30 October 2017

မြန်မာပြည် အခြေအနေ

(Unicode version )

ပထမတဖက်

.

  NLD အစိုးရတက်လာတ့ဲ အချိန်မှာ နိုင်ငံရဲ့ အဓိကဝင်ငွေ ရှာပေးတ့ဲ သစ်တွေ ကုန်ပါပြီ။ ဂက်ဆို နှစ်၂၀ ကြိုရောင်းထားပါသေးတယ်။ NLD အစိုးရက သယံဇာတ ပြုန်းမှာစိုးလို့ လက်ကျန်သစ်တွေ ကျောက်သံပတ္တမြားတွေ ထုတ်တာ လျော့ခိုင်းလိုက်ပါတယ်။ နိုင်ငံဝင်ငွေ အဝင်လျော့သွားပါတယ်။

.

ပြည်ပရင်းနှီးမြှုတ်နှံဖို့ ဖွင့်ပေးတ့ဲ အချိန်မှာ အမေရိကန်မှာ ဒေါ်နွယ်ထွန်း သမတဖြစ်ပါတယ်။ သူ့ရဲ့ အမေရိကန် ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဦးစားပေးမူအရ အမေရိကန် ပြင်ပမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ရဲကြတော့ပါဘူး။ နိုင်ငံဝင်ငွေ တိုးလာဖို့ ပိုခက်သွားပါတယ်။

.

အစိုးရကို အကြပ်အတည်းဖြစ် ငွေကုန်စေမ့ဲ ရခိုင်မြောက်ဖျား ဘင်္ဂါလီအရေး ဖြစ်ပါတယ်။ နိုင်ငံတကာက ပိတ်ဆို့ဖို့အထိ တောင်းဆိုလာပါပြီ။ အစိုးရအတွက် အခက်အခဲပါဘဲ။

.

ကိုယ်ကျိုးဘဲကြည့်တ့ဲ အစိုးရတုံးက ဝင်ငွေရှိနေပြီး၊ ပြည်သူတွေအတွက် မခိုးဘဲ လုပ်ပေးမ့ဲ အစိုးရအတွက်မှ ဝင်ငွေနည်းနေတာ ပြည်သူတွေရဲ့ ကုသိုလ်ကံပါဘဲ။ ဒါပေမယ့် ပြည်သူတွေနဲ့ နိုင်ငံတကာ အမြင်မှာ မြန်မာနိုင်ငံ ဒါမျိုးတွေ ဖြစ်နေတာ ဟိုစာအုပ်အစိမ်း ကြောင့်ပါဘဲလို့ မြင်နေကြပါတယ်။ Excuse ရနေတာပေါ့။

* * *

အခြားတဖက်

.

   တပ်ဆိုတာ အထက်အောက် အမိန့်အရ အုပ်ချုပ်ရတာပါ။ ထိပ်ဆုံးက ချပေးလိုက်တ့ဲ အမိန့်ကို ညင်းဆန်လို့ မရပါဘူး။ အရင်တပ်ချုပ်က အခုတပ်ချုပ်ကို မင်း ငါတို့ကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ စာအုပ်စိမ်းကြီးကို ကာကွယ်ရမယ်လို့ ပြောခ့ဲရင် ဒါအမိန့်မို့ လုပ်ပေးရမှာပါဘဲ။

.

လက်ရှိ အခြေအနေကို သဘောပေါက်လို့ အရင်ကာချုပ်က စာအုပ်စိမ်းပြင်ဖို့ ခွင့်ပြုခ့ဲရင် အကောင်းဆုံးပါဘဲ။ လက်ရှိကာချုပ်အပေါ် အမိန့်ပေးနိုင်သေးတယ်လို့ ယူဆပါတယ်။ ငါ နိုင်ငံရေးနဲ့ မဆိုင်တော့ဘူး၊ ငါ့ လာမမေးကြနဲ့တော့ဆိုပြီး ရူးချင်ယောင်ဆောင်ရင်တော့ ခက်နေပြီ။

.

လက်ရှိကာချုပ်ကြီး စဉ်းစားသင့်ပါတယ်။ အရင်လူတွေနဲ့ တပ်ကို ဒုက္ခမပေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဘဲ။ NLD ပါတီလို့တောင် မသုံးရဲပါဘူး။ ဒေါ်စု NLD ပါတီအပေါ် သြဇာသက်ရောက်နေချိန်မှာ မိမိတို့ လိုချင်တာကို ပွင့်ပွင့်လင်းလင်း ဒေါ်စုနဲ့ ညှိနှိုင်းပြီး စာအုပ်စိမ်းပြင်ကာ နာမည်ကောင်း ယူသင့်ပါတယ်။

.

ကျွန်တော်တဦးတည်း အမြင်အရတော့ ဒေါ်စု ကျန်းမာစွာ လုပ်နိုင်နေတ့ဲ ဒီအချိန်ဟာ အကောင်းဆုံးပါဘဲ။ အရင်ကာချုပ်ရဲ့ အမိန့်တောင်းဖို့ လိုရင်လည်း သွားတောင်းလိုက်ပါ။ စာအုပ်စိမ်းကြီးကို ပြင်ပြိီး တပ်မတော်ကို ပြည်သူ့လက် ပြန်အပ်လိုက်ပါဗျာ။

XxXxXx

(Zawgyi version)

