02 December 2016

ကျွန်တော် စဆရက မလုပ်ပါ၊

(Unicode version )

      မနေ့က လွှတ်တော်မှာ လည်ဆည်ဝန်ကြီးပြောသွားတ့ဲ စကားကြောင့် ဖွဘုတ်မှာ အသံတွေမည်သွားပါတယ်။ ဝန်ကြီးက လဘက်ရည်တခွက် လျော့သောက်ကြဖို့ ပြောပါတယ်။ တဆက်တည်း သူ့ဌာနက ဝန်ထမ်းတွေနဲ့ စမယ်လို့ ပြောသွားတာပါ။ သေချာဆုံးအောင်နားမထောင်ဘဲ ဦးသိန်းစိန်ခေတ်က လည်ဆည်ဝန်ကြီးရဲ့ ထမင်းတနပ် လျော့စားခိုင်းတာနဲ့ နှိုင်းယှဉ်ကုန်ကြပါတယ်။ အတူတူနဲ့ အနူနူဘဲဆိုပြီးတော့။

.

ကျွန်တော့်စိတ်ထဲတော့ မတူပါဘူး။ အရင်လူက ရက်ရက်စက်စက် လယ်သမားတွေကို အမတော်ကြေး ပြန်ဆပ်နိုင်ဖို့ လျော့စားခိုင်းတာပါ။ ခုဝန်ကြီးက သူ့ဝန်ထမ်းတွေကို ခိုင်းတာပါ။ လည်ဆယ်ဝန်ကြီးဌာနအောက်က ဝန်ထမ်းတွေတချို့က အရင်အစိုးရခေတ် အဆက်ဆက်ကတည်းက သူဌေးကြီးတွေဆိုတော့ လဘက်ရည်လျော့သောက်ဖို့ ဝန်ကြီးပြောတာ ရီစရာ ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ အရင်ဝန်ကြီးပြောတာနဲ့တော့ မတူပါဘူး။

.

လက်ရှိဝန်ကြီးကိုလဲ ဆည်မြောင်းဌာနရဲ့ ထိန်းချုပ်ခံနေရပြီလို့ စွပ်စွဲကြပါတယ်။ တချို့ပြောဆိုရေးသားနေတာတွေဆို လဘက်ရည်တခွက်ထက် အဲဒီခေါင်းစဉ်က ပိုဆိုးနေပါတယ်။ ဒါတော့ အတိအကျမသိတာ အမှန်ပါ။ အချိန်က ပြောလာပါလိမ့်မယ်။ ဒါပေမယ့် လဘက်ရည်တခွက် လျော့သောက်ခိုင်းတ့ဲကိစ္စကတော့ ဝန်ကြီးမလွဲပါဘူး။

.

ဟိုတလောက ဒုဝန်ကြီးအဖြုတ်ခံရတုံးကလဲ ဝန်ကြီးဘက်က ကာရေးခ့ဲပါတယ်။ ခုလဲ ဝန်ကြီးဘက်က ရေးရပါဦးမယ်။ ရည်ရွယ်ချက်က NLD ပါတီနဲ့ အစိုးရဘက်က ကာရေးပေးတာပါ။ ဖာပေးတယ်ပြောလဲ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ အနည်းဆုံး ၂၀၂၀ ရွေးကောက်ပွဲ ပြီးသည်အထိ NLD ပါတီကို ဝန်းရံပေးရပါဦးမယ်။ ခုအချိန်က မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ပြီလို့ ပြောလို့မရသေးပါ။ စခါစဘဲ ဒယိမ်းဒယိုင်နဲ့ ရှိပါသေးတယ်။ ပြဿနာတွေက မရှာဘဲကို အမျိုးမျိုး တွေ့နေချိန်ပါ။

.

ဒီလိုအချိန်မျိုးမှာ ကိုယ်သိသလောက်နဲ့ ဆရာကြီး မလုပ်ချင်ပါ။ ကိုယ်လုပ်ပေးနိုင်သလောက်နဲ့ ဝန်းရံပေးချင်တာပါ။ ဘယ်လောက်အထိလဲဆို မနက်ဖန် လက်ရှိလည်ဆည်ဝန်ကြီးကို ဖြုတ်ပစ်ပြီး အဖြုတ်ခံရတ့ဲ ဒုဝန်ကြီးကို ပြန်ခန့်လည်း ထောက်ခံရေးသားဦးမှာပါဘဲ။ ဘာလို့လဲဆိုတော့ NLD ပါတီနဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက် ဖြစ်နေလို့ပါ။

XxXxXx

(Zawgyi version)

