27 January 2015

​ကျောင်းသားသပိတ်​ အ​ကြောင်း၊

(Unicode version)

 ယခုအချိန်​​လောက်​တွင်​ ပညာ​ရေးဥပ​ဒေကို မ​ကြေနပ်​၍ ဆန္ဒပြ ချီတက်​လာ​သော ​ကျောင်​းသားများ ​တောင်​သာနားတွင်​ လုံခြုံ​ရေးများနှင်​့ ထိပ်​တိုက်​တိုး​နေချိန်​ပါ။ ​နေ့လယ်​ပိုင်​းကလဲ အဓိက သတင်​းဖတ်​​နေရသည်​့ ​ဖေ့ဘုတ်​အင်​တာနက်​ ​နှေး​နေသည်​။ ထုံးစံအတိုင်​း ​​နောက်​​ကျောင်​းပြန်​တာလား မသိပါ။



​ကျောင်​းသားများ ဆန္ဒပြတာ ပညာ​ရေးအတွက်​ သီးသန်​့ပါ။ အခြားသူများ ကူညီယုံသာ ကူညီသင်​့ပြီး ဒီတကြိမ်​ မ​ပေါင်​း​စေချင်​ပါ။ ​တောင်​သူများ ပူး​ပေါင်​းပါက လယ်​​မြေပြန်​​ပေး​ရေး အဓိကဖြစ်​သွားပြီး မဘသလိုသူများ ပါလာပါက ပိုရှုပ်​​ထွေးသွားမှာ စိုးလို့ပါ။ ၂၀၁၅ပွဲ မဖြစ်​​ရေးအတွက်​ ​ခေါင်​းစဉ်​ရှာ​နေသူများ အကြိုက်​​တွေ့သွားပါလိမ်​့မယ်​။



​ကျောင်​းသား​တွေ ဆန္ဒပြတာနဲ့ ပတ်​သက်​လို့ ​ပြောချင်​ပါတယ်​။ လူငယ်​​တွေ ဆယ်​့​ခြောက်​နှစ်​​လောက်​ ​ရောက်​လာယင်​ ​လောကကြီးကို စမ်​းချင်​စိတ်​ ​ပေါ်လာပါတယ်​။ ခု​ခေတ်​​တော့ ဆယ်​့​လေးနှစ်​၊ ဆယ်​့နှစ်​နှစ်​​တောင်​ ဖြစ်​နိုင်​ပါတယ်​။ ​မွေးကတည်​းက လူကြီး​တွေ ​ပြောသမျှယုံ​နေရတာ ဘာ​ကြောင်​့ တခြားနည်​းမရှိရတာလဲ စမ်​းချင်​လာပါတယ်​။ အိမ်​မှာ မိဘ​တွေကို ပုံကန်​ချင်​လာသလို၊ ​ကျောင်​းမှာ ဆရာ​တွေကို စမ်​းချင်​လာပါတယ်​။ ဒါ ပုံမှန်​ပါဘဲ။ အားလုံးမဟုတ်​​ပေမ့ဲ ရာခိုင်​နှုံး ​တော်​​တော်​များများက ဒီလိုပါဘဲ။



စီးပွား​ရေးဖွံဖြိုးပြီးတ့ဲ နိုင်​ငံ​တွေမှာ​တော့ သူတို့စမ်​းချင်​သမျှကို ဥပ​ဒေ​ဘောင်​ထဲရှိ​နေသမျှ ဖန်​တည်​း​ပေးနိုင်​ပါတယ်​။ အနုပညာ အားကစား ​တေးဂီတ တခြားလူမှု​ရေး လှုပ်​ရှားမှု​တွေကို ​ကျောင်​းသင်​ခန်​းစာထဲ ထည်​့ပြီး စည်​းရုံးထားပါတယ်​။ မ​ကြေနပ်​ချက်​​တွေရှိယင်​လဲ အ​ခြေအတင်​​ပြောတတ်​ဖို့ Debate ​တွေ လုပ်​​ပေးပါတယ်​။ လူငယ်​​တွေ မ​ကြေနပ်​တာကို ဆန္ဒပြစရာ မလို​တော့ဘူး​ပေါ့။



