05 January 2018

နှစ်၇၀ပြည့် လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း

(Unicode version )

    နှစ်၇၀ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်း ထွက်ပါတယ်။ ၁၀၀ကျပ်တန် ၃ခေါင်းပါ။

.

ကွာလတီကတော့ ညံ့မြဲပါ။ ဒီပုံနှိပ်စံနစ်နဲ့ နှိပ်နေသရွေ့ ဒီအဆင့်ဘဲ ရမှာပါ။ အထူးထုတ်ခေါင်းတွေကို စုဆောင်းသူတွေအတွက် ပြည်ပမှာ အဆင့်မှီမှီ ပုံနှိပ်ထုတ်ဝေဖို့ မျှော်လင့်မိပါတယ်။

.

ထူးဆန်းတာက first day cover လည်း တံဆိပ်ခေါင်းပုံနဲ့ ၃မျိုးထုတ်တာပါဘဲ။ တော်တော် ရှားရှားပါးပါး ကိစ္စပါ။ 'ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း' ဆိုတ့ဲ တံဆိပ်နဲ့ တရားဝင်ထုတ်ဝေပြီး ၂၀၀ကျပ်နဲ့ ရောင်းတာ ကျေးဇူးတင်တယ်။ နောင်လည်း တံဆိပ်ခေါင်းထုတ်တိုင်း FDC ထုတ်ပေးစေချင်ပါတယ်။

.

အားနာနာနဲ့ ပြောရရင် အညံ့ဆုံးက ဒီဇိုင်းတွေပါဘဲ။ ၈၈နောက်ပိုင်း ဝါဒဖြန့်ပိုစတာတွေ ခေတ်စားလားပြီးနောက် အဲဒီပိုစတာကြီးတွေအတိုင်း တံဆိပ်ခေါင်း ထုတ်လာကြပါတယ်။ တကယ်က အထိမ်းအမှတ်ဒီဇိုင်း လုပ် ထုတ်သင့်တာပါ။ လိုအပ်ရင် ပြိုင်ပွဲလေး လုပ်ပေးလိုက်ပါ။ အခြားနိုင်ငံထုတ် တံဆိပ်ခေါင်းတွေလည်း တာဝန်ရှိသူများ လေ့လာစေချင်ပါတယ်။ တရောင်ထဲသုံးပြီး တံဆိပ်ခေါင်းလှလှတွေ ထုတ်လို့ရပါတယ်ဗျာ။



XxXxXx

(Zawgyi version) 

   ႏွစ္၇၀ျပည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ တံဆိပ္ေခါင္း ထြက္ပါတယ္။ ၁၀၀က်ပ္တန္ ၃ေခါင္းပါ။
.
ကြာလတီကေတာ့ ညံ့ျမဲပါ။ ဒီပံုႏွိပ္စံနစ္နဲ႔ ႏွိပ္ေနသေရြ႔ ဒီအဆင့္ဘဲ ရမွာပါ။ အထူးထုတ္ေခါင္းေတြကို စုေဆာင္းသူေတြအတြက္ ျပည္ပမွာ အဆင့္မွီမွီ ပံုႏွိပ္ထုတ္ေဝဖို႔ ေမွ်ာ္လင့္မိပါတယ္။
.
ထူးဆန္းတာက first day cover လည္း တံဆိပ္ေခါင္းပံုနဲ႔ ၃မ်ိဳးထုတ္တာပါဘဲ။ ေတာ္ေတာ္ ႐ွား႐ွားပါးပါး ကိစၥပါ။ 'ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့စာတိုက္လုပ္ငန္း' ဆိုတ့ဲ တံဆိပ္နဲ႔ တရားဝင္ထုတ္ေဝၿပီး ၂၀၀က်ပ္နဲ႔ ေရာင္းတာ ေက်းဇူးတင္တယ္။ ေနာင္လည္း တံဆိပ္ေခါင္းထုတ္တိုင္း FDC ထုတ္ေပးေစခ်င္ပါတယ္။
.
အားနာနာနဲ႔ ေျပာရရင္ အညံ့ဆံုးက ဒီဇိုင္းေတြပါဘဲ။ ၈၈ေနာက္ပိုင္း ဝါဒျဖန္႔ပိုစတာေတြ ေခတ္စားလားၿပီးေနာက္ အဲဒီပိုစတာႀကီးေတြအတိုင္း တံဆိပ္ေခါင္း ထုတ္လာၾကပါတယ္။ တကယ္က အထိမ္းအမွတ္ဒီဇိုင္း လုပ္ ထုတ္သင့္တာပါ။ လိုအပ္ရင္ ၿပိဳင္ပြဲေလး လုပ္ေပးလိုက္ပါ။ အျခားႏိုင္ငံထုတ္ တံဆိပ္ေခါင္းေတြလည္း တာဝန္႐ွိသူမ်ား ေလ့လာေစခ်င္ပါတယ္။ တေရာင္ထဲသံုးၿပီး တံဆိပ္ေခါင္းလွလွေတြ ထုတ္လို႔ရပါတယ္ဗ်ာ။


No comments:

Post a Comment

Thank you.