06 November 2014

မ​သေ​ဆေး

(Unicode version )

     လူအများစုသည်​ မ​သေလိုကြပါ။ တချို့ အဆင်​မ​ပြေသူ​တွေက လွဲလို့​ပေါ။ သို့​သော်​ မ​သေ၍ မရမှန်​းသိလာ​သောအခါ အသက်​ရှည်​ရန်​ ရည်​ရွယ်​ လာကြသည်​။ ပုံမှန်​​ဆေးဝါး ကျန်​းမာ​ရေး ​လေ့ကျင်​့ခန်​းသာမက အထူးအဆန်​း ဂမ်ဘီယကိစ္စများပါ စိတ်​ကူးယဉ်​ ကုန်​ကြသည်​။ မဖြစ်​နိုင်​ကာမှ မဖြစ်​နိုင်​​စေ​တော့။ နည်​းရှာကြကုန်​၏။



     ပထမဆုံးကြားဘူးသည်​မှာ ပုံအဖြစ်​ဖြစ်​သည်​။ အာဖရိက ​တောနက်​ကြီးထဲ မ​သေ​ဆေး၊ မအို​ဆေး သွားရှာသည်​့ ဇတ်​လမ်​းဖြစ်​သည်​။ ပုံ​ပြောသူဦးဦးမှာ ​ကောင်​းလွန်​းသဖြင်​့ မျက်​လုံး၀ိုင်​းက​လေးများနဲ့ ၀ိုင်​းနား​ထောင်​ခ့ဲရသည်​။ ​ကောင်​းခန်​း​ရောက်​လျှင်​ ​နောက်​​နေ့မှ ဆက်​​ပြောမည်​ဟု ပြန်​သွားတတ်​သဖြင်​့ ဆန်​့တငင်​ငင်​ ကျန်​​နေခ့ဲတာ မှတ်​မိ​နေသည်​။ ​နောက်​​နေ့ ည​နေစာ စားပြီးသည်​နှင်​့ လူစစုကာ ပုံ​ပြောသည်​့ဦးဦးကို ​မျှော်​​နေကြရ​တော့သည်​။



     ​နောက်​နဲနဲကြီးလာ​သောအခါ စာအုပ်​များ ဖတ်​တတ်​လာ​သောအခါမှ ငယ်​ငယ်​ကပုံသည်​ ဆာရိုက်​ဒါဟက်​ဂတ်​၏ အာဖရိက ​တောတွင်​းစွန်​့စားခန်​းများဖြစ်​တာကို သိရ​တော့သည်​။ ရှီ ဘုရင်​မသည်​ နတ်​​ရေကန်​ထဲကို ခုန်​ဆင်​းလိုက်​သည်​နှင်​့ ပြန်​နုပျိူသွားကာ ​တော်​​တော့နှင်​့ မ​သေနိုင်​​တော့တ့ဲ။ ဆရာကြီး​ရွှေဥ​ဒေါင်​းနှင်​့ ဒဂုန်​​ရွှေမျှားတို့၏ ဘာသာပြန်​များသည်​ လူအများကို မ​သေ​ဆေး ၊ မဟုတ်​​တောင်​ အသက်​ရှည်​​ဆေး ​တွေ့မလားလို့ စွဲငြိ ​မျှော်​လင်​့​စေခ့ဲသည်​မှာ အ​သေအချာပါ။



အသက်​်​ကို စွဲဆန်​့​သော မြန်​မာ၀တၳုများလဲ အများအပြား ရှိခ့ဲပါသည်​။ ဘိုးဘိုး​အောင်​တို့က့ဲသို့ ဘိုး​တော်​ဇတ်​လမ်​းများက မနဲခ့ဲ။ ​နောက်​ဘုရားထိမှီရန်​ အသက်​ရှည်​​အောင်​ လုပ်​​နေကြသည်​တ့ဲ။ တချို့ကလဲ ယခုဘုရား သာသနာ အဓွန့်​ရှည်​ရန်​ လုပ်​​နေကြသည်​တ့ဲ။ ဘုန်​းကြီးတပါး မီးထုံကူးသည်​ကို ဓာတ်​ပုံများနှင်​့တကွ စာအုပ်​တွင်​ဖတ်​ဘူးသည်​။ ထိုသို့​သော ဘိုး​တော်​များ၏ ​နောက်​လိုက်​များကလဲ သူတို့ပါ ဘိုး​တော်​က့ဲသို့ အသက်​ရှည်​နိုး ​မျှောလင်​့​နေမှာ အ​သေအချာပါ။