ပထမတဖက္
.
  NLD အစိုးရတက္လာတ့ဲ အခ်ိန္မွာ ႏိုင္ငံရဲ႕ အဓိကဝင္ေငြ ႐ွာေပးတ့ဲ သစ္ေတြ ကုန္ပါၿပီ။ ဂက္ဆို ႏွစ္၂၀ ႀကိဳေရာင္းထားပါေသးတယ္။ NLD အစိုးရက သယံဇာတ ျပဳန္းမွာစိုးလို႔ လက္က်န္သစ္ေတြ ေက်ာက္သံပတၱျမားေတြ ထုတ္တာ ေလ်ာ့ခိုင္းလိုက္ပါတယ္။ ႏိုင္ငံဝင္ေငြ အဝင္ေလ်ာ့သြားပါတယ္။
.
ျပည္ပရင္းႏွီးျမႇဳတ္ႏွံဖို႔ ဖြင့္ေပးတ့ဲ အခ်ိန္မွာ အေမရိကန္မွာ ေဒၚႏြယ္ထြန္း သမတျဖစ္ပါတယ္။ သူ႔ရဲ႕ အေမရိကန္ ကိုယ္က်ိဳးစီးပြားကာကြယ္ေရး ဦးစားေပးမူအရ အေမရိကန္ ျပင္ပမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ မလုပ္ရဲၾကေတာ့ပါဘူး။ ႏိုင္ငံဝင္ေငြ တိုးလာဖို႔ ပိုခက္သြားပါတယ္။
.
အစိုးရကို အၾကပ္အတည္းျဖစ္ ေငြကုန္ေစမ့ဲ ရခိုင္ေျမာက္ဖ်ား ဘဂၤါလီအေရး ျဖစ္ပါတယ္။ ႏိုင္ငံတကာက ပိတ္ဆို႔ဖို႔အထိ ေတာင္းဆိုလာပါၿပီ။ အစိုးရအတြက္ အခက္အခဲပါဘဲ။
.
ကိုယ္က်ိဳးဘဲၾကည့္တ့ဲ အစိုးရတံုးက ဝင္ေငြ႐ွိေနၿပီး၊ ျပည္သူေတြအတြက္ မခိုးဘဲ လုပ္ေပးမ့ဲ အစိုးရအတြက္မွ ဝင္ေငြနည္းေနတာ ျပည္သူေတြရဲ႕ ကုသိုလ္ကံပါဘဲ။ ဒါေပမယ့္  ျပည္သူေတြနဲ႔ ႏိုင္ငံတကာ အျမင္မွာ ျမန္မာႏိုင္ငံ ဒါမ်ိဳးေတြ ျဖစ္ေနတာ ဟိုစာအုပ္အစိမ္း ေၾကာင့္ပါဘဲလို႔ ျမင္ေနၾကပါတယ္။ Excuse ရေနတာေပါ့။
*     *     *
အျခားတဖက္
.
   တပ္ဆိုတာ အထက္ေအာက္ အမိန္႔အရ အုပ္ခ်ဳပ္ရတာပါ။ ထိပ္ဆံုးက ခ်ေပးလိုက္တ့ဲ အမိန္႔ကို ညင္းဆန္လို႔ မရပါဘူး။ အရင္တပ္ခ်ဳပ္က အခုတပ္ခ်ဳပ္ကို မင္း ငါတို႔ကို ကာကြယ္ေပးဖို႔ တာဝန္႐ွိတယ္။ စာအုပ္စိမ္းႀကီးကို ကာကြယ္ရမယ္လို႔ ေျပာခ့ဲရင္ ဒါအမိန္႔မို႔ လုပ္ေပးရမွာပါဘဲ။
.
လက္႐ွိ အေျခအေနကို သေဘာေပါက္လို႔ အရင္ကာခ်ဳပ္က စာအုပ္စိမ္းျပင္ဖို႔ ခြင့္ျပဳခ့ဲရင္ အေကာင္းဆံုးပါဘဲ။ လက္႐ွိကာခ်ဳပ္အေပၚ အမိန္႔ေပးႏိုင္ေသးတယ္လို႔ ယူဆပါတယ္။ ငါ ႏိုင္ငံေရးနဲ႔ မဆိုင္ေတာ့ဘူး၊ ငါ့ လာမေမးၾကနဲ႔ေတာ့ဆိုၿပီး ႐ူးခ်င္ေယာင္ေဆာင္ရင္ေတာ့ ခက္ေနၿပီ။
.
လက္႐ွိကာခ်ဳပ္ႀကီး စဥ္းစားသင့္ပါတယ္။ အရင္လူေတြနဲ႔ တပ္ကို ဒုကၡမေပးမွာ ေဒၚေအာင္ဆန္းစုၾကည္ ပါဘဲ။ NLD ပါတီလို႔ေတာင္ မသံုးရဲပါဘူး။ ေဒၚစု NLD ပါတီအေပၚ ၾသဇာသက္ေရာက္ေနခ်ိန္မွာ မိမိတို႔ လိုခ်င္တာကို ပြင့္ပြင့္လင္းလင္း ေဒၚစုနဲ႔ ညႇိႏိႈင္းၿပီး စာအုပ္စိမ္းျပင္ကာ နာမည္ေကာင္း ယူသင့္ပါတယ္။
.
ကြၽန္ေတာ္တဦးတည္း အျမင္အရေတာ့ ေဒၚစု က်န္းမာစြာ လုပ္ႏိုင္ေနတ့ဲ ဒီအခ်ိန္ဟာ အေကာင္းဆံုးပါဘဲ။  အရင္ကာခ်ဳပ္ရဲ႕ အမိန္႔ေတာင္းဖို႔ လိုရင္လည္း သြားေတာင္းလိုက္ပါ။ စာအုပ္စိမ္းႀကီးကို ျပင္ၿပိီး တပ္မေတာ္ကို ျပည္သူ႔လက္ ျပန္အပ္လိုက္ပါဗ်ာ။ 

No comments:

Post a Comment

Thank you.