13 October 2017

အလှူခံပါမယ်ဗျို့

(Unicode version )

 မနေ့က ဒေါ်စုရဲ့ ပြည်သူကို ပြောစကားထဲမှာ ရခိုင်ကဒုက္ခသည်တွေ ပြန်ထူထောင်ရေးအတွက် မြန်မာနိုင်ငံသားတွေဆီက အလှူခံတာ ပါပါတယ်။

.

နိုင်ငံအတွက် အဖက်ဖက်က ဘဏ္႑ာလိုအပ်နေချိန်မှာ နောက်ထပ် ငွေကုန်ပေါက် အကြီးကြီးပါဘဲ။ ဟိုဘက်ကမောင်တွေ ပြန်လာရင် ပိုကုန်မှာမို့ မလာရဲအောင် ခြောက်ထားရမလို ဖြစ်နေပါတယ်။

.

ပြည်ပက အကူငွေကို အရင် မြန်မာအစိုးရ အဆက်ဆက်လို အားထားလို့မရတော့ပါဘူး။ နောက်ဆုံးသံပဒတ်လက်ထက်ကလို OIC မှ ဒေါ်လာသန်းငါးဆယ် တိတ်တိတ်လက်ခံလို့လည်း မဖြစ်ပါဘူး။ နောက်ကွယ်က နှောင်ကြိုးတွေက ဘယ်လောက်များမှန်း မသိပါဘူး။

.

ဒါမျိုးတွေကို အဓိက ကူညီလေ့ရှိတ့ဲ ကုလသမဂ္ဂ လက်အောက်အဖွဲ့ UNHCR ကလည်း သိသိသာသာကို အာရပ်ကမ်ဘာအောက် ရောက်နေပါပြီ။ သူတို့ လှူရင်လည်း ဘင်္ဂါလီအများစုရှိတ့ဲ ဘင်္ဂလားဒေ့ရှ် ဖက်ကိုဘဲ ပေးမှာသေချာပါတယ်။

.

ကျန်အလှူရှင်နိုင်ငံတွေဖြစ်တ့ဲ အနောက်ကမ်ဘာကလည်း မီဒီယာသတင်းတွေအရ မြန်မာအပေါ် မကောင်းမြင်နေတာ သေချာပါတယ်။ အာရှက ဂျပန် တနိုင်ငံဆီကဘဲ များများမျှော်လင့်လို့ ရပါမယ်။

.

ဒီအခြေအနေတွေကို ခြုံငုံသဘောပေါက်ထားတ့ဲ ဒေါ်စုက ပြည်ပကို လုံးဝ အားကိုးဟန် မတူတော့ပါဘူး။ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတွေဆီကဘဲ အဓိက အလှူခံတ့ဲ သဘောရှိပါတယ်။ ခရိုနီကြီးတွေနဲ့ အရင် အစိုးရလက်ထက် တနည်းနည်းနဲ့ ချမ်းသာသူကြီးတွေလည်း မြန်မာပြည်ချစ်စိတ်နဲ့ ကူညီကြမယ်လို့ ထင်ပါတယ်။

.

သဒ္ဒါထက်သန်တ့ဲ မြန်မာတွေကတော့ ဒေါ်စုအလှူခံရင် လှူကြဦးမှာပါ။ မိမိတတ်နိုင်သလောက် နည်းများမဆိုပေါ့။ ဒီနေရာမှာ အရေးကြီးတာက ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အဆိုကျော်တွေလို အနုပညာရှင် တွေပါဘဲ။ သူတို့ရဲ့ အနုပညာသုံး အလှူခံမှုက ငွေအများ အလှူရနိုင်ပါတယ်။ ကူညီကြမယ်လည်း ယုံကြည်ပါတယ်။

.

သေချာ အာမခံရဲတာ တခုရှိပါတယ်။ ပြည်သူအများ လှူလိုက်တ့ဲ ချွေးနည်းစာ အပါအဝင် အလှူငွေတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စီမံမ့ဲ ဒီကိစ္စမှာ အလွဲသုံးစားမှု မရှိနိုင်ဘူး ဆိုတာပါဘဲခင်ဗျာ။

XxXxXx

(Zawgyi version) 

