18 November 2018

ကျိုင်းတောင်းရေတံခွန်။


(Unicode version )

   မထင်မှတ်ဘဲ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့အနီးရှိ ကျိုင်းတောင်းရေတံခွန်သို့ ရောက်ခ့ဲပါတယ်။ မြန်မာနိုင်ငံမှာ အမြင့်ဆုံးမဟုတ်သော်လည်း အကြီးဆုံးရေတံခွန်လို့ ထင်မိပါတယ်။ အမြင့်တူကနေ အရွယ်အမျိုးမျိုးရေတံခွန် ၈ခုကျနေတာပါ။ ရေနည်းသွားရင်တော့ လျော့သွားတတ်ပါတယ်။

.

လမ်းကတော့ တောင်ကြီးကနေ အတော်သွားရပါတယ်။ AH2 လမ်းမ (တာချိလိတ်သွား) အတိုင်း ခိုလမ်အထိသွားပြီး ညာဘက်ကို ခွဲသွားရတယ်။ ကျိုင်းတောင်းမြို့ ဟိုဘက်အထွက် လမ်းခွဲမှာ ဘယ်ဘက်သွားရင် (ခိုလမ် မိုင်းပန်လမ်း) ကျိုင်းတောင်းရေတံခွန်ဘက်ဖြစ်ပြီး ညာဘက်ဆို အထက်ကျိုင်းတောင်း ရေကာတာဘက် ရောက်ပါမယ်။

.

ကျိုင်းတောင်းရေတံခွန်ကို ခရီးသွားများအောင် စီမံသင့်ပါတယ်။ လောလောဆယ် ဘာမှမရှိပါ။ လျှပ်စစ်စက်ရုံအဝမှာ ကွမ်းယာဆိုင် တဆိုင်သာရှိတယ်။ ဓာတ်ပုံရိုက်လို့ ကောင်းတ့ဲနေရာမှာလည်း ရေတံခွန်မှ လွင့်လာတ့ဲ ရေမှုန်တွေကြောင့် ဗွက်ပေါက်နေပါတယ်။ ကားလမ်းကတော့ ကျဉ်းပေမ့ဲ ကောင်းပါတယ်။ ခရီးသည်ဘတ်စ်အကြီးတွေလာရင် နှစ်စီးရှောင်ဖို့ တချို့နေရာတွေမှာ ခက်ပါမယ်။

.

 မြန်မာပြည်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ လိုပါတယ်။ လည်ပတ်စရာ နေရာအသစ်တွေ ဖန်တီးဖို့လိုပါတယ်။ စဉ်းစားကြရမှာက လူတွေသွားချင်အောင် အခြေခံအဆောက်အအုံ တည်ဆောက်ပေးသင့်ပါတယ်။ ခုက ခရီးသွားများမှ ဆောက်လုပ်တတ်တော့ နှစ်ဖက်လုံးအတွက် အခက်တွေ့စေပါတယ်။ သက်ဆိုင်သူတွေဘက်က ကြိုစဉ်းစားနိုင်ဖို့ လိုနေပါပြီ။

.

ငါတို့ တည်ဆောက်ပေးပြီးမှ မသွားကြရင် ဘယ်လိုလုပ်မလဲ တွေးမိပါသလား။ ကျိုင်းတောင်းကိုရောက်ရင် သင့်အတွေး ပျက်သွားပါလိမ့်မယ်။ အ့ဲဒီလောက်ကို သာယာတ့ဲနေရာ တခုပါဗျာ။

XxXxXx

(Zawgyi version)


   မထင္မွတ္ဘဲ ႐ွမ္းျပည္ေတာင္ပိုင္း က်ိဳင္းေတာင္းၿမိဳ႕အနီး႐ွိ က်ိဳင္းေတာင္းေရတံခြန္သို႔ ေရာက္ခ့ဲပါတယ္။ ျမန္မာႏိုင္ငံမွာ အျမင့္ဆံုးမဟုတ္ေသာ္လည္း အႀကီးဆံုးေရတံခြန္လို႔ ထင္မိပါတယ္။ အျမင့္တူကေန အရြယ္အမ်ိဳးမ်ိဳးေရတံခြန္ ၈ခုက်ေနတာပါ။ ေရနည္းသြားရင္ေတာ့ ေလ်ာ့သြားတတ္ပါတယ္။
.
လမ္းကေတာ့ ေတာင္ႀကီးကေန အေတာ္သြားရပါတယ္။ AH2 လမ္းမ (တာခ်ိလိတ္သြား) အတိုင္း ခိုလမ္အထိသြားၿပီး ညာဘက္ကို ခြဲသြားရတယ္။ က်ိဳင္းေတာင္းၿမိဳ႕ ဟိုဘက္အထြက္ လမ္းခြဲမွာ ဘယ္ဘက္သြားရင္ (ခိုလမ္ မိုင္းပန္လမ္း) က်ိဳင္းေတာင္းေရတံခြန္ဘက္ျဖစ္ၿပီး ညာဘက္ဆို အထက္က်ိဳင္းေတာင္း ေရကာတာဘက္ ေရာက္ပါမယ္။
.
က်ိဳင္းေတာင္းေရတံခြန္ကို ခရီးသြားမ်ားေအာင္ စီမံသင့္ပါတယ္။ ေလာေလာဆယ္ ဘာမွမ႐ွိပါ။ လွ်ပ္စစ္စက္ရံုအဝမွာ ကြမ္းယာဆိုင္ တဆိုင္သာ႐ွိတယ္။ ဓာတ္ပံု႐ိုက္လို႔ ေကာင္းတ့ဲေနရာမွာလည္း ေရတံခြန္မွ လြင့္လာတ့ဲ ေရမႈန္ေတြေၾကာင့္ ဗြက္ေပါက္ေနပါတယ္။ ကားလမ္းကေတာ့ က်ဥ္းေပမ့ဲ ေကာင္းပါတယ္။ ခရီးသည္ဘတ္စ္အႀကီးေတြလာရင္ ႏွစ္စီးေ႐ွာင္ဖို႔ တခ်ိဳ႕ေနရာေတြမွာ ခက္ပါမယ္။
.
 ျမန္မာျပည္မွာ ခရီးသြားလုပ္ငန္း ဖြံ႔ၿဖိဳးဖို႔ လိုပါတယ္။ လည္ပတ္စရာ ေနရာအသစ္ေတြ ဖန္တီးဖို႔လိုပါတယ္။ စဥ္းစားၾကရမွာက လူေတြသြားခ်င္ေအာင္ အေျခခံအေဆာက္အအံု တည္ေဆာက္ေပးသင့္ပါတယ္။ ခုက ခရီးသြားမ်ားမွ ေဆာက္လုပ္တတ္ေတာ့ ႏွစ္ဖက္လံုးအတြက္ အခက္ေတြ႔ေစပါတယ္။ သက္ဆိုင္သူေတြဘက္က ႀကိဳစဥ္းစားႏိုင္ဖို႔ လိုေနပါၿပီ။
.
ငါတို႔ တည္ေဆာက္ေပးၿပီးမွ မသြားၾကရင္ ဘယ္လိုလုပ္မလဲ ေတြးမိပါသလား။ က်ိဳင္းေတာင္းကိုေရာက္ရင္ သင့္အေတြး ပ်က္သြားပါလိမ့္မယ္။ အ့ဲဒီေလာက္ကို သာယာတ့ဲေနရာ တခုပါဗ်ာ။ 

No comments:

Post a Comment

Thank you.