ဆင်​းရဲတ့ဲနိုင်​ငံ​တွေ အာဏာရှင်​ နိုင်​ငံ​တွေက​တော့ လုပ်​​ပေးနိုင်​စွမ်​းလဲ မရှိ၊ လုပ်​​ပေးရ​ကောင်​းလဲ မသိ ဖြစ်​​နေပါတယ်​။ အဲဒီ​တော့ ဖြစ်​စရာ နှစ်​မျိုးဘဲ ရှိပါတယ်​။ ကြီးသူ​တွေကို ဆန္ဒပြ မလား၊ ​ခေါင်​းငုံခံပြီး ငတုံး​လေး​တွေ အဖြစ်​ခံမလားပါဘဲ၊ အာဏာရှင်​​တွေက​တော့ သူတို့မပြုတ်​ရင်​ ပြီး​ရော၊ ငတုံးဖြစ်​လဲ မတတ်​နိုင်​လုပ်​​တော၊့ အဲဒီ နိုင်​ငံသား​တွေ ကြာ​လေညံ့​လေ ဖြစ်​လာတာ သတိထားမိမှာပါ။



ဘာဘဲဖြစ်​ဖြစ်​ လူငယ်​​တွေဟာ အလိုမကျမှု ရှိ​နေမှာပါဘဲ။ ဒါကို လူကြီး​တွေက ဒါ ငါတို့ကို စမ်​းတာဘဲ၊ ပုန်​ကန်​ဒါဘဲလို့ မစဉ်​းစား​စေချင်​ပါ။ ကိုယ်​တိုင်​လဲ ငယ်​ရာကကြီးလာတာဘဲ။ ပြန်​စဉ်​းစား ဆင်​ခြင်​​စေချင်​ပါတယ်​။ အဲ ဒီလိုအရွယ်​မှာ ပြန်​​ပြောမရတ့ဲ ပုံစံခွက်​ထဲ​ရောက်​သွားလို့ " ဒါမျိုး နာမသိ "ဆိုယင်​​တော့ ဒုက္ခပါ။ လူကြီးဖြစ်​​နေမှ​တော့ လူကြီးလို စဉ်​းစားပါ။ လူငယ်​​တွေ မှား​နေယင်​​တောင်​ ကျိုး​ကြောင်​းရှင်​းပြပြီး ​ဆွေး​နွေး​စေချင်​ပါတယ်​။



အာဏာရှင်​​တွေက ဒီ​ကျောင်​းသား​တွေ ငါတို့ကို ဒုက္ခ အမြဲ​ပေးတယ်​လို့ ထင်​​နေပါလိမ်​့မယ်​။ မဟုတ်​ပါ။ ဒီအရွယ်​​တွေက တမျိုးမဟုတ်​တမျိုး စမ်​း​နေတ့ဲ အရွယ်​မို့ပါ။ သူတို့ကို တခြားထွက်​​ပေါက်​​ပေးတ့ဲ ပညာ​ရေးမရှိသ၍ ဒီလိုဘဲ ဖြစ်​​နေမှာပါ။ အာဏာရှင်​လက်​​အောက်​မှာ​တော့ နိုင်​ငံ​ရေးက အဓိက ဖြစ်​ချင်​ဖြစ်​​နေမှာ​ပေါ့။ ဒီမိုက​ရေစီ​ခေတ်​​ရောက်​လဲ ပညာ​ရေး မ ွှ​်မှန်​ရင်​ ​နောက်​တမျိုး​ ​ခေါင်​းစဉ်​ ရှာကြဦးမှာပါ။ အရွယ်​​ရောက်​လာတ့ဲ သားသမီးရှိတ့ဲ အိမ်​တိုင်​းမှာ ကြုံ​နေရသလို​ပေါ့။ နဲနဲ အရွယ်​ရ ရင်​့ကျက်​လာမှ ငြိမ်​သွားမှာပါ။



