29 May 2018

မလေးရှားရဲတွေ ပြောင်းလဲပြီ၊



(Unicode version) 




   မလေးရှားမှာ မြန်မာကလာတယ်ဆိုတ့ဲ မူးယစ်ဆေးတွေ စံချိန်တင် ဖမ်းမိကြောင်း သတင်းတွေ ပြန့်နေပါတယ်။ လဘက်ခြောက်ထုပ်လို့ ယူဆရတ့ဲ ရွှေရောင်အထုပ်တွေထဲမှာ ထည့်သွင်းလာတာပါ။ စဉ်းစားမိတာတွေ ပြောချင်ပါတယ်။

.

မြန်မာကနေ မလေးသို့ မူးရစ်ဆေးတွေပို့တာ ဒါ ပထမဆုံးအကြိမ် မဟုတ်နိုင်ပါ။ နာဂျစ်အစိုးရပြောင်းသွားပြီး ရဲတွေအရင်လို လုပ်မရလို့ မိကုန်တာ ဖြစ်နိုင်ပါတယ်။ နာဂျစ်ခေတ်မှာ လာဘ်စားမှုတွေ တိုးလာတာ လူတိုင်းအသိပါ။ မိတ့ဲသူတွေရဲ့ ကုမ္ပဏီနဲ့ ဆက်စပ်သူတွေ စစ်လိုက်ရင် ပေါ်လာမှာပါ။ မလေးရဲနဲ့ မလေးပြည်ထဲရေးက အစိုးရဟောင်း နာဂျစ်အစိုးရခေတ်မှာ ကျန်မနေရစ်ပါ။ အမှုကို ဆက်လိုက်လိမ့်မယ်လို့ ထင်ပါတယ်။

.

ဒါဆို မြန်မာဘက်ကရော။ ပို့တ့ဲကုမ္ပဏီ၊ အ့ဲနေ့ကတာဝန်ကျ ဆိပ်ကမ်းဝန်ထမ်းတွေ၊ ကာစတမ်နဲ့ ရဲတွေစစ်လိုက်ရင် ပေါ်မှာပါ။ လုပ်နေကျ ဖြစ်မှာပါ။ အထုပ်သေးသေးလေးမှ မဟုတ်ဘဲဗျာ။ ကွန်တိန်နာ အလုံးလိုက်တ့ဲ။ အထုပ်သေးတွေပေါ်မှာလည်း လက်မှတ်တွေ တွေ့တယ်။ စစ်ဆေးသူ အင်စပက်တော်တို့ လက်မှတ်ထင်တာဘဲ။

.

သေချာတာကတော့ မြန်မာဘက်မှာ အစိုးရပြောင်းတာ နှစ်နှစ်ကျော်လာပေမယ့် မပြောင်းသူတွေ၊ အရင်အစိုးရခေတ်မှာ ကျန်ခ့ဲသူတွေ၊ ချန်ခ့ဲသူတွေ ရှိနေတုံး ဆိုတာပါဘဲ။ များမကြာမှီကလည်း ဆိပ်ကမ်းကနေ သစ်တွေ ကွန်တိန်နာအလုံးလိုက် ပို့ဖို့စီစဉ်နေဆဲ မိဘူးသလို၊ ကုတ်ကင်းတွေ သွင်းတာလည်း မိဘူးပါတယ်။ ဘယ်လို အရေးယူလည်း၊ ဘယ်အဆင့်အထိ အရေးယူလည်း မသိတော့ပါ။

.

ခုတခေါက်တော့ နိုင်ငံတကာနဲ့ ပတ်သက်ပြီမို့ ပိုင်ရှင်မ့ဲ လုပ်ဖို့မလွယ် လောက်ပါ။ နောက်ကွယ်ကလက်မဲတွေ ဖော်ဖို့လိုသလို တာဝန်ကျ ဝန်ထမ်းကြီးတွေအထိ အရေးယူဖို့ လိုမယ်ထင်တာဘဲခင်ဗျာ။ နို့မို့ မြန်မာ့ထုတ်ကုန်တွေပါ နာမည်ပျက်ရချီရဲ့။ ။



XxXxXx 

(Zawgyi version )

