25 January 2016

NLDအစိုးရ နှင့် အားကစား၊

   









(Unicode version)


 အများပြည်​သူ ​မျှော်​လင်​့​နေ​သော NLD အစိုးရ​ပေါ်ထွက်​ရန်​ တပတ်​သာလိုပါ​တော့သည်​။ ဂျာနယ်​များ၊ ​ဖေ့ဘုတ်​ပို့စ်​များ​ပေါ်တွင်​ အစိုးရသစ်​​ပေါ်လာလျှင်​ လုပ်​သင်​့သည်​့ ကိစ္စများ ​ရေး​နေကြတာ အများအပြားပါ။ တကယ်​လုပ်​ရမည်​မှာလဲ လက်​ညှိုးထိုးမလွဲ။ နိုင်​ငံ့အုပ်​ချုပ်​​ရေးမှ အစပြု၍ ကွမ်​းတံ​တွေး၊ အမှိုက်​ပစ်​သည်​့ကိစ္စအထိ ပြန်​လည်​ပြုပြင်​ရမည်​များမှာ နှစ်​ငါးဆယ်​စာ။ ထို​ရေးသားချက်များထဲ မပါသည်​့ တချက်​ကို ​ပြောပါရ​စေ။

.

     အားကစားကိုလည်​း ပြန်​လည်​မြှင်​တင်​ရမည်​့ အ​ကြောင်​းဖြစ်​သည်​။ တခြား အုပ်​ချုပ်​​ရေး၊ တရားဥပ​ဒေလွှမ်​းမိုး​ရေး၊ စီးပွား​ရေး၊ ပညာ​ရေး ၊ ကျန်​းမာ​ရေး များနည်​းတူ ဦးစား​ပေးပြုလုပ်​သင်​့ပါသည်​။ အားကစား​အောင်​မြင်​မှုသည်​ နိုင်​ငံသားများရဲ့ နိုင်​ငံချစ်​စိတ်​ တိုင်​းပြည်​ချစ်​စိတ်​ကိုလည်​း နိုးကြားလာ​စေမည်​။ ထိုအချက်​သည်​ နိုင်​ငံတည်​​ဆောက်​​ရေးအတွက်​ အား ဖြစ်​လာနိုင်​သည်​။ ထို့အပြင်​ ကျန်​းမာ​ရေးအတွက်​လဲ အ​ထောက်​အကူဖြစ်​သလို လူငယ်​အများအပြား အချိန်​ပို​နေခြင်​းအတွက်​လဲ အကျိုးရှိနိုင်​ခြင်​း​ကြောင်​့ပါ။

.

     ​ရှေးဦးဆုံးက​တော့ အ​ခြေခံ​ကျောင်​းများတွင်​ အားကစားအချိန်​ပြန်​ထည်​့သင်​့သည်​။ ဟန်​ပြမဟုတ်​ဘဲ လွယ်​ကူ​သောအားကစားနည်​းများမှ စနိုင်​ပါသည်​။ လက်​ရှိအချိန်​မှာပင် နိုင်ငံတကာ​​ ပုဂ္ဂလိက​ကျောင်​းများတွင်​ နှစ်​သက်​ရာအားကစားကို ​ကျောင်​းချိန်​အတွင်​း ကစားခြင်​းကို ထည်​့သွင်​းထားပါသည်​။ အ​ခြေခံ​ကျောင်​းများအားလုံး တပြိုင်​နက်​ မစနိုင်​လျှင်​ပင်​ လုပ်​နိုင်​သည်​့​ကျောင်​းများမှ စသွားသင်​့ပါသည်​။ `အားကစား လာ​ပြော​နေတယ်​၊ ဒီမှာ လူတိုင်​း​ကျောင်​းတက်​နိုင်​ဖို့​တောင်​ မဖြစ်​နိုင်​​သေးဘူး´ ဟူ​သော အပျက်​စကားမျိုး မဆို​စေချင်​ပါ။ သီးခြား ကိစ္စများအဖြစ်​ ​ဆောင်​ရွက်​သွားရပါမည်​။

.

