10 April 2016
Myanmar Idol
(Unicode version )
      မြန်မာအိုင်ဒေါ ရီပလေးကို ဒီနေ့မှကြည့်မိပါတယ်။ အမေရိကန်မှာ ရိုးသွားလို့ နောက်ဆုံနှစ်အဖြစ် ကျင်းပမှ မြန်မာပြည်မှာ ပထမဆုံး လုပ်ဖြစ်ပါတယ်။
.
အမေရိကန်မှာ ဒီပွဲခေတ်စားတော့ ကမ္ဘာ့နိုင်ငံ အများစုမှာ လိုက်လုပ်ကြပါတယ်။ ဆောင်းဦးလှိုင် အစောဆုံးလိုက်တုသော်လည်း sanction ကြောင့်ထင်တယ်၊ ဆက်မလုပ်ရပါ။
.
ပထမဆုံး ပြိုင်ပွဲဝင်သူတွေအကြောင်း ပြောချင်ပါတယ်။ နောက်ဆုံးသုံးယောက်မှကြည့်ရပေမ့ဲ အဆင့်မှီ ဆိုနိုင်ကြပါတယ်။ အမေရိကန်မှာဆို နောက်ဆုံးဆယ်ယောက်လောက်ဆို ပရော်ဖက်ရှင်နယ်လို ဆိုနိုင်နေပါပြီ။ အင်မတန်ခန့်မှန်းဖို့ ခက်ပါတယ်။ ဗမာလို ကံဘဲကျန်ပါတော်တယ်။
.
အကဲဖြတ်ဒိုင် သုံးဦးစလုံးညံ့ပါတယ်။ အမေရိကန်အိုင်ဒေါမှာ ကြည့်ရတုံးက အဆိုကျော် ပေါ်လာအဘ်ဒူနဲ့ ပရိုဂျူဆာ နှစ်ယောက်ပါ။ အဆိုကျော်တွေထက် ပရိုဂျူဆာတွေက ပိုအကဲဖြတ်တတ်ပါတယ်။ ဆိုင်မွန်ကောင်းဝဲလ် ဆိုတ့ဲသူ မပါရင် ဒီလောက် အောင်မြင်စရာ မရှိပါ။
.
ပထမဆုံးအကြိမ်ပေမ့ဲ ပရိဿတ် ကို ချီးကျူးပါတယ်။ အခြားပွဲတွေကြောင့်ပါနိုင်သလို အမေရိကန်အိုင်ဒေါကိုလည်း ကြည့်ဘူးကြပုံရပါတယ်။
.
နောက်ဆုံးချီးကျူးရမှာက ပရင်ဆန်တာပါ။ ဒီမှာတော့ နာမည်မသိပါ။ ဟိုမှာတော့ ရိုင်ယန်ဆေးခရက်ပါ။ ၁၅နှစ်လုံး ပါတာ သူုတယောက်ဘဲ ရှိပါတယ်။ ဒီကမောင်လဲ ပွဲထိန်းနိုင်ပါတယ်။ ဟိုကမောင်လဲ ပရိဿတ်အများကြီးနဲ့ပါ။ ဒါပေမ့ဲ နောက်ပိုင်းကျ ပေါ်လာတာက ရိုင်ယန်က ဂေးကြီးဆိုဘ။ဲ
.
နောက်နှစ်ကျ ဆုံကြသေးတာပေါ့။
XxXxXx
(Zawgyi version)
.
.
.
.
.
.
No comments:
Post a Comment
Thank you.