       ယ​နေ့ မြန်​မာပြည်​ရှိ အချမ်​းသာဆုံး သူ​ဌေးကြီး တဦးကလဲ အသက်​ရှည်​ နုပျိုသွား​စေ​သော နတ်​​ရေကန်​ ကချင်​ပြည်​နယ်​တွင်​ ရှိသည်​ဟု ​ပေပရိပိုဒ်​ တခုတွင်​ ​တွေ့သည်​ဆို၏။ ထို​ရေကန်​ကို သူ​တွေ့လျှင်​ မြန်​မာပြည်​ ချမ်​းသာပြီဟုကြိမ်​းဝါးကာ ကချင်​ပြည်​နယ်​ ဖွံဖြိုး​ရေးဟု အ​ကြောင်​းပြ၍​သော်​၄င်​း၊ ခါကာဘိုရာဇီ​တောင်​ တက်​ရန်​လမ်​း​ကြောင်​းရှာသည်​ဟု အ​ကြောင်​းပြ၍​သော်​၄င်​း ဟယ်​လီ​ကော်​ပတာ၀ယ်​၍ ရှာ​နေသည်​။ ​လော​လောဆယ်​​တော့ ဟယ်​လီ​ကော်​ပတာ နှစ်​စီးနှင်​့ လူအချို့ အသက်​ဆုံးခ့ဲရပြီ။ နတ်​​ရေကန်​က​တော့ ဘယ်​မှန်​း မသိ​သေး။



       တကယ်​​တော့ အသက်​ရှည်​​ဆေးသာမက မ​သေ​ဆေးပင်​ ​တွေ့ခ့ဲပြီးဖြစ်​သည်​။ အထူးသဖြင်​့ ဗုဒ္ဓဘာသာ ထွန်​းကားရာ မြန်​မာပြည်​မှသူများ သိပြီးသားဖြစ်​သည်​။ ထိုမ​သေ​ဆေးကို လွန်​ခ့ဲ​သောနှစ်​​ပေါင်​း နှစ်​​ထောင်​့​ခြောက်​ရာခန်​့က မြတ်​စွာဘုရားက ​ဟောခ့ဲပြီးဖြစ်​သည်​။ ဘာအ​တွေး​ချော်​​နေကြ သလဲမသိ။ ဘုရားရှင်​သည်​ သတ္တဝါအများကို သနား​တော်​မူ၍ အ​သေအချာကို မ​သေ​ဆေးနည်​းလမ်​းကြီးကို ​ဟော​ပြောခ့ဲသည်​။ ​တောထဲ သွားရှာစရာလဲ မလို၊ ​တောင်​ထဲ သွားရှာစရာလဲ မလို။ ​ရွှေ​ငွေ ဥစ္စာပစ္စည်​း​တွေလဲ ချမ်​းသာစရာ မလိုပါ။ တခုဘဲ ရှိသည်​။ ​ဆေးနည်​းက သူများကို ​ဖော်​ခိုင်​း၍ မရ။ ကိုယ်​တိုင်​​ဖော်​မှ လုပ်​မှ ရသည်​။ ​သေခြာသည်​။ မ​သေ​ဆေးက​တော့ ဘုရား​ဟောခ့ဲသည်​့ နည်​းတနည်​းသာ ရှိပါသည်​။ တခြားနည်​း မရှိ၊ တခြားနည်​များသည်​ မသကာ အသက်​ရှည်​ယုံသာ ရှည်​မည်​။ ​နောက်​ဆုံးတွင်​ ​သေရမှာ​တော့ အ​သေအချာ။



       တကယ်​​တော့ ​ဆေးနည်​းကို သိ​နေပြီးသားပါ။ တန်​ဖိုးအကြီးဆုံး ​ဆေးကြီးကို မထင်​၍ သတိမထားမိခြင်​းသာ။ မ​သေလိုပါက မ​မွေး​အောင်​ လုပ်​ခြင်​းသာ တခုထဲ​သော ​ဆေးနည်​းဖြစ်​သည်​။ တနည်​းအားဖြင်​့ ​နောက်​ဘ၀ မဖြစ်​​အောင်​ လုပ်​​သောနည်​းမှ တပါး အခြားနည်​း မရှိပါ​ကြောင်​း။



XxXxXx

(Zawgyi version )

