23 December 2016

ကျောင်းသား နှင့် စပယ်ယာ

(Unicode version)

ခုတလော ဘတ်စကားစပယ်ယာ ခေတ်စားနေသည်။ အရင်က သူတို်က ရမ်းကားခ့ဲသမျှ ခု သူတို့ကို ပြန်ဆော်မည့်သူတွေ ပေါ်လာပြီ။

.

ကျွန်တော်တို့ ကျောင်းသားခေတ်က ကျောင်းသားများကို ကားသမားများ ကြောက်ရသည်။ တခါတလေ ညိမိလျှင် ကားနံပတ်မှတ်ထားပြီး နောက်နေ့လူစုကာ ပြဿနာရှာလေ့ရှိသဖြင့် ရှောင်ကြသည်။ တက္ကသိုလ်နား ပြေးရသည့် ဘတ်စလိုင်းတွေကတော့ အစွမ်းကုန် သည်းခံလေ့ရှိပါသည်။ ကျောင်းသားတွေဘက်ကလည်း မဟုတ်တာ အနိုင်ကျင့်တာ လုပ်လေ့မရှိပါ။ ပိုက်ဆံမပါလျှင်တောင် ပြောစီးသွားရင် ရသည်။ တခါတလေ မူးမှသာ ပြဿနာဖြစ်လေ့ ရှိခ့ဲပါသည်။.

.

ဟိုတလောက တက္ကသိုလ်ကျောင်းသားတယောက်ကို ဘတ်စကား စပယ်ယာတွေက ဝိုင်းထိုးလွှတ်လိုက်သည့် သတင်းကိုဖတ်ရတော့ တော်တော်ကြီးကို အ့ံသြမိသည်။ ကျောင်းသားတွေကလည်း ဘာမျှတုံ့ပြန်မှုမရှိတ့ဲ။ စိတ်ထဲတွင် နာကျည်းစွာတွေးလိုက်မိစည်။ ဘဘဗိုလ်ချုပ်ကြီးများသည် တက္ကသိုလ်တွေကို နယ်ဝေးရွှေ့၍သာ ပညာရေးပျက်အောင် လုပ်ခ့ဲတာမဟုတ်။ ကျောင်းသား(အထူးသဖြင့် တက္ကသိုလ်ကျောင်းသား) ဆိုသည့်စိတ်ဓာတ်ကို ဘတ်စကားစပယ်ယာစိတ်ဓာတ်အောက် ရောက်အောင်ပါ လုပ်လိုက်ကြသည်ဟူ၍။

XxXxXx

(Zawgyi version)

ခုတေလာ ဘတ္စကားစပယ္ယာ ေခတ္စားေနသည္။ အရင္က သူတို္က ရမ္းကားခ့ဲသမ်ွ ခု သူတို႔ကို ျပန္ေဆာ္မည့္သူေတြ ေပၚလာၿပီ။
.
ကြၽန္ေတာ္တို႔ ေက်ာင္းသားေခတ္က ေက်ာင္းသားမ်ားကို ကားသမားမ်ား ေၾကာက္ရသည္။ တခါတေလ ညိမိလ်ွင္ ကားနံပတ္မွတ္ထားၿပီး ေနာက္ေန႔လူစုကာ ျပႆနာ႐ွာေလ့႐ွိသျဖင့္ ေ႐ွာင္ၾကသည္။ တကၠသိုလ္နား ေျပးရသည့္ ဘတ္စလိုင္းေတြကေတာ့ အစြမ္းကုန္ သည္းခံေလ့႐ွိပါသည္။ ေက်ာင္းသားေတြဘက္ကလည္း မဟုတ္တာ အႏိုင္က်င့္တာ လုပ္ေလ့မ႐ွိပါ။ ပိုက္ဆံမပါလွ်င္ေတာင္ ေျပာစီးသြားရင္ ရသည္။ တခါတေလ မူးမွသာ ျပႆနာျဖစ္ေလ့ ႐ွိခ့ဲပါသည္။.
.
ဟိုတေလာက တကၠသိုလ္ေက်ာင္းသားတေယာက္ကို ဘတ္စကား စပယ္ယာေတြက ဝိုင္းထိုးလႊတ္လိုက္သည့္ သတင္းကိုဖတ္ရေတာ့ ေတာ္ေတာ္ႀကီးကို အ့ံၾသမိသည္။ ေက်ာင္းသားေတြကလည္း ဘာမွ်တံု႔ျပန္မႈမ႐ွိတ့ဲ။ စိတ္ထဲတြင္ နာက်ည္းစြာေတြးလိုက္မိစည္။ ဘဘဗိုလ္ခ်ဳပ္ႀကီးမ်ားသည္ တကၠသိုလ္ေတြကို နယ္ေဝးေရႊ႔၍သာ ပညာေရးပ်က္ေအာင္ လုပ္ခ့ဲတာမဟုတ္။ ေက်ာင္းသား(အထူးသျဖင့္ တကၠသိုလ္ေက်ာင္းသား) ဆိုသည့္စိတ္ဓာတ္ကို ဘတ္စကားစပယ္ယာစိတ္ဓာတ္ေအာက္ ေရာက္ေအာင္ပါ လုပ္လိုက္ၾကသည္ဟူ၍။

No comments:

Post a Comment

Thank you.