ခု​​ကျောင်​းသား​လေး​တွေ ချီတက်​ဆန္ဒပြရတ့ဲအထိ ဖြစ်​ရတာ လူကြီး​တွေ လူကြီးမပီသလို့ပါ။ ဘယ်​အရာက မှန်​ပြီး ဘယ်​အရာက လုပ်​လို့မရဘူးဆိုတာ ရှင်​းမပြချင်​လို့ ဖြစ်​ရတာပါ။ လွန်​ခ့ဲတ့ဲ နှစ်​ငါးဆယ်​လိုဘဲ ငါတို့အမှန်​ မလုပ်​ကြပါနဲ့။ တိုင်​းပြည်​နာပါတယ်​။ ချာတိတ်​​တွေကို ငါတို့က ​ဆွေး​နွေးရမှာလားဆိုတ့ဲ အ​တွေးမျိုး လုံးဝမရှိသင်​့​တော့ပါ။ အစိုးရသည်​ ပြည်​သူများရဲ့ မ​ကြေနပ်​မှုကို နား​ထောင်​ပြီး ​ဖြေရှင်​း​ပေးဖို့ တာဝန်​ရှိပါတယ်​။ ဒီမိုက​ရေစီ အစိုးရဆိုလျှင်​​ပေါ့​လေ။



မကြာခင်​ အချိန်​မှာဘဲ ​ကျောင်​းသား​တွေနဲ့ ထိပ်​တိုက်​တိုးပါ​တော့မယ်​။ လူကြီးများကဘဲ ဆင်​ခြင်​​စေချင်​ပါတယ်​။ ခု​နောက်​ဆုံးအချိန်​ထိ ​ကျောင်​းသား​တွေဖက်​က ​ဖောင်​းမဖြစ်​​သေးပါ။ ​ကျောင်​းသားများကိစ္စ ​အေးချမ်​းစွာ ပြီးပါ​စေလို့ ဆု​တောင်​းယုံမှတပါး တခြားလဲ မတတ်​နိုင်​​တော့ပါ။

XxXxXx

(Zawgyi version )

 ယခုအခ်ိန္​​ေလာက္​တြင္​ ပညာ​ေရးဥပ​ေဒကို မ​ေၾကနပ္​၍ ဆႏၵျပ ခ်ီတက္​လာ​ေသာ ​ေက်ာင္​းသားမ်ား ​ေတာင္​သာနားတြင္​ လံုျခံဳ​ေရးမ်ားႏွင္​့ ထိပ္​တိုက္​တိုး​ေနခ်ိန္​ပါ။ ​ေန႔လယ္​ပိုင္​းကလဲ အဓိက သတင္​းဖတ္​​ေနရသည္​့ ​ေဖ့ဘုတ္​အင္​တာနက္​ ​ေႏွး​ေနသည္​။ ထံုးစံအတိုင္​း ​​ေနာက္​​ေက်ာင္​းျပန္​တာလား မသိပါ။

​ေက်ာင္​းသားမ်ား ဆႏၵျပတာ ပညာ​ေရးအတြက္​ သီးသန္​႔ပါ။ အျခားသူမ်ား ကူညီယံုသာ ကူညီသင္​့ၿပီး ဒီတႀကိမ္​ မ​ေပါင္​း​ေစခ်င္​ပါ။ ​ေတာင္​သူမ်ား ပူး​ေပါင္​းပါက လယ္​​ေျမျပန္​​ေပး​ေရး အဓိကျဖစ္​သြားၿပီး မဘသလိုသူမ်ား ပါလာပါက ပို႐ႈပ္​​ေထြးသြားမွာ စိုးလို႔ပါ။ ၂၀၁၅ပြဲ မျဖစ္​​ေရးအတြက္​ ​ေခါင္​းစဥ္​႐ွာ​ေနသူမ်ား အႀကိဳက္​​ေတြ႔သြားပါလိမ္​့မယ္​။

​ေက်ာင္​းသား​ေတြ ဆႏၵျပတာနဲ႔ ပတ္​သက္​လို႔ ​ေျပာခ်င္​ပါတယ္​။ လူငယ္​​ေတြ ဆယ္​့​ေျခာက္​ႏွစ္​​ေလာက္​ ​ေရာက္​လာယင္​ ​ေလာကႀကီးကို စမ္​းခ်င္​စိတ္​ ​ေပၚလာပါတယ္​။ ခု​ေခတ္​​ေတာ့ ဆယ္​့​ေလးႏွစ္​၊ ဆယ္​့ႏွစ္​ႏွစ္​​ေတာင္​ ျဖစ္​ႏိုင္​ပါတယ္​။ ​ေမြးကတည္​းက လူႀကီး​ေတြ ​ေျပာသမွ်ယံု​ေနရတာ ဘာ​ေၾကာင္​့ တျခားနည္​းမ႐ွိရတာလဲ စမ္​းခ်င္​လာပါတယ္​။ အိမ္​မွာ မိဘ​ေတြကို ပံုကန္​ခ်င္​လာသလို၊ ​ေက်ာင္​းမွာ ဆရာ​ေတြကို စမ္​းခ်င္​လာပါတယ္​။ ဒါ ပံုမွန္​ပါဘဲ။ အားလံုးမဟုတ္​​ေပမ့ဲ ရာခိုင္​ႏွံုး ​ေတာ္​​ေတာ္​မ်ားမ်ားက ဒီလိုပါဘဲ။