      မေန႔က လႊတ္ေတာ္မွာ လည္ဆည္ဝန္ႀကီးေျပာသြားတ့ဲ စကားေၾကာင့္ ဖြဘုတ္မွာ အသံေတြမည္သြားပါတယ္။ ဝန္ႀကီးက လဘက္ရည္တခြက္ ေလ်ာ့ေသာက္ၾကဖို႔ ေျပာပါတယ္။ တဆက္တည္း သူ႔ဌာနက ဝန္ထမ္းေတြနဲ႔ စမယ္လို႔ ေျပာသြားတာပါ။ ေသခ်ာဆံုးေအာင္နားမေထာင္ဘဲ ဦးသိန္းစိန္ေခတ္က လည္ဆည္ဝန္ႀကီးရဲ႕ ထမင္းတနပ္ ေလ်ာ့စားခိုင္းတာနဲ႔ ႏိႈင္းယွဥ္ကုန္ၾကပါတယ္။ အတူတူနဲ႔ အႏူႏူဘဲဆိုၿပီးေတာ့။
.
ကြၽန္ေတာ့္စိတ္ထဲေတာ့ မတူပါဘူး။ အရင္လူက ရက္ရက္စက္စက္ လယ္သမားေတြကို အမေတာ္ေၾကး ျပန္ဆပ္ႏိုင္ဖို႔ ေလ်ာ့စားခိုင္းတာပါ။ ခုဝန္ႀကီးက သူ႔ဝန္ထမ္းေတြကို ခိုင္းတာပါ။ လည္ဆယ္ဝန္ႀကီးဌာနေအာက္က ဝန္ထမ္းေတြတခ်ိဳ႕က အရင္အစိုးရေခတ္ အဆက္ဆက္ကတည္းက သူေဌးႀကီးေတြဆိုေတာ့ လဘက္ရည္ေလ်ာ့ေသာက္ဖို႔ ဝန္ႀကီးေျပာတာ ရီစရာ ျဖစ္ေကာင္းျဖစ္ေနလိမ့္မယ္။ အရင္ဝန္ႀကီးေျပာတာနဲ႔ေတာ့ မတူပါဘူး။
.
လက္႐ွိဝန္ႀကီးကိုလဲ ဆည္ေျမာင္းဌာနရဲ႕ ထိန္းခ်ဳပ္ခံေနရၿပီလို႔ စြပ္စြဲၾကပါတယ္။ တခ်ိဳ႕ေျပာဆိုေရးသားေနတာေတြဆို လဘက္ရည္တခြက္ထက္ အဲဒီေခါင္းစဥ္က ပိုဆိုးေနပါတယ္။ ဒါေတာ့ အတိအက်မသိတာ အမွန္ပါ။ အခ်ိန္က ေျပာလာပါလိမ့္မယ္။ ဒါေပမယ့္ လဘက္ရည္တခြက္ ေလ်ာ့ေသာက္ခိုင္းတ့ဲကိစၥကေတာ့ ဝန္ႀကီးမလြဲပါဘူး။
.
ဟိုတေလာက ဒုဝန္ႀကီးအျဖဳတ္ခံရတံုးကလဲ ဝန္ႀကီးဘက္က ကာေရးခ့ဲပါတယ္။ ခုလဲ ဝန္ႀကီးဘက္က ေရးရပါဦးမယ္။ ရည္ရြယ္ခ်က္က NLD ပါတီနဲ႔ အစိုးရဘက္က ကာေရးေပးတာပါ။ ဖာေပးတယ္ေျပာလဲ ဝမ္းေျမာက္ဝမ္းသာ လက္ခံပါတယ္။ အနည္းဆံုး ၂၀၂၀ ေရြးေကာက္ပြဲ ၿပီးသည္အထိ NLD ပါတီကို ဝန္းရံေပးရပါဦးမယ္။ ခုအခ်ိန္က ျမန္မာျပည္ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ေရာက္ၿပီလို႔ ေျပာလို႔မရေသးပါ။ စခါစဘဲ ဒယိမ္းဒယိုင္နဲ႔ ႐ွိပါေသးတယ္။ ျပႆနာေတြက မ႐ွာဘဲကို အမ်ိဳးမ်ိဳး ေတြ႔ေနခ်ိန္ပါ။
.
ဒီလိုအခ်ိန္မ်ိဳးမွာ ကိုယ္သိသေလာက္နဲ႔ ဆရာႀကီး မလုပ္ခ်င္ပါ။ ကိုယ္လုပ္ေပးႏိုင္သေလာက္နဲ႔ ဝန္းရံေပးခ်င္တာပါ။ ဘယ္ေလာက္အထိလဲဆို မနက္ဖန္ လက္႐ွိလည္ဆည္ဝန္ႀကီးကို ျဖဳတ္ပစ္ၿပီး အျဖဳတ္ခံရတ့ဲ ဒုဝန္ႀကီးကို ျပန္ခန္႔လည္း ေထာက္ခံေရးသားဦးမွာပါဘဲ။ ဘာလို႔လဲဆိုေတာ့ NLD ပါတီနဲ႔ အစိုးရရဲ႕ ဆံုးျဖတ္ခ်က္ ျဖစ္ေနလို႔ပါ။ 

No comments:

Post a Comment

Thank you.