02 April 2016
NLDအစိုးရသစ်​ကို ယုံကြည်​ပါ၊
(Unicode version )
       အစိုးရသစ်​အတွက်​ ပြည်​သူအများစု ​ပျော်​​နေကြသည်​။ မိမိတို့ ခံစား​နေကြရသည်​့ လူမှုဒုက္ခအ​ပေါင်​းမှ ကယ်​တင်​နိုင်​မည်​့ အစိုးရဟု ​မျှော်​​နေကြသည်​။ အရင်​ ကြုံဘူး​သော အစိုးရများက​တော့ တိုင်​းပြည်​က ဆင်​းရဲမြဲဆင်​းရဲပြီး အစိုးရဝန်​ကြီး​တွေသာ ချမ်​းသာသွားကြကုန်​​သော အစိုးရများသာ။ ယခုတကြိမ်​ ​ဒေါ်​အောင်​ဆန်​းစုကြည်​ ဦး​ဆောင်​သည်​့ သမတဦးထင်​​ကျော်​ အစိုးရအဖွဲ့ကြီးက နိုင်​ငံသူနိုင်​ငံသားများကို စားဝတ်​​နေ​ရေး ​ပြေလည်​​အောင်​ လုပ်​​ပေးနိုင်​မည်​ဟု တမ်​းတ​နေကြသည်​။
.
     တချို့ကလည်​း ​တွေးပူကြသည်​။ လက်​ရှိအစိုးရ အဖွဲ့တွင်​ ဝန်​ကြီးလုပ်​ဘူးသူမပါ၊ အုပ်​ချုပ်​​ရေး မလုပ်​ဘူးသူ​တွေဖြစ်​သဖြင်​့ လုပ်​နိုင်​ပါ့မလားတ့ဲ။ မည်​သူမျှ ​မွေးကတည်​းက ဝန်​ကြီးလုပ်​ဘူးသူ၊ အုပ်​ချုပ်​ဘူးသူ မရှိပါ။ အရည်​အချင်​းရှိလျှင်​ လုပ်​ရင်​းသင်​ရင်​းဖြင်​့ ဦး​ဆောင်​သွားနိုင်​ပါသည်​။ လက်​ရှိဝန်​ကြီးအများစုသည်​လည်​း ဌာနဆိုင်​ရာ လူကြီးများအဖြစ်​ လုပ်​ဘူးသူ​တွေ ပါရှိရာ စိုးရိမ်​​လောက်​စရာ မရှိပါ။
.
     ဝန်​ကြီးများ ကံ​ကောင်​းတာ တချက်​ရှိပါ​သေးသည်​။ သူတို့​ရှေ့မှ ဝန်​ကြီးလုပ်​သွားသူများမှာ အ​ပြောမှား အလုပ်​မှား အမှားများလွန်​းသူများဖြစ်​၍ ထိုအမှားများကို ထပ်​မလုပ်​ရုံဖြင်​့ ခရီး​တော်​​တော်​​ရောက်​နိုင်​ပါသည်​။ သမတ​ဟောင်​းဦးသိန်​းစိန်​ တက်​ကာစ ပထမနှစ်​နှစ်​​လောက်​ ကမ္ဘာတွင်​ နာမည်​​ကောင်​းထွက်​ခ့ဲသည်​မှာ ဒီအချက်​​ကြောင်​့ပင်​ဖြစ်​သည်​။ သူ့အရင့်​ ​ဗိုလ်​ချုပ်​သန်​း​ရွှေ စစ်​အစိုးရ​ခေတ်​က လူကြိုက်​မများခ့ဲ​သော အချက်​များကို ဖယ်​ရှား​ပေးရုံဖြင်​့ ဟုတ်​သလိုလို အထင်​ခံခ့ဲရသည်​။ ဥပမာအားဖြင်​့ စားအုန်​းဆီ၊ဓာတ်​ဆီ တင်​သွင်​းမှုကို ဦးပိုင်​လက်​မှ ပြန်​ဖွင်​့​ပေးတာမျိုး၊ ကားတင်​သွင်​းမှု လက်​ဝါးကြီးအုပ်​ထားတာကို ပြန်​ဖွင်​့​ပေးတာမျိုး၊ စာ​ပေ အနုပညာ ဆင်​ဆာကြပ်​ထားတာကို ပြန်​ဖယ်​ရှား​ပေးတာမျိုး၊ ပတ်​စပို့ရဖို့ အလွန်​ခက်​ခဲ​အောင်​ လုပ်​ထားတာ လွယ်​​အောင်​ပြန်​လုပ်​ ​ပေးတာ​တွေသာဖြစ်​သည်​။ မိမိဖာသာ ဆက်​လုပ်​ရ​သောအချိန်​တွင်​​တော့ မလုပ်​တတ်​​တော့သဖြင်​့ ကျဆုံးခ့ဲခြင်​းဖြစ်​သည်​။
.
     NLDအစိုးရအ​နေနှင်​့လည်​း ပထမတနှစ်​ နှစ်​နှစ်​​လောက်​ အရင်​အစိုးရ၏ အလုပ်​မှားများကို ပြင်​​နေရတာနှင်​့ပင်​ ကုန်​သွားနိုင်​ပါသည်​။ အရင်​အဖွဲ့၏ အကြီးဆုံးအမှားဖြစ်​​သော လာဘ်​စားမှုကို ထပ်​မလုပ်​ရုံဖြင်​့ပင်​ နိုင်​ငံစီးပွား တက်​လာနိုင်​ပါသည်​။ လာဘ်​မစား နိုင်​ငံ​ရေး တည်​ငြိမ်​လျှင်​ ပြင်​ပရင်​းနှီးမြှုပ်​နှံမှုများ ဝင်​​ရောက်​လာနိုင်​သဖြင်​့ ကျန်​အချိန်​များတွင်​လည်​း လူ​တွေအလုပ်​ရ၊ စီးပွားတိုးလာနိုင်​သည်​။
.
     စိုးရိမ်​မှု မဖြစ်​ကြ​စေလိုပါ။ ပြည်​သူများ မိမိဘက်​မှ တာဝန်​​ကြေပွန်​စွာ စည်​းကမ်​းရှိစွာ ပူး​ပေါင်​း​ဆောင်​ရွက်​​ပေးပါ။ ဦး​ဆောင်​​နေသည်​့ အစိုးရသည်​ ကိုယ်​ကျိုးရှာသမားများ မဟုတ်​သည်​့အတွက်​ မိမိလုပ်​အား စိုက်​ထုတ်​မှုများ အလဟသ မဖြစ်​နိုင်​ပါ​ကြောင်​း။
#NLDအစိုးရသစ်​_​အောင်​မြင်​ရမည်​။
XxXxXx
(Zawgyi version )
.
.
.
.
No comments:
Post a Comment
Thank you.