     အားကစားပြိုင်​ပွဲများ ပြန်​ကျင်​းပသင်​့ပါသည်​။ စစ်​​ဗိုလ်​များ၏ အမျိုးသားအားကစားပွဲ​တော်​လို ဟန်​ပြမလိုချင်​ပါ။ လူအများ စိတ်​ဝင်​စားသည်​့ အားကစားအနည်​းငယ်​မှ အစ ပြုရပါမည်​။ ထိုအထဲမှ ထူးချွန်​လာနိုင်​သည်​့ အ​ခြေခံရှိသူများကို နည်​းစံနစ်​တကျ ​လေ့ကျင်​့​ပေးရပါမည်​။ ပထမဦးစား​ပေး အားကစားအ​နေဖြင်​့ ​ဘောလုံး ​ပြေးခုန်​ပစ်​ ​ရေကူး အ​လေးမ လက်​​ဝှေ့​လောက်​နှင်​့ စ သင်​့သည်​။ ​နောက်​မှ ကြက်​​တောင်​ ​ဘောလီ​ဘော ပင်​​ပေါင် ​စသဖြင်​့ တိုးသွားရမည်​။ လူအများနှင်​့ မပတ်​သက်​​သော ​ဘောင်​းလင်​း ပီတန်​း မြှားပစ်​ လို အားကစားတို့ကို ​နောင်​မှ စိတ်​ဝင်​စားသူရှိလျှင်​ တိုးချဲ့သင်​့သည်​။

.

     တိုင်​းပြည်​ချမ်​းသာလာမှ ဆိုလျှင်​ ​နောက်​ကျသွားလိမ်​့မည်​။ စာသာ​တော်​​သော၊ ဂိမ်​းသာ​ဆော့​နေ​သော ရှူနာရှိုက်​ကုန်​း​လေးများ အားလုံးဖြစ်​မကုန်​ခင်​ အမြန်​ စ သင်​့သည်​။ မြန်​မာပြည်​သားဖြစ်​ရတာလည်​း မြန်​မာအားကစား ​အောင်​မြင်​မှုများလာလျှင်​ ဂုဏ်​ယူလာကြမှာ ​မြေကြီးလက်​ခတ်​ မလွဲပါ​ကြောင်​း။ ။

XxXxX

(Zawgyi version)


