14 May 2018

ပြည်သူ့ရဲ့?

(Unicode version)

 Police ခေါ် ပုလိပ် ခေါ် ရဲဆိုတာ ဥပဒေကို အလိုက်နာသင့်ဆုံးသူတွေပါ။ ဘာလို့လည်းဆိုတော့ သူတို့က ဥပဒေချိုးဖေါက်သူတွေကို အရေးယူရမှာလေ။ ဒီတော့ သူကမှ မလိုက်နာနိုင်ရင် ဘယ်လိုအရေးယူတော့မလဲ။ နောက်ဆက်တွဲအနေနဲ့ ဘယ်သူက အားကိုးယုံကြည်တော့မလဲဗျာ။

.

ကမ်ဘာကျော်အမှုဖြစ်နေတ့ဲ ရိုက်တာသတင်းထောက် ဝလုံးတို့ကိစ္စကို ကြည့်ပါ။ သူတို့နှစ်ဦး နိုင်ငံချစ်စိတ် မျိုးချစ်စိတ်မရှိဘူးလို့ ပြောလို့ရရင် ရမယ်။ ဒါပေမယ့် ဥပဒေချိုးဖောက်တာ မပြနိုင်လို့ ကိုယ့်လူလွှတ်ပြီး စာရွက်စာတမ်းတွေပေး၊ ပြန်အထွက်မှာ စောင့်ဖမ်းပြီး တရားစွဲဖို့လုပ်တာ လွန်စွာညံ့ရာ ရောက်ပါသည်။

.

တနေ့က တာမွေမှာ စစ်ပွဲတွေရပ်ဖို့ ဆန္ဒပြသူတွေ ဖြိုခွဲအဖမ်းခံရသည်။ ဆန္ဒပြခွင့်မရှိဘဲပြခြင်း၊ တချို့က အကြိမ်ကြိမ်ပြဿနာရှာနေသူဖြစ်ခြင်းကြောင့် ဖမ်းရင်တရားတယ် ပြောနိုင်ပါတယ်။ ဒါပေမယ့် လူဝတ်နဲ့ စွမ်းအားရှင်တွေကိုသုံးခြင်း၊ တန်ပြန်ဆန္ဒပြသူတွေကိုတော့ မဖမ်းခြင်းက ရဲတွေရဲ့လုပ်ရပ်ကို အံ့သြစေပါတယ်။

.

ရဲတွေက ဥပဒေရော သိကြသေးရဲ့လား။ နှစ်ငါးဆယ်လောက် အမိန့်ပေးတ့ဲအတိုင်း လုပ်ခ့ဲကြရလို့ ရဲအတတ်ပညာ မတတ်ကြတော့တာလား။ အရင်ကလို အမှုပေါ်အောင် ရိုက်နှက်စစ်ဆေးခွင့်မရှိတော့ မစစ်တတ်ကြတော့တာလား။ တကယ်က ဥပဒေသိ ကျွမ်းကျင်ရင် အရေးယူနိုင်စရာ ပုံစံများစွာ ရှိမှာပါ။ ဘိန်းပစ်ဖမ်းလို့ ကိုလိုနီခေတ်ကတည်းက နာမည်ပျက်ခ့ဲဘူးတာဘဲ။

.

ပြည်ပ ရုပ်ရှင်ဝတၳုတွေထဲက ရဲတွေလို ဥပဒေကို တိကျစွာလိုက်နာ၊ နည်းပညာတွေသုံးပြီး အမှုဖော်တ့ဲ ပြည်သူ့ရဲတွေ မြင်ချင်ပါပြီ။ လူဆိုးတွေကပင် မခန့် မလေးစားတ့ဲ ရဲတွေကို ပြောင်းလဲသင့်ပြီ ထင်ပါကြောင်း။

XxXxXx

(Zawgyi version)