   မေလး႐ွားမွာ ျမန္မာကလာတယ္ဆိုတ့ဲ မူးယစ္ေဆးေတြ စံခ်ိန္တင္ ဖမ္းမိေၾကာင္း သတင္းေတြ ျပန္႔ေနပါတယ္။ လဘက္ေျခာက္ထုပ္လို႔ ယူဆရတ့ဲ ေရႊေရာင္အထုပ္ေတြထဲမွာ ထည့္သြင္းလာတာပါ။ စဥ္းစားမိတာေတြ ေျပာခ်င္ပါတယ္။
.
ျမန္မာကေန မေလးသို႔ မူးရစ္ေဆးေတြပို႔တာ ဒါ ပထမဆံုးအႀကိမ္ မဟုတ္ႏိုင္ပါ။ နာဂ်စ္အစိုးရေျပာင္းသြားၿပီး ရဲေတြအရင္လို လုပ္မရလို႔ မိကုန္တာ ျဖစ္ႏိုင္ပါတယ္။ နာဂ်စ္ေခတ္မွာ လာဘ္စားမႈေတြ တိုးလာတာ လူတိုင္းအသိပါ။ မိတ့ဲသူေတြရဲ႕ ကုမၸဏီနဲ႔ ဆက္စပ္သူေတြ စစ္လိုက္ရင္ ေပၚလာမွာပါ။ မေလးရဲနဲ႔ မေလးျပည္ထဲေရးက အစိုးရေဟာင္း နာဂ်စ္အစိုးရေခတ္မွာ က်န္မေနရစ္ပါ။ အမႈကို ဆက္လိုက္လိမ့္မယ္လို႔ ထင္ပါတယ္။
.
ဒါဆို ျမန္မာဘက္ကေရာ။ ပို႔တ့ဲကုမၸဏီ၊ အ့ဲေန႔ကတာဝန္က် ဆိပ္ကမ္းဝန္ထမ္းေတြ၊ ကာစတမ္နဲ႔ ရဲေတြစစ္လိုက္ရင္ ေပၚမွာပါ။ လုပ္ေနက် ျဖစ္မွာပါ။ အထုပ္ေသးေသးေလးမွ မဟုတ္ဘဲဗ်ာ။ ကြန္တိန္နာ အလံုးလိုက္တ့ဲ။ အထုပ္ေသးေတြေပၚမွာလည္း လက္မွတ္ေတြ ေတြ႔တယ္။ စစ္ေဆးသူ အင္စပက္ေတာ္တို႔ လက္မွတ္ထင္တာဘဲ။
.
ေသခ်ာတာကေတာ့ ျမန္မာဘက္မွာ အစိုးရေျပာင္းတာ ႏွစ္ႏွစ္ေက်ာ္လာေပမယ့္ မေျပာင္းသူေတြ၊ အရင္အစိုးရေခတ္မွာ က်န္ခ့ဲသူေတြ၊ ခ်န္ခ့ဲသူေတြ ႐ွိေနတံုး ဆိုတာပါဘဲ။ မ်ားမၾကာမွီကလည္း ဆိပ္ကမ္းကေန သစ္ေတြ ကြန္တိန္နာအလုုံးလိုက္ ပို႔ဖို႔စီစဥ္ေနဆဲ မိဘူးသလို၊ ကုတ္ကင္းေတြ သြင္းတာလည္း မိဘူးပါတယ္။ ဘယ္လို အေရးယူလည္း၊ ဘယ္အဆင့္အထိ အေရးယူလည္း မသိေတာ့ပါ။
.
ခုတေခါက္ေတာ့ ႏိုင္ငံတကာနဲ႔ ပတ္သက္ၿပီမို႔ ပိုင္႐ွင္မ့ဲ လုပ္ဖို႔မလြယ္ ေလာက္ပါ။ ေနာက္ကြယ္ကလက္မဲေတြ ေဖာ္ဖို႔လိုသလို တာဝန္က် ဝန္ထမ္းႀကီးေတြအထိ အေရးယူဖို႔ လိုမယ္ထင္တာဘဲခင္ဗ်ာ။ ႏို႔မို႔ ျမန္မာ့ထုတ္ကုန္ေတြပါ နာမည္ပ်က္ရခ်ီရဲ႕။    ။


No comments:

Post a Comment

Thank you.