 အမ်ားျပည္​သူ ​ေမွ်ာ္​လင္​့​ေန​ေသာ NLD အစိုးရ​ေပၚထြက္​ရန္​ တပတ္​သာလိုပါ​ေတာ့သည္​။ ဂ်ာနယ္​မ်ား၊ ​ေဖ့ဘုတ္​ပို႔စ္​မ်ား​ေပၚတြင္​ အစိုးရသစ္​​ေပၚလာလွ်င္​ လုပ္​သင္​့သည္​့ ကိစၥမ်ား ​ေရး​ေနၾကတာ အမ်ားအျပားပါ။ တကယ္​လုပ္​ရမည္​မွာလဲ လက္​ညႇိဳးထိုးမလြဲ။ ႏိုင္​ငံ့အုပ္​ခ်ဳပ္​​ေရးမွ အစျပဳ၍ ကြမ္​းတံ​ေတြး၊ အမိႈက္​ပစ္​သည္​့ကိစၥအထိ ျပန္​လည္​ျပဳျပင္​ရမည္​မ်ားမွာ ႏွစ္​ငါးဆယ္​စာ။ ထို​ေရးသားခ်က္မ်ားထဲ မပါသည္​့ တခ်က္​ကို ​ေျပာပါရ​ေစ။
.
     အားကစားကိုလည္​း ျပန္​လည္​ျမႇင္​တင္​ရမည္​့ အ​ေၾကာင္​းျဖစ္​သည္​။ တျခား အုပ္​ခ်ဳပ္​​ေရး၊ တရားဥပ​ေဒလႊမ္​းမိုး​ေရး၊ စီးပြား​ေရး၊ ပညာ​ေရး ၊ က်န္​းမာ​ေရး မ်ားနည္​းတူ ဦးစား​ေပးျပဳလုပ္​သင္​့ပါသည္​။ အားကစား​ေအာင္​ျမင္​မႈသည္​ ႏိုင္​ငံသားမ်ားရဲ႕ ႏိုင္​ငံခ်စ္​စိတ္​ တိုင္​းျပည္​ခ်စ္​စိတ္​ကိုလည္​း ႏိုးၾကားလာ​ေစမည္​။ ထိုအခ်က္​သည္​ ႏိုင္​ငံတည္​​ေဆာက္​​ေရးအတြက္​ အား ျဖစ္​လာႏိုင္​သည္​။ ထို႔အျပင္​ က်န္​းမာ​ေရးအတြက္​လဲ အ​ေထာက္​အကူျဖစ္​သလို လူငယ္​အမ်ားအျပား အခ်ိန္​ပို​ေနျခင္​းအတြက္​လဲ အက်ိဳး႐ွိႏိုင္​ျခင္​း​ေၾကာင္​့ပါ။
.
     ​ေ႐ွးဦးဆံုးက​ေတာ့ အ​ေျခခံ​ေက်ာင္​းမ်ားတြင္​ အားကစားအခ်ိန္​ျပန္​ထည္​့သင္​့သည္​။ ဟန္​ျပမဟုတ္​ဘဲ လြယ္​ကူ​ေသာအားကစားနည္​းမ်ားမွ စႏိုင္​ပါသည္​။ လက္​႐ွိအခ်ိန္​မွာပင္ နိုင္ငံတကာ​​ ပုဂၢလိက​ေက်ာင္​းမ်ားတြင္​ ႏွစ္​သက္​ရာအားကစားကို ​ေက်ာင္​းခ်ိန္​အတြင္​း ကစားျခင္​းကို ထည္​့သြင္​းထားပါသည္​။ အ​ေျခခံ​ေက်ာင္​းမ်ားအားလံုး တၿပိဳင္​နက္​ မစႏိုင္​လွ်င္​ပင္​ လုပ္​ႏိုင္​သည္​့​ေက်ာင္​းမ်ားမွ စသြားသင္​့ပါသည္​။ `အားကစား လာ​ေျပာ​ေနတယ္​၊ ဒီမွာ လူတိုင္​း​ေက်ာင္​းတက္​ႏိုင္​ဖို႔​ေတာင္​ မျဖစ္​ႏိုင္​​ေသးဘူး´ ဟူ​ေသာ အပ်က္​စကားမ်ိဳး မဆို​ေစခ်င္​ပါ။ သီးျခား ကိစၥမ်ားအျဖစ္​ ​ေဆာင္​ရြက္​သြားရပါမည္​။
.
     အားကစားၿပိဳင္​ပြဲမ်ား ျပန္​က်င္​းပသင္​့ပါသည္​။ စစ္​​ဗိုလ္​မ်ား၏ အမ်ိဳးသားအားကစားပြဲ​ေတာ္​လို ဟန္​ျပမလိုခ်င္​ပါ။ လူအမ်ား စိတ္​ဝင္​စားသည္​့ အားကစားအနည္​းငယ္​မွ အစ ျပဳရပါမည္​။ ထိုအထဲမွ ထူးခြၽန္​လာႏိုင္​သည္​့ အ​ေျခခံ႐ွိသူမ်ားကို နည္​းစံနစ္​တက် ​ေလ့က်င္​့​ေပးရပါမည္​။ ပထမဦးစား​ေပး အားကစားအ​ေနျဖင္​့ ​ေဘာလံုး ​ေျပးခုန္​ပစ္​ ​ေရကူး အ​ေလးမ လက္​​ေဝွ့​ေလာက္​ႏွင္​့ စ သင္​့သည္​။ ​ေနာက္​မွ ၾကက္​​ေတာင္​ ​ေဘာလီ​ေဘာ ပင္​​ေပါင္ ​စသျဖင္​့ တိုးသြားရမည္​။ လူအမ်ားႏွင္​့ မပတ္​သက္​​ေသာ ​ေဘာင္​းလင္​း ပီတန္​း ျမႇားပစ္​ လို အားကစားတို႔ကို ​ေနာင္​မွ စိတ္​ဝင္​စားသူ႐ွိလွ်င္​ တိုးခ်ဲ့သင္​့သည္​။
.
     တိုင္​းျပည္​ခ်မ္​းသာလာမွ ဆိုလွ်င္​ ​ေနာက္​က်သြားလိမ္​့မည္​။ စာသာ​ေတာ္​​ေသာ၊ ဂိမ္​းသာ​ေဆာ့​ေန​ေသာ ႐ွဴနာ႐ိႈက္​ကုန္​း​ေလးမ်ား အားလံုးျဖစ္​မကုန္​ခင္​ အျမန္​ စ သင္​့သည္​။ ျမန္​မာျပည္​သားျဖစ္​ရတာလည္​း ျမန္​မာအားကစား ​ေအာင္​ျမင္​မႈမ်ားလာလွ်င္​ ဂုဏ္​ယူလာၾကမွာ ​ေျမႀကီးလက္​ခတ္​ မလြဲပါ​ေၾကာင္​း။ ။

No comments:

Post a Comment

Thank you.