03 November 2018

၂၀၂၀အတွက် ကြိုတင်စဉ်းစားကြည့်ခြင်း၊

 
(Unicode version )

   မဲပေးနေကြပြီ။ ၂၀၂၀မတိုင်ခင်အထိ နောက်ဆုံးဖြစ်မည်ထင်သည်။ ပြည်သူချစ်သော NLDပါတီသည် ကျင်းပနေသော ၁၃နေရာတွင် ကိုးနေရာလောက် နိုင်မည်ထင်သည်။ တိုင်းရင်းသားပြည်နယ်နေရာများသာ စောင့်ကြည့်ဖို့ လိုပါလိမ့်မည်။

.

အရေးကြီးသည်မှာ ၂၀၂၀ရွေးကောက်ပွဲပါ။ ယှဉ်ဘက် ပြည်ခိုင်ဖြိုးပါတီ ဤကြားဖြတ်တွင် ပြတ်ပြတ်သားသား ကျဆုံးခ့ဲလျှင် ၂၀၂၀တွင် တိုင်းရင်းသားပြည်နယ်များတွင် ဘယ်လိုလုပ်မလဲ စဉ်းစားကြည့်မိသည်။ သူတို့သည် ပြိုင်ဘက်များမဟုတ်၍ လက်တွဲဘော်ဖြစ်အောင် မူဝါဒချသင့်ပါပြီ။

.

NLD အနေနဲ့ ၂၀၂၀တွင် တိုင်းရင်းသားပါတီများနှင့် ယှဉ်အရွေးခံဦးမလား။ ကိုယ်ပွားတိုင်းရင်းသားပါတီ (သို့) လက်တွဲမည့် မဟာမိတ်တိုင်းရင်းသားပါတီများသာ ပြိုင်အရွေးခံစေမည်လား။ ကြိုတင်ကြေငြာခြင်းဖြင့် တိုင်းရင်းသားစည်းလုံးရေး စလုပ်သင့်သည်ဟု ထင်မိပါသည်။

.

၂၀၂၀မတိုင်ခင် ခြေဥ မပြင်နိုင်မှာ သေချာပါသည်။ လက်ရှိခြေဥနှင့် မညီသော်လည်း ပြည်နယ်များတွင် အများဆုံအနိုင်ရသည့် ပါတီအား ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ခန့်မည်ဟုတော့ အနည်းဆုံး အခွင့်အရေး ပေးသင့်သည်။ ကျန်အစိုးရ အဖွဲ့ဝင်နေရာများ အတွက်တော့ ညှိရမှာပေါ့။ တိုင်းရင်းသားများအတွက် အခွင့်အရေး ပေးနိုင်ဖို့ စဉ်းစားကြည့်တာသာ ဖြစ်သည်။

.

ပိုမိုကောင်းမွန်သော အိုင်ဒီယာများလည်း ရှိနေနိုင်ပါသည်။ ဆန္ဒစောနေမိခြင်း ဖြစ်သည်။ တိုင်းရင်းသားများကသာ NLDပါတီကို မယုံကြည်လျှင် ပြည်ထောင်စုတို့ ဖက်ဒရယ်တို့ဆိုတာတွေ ဝေးပြီဟုထင်မိပါကြောင်း။ ။

XxXxXx

(Zawgyi version)


 မဲေပးေနၾကၿပီ။ ၂၀၂၀မတိုင္ခင္အထိ ေနာက္ဆံုးျဖစ္မည္ထင္သည္။ ျပည္သူခ်စ္ေသာ NLDပါတီသည္ က်င္းပေနေသာ ၁၃ေနရာတြင္ ကိုးေနရာေလာက္ ႏိုင္မည္ထင္သည္။ တိုင္းရင္းသားျပည္နယ္ေနရာမ်ားသာ ေစာင့္ၾကည့္ဖို႔ လိုပါလိမ့္မည္။
.
အေရးႀကီးသည္မွာ ၂၀၂၀ေရြးေကာက္ပြဲပါ။ ယွဥ္ဘက္ ျပည္ခိုင္ၿဖိဳးပါတီ ဤၾကားျဖတ္တြင္ ျပတ္ျပတ္သားသား က်ဆံုးခ့ဲလွ်င္ ၂၀၂၀တြင္ တိုင္းရင္းသားျပည္နယ္မ်ားတြင္ ဘယ္လိုလုပ္မလဲ စဥ္းစားၾကည့္မိသည္။ သူတို႔သည္ ၿပိဳင္ဘက္မ်ားမဟုတ္၍ လက္တြဲေဘာ္ျဖစ္ေအာင္ မူဝါဒခ်သင့္ပါၿပီ။
.
NLD အေနနဲ႔ ၂၀၂၀တြင္ တိုင္းရင္းသားပါတီမ်ားႏွင့္ ယွဥ္အေရြးခံဦးမလား။ ကိုယ္ပြားတိုင္းရင္းသားပါတီ (သို႔) လက္တြဲမည့္ မဟာမိတ္တိုင္းရင္းသားပါတီမ်ားသာ ၿပိဳင္အေရြးခံေစမည္လား။ ႀကိဳတင္ေၾကျငာျခင္းျဖင့္ တိုင္းရင္းသားစည္းလံုးေရး စလုပ္သင့္သည္ဟု ထင္မိပါသည္။
.
၂၀၂၀မတိုင္ခင္ ေျခဥ မျပင္ႏိုင္မွာ ေသခ်ာပါသည္။ လက္႐ွိေျခဥႏွင့္ မညီေသာ္လည္း ျပည္နယ္မ်ားတြင္ အမ်ားဆံုအနိဳင္ရသည့္ ပါတီအား ျပည္နယ္အစိုးရ ဝန္ႀကီးခ်ဳပ္ခန္႔မည္ဟုေတာ့ အနည္းဆံုး အခြင့္အေရး ေပးသင့္သည္။ က်န္အစိုးရ အဖြဲ႔ဝင္ေနရာမ်ား အတြက္ေတာ့ ညႇိရမွာေပါ့။ တိုင္းရင္းသားမ်ားအတြက္ အခြင့္အေရး ေပးႏိုင္ဖို႔ စဥ္းစားၾကည့္တာသာ ျဖစ္သည္။
.
ပိုမိုေကာင္းမြန္ေသာ အိုင္ဒီယာမ်ားလည္း ႐ွိေနႏိုင္ပါသည္။ ဆႏၵေစာေနမိျခင္း ျဖစ္သည္။ တိုင္းရင္းသားမ်ားကသာ NLDပါတီကို မယံုၾကည္လွ်င္ ျပည္ေထာင္စုတို႔ ဖက္ဒရယ္တို႔ဆိုတာေတြ ေဝးၿပီဟုထင္မိပါေၾကာင္း။   ။

No comments:

Post a Comment

Thank you.