14 April 2015

​ခေတ်​မီ မျိုးချစ်​သူ၊

အပြာ​ရောင်​်​

ပင်​လယ်​ကြီးရှိတ့ဲ တိုင်​းပြည်​

ငါ ​ရောက်​ဘူးချင်​တယ်​။



အဝါ​ရောင်​

သဲကန္တာရကြီးရှိတ့ဲ တိုင်​းပြည်​

ငါ ​ရောက်​ဘူးချင်​တယ်​။



အနီ​ရောင်​

သစ်​ရွက်​​တွေ​ကြွေတ့ဲ တိုင်​းပြည်​

ငါ​ ရောက်​ဘူးချင်​တယ်​။



အဖြူ​ရောင်​ ​

တောင်​တန်​း​တွေရှိတ့ဲ တိုင်​းပြည်​

ငါ ​ရောက်​ဘူးချင်​တယ်​။



မီးခိုး​ရောင်​

အုံ့မှိုင်​း​ဝေ​နေတ့ဲ တိုင်​းပြည်​

ငါ ​ရောက်​ဘူးချင်​တယ်​။



အို ... ​ရောင်​စုံ​တွေသန်​း

အလှပလျှန်​း​နေတ့ဲ တိုင်​းပြည်​​တွေ

ငါ ​ရောက်​ဘူးချင်​တယ်​။



ဒါ​ပေမ့ဲ

ငါ ... အစိမ်​း​ရောင်​ လွှမ်​း​နေတ့ဲ

တိုင်​းပြည်​ကလာသူလို့ ​ပြောချင်​တယ်​။ 

No comments:

Post a Comment

Thank you.