ဘက်ပေါင်းစုံက စေတနာနဲ့ ထောက်ပြသူတွေလည်း ရှိပါတယ်။ ရယ်စရာနဲ့ အကြောရှော့ပေးသူတွေ ရှိသလို ကာတွန်းနဲ့ မထိကလိလုပ်သူတွေလည်း ရှိမှာပါဘဲ။

.

ထောက်ပြသူတွေထဲမှာ ကန်စရာ ဘောလုံးကွင်တွေ အသိမ်းခံရကတည်းက မတိုးတက်တာ ပြောသူရှိပါတယ်။ ကျောင်း ရပ်ကွက်ပြိုင်ပွဲတွေ မှန်မှန်မလုပ်နိုင်တာ ပြောသူတွေရှိပါတယ်။ ဆရာဝန်တဦးကဆို အဟာရပြသနာအထိ စေတနာနဲ့ ထောက်ပြသွားတာ အားရစရာပါ။ မြန်မာဘောလုံးအသင်းရဲ့ မအောင်မြင်မှုအပေါ် စိတ်မပျက်တ့ဲ သဘောပါ။

.

တကယ်က ဘောလုံးအသင်း အောင်မြင်ဖို့် ဘောလုံးကို စိတ်ဝင်စားအားပေးသူ များရပါမယ်။ လူဦးရေ များတ့ဲနိုင်ငံ ဖြစ်ရပါမယ်။ ဒီနှစ်ခုပြည့်စုံရင် နိုင်ငံချမ်းသာကြွယ်ဝဖို့ လိုပါမယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဒီသုံးချက်လုံး ပြည့်စုံတ့ဲ ထိုင်းအသင်း အောင်မြင်မှုရတာ မဆန်းပါဘူး။

.

ဗီယက်နမ်က စီးပွားရေးတိုးတက်လာတာနဲ့အမျှ အောင်မြင်လာတာပါဘဲ။ စိတ်ဝင်စားမှု တိုးတက်လို့ အောင်မြင်လာတာက ဖိလစ်ပိုင်ပါ။ လွန်ခ့ဲတ့ဲ ဆယ်နှစ်လောက်အထိ သူတို့ ဘောလုံးကို စိတ်မဝင်စားခ့ဲပါဘူး။ ဘရူနိုင်းနဲ့ စင်ကာပူက တိုင်းပြည်ချမ်းသာတ့ဲ တချက်ဘဲ အားသာလို့ အမြဲထိပ်တန်းရောက်မယ် မထင်ပါ။

.

မြန်မာနိုင်ငံကတော့ နှစ်ချက်ပြည့်စုံပြီး တိုင်းပြည်စီးပွားရေးတိုးတက်လာဖို့ လိုပါတယ်။ ခရိုနီတွေတစု ချမ်းသာပြီး ဘောလုံးပွဲဖြစ်အောင် လုပ်တာ မအောင်မြင်ကြောင်း လက်တွေ့ပါဘဲ။ ပြည်သူအများ ချောင်လည်မှ ဘောလုံးတင်မက အားကစားမျိုးစုံ ပြန်တိုးတက်လာမှာပါ။ မြန်မာဘောလုံးအသင်းတင်မက အခြားအားကစားတွေပါ အောင်မြင်ခ့ဲချိန်ဟာ မြန်မာနိုင်ငံ စီးပွားရေးကောင်းခ့ဲတ့ဲအချိန်ပါဘဲ။

.

ခု လက်ရှိအစိုးရက စီးပွားရေး တိုးတက်အောင် လုပ်နေပါပြီ။ လူတစု စီးပွားရေးမှ နိုင်ငံ့ ကြီးပွားရေးအတွက် လုပ်ဆောင်နေပါပြီ။ ကန့်လန့်တိုက်နေတ့ဲ သူတွေရှိပေမယ့် တဖြေးဖြေး အသားကျ အောင်မြင်လာမှာပါ။ သင့်တင့်တ့ဲ လူဦးရေရှိပြီး ဘောလုံးကို စိတ်အဝင်စားဆုံးဖြစ်တ့ဲ မြန်မာတွေအတွက် အောင်ပွဲတွေ မြင်ကြရပါလိမ့်မယ်။


XxXxXx

(Zawgyi version)

