03 April 2016
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံပုဂ္ဂိုလ်​
(Unicode version)
       ​လူထု​ခေါင်​း​ဆောင်​ ပြည်​သူတို့အချစ်​​တော်​ ပြည်​သူအားကိုးသူ ​ဒေါ်​အောင်​ဆန်​းစုကြည်​ကို နိုင်​ငံ​တော်​အတိုင်​ပင်​ခံ ရာထူးအတွက်​ ဥပ​ဒေ အတည်​ဖြစ်​သွားပါပြီ။ ​မျှော်​လင်​့ထားကြသည်​့အတိုင်​း ​ဝေဖန်​သံ ညံသွားသည်​။ ​ထောက်​ခံသူများကလဲ သမတအထက်​ဥပ​ဒေဆိုကာ ​ကြေနပ်​​နေကြသလို ကန်​့ကွက်​သူများကလဲ ဥပ​ဒေနှင်​့မညီဟု စွပ်​စွဲ​နေကြသည်​။ ကျွန်​​တော်​မြင်​တာ​လေး ​ပြောပြပါမည်​။
.
     ဤဥပ​ဒေအရ ​ဒေါ်​အောင်​ဆန်​းစုကြည်​ တကယ်​ဘဲ သမတအထက်​​ရောက်​သွားသလား မသိပါ။ ကျွန်​​တော်​့အတွက်​​တော့ သူမသည်​ သမတရာထူးအထက်​သို့ နိုဝင်ဘာကတည်​းက ​ရောက်​ပြီးဖြစ်​သည်​။ နိုင်​ငံ​တော်​သမတနှင်​့ အစိုးရအဖွဲ့ကိုလည်​း သူမစိတ်​ကြိုက်​ ဖွဲ့​ပေးပြီးဖြစ်​သည်​။ ဤဥပ​ဒေကို သူမအတွက်​ရည်​စူး​ရေးထား​သော ​ခြေဥကို တုံ့ပြန်​နိုင်​​ကြောင်​း ပြလိုက်​တာသာဟု ယူဆသည်​။ ၅၉(စ)ကို ဂရုမစိုက်​​တော့ဘဲ ဥပ​ဒေများ ပြဌာန်​းနိုင်​​ကြောင်​း ပြလိုက်​တာဖြစ်​သည်​။ ပ​ယောဂ​တွေ တုန်​ဆင်​းလာတာလဲ အားလုံး​တွေ့ခ့ဲရပြီ။
.
     ​နောက်​တချို့က ဥပ​ဒေကို လူအမည်​တပ်​၍ ထုတ်​သဖြင်​့ ဥပ​ဒေမပီသဟု ​ထောက်​ပြကြသည်​။ မြန်​မာနိုင်​ငံတွင်​ ပြဌာန်​းခ့ဲသမျှ ဥပ​ဒေအ​ပေါင်​းတွင်​ လူအမည်​တပ်​၍ ထုတ်​ခ့ဲတာ ရှိမရှိ ဥပ​ဒေပညာရှင်​မဟုတ်​၍ ကျွန်​​တော်​မသိ​သော်​လည်​း ယခုဥပ​ဒေမျိုးအတွက်​ လိုအပ်​သည်​ဟု ထင်​သည်​။ အချို့​ပြောသလို ဥပ​ဒေတွင်​ ရာထူးအတွက်​သာထုတ်​၊ ပြီးမှ သမတက အမည်​တပ်​၍ ခန့်​။ မဖြစ်​နိုင်​ပါ။ ဤ ဥပ​ဒေသည်​ ​နောက်​လူများအတွက်​ ရည်​ရွယ်​၍ ထုတ်​တာမဟုတ်​ပါ။ ​ဒေါ်​အောင်​ဆန်​းစုကြည်​ တဦးတည်​းအတွက်​သာ ထုတ်​သည်​။ သူမ မရှိချိန်​တွင်​မည်​သူ့ကိုမှ အစားထိုးခန်​့စရာ မရှိ။ ဤဥပ​ဒေကို မပယ်​ဖျက်​​သော်​မှ အလိုလို ပြက်​ပျယ်​ပြီးဖြစ်​ပါမည်​။
.
     ​နောက်​ဆုံးအချက်​အ​နေဖြင်​့ တချို့က ​ဝေဖန်​ကြသည်​။ ယခုလည်​း တရားမဝင်​ သမတအထက်​မှာ ရှိပြီးဖြစ်​သည်​။ ယခုလို ဥပ​ဒေထုတ်​လိုက်​ခြင်​း​ကြောင်​့ စစ်​တပ်​နှင်​့ ထိပ်​တိုက်​​တွေ့​အောင်​ လုပ်​သလိုဖြစ်​​နေသည်​။ ခု​တောင်​ စစ်​တပ်​အမတ်​များက ကန်​့ကွက်​​နေပြီ မဟုတ်​​လောတ့ဲ။ အ့ဲလို​ပြောသူများကို အ​သေအချာ ​ပြောပြလိုပါသည်​။ ယခုကိစ္စများကို ဦး​ဆောင်​​နေသူသည်​ ​ဒေါ်​အောင်​ဆန်​းစုကြည်​ ဖြစ်​သည်​။ ဤဥပ​ဒေသည်​ ​ဒေါ်​အောင်​ဆန်​းစုကြည်​ အတွက်​ ရည်​ရွယ်​သည်​။ ​ဒေါ်​အောင်​ဆန်​းစုကြည်​သည်​ စစ်​တပ်​ကို ရင်​ဆိုင်​ရမှာ စိုးရွံ့့ပါက ကျွန်​​တော်​တို့တိုင်​းပြည်​ ဒီအ​ခြေအ​နေ ​ရောက်​မလာပါ။ ယခုအ​ခြေအ​နေထက်​ဆိုး​သော ကိစ္စများကို သူမ ရင်​ဆိုင်​ခ့ဲပြီးပြီ။ ယခု​နောက်​ပိုင်​းတွင်​ အရင်​ကလို တဇွတ်​ထိုးမတံြု့ပန်​​တော့ဘဲ စဉ်​းစားဆင်​ခြင်​၍ တလှမ်​းခြင်​း လှမ်​းပြ​နေခြင်​းဖြစ်​သည်​။ စစ်​တပ်​ကို လွှတ်​​တော်​အတွင်​း ဥပ​​ဒေများနဲ့အညီ ရှင်​း​နေခြင်​းသာ ဖြစ်​သည်​။ ဥပ​ဒေ​တောင်​မှ စစ်​တပ်​မှ တဖက်​သတ်​ဆွဲထား​သော နာဂစ်​​ခြေဥကို အသုံးချ၍ တုံ့ပြန်​​နေတာသာ ဖြစ်​ပါသည်​။
.
     မ​ကြောက်​ကြပါနှင်​့။ ​ဒေါ်​အောင်​ဆန်​းစုကြည်​နောက်​သာ ယုံကြည်​စွာ လိုက်​ကြပါ။ ပြည်​သူကို နစ်​နာ​အောင်​ ဘယ်​​သောအခါမှ လုပ်​မည်​မဟုတ်​ပါ။ ပညာပြည်​့ဝ အ​တွေ့အကြုံရင်​့ကျက်​ ​မေတ္တာဖြင်​့အုပ်​ချုပ်​မည်​့ သံမဏိနှင်​းဆီသာ ဖြစ်​ပါ​ကြောင်​း။ ။
XxXxXx
(Zawgyi version)
.
.
.
.
No comments:
Post a Comment
Thank you.