30 May 2018

ဒိုလေး နဲ့ မက်ဆီ



(Unicode version )




   ကမ်ဘာ့ဘောလုံးပွဲနီးလာတော့ တီဗီချယ်နယ်တွေမှာလည်း လုံးလာကြပါပြီ။ ပုံမှန်အားဖြင့် အားကစားအကြောင်း လုံးဝမပြတ့ဲ History Channel မှာတောင် History of Football ဆိုပြီး အစီအစဉ်တခု စပြနေပါပြီ။

.

အဲဒီမှာ head to head ဆိုပြီး ခေတ်ပြိုင် ဘောလုံးသမားနှစ်ယောက်ကို ဘယ်သူက ဘာကြောင့်သာသလဲဆိုပြီး ဆွေးနွေးကြပါတယ်။ တင်ဆက်သူ အမျိုးသမီးနဲ့အတူ ရိုင်ယန်ဂစ်၊ ဇိုလာ၊ ဂျာမိန်းဂျီးနပ်စ်နဲ့ လိုင်နယ်ကာတို့ ပါဝင်ဆွေးနွေးတာ ကြည့်လိုက်ရပါတယ်။

.

ယနေ့ ခေတ်အစားဆုံး ဘောလုံးသမားနှစ်ယောက်ဖြစ်တ့ဲ မက်ဆီနဲ့ ဒိုလေးကို ဘယ်သူသာသလဲ ဆွေးနွေးကြတာပါ။ ဘောလုံးအလိမ်အခေါက်၊ တည်ကန်ဘော၊ ဂိုးသွင်းနိုင်စွမ်း၊ ဆုရရှိမှု စသဖြင့် ခေါင်းစဉ်ခြောက်ခုနဲ့ အမှတ်ပေး ဆုံးဖြတ်ကြတာပါ။ မက်ဆီက ၄-၂ နဲ့ အသာရသွားပါတယ်။

.

သူတို့ ဆွေးနွေးတ့ဲအထဲမှာ မပါတ့ဲ ခေါင်းစဉ်ကို စဉ်းစားမိပါတယ်။ မက်ဆီရော ဒိုလေးရော ဘောလုံးကျွမ်းကျင်မှုမှာ တယောက်တမျိုး တော်ကြပါတယ်။ အစွမ်းမျိုးစုံပြပြီး ဆုမျိုးစုံလည်း အသင်းအတွက်ရော၊ တဦးချင်းအတွက်ပါ များစွာ ရပြီးကြပါပြီ။

.

ကွာတာက မက်ဆီက ကျန်ကစားဖေါ် အသင်းသားများရဲ့ အထောက်အပံ့ ပိုရသလို အထောက်အပ့ံလည်း ပိုလုပ်ပေးနိုင်ပါတယ်။ ဒိုလေးကကျတော့ သူ့အသင်းသားတွေရဲ့ အထောက်အပံ့ အရနည်းပြီး တကိုယ်တော်အစွမ်းနဲ့ ဂိုးပိုသွင်းလေ့ ရှိပါတယ်။

.

ဒီတော့ ဒိုလေးကို ပိုသာတယ်လိ့ု ရွေးမှာလားမေးရင် "မဟုတ်ပါ၊ မက်ဆီကိုဘဲ ရွေးပါတယ်" လို့ ဖြေမှာပါ။ ဘာလို့လည်းဆိုတော့ ဘောလုံးကစားနည်းဟာ အသင်းလိုက် အားကစားစိတ်ဓာတ်နဲ့ ကစားရတ့ဲ အားကစားနည်းမို့ပါ။ ။



XxXxXx

(Zawgyi version)

   ကမ႓ာ့ေဘာလံုးပြဲနီးလာေတာ့ တီဗီခ်ယ္နယ္ေတြမွာလည္း လံုးလာၾကပါၿပီ။ ပံုမွန္အားျဖင့္ အားကစားအေၾကာင္း လံုးဝမျပတ့ဲ History Channel မွာေတာင္ History of Football ဆိုၿပီး အစီအစဥ္တခု စျပေနပါၿပီ။
.
အဲဒီမွာ head to head ဆိုၿပီး ေခတ္ၿပိဳင္ ေဘာလံုးသမားႏွစ္ေယာက္ကို ဘယ္သူက ဘာေၾကာင့္သာသလဲဆိုၿပီး ေဆြးေႏြးၾကပါတယ္။ တင္ဆက္သူ အမ်ိဳးသမီးနဲ႔အတူ ႐ိုင္ယန္ဂစ္၊ ဇိုလာ၊ ဂ်ာမိန္းဂ်ီးနပ္စ္နဲ႔ လိုင္နယ္ကာတို႔ ပါဝင္ေဆြးေႏြးတာ ၾကည့္လိုက္ရပါတယ္။
.
ယေန႔ ေခတ္အစားဆံုး ေဘာလံုးသမားႏွစ္ေယာက္ျဖစ္တ့ဲ မက္ဆီနဲ႔ ဒိုေလးကို ဘယ္သူသာသလဲ ေဆြးေႏြးၾကတာပါ။ ေဘာလံုးအလိမ္အေခါက္၊ တည္ကန္ေဘာ၊ ဂိုးသြင္းႏိုင္စြမ္း၊ ဆုရ႐ွိမႈ စသျဖင့္ ေခါင္းစဥ္ေျခာက္ခုနဲ႔ အမွတ္ေပး ဆံုးျဖတ္ၾကတာပါ။ မက္ဆီက ၄-၂ နဲ႔ အသာရသြားပါတယ္။
.
သူတို႔ ေဆြးေႏြးတ့ဲအထဲမွာ မပါတ့ဲ ေခါင္းစဥ္ကို စဥ္းစားမိပါတယ္။ မက္ဆီေရာ ဒိုေလးေရာ ေဘာလံုးကြၽမ္းက်င္မႈမွာ တေယာက္တမ်ိဳး ေတာ္ၾကပါတယ္။ အစြမ္းမ်ိဳးစံုျပၿပီး ဆုမ်ိဳးစံုလည္း အသင္းအတြက္ေရာ၊ တဦးခ်င္းအတြက္ပါ မ်ားစြာ ရၿပီးၾကပါၿပီ။
.
ကြာတာက မက္ဆီက က်န္ကစားေဖၚ အသင္းသားမ်ားရဲ႕ အေထာက္အပံ့ ပိုရသလို အေထာက္အပ့ံလည္း ပိုလုပ္ေပးႏိုင္ပါတယ္။ ဒိုေလးကက်ေတာ့  သူ႔အသင္းသားေတြရဲ႕ အေထာက္အပံ့ အရနည္းၿပီး တကိုယ္ေတာ္အစြမ္းနဲ႔ ဂိုးပိုသြင္းေလ့ ႐ွိပါတယ္။
.
ဒီေတာ့ ဒိုေလးကို ပိုသာတယ္လိ႔ု ေရြးမွာလားေမးရင္ "မဟုတ္ပါ၊ မက္ဆီကိုဘဲ ေရြးပါတယ္" လို႔ ေျဖမွာပါ။ ဘာလို႔လည္းဆိုေတာ့ ေဘာလံုးကစားနည္းဟာ အသင္းလိုက္ အားကစားစိတ္ဓာတ္နဲ႔ ကစားရတ့ဲ အားကစားနည္းမို႔ပါ။     ။

No comments:

Post a Comment

Thank you.