   ျမန္မာေဘာလံုးအသင္း အေ႐ွ႕ေတာင္အာ႐ွသာမက အာ႐ွထိေအာင္ျမင္ခ်ိန္ကို မွီလိုက္သူေတြ ေဖ့ဘုတ္သံုးသူ ၉၀% မ႐ွိႏိုင္ပါ။ ေဘာလံုးအသင္းရဲ႕ ေအာင္ျမင္မႈကို ဆာေလာင္မြတ္သိတ္ေနခ်ိန္ အ႐ွံုးၾကံဳခ့ဲရျပန္ပါၿပီ။ ေလာေလာဆယ္ ႏိုင္ငံေရးအရပါ ျငိေနေသာ မေလး႐ွားကို ႐ွံုးခ့ဲလို႔ အင္မတန္ ခံျပင္းေနၾကပါတယ္။
.
ဥကၠဌ ဦးေဇာ္ေဇာ္ကစလို႔ ခုတေခါက္မွ ကစားရတ့ဲ ျမန္မာ့လက္ေရြးစင္ အသင္းသားေတြက ပိုယူၾကံဳးမရ ျဖစ္ေနမွာပါ။ ကာယကံ႐ွင္ေတြကိုး။ ေဖ့ဘုတ္အေပၚမွာေတာ့ ကိုယ္ခ်င္းစာ သနားသူ႐ွိသလို ဆဲဆိုေနသူေတြလည္း ႐ွိပါတယ္။ ျမန္မာေတြဆိုေတာ့ ျမန္မာအသင္းရဲ႕ ေအာင္ျမင္မႈကို ျမင္ခ်င္ၾကတာကိုး။
.
အသားလြတ္ဆဲေနသူေတြ ႐ွိသလို ဘက္ေပါင္းစံုက ေစတနာနဲ႔ ေထာက္ျပသူေတြလည္း ႐ွိပါတယ္။ ရယ္စရာနဲ႔ အေၾကာေ႐ွာ့ေပးသူေတြ ႐ွိသလို ကာတြန္းနဲ႔ မထိကလိလုပ္သူေတြလည္း ႐ွိမွာပါဘဲ။
.
ေထာက္ျပသူေတြထဲမွာ ကန္စရာ ေဘာလံုးကြင္ေတြ အသိမ္းခံရကတည္းက မတိုးတက္တာ ေျပာသူ႐ွိပါတယ္။ ေက်ာင္း ရပ္ကြက္ၿပိဳင္ပြဲေတြ မွန္မွန္မလုပ္ႏိုင္တာ ေျပာသူေတြ႐ွိပါတယ္။ ဆရာဝန္တဦးကဆို အဟာရျပသနာအထိ ေစတနာနဲ႔ ေထာက္ျပသြားတာ အားရစရာပါ။ ျမန္မာေဘာလံုးအသင္းရဲ႕ မေအာင္ျမင္မႈအေပၚ စိတ္မပ်က္တ့ဲ သေဘာပါ။
.
တကယ္က ေဘာလံုးအသင္း ေအာင္ျမင္ဖို္႔ ေဘာလံုးကို စိတ္ဝင္စားအားေပးသူ မ်ားရပါမယ္။ လူဦးေရ မ်ားတ့ဲႏိုင္ငံ ျဖစ္ရပါမယ္။ ဒီႏွစ္ခုျပည့္စံုရင္ ႏိုင္ငံခ်မ္းသာႂကြယ္ဝဖို႔ လိုပါမယ္။ အေ႐ွ႕ေတာင္အာ႐ွ ႏိုင္ငံေတြထဲမွာ ဒီသံုးခ်က္လံုး ျပည့္စံုတ့ဲ ထိုင္းအသင္း ေအာင္ျမင္မႈရတာ မဆန္းပါဘူး။
.
ဗီယက္နမ္က စီးပြားေရးတိုးတက္လာတာနဲ႔အမွ် ေအာင္ျမင္လာတာပါဘဲ။ စိတ္ဝင္စားမႈ တိုးတက္လို႔ ေအာင္ျမင္လာတာက ဖိလစ္ပိုင္ပါ။ လြန္ခ့ဲတ့ဲ ဆယ္ႏွစ္ေလာက္အထိ သူတို႔ ေဘာလံုးကို စိတ္မဝင္စားခ့ဲပါဘူး။ ဘ႐ူႏိုင္းနဲ႔ စင္ကာပူက တိုင္းျပည္ခ်မ္းသာတ့ဲ တခ်က္ဘဲ အားသာလို႔ အျမဲထိပ္တန္းေရာက္မယ္ မထင္ပါ။
.
ျမန္မာႏိုင္ငံကေတာ့ ႏွစ္ခ်က္ျပည့္စံုၿပီး တိုင္းျပည္စီးပြားေရးတိုးတက္လာဖို႔ လိုပါတယ္။ ခ႐ိုနီေတြတစု ခ်မ္းသာၿပီး ေဘာလံုးပြဲျဖစ္ေအာင္ လုပ္တာ မေအာင္ျမင္ေၾကာင္း လက္ေတြ႔ပါဘဲ။ ျပည္သူအမ်ား ေခ်ာင္လည္မွ ေဘာလံုးတင္မက အားကစားမ်ိဳးစံု ျပန္တိုးတက္လာမွာပါ။ ျမန္မာေဘာလံုးအသင္းတင္မက အျခားအားကစားေတြပါ ေအာင္ျမင္ခ့ဲခ်ိန္ဟာ ျမန္မာႏိုင္ငံ စီးပြားေရးေကာင္းခ့ဲတ့ဲအခ်ိန္ပါဘဲ။
.
ခု လက္႐ွိအစိုးရက စီးပြားေရး တိုးတက္ေအာင္ လုပ္ေနပါၿပီ။ လူတစု စီးပြားေရးမွ ႏိုင္ငံ့ ႀကီးပြားေရးအတြက္ လုပ္ေဆာင္ေနပါၿပီ။ ကန္႔လန္႔တိုက္ေနတ့ဲ သူေတြ႐ွိေပမယ့္ တေျဖးေျဖး အသားက် ေအာင္ျမင္လာမွာပါ။ သင့္တင့္တ့ဲ လူဦးေရ႐ွိၿပီး ေဘာလံုးကို စိတ္အဝင္စားဆံုးျဖစ္တ့ဲ ျမန္မာေတြအတြက္ ေအာင္ပြဲေတြ ျမင္ၾကရပါလိမ့္မယ္။ 

No comments:

Post a Comment

Thank you.