 Police ေခၚ ပုလိပ္ ေခၚ ရဲဆိုတာ ဥပေဒကို အလိုက္နာသင့္ဆံုးသူေတြပါ။ ဘာလို႔လည္းဆိုေတာ့ သူတို႔က ဥပေဒခ်ိဳးေဖါက္သူေတြကို အေရးယူရမွာေလ။ ဒီေတာ့ သူကမွ မလိုက္နာႏိုင္ရင္ ဘယ္လိုအေရးယူေတာ့မလဲ။ ေနာက္ဆက္တြဲအေနနဲ႔ ဘယ္သူက အားကိုးယံုၾကည္ေတာ့မလဲဗ်ာ။
.
ကမ႓ာေက်ာ္အမႈျဖစ္ေနတ့ဲ ႐ိုက္တာသတင္းေထာက္ ဝလံုးတို႔ကိစၥကို ၾကည့္ပါ။ သူတို႔ႏွစ္ဦး ႏိုင္ငံခ်စ္စိတ္ မ်ိဳးခ်စ္စိတ္မ႐ွိဘူးလို႔ ေျပာလို႔ရရင္ ရမယ္။ ဒါေပမယ့္ ဥပေဒခ်ိဳးေဖာက္တာ မျပႏိုင္လို႔ ကိုယ့္လူလႊတ္ၿပီး စာရြက္စာတမ္းေတြေပး၊  ျပန္အထြက္မွာ ေစာင့္ဖမ္းၿပီး တရားစြဲဖို႔လုပ္တာ လြန္စြာညံ့ရာ ေရာက္ပါသည္။
.
တေန႔က တာေမြမွာ စစ္ပြဲေတြရပ္ဖို႔ ဆႏၵျပသူေတြ ၿဖိဳခြဲအဖမ္းခံရသည္။ ဆႏၵျပခြင့္မ႐ွိဘဲျပျခင္း၊ တခ်ိဳ႕က အႀကိမ္ႀကိမ္ျပႆနာ႐ွာေနသူျဖစ္ျခင္းေၾကာင့္ ဖမ္းရင္တရားတယ္ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ လူဝတ္နဲ႔ စြမ္းအား႐ွင္ေတြကိုသံုးျခင္း၊ တန္ျပန္ဆႏၵျပသူေတြကိုေတာ့ မဖမ္းျခင္းက ရဲေတြရဲ႕လုပ္ရပ္ကို အံ့ၾသေစပါတယ္။
.
ရဲေတြက ဥပေဒေရာ သိၾကေသးရဲ႕လား။ ႏွစ္ငါးဆယ္ေလာက္ အမိန္႔ေပးတ့ဲအတိုင္း လုပ္ခ့ဲၾကရလို႔ ရဲအတတ္ပညာ မတတ္ၾကေတာ့တာလား။ အရင္ကလို အမႈေပၚေအာင္ ႐ိုက္ႏွက္စစ္ေဆးခြင့္မ႐ွိေတာ့ မစစ္တတ္ၾကေတာ့တာလား။ တကယ္က ဥပေဒသိ ကြၽမ္းက်င္ရင္ အေရးယူႏိုင္စရာ ပံုစံမ်ားစြာ ႐ွိမွာပါ။ ဘိန္းပစ္ဖမ္းလို႔ ကိုလိုနီေခတ္ကတည္းက နာမည္ပ်က္ခ့ဲဘူးတာဘဲ။
.
ျပည္ပ ႐ုပ္႐ွင္ဝတၳဳေတြထဲက ရဲေတြလို ဥပေဒကို တိက်စြာလိုက္နာ၊ နည္းပညာေတြသံုးၿပီး အမႈေဖာ္တ့ဲ ျပည္သူ႔ရဲေတြ ျမင္ခ်င္ပါၿပီ။ လူဆိုးေတြကပင္ မခန္႔ မေလးစားတ့ဲ ရဲေတြကို ေျပာင္းလဲသင့္ၿပီ ထင္ပါေၾကာင္း။ 

No comments:

Post a Comment

Thank you.