08 January 2018

တရုပ်နဲ့ မျိုးစပါး

(Unicode version )

 မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဟင်းတမယ်လျော့စား စကားထဲမှာ တရုပ်က ဆန်တင်မက မျိုးစပါးပါ ဝယ်နေတယ်လို့ ပြောပါတယ်။ ဖွသူတွေက အဲဒီကိစ္စကို သိတ်မထင်ရှားစေပါဘူး။

.

ဒါကို ဆက်ဆွေးနွေးကြတော့ တရုပ်က မြန်မာတွေ မျိုးမရှိအောင် သက်သက်လုပ်တာလို့ ဆဲနေကြပါတယ်။ ဒါလည်း ဖြစ်နိုင်တာပါဘဲ။ တခြားဘက်က တွေးကြည့်ရင် ဆန်မဝယ်ဘဲ စပါးဝယ်တာ ဒီက ဆန်စက်တွေ အရည်အချင်း မမှီလို့ရော မဖြစ်နိုင်ဘူးလားဗျာ။

.

နောက်တချက်က မြန်မာတွေ မျိုးစပါး မရှိရင် ဝယ်ရပါတော့မယ်။ အရင် စစ်အစိုးရလက်ထက်ထဲက ရောင်းခ့ဲရတ့ဲ တရုပ်စပ်မျိုးတွေ ခုခေတ်မရောင်းရတော့လို့ ဂွင်ဆင်တာရော မဖြစ်နိုင်ဘူးလား။ ဟိုအရင် လယ်ဆည်ဝန်ကြီး ဗိုလ်ပုခေတ်က တရုပ်မျိုးမှ တရုပ်မျိုးဖြစ်ခ့ဲတာလေ။ ခု အဲဒီလို လုပ်မရတော့ နောက်တမျိုး ဉာဏ်ဆင်လာတာလည်း ဖြစ်နိုင်ပါတယ်။

.

ကျွန်တော့်အထင် စပါးဈေး ပိုပေးလိုက်တော့ မျိုးအတွက်ပါ မစဉ်းစားတော့ဘဲ ရောင်းကြတာ ဖြစ်မှာပါ။ မြန်မာတွေရဲ့ အကျင့်အတိုင်း တထွာတောင် မကြည့်တော့ပါဘူး။ နောင်ခါလာ နောင်ဈေးဘဲပေါ့။

.

ဒီကိစ္စက ဥပဒေနဲ့ တားဖို့တောင် မလွယ်ပါ။ တားရင်လည်း လယ်သမားတွေ ဈေးပိုရတာကို ပိတ်တယ်ဖြစ်ဦးမယ်။ အသိစိတ်ရှိရမယ့် ကိစ္စမျိုးပါ။ မိမိဉာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်ရမှာပါ။

.

တချို့ ဆဲနေသူတွေက မဆလခေတ်နဲ့ နဝတ/နအဖခေတ်တွေက မျိုးစပါးပါမကျန် တာဝန်ကျေအောင် ရောင်းရမယ်ဆိုတာကြီး စွဲနေကြလား မသိပါ။ ခုက အာဏာနဲ့ ရောင်းခိုင်းတာ မဟုတ်ဘဲ ပိုက်ဆံနဲ့ ကစားတာဆိုတော့ ပိုကြောက်ဖို့ ကောင်းပါတယ်။ ဆဲနေမ့ဲအစား ဉာဏ်သုံးပြီး ဆင်ခြင် ဖြေရှင်းကြရမှာပါ။ တမင် ဖွနေသူတွေလည်း ရှိနိုင်ပါတယ်။

XxXxXx

(Zawgyi version)

 မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ရဲ႕ ဟင္းတမယ္ေလ်ာ့စား စကားထဲမွာ တ႐ုပ္က ဆန္တင္မက မ်ိဳးစပါးပါ ဝယ္ေနတယ္လို႔ ေျပာပါတယ္။ ဖြသူေတြက အဲဒီကိစၥကို သိတ္မထင္႐ွားေစပါဘူး။
.
ဒါကို ဆက္ေဆြးေႏြးၾကေတာ့ တ႐ုပ္က ျမန္မာေတြ မ်ိဳးမ႐ွိေအာင္ သက္သက္လုပ္တာလို႔ ဆဲေနၾကပါတယ္။ ဒါလည္း ျဖစ္နိုင္တာပါဘဲ။ တျခားဘက္က ေတြးၾကည့္ရင္ ဆန္မဝယ္ဘဲ စပါးဝယ္တာ ဒီက ဆန္စက္ေတြ အရည္အခ်င္း မမွီလို႔ေရာ မျဖစ္ႏိုင္ဘူးလားဗ်ာ။
.
ေနာက္တခ်က္က ျမန္မာေတြ မ်ိဳးစပါး မ႐ွိရင္ ဝယ္ရပါေတာ့မယ္။ အရင္ စစ္အစိုးရလက္ထက္ထဲက ေရာင္းခ့ဲရတ့ဲ တ႐ုပ္စပ္မ်ိဳးေတြ ခုေခတ္မေရာင္းရေတာ့လို႔ ဂြင္ဆင္တာေရာ မျဖစ္ႏိုင္ဘူးလား။ ဟိုအရင္ လယ္ဆည္ဝန္ႀကီး ဗိုလ္ပုေခတ္က တ႐ုပ္မ်ိဳးမွ တ႐ုပ္မ်ိဳးျဖစ္ခ့ဲတာေလ။ ခု အဲဒီလို လုပ္မရေတာ့ ေနာက္တမ်ိဳး ဥာဏ္ဆင္လာတာလည္း ျဖစ္ႏိုင္ပါတယ္။
.
ကြၽန္ေတာ့္အထင္ စပါးေစ်း ပိုေပးလိုက္ေတာ့ မ်ိဳးအတြက္ပါ မစဥ္းစားေတာ့ဘဲ ေရာင္းၾကတာ ျဖစ္မွာပါ။ ျမန္မာေတြရဲ႕ အက်င့္အတိုင္း တထြာေတာင္ မၾကည့္ေတာ့ပါဘူး။ ေနာင္ခါလာ ေနာင္ေစ်းဘဲေပါ့။
.
ဒီကိစၥက ဥပေဒနဲ႔ တားဖို႔ေတာင္ မလြယ္ပါ။ တားရင္လည္း လယ္သမားေတြ ေစ်းပိုရတာကို ပိတ္တယ္ျဖစ္ဦးမယ္။ အသိစိတ္႐ွိရမယ့္ ကိစၥမ်ိဳးပါ။ မိမိဥာဏ္နဲ႔ စဥ္းစားဆင္ျခင္ႏိုင္ရမွာပါ။
.
တခ်ိဳ႕ ဆဲေနသူေတြက မဆလေခတ္နဲ႔ နဝတ/နအဖေခတ္ေတြက မ်ိဳးစပါးပါမက်န္ တာဝန္ေက်ေအာင္ ေရာင္းရမယ္ဆိုတာႀကီး စြဲေနၾကလား မသိပါ။ ခုက အာဏာနဲ႔ ေရာင္းခိုင္းတာ မဟုတ္ဘဲ ပိုက္ဆံနဲ႔ ကစားတာဆိုေတာ့ ပိုေၾကာက္ဖို႔ ေကာင္းပါတယ္။  ဆဲေနမ့ဲအစား ဥာဏ္သံုးၿပီး ဆင္ျခင္ ေျဖ႐ွင္းၾကရမွာပါ။ တမင္ ဖြေနသူေတြလည္း ႐ွိႏိုင္ပါတယ္။

No comments:

Post a Comment

Thank you.