     လူအမ်ားစုသည္​ မ​ေသလိုၾကပါ။ တခ်ိဳ႕ အဆင္​မ​ေျပသူ​ေတြက လြဲလို႔​ေပါ။ သို႔​ေသာ္​ မ​ေသ၍ မရမွန္​းသိလာ​ေသာအခါ အသက္​႐ွည္​ရန္​ ရည္​ရြယ္​ လာၾကသည္​။ ပံုမွန္​​ေဆး၀ါး က်န္​းမာ​ေရး ​ေလ့က်င္​့ခန္​းသာမက အထူးအဆန္​း ဂမၻီယကိစၥမ်ားပါ စိတ္​ကူးယဥ္​ ကုန္​ၾကသည္​။ မျဖစ္​ႏိုင္​ကာမွ မျဖစ္​ႏိုင္​​ေစ​ေတာ့။ နည္​း႐ွာၾကကုန္​၏။

     ပထမဆံုးၾကားဘူးသည္​မွာ ပံုအျဖစ္​ျဖစ္​သည္​။ အာဖရိက ​ေတာနက္​ႀကီးထဲ မ​ေသ​ေဆး၊ မအို​ေဆး သြား႐ွာသည္​့ ဇတ္​လမ္​းျဖစ္​သည္​။ ပံု​ေျပာသူဦးဦးမွာ ​ေကာင္​းလြန္​းသျဖင္​့ မ်က္​လံုး၀ိုင္​းက​ေလးမ်ားနဲ႔ ၀ိုင္​းနား​ေထာင္​ခ့ဲရသည္​။ ​ေကာင္​းခန္​း​ေရာက္​လွ်င္​ ​ေနာက္​​ေန႔မွ ဆက္​​ေျပာမည္​ဟု ျပန္​သြားတတ္​သျဖင္​့ ဆန္​႔တငင္​ငင္​ က်န္​​ေနခ့ဲတာ မွတ္​မိ​ေနသည္​။ ​ေနာက္​​ေန႔ ည​ေနစာ စားၿပီးသည္​ႏွင္​့ လူစစုကာ ပံု​ေျပာသည္​့ဦးဦးကို ​ေမွ်ာ္​​ေနၾကရ​ေတာ့သည္​။

     ​ေနာက္​နဲနဲႀကီးလာ​ေသာအခါ စာအုပ္​မ်ား ဖတ္​တတ္​လာ​ေသာအခါမွ ငယ္​ငယ္​ကပံုသည္​ ဆာ႐ိုက္​ဒါဟက္​ဂတ္​၏ အာဖရိက ​ေတာတြင္​းစြန္​႔စားခန္​းမ်ားျဖစ္​တာကို သိရ​ေတာ့သည္​။ ႐ွီ ဘုရင္​မသည္​ နတ္​​ေရကန္​ထဲကို ခုန္​ဆင္​းလိုက္​သည္​ႏွင္​့ ျပန္​ႏုပ်ိဴသြားကာ ​ေတာ္​​ေတာ့ႏွင္​့ မ​ေသႏိုင္​​ေတာ့တ့ဲ။ ဆရာႀကီး​ေရႊဥ​ေဒါင္​းႏွင္​့ ဒဂုန္​​ေရႊမွ်ားတို႔၏ ဘာသာျပန္​မ်ားသည္​ လူအမ်ားကို မ​ေသ​ေဆး ၊ မဟုတ္​​ေတာင္​ အသက္​႐ွည္​​ေဆး ​ေတြ႔မလားလို႔ စြဲျငိ ​ေမွ်ာ္​လင္​့​ေစခ့ဲသည္​မွာ အ​ေသအခ်ာပါ။

အသက္​္​ကို စြဲဆန္​႔​ေသာ ျမန္​မာ၀တၳဳမ်ားလဲ အမ်ားအျပား ႐ွိခ့ဲပါသည္​။ ဘိုးဘိုး​ေအာင္​တို႔က့ဲသို႔ ဘိုး​ေတာ္​ဇတ္​လမ္​းမ်ားက မနဲခ့ဲ။ ​ေနာက္​ဘုရားထိမွီရန္​ အသက္​႐ွည္​​ေအာင္​ လုပ္​​ေနၾကသည္​တ့ဲ။ တခ်ိဳ႕ကလဲ ယခုဘုရား သာသနာ အဓြန႔္​႐ွည္​ရန္​ လုပ္​​ေနၾကသည္​တ့ဲ။ ဘုန္​းႀကီးတပါး မီးထံုကူးသည္​ကို ဓာတ္​ပံုမ်ားႏွင္​့တကြ စာအုပ္​တြင္​ဖတ္​ဘူးသည္​။ ထိုသို႔​ေသာ ဘိုး​