စီးပြား​ေရးဖြံၿဖိဳးၿပီးတ့ဲ ႏိုင္​ငံ​ေတြမွာ​ေတာ့ သူတို႔စမ္​းခ်င္​သမွ်ကို ဥပ​ေဒ​ေဘာင္​ထဲ႐ွိ​ေနသမွ် ဖန္​တည္​း​ေပးႏိုင္​ပါတယ္​။ အႏုပညာ အားကစား ​ေတးဂီတ တျခားလူမႈ​ေရး လႈပ္​႐ွားမႈ​ေတြကို ​ေက်ာင္​းသင္​ခန္​းစာထဲ ထည္​့ၿပီး စည္​းရံုးထားပါတယ္​။ မ​ေၾကနပ္​ခ်က္​​ေတြ႐ွိယင္​လဲ အ​ေျခအတင္​​ေျပာတတ္​ဖို႔ Debate ​ေတြ လုပ္​​ေပးပါတယ္​။ လူငယ္​​ေတြ မ​ေၾကနပ္​တာကို ဆႏၵျပစရာ မလို​ေတာ့ဘူး​ေပါ့။

ဆင္​းရဲတ့ဲႏိုင္​ငံ​ေတြ အာဏာ႐ွင္​ ႏိုင္​ငံ​ေတြက​ေတာ့ လုပ္​​ေပးႏိုင္​စြမ္​းလဲ မ႐ွိ၊ လုပ္​​ေပးရ​ေကာင္​းလဲ မသိ ျဖစ္​​ေနပါတယ္​။ အဲဒီ​ေတာ့ ျဖစ္​စရာ ႏွစ္​မ်ိဳးဘဲ ႐ွိပါတယ္​။ ႀကီးသူ​ေတြကို ဆႏၵျပ မလား၊ ​ေခါင္​းငံုခံၿပီး ငတံုး​ေလး​ေတြ အျဖစ္​ခံမလားပါဘဲ၊ အာဏာ႐ွင္​​ေတြက​ေတာ့ သူတို႔မျပဳတ္​ရင္​ ၿပီး​ေရာ၊ ငတံုးျဖစ္​လဲ မတတ္​ႏိုင္​လုပ္​​ေတာ၊့ အဲဒီ ႏိုင္​ငံသား​ေတြ ၾကာ​ေလညံ့​ေလ ျဖစ္​လာတာ သတိထားမိမွာပါ။

ဘာဘဲျဖစ္​ျဖစ္​ လူငယ္​​ေတြဟာ အလိုမက်မႈ ႐ွိ​ေနမွာပါဘဲ။ ဒါကို လူႀကီး​ေတြက ဒါ ငါတို႔ကို စမ္​းတာဘဲ၊ ပုန္​ကန္​ဒါဘဲလို႔ မစဥ္​းစား​ေစခ်င္​ပါ။ ကိုယ္​တိုင္​လဲ ငယ္​ရာကႀကီးလာတာဘဲ။ ျပန္​စဥ္​းစား ဆင္​ျခင္​​ေစခ်င္​ပါတယ္​။ အဲ ဒီလိုအရြယ္​မွာ ျပန္​​ေျပာမရတ့ဲ ပံုစံခြက္​ထဲ​ေရာက္​သြားလို႔ " ဒါမ်ိဳး နာမသိ "ဆိုယင္​​ေတာ့ ဒုကၡပါ။ လူႀကီးျဖစ္​​ေနမွ​ေတာ့ လူႀကီးလို စဥ္​းစားပါ။ လူငယ္​​ေတြ မွား​ေနယင္​​ေတာင္​ က်ိဳး​ေၾကာင္​း႐ွင္​းျပၿပီး ​ေဆြး​ေႏြး​ေစခ်င္​ပါတယ္​။