မေန႔က ေဒၚစုရဲ႕ ျပည္သူကို ေျပာစကားထဲမွာ ရခိုင္ကဒုကၡသည္ေတြ ျပန္ထူေထာင္ေရးအတြက္ ျမန္မာႏိုင္ငံသားေတြဆီက အလႉခံတာ ပါပါတယ္။
.
ႏိုင္ငံအတြက္ အဖက္ဖက္က ဘ႑ာလုိအပ္ေနခ်ိန္မွာ ေနာက္ထပ္ ေငြကုန္ေပါက္ အႀကီးႀကီးပါဘဲ။ ဟိုဘက္ကေမာင္ေတြ ျပန္လာရင္ ပိုကုန္မွာမို႔ မလာရဲေအာင္ ေျခာက္ထားရမလို ျဖစ္ေနပါတယ္။
.
ျပည္ပက အကူေငြကို အရင္ ျမန္မာအစိုးရ အဆက္ဆက္လို အားထားလို႔မရေတာ့ပါဘူး။ ေနာက္ဆံုးသံပဒတ္လက္ထက္ကလို OIC မွ ေဒၚလာသန္းငါးဆယ္ တိတ္တိတ္လက္ခံလို႔လည္း မျဖစ္ပါဘူး။ ေနာက္ကြယ္က ေႏွာင္ႀကိဳးေတြက ဘယ္ေလာက္မ်ားမွန္း မသိပါဘူး။
.
ဒါမ်ိဳးေတြကို အဓိက ကူညီေလ့႐ွိတ့ဲ ကုလသမဂၢ လက္ေအာက္အဖြဲ႔ UNHCR ကလည္း သိသိသာသာကို အာရပ္ကမ႓ာေအာက္ ေရာက္ေနပါၿပီ။ သူတို႔ လႉရင္လည္း ဘဂၤါလီအမ်ားစု႐ွိတ့ဲ ဘဂၤလားေဒ့႐ွ္ ဖက္ကိုဘဲ ေပးမွာေသခ်ာပါတယ္။
.
က်န္အလႉ႐ွင္ႏိုင္ငံေတြျဖစ္တ့ဲ အေနာက္ကမ႓ာကလည္း မီဒီယာသတင္းေတြအရ ျမန္မာအေပၚ မေကာင္းျမင္ေနတာ ေသခ်ာပါတယ္။ အာ႐ွက ဂ်ပန္ တႏိုင္ငံဆီကဘဲ မ်ားမ်ားေမွ်ာ္လင့္လို႔ ရပါမယ္။
.
ဒီအေျခအေနေတြကို ျခံဳငံုသေဘာေပါက္ထားတ့ဲ ေဒၚစုက ျပည္ပကို လံုးဝ အားကိုးဟန္ မတူေတာ့ပါဘူး။ ျပည္တြင္းျပည္ပ ျမန္မာႏိုင္ငံသားေတြဆီကဘဲ အဓိက အလႉခံတ့ဲ သေဘာ႐ွိပါတယ္။ ခ႐ိုနီႀကီးေတြနဲ႔ အရင္ အစိုးရလက္ထက္ တနည္းနည္းနဲ႔ ခ်မ္းသာသူႀကီးေတြလည္း ျမန္မာျပည္ခ်စ္စိတ္နဲ႔ ကူညီၾကမယ္လို႔ ထင္ပါတယ္။
.
သဒၵါထက္သန္တ့ဲ ျမန္မာေတြကေတာ့ ေဒၚစုအလႉခံရင္ လႉၾကဦးမွာပါ။ မိမိတတ္ႏိုင္သေလာက္ နည္းမ်ားမဆိုေပါ့။ ဒီေနရာမွာ အေရးႀကီးတာက ႐ုပ္႐ွင္မင္းသား မင္းသမီးေတြ၊ အဆိုေက်ာ္ေတြလို အႏုပညာ႐ွင္ ေတြပါဘဲ။ သူတို႔ရဲ႕ အႏုပညာသံုး အလႉခံမႈက ေငြအမ်ား အလႉရႏိုင္ပါတယ္။ ကူညီၾကမယ္လည္း ယံုၾကည္ပါတယ္။
.
ေသခ်ာ အာမခံရဲတာ တခု႐ွိပါတယ္။ ျပည္သူအမ်ား လႉလိုက္တ့ဲ ေခြၽးနည္းစာ အပါအဝင္ အလႉေငြေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ စီမံမ့ဲ ဒီကိစၥမွာ အလြဲသံုးစားမႈ မ႐ွိႏိုင္ဘူး ဆိုတာပါဘဲခင္ဗ်ာ။

No comments:

Post a Comment

Thank you.