အာဏာ႐ွင္​​ေတြက ဒီ​ေက်ာင္​းသား​ေတြ ငါတို႔ကို ဒုကၡ အျမဲ​ေပးတယ္​လို႔ ထင္​​ေနပါလိမ္​့မယ္​။ မဟုတ္​ပါ။ ဒီအရြယ္​​ေတြက တမ်ိဳးမဟုတ္​တမ်ိဳး စမ္​း​ေနတ့ဲ အရြယ္​မို႔ပါ။ သူတို႔ကို တျခားထြက္​​ေပါက္​​ေပးတ့ဲ ပညာ​ေရးမ႐ွိသ၍ ဒီလိုဘဲ ျဖစ္​​ေနမွာပါ။ အာဏာ႐ွင္​လက္​​ေအာက္​မွာ​ေတာ့ ႏိုင္​ငံ​ေရးက အဓိက ျဖစ္​ခ်င္​ျဖစ္​​ေနမွာ​ေပါ့။ ဒီမိုက​ေရစီ​ေခတ္​​ေရာက္​လဲ ပညာ​ေရး မ ႊ​္မွန္​ရင္​ ​ေနာက္​တမ်ိဳး​ ​ေခါင္​းစဥ္​ ႐ွာၾကဦးမွာပါ။ အရြယ္​​ေရာက္​လာတ့ဲ သားသမီး႐ွိတ့ဲ အိမ္​တိုင္​းမွာ ၾကံဳ​ေနရသလို​ေပါ့။ နဲနဲ အရြယ္​ရ ရင္​့က်က္​လာမွ ၿငိမ္​သြားမွာပါ။

ခု​​ေက်ာင္​းသား​ေလး​ေတြ ခ်ီတက္​ဆႏၵျပရတ့ဲအထိ ျဖစ္​ရတာ လူႀကီး​ေတြ လူႀကီးမပီသလို႔ပါ။ ဘယ္​အရာက မွန္​ၿပီး ဘယ္​အရာက လုပ္​လို႔မရဘူးဆိုတာ ႐ွင္​းမျပခ်င္​လို႔ ျဖစ္​ရတာပါ။ လြန္​ခ့ဲတ့ဲ ႏွစ္​ငါးဆယ္​လိုဘဲ ငါတို႔အမွန္​ မလုပ္​ၾကပါနဲ႔။ တိုင္​းျပည္​နာပါတယ္​။ ခ်ာတိတ္​​ေတြကို ငါတို႔က ​ေဆြး​ေႏြးရမွာလားဆိုတ့ဲ အ​ေတြးမ်ိဳး လံုးဝမ႐ွိသင္​့​ေတာ့ပါ။ အစိုးရသည္​ ျပည္​သူမ်ားရဲ႕ မ​ေၾကနပ္​မႈကို နား​ေထာင္​ၿပီး ​ေျဖ႐ွင္​း​ေပးဖို႔ တာဝန္​႐ွိပါတယ္​။ ဒီမိုက​ေရစီ အစိုးရဆိုလွ်င္​​ေပါ့​ေလ။

မၾကာခင္​ အခ်ိန္​မွာဘဲ ​ေက်ာင္​းသား​ေတြနဲ႔ ထိပ္​တိုက္​တိုးပါ​ေတာ့မယ္​။ လူႀကီးမ်ားကဘဲ ဆင္​ျခင္​​ေစခ်င္​ပါတယ္​။ ခု​ေနာက္​ဆံုးအခ်ိန္​ထိ ​ေက်ာင္​းသား​ေတြဖက္​က ​ေဖာင္​းမျဖစ္​​ေသးပါ။ ​ေက်ာင္​းသားမ်ားကိစၥ ​ေအးခ်မ္​းစြာ ၿပီးပါ​ေစလို႔ ဆု​ေတာင္​းယံုမွတပါး တျခားလဲ မတတ္​ႏိုင္​​ေတာ့ပါ။ 

No comments:

Post a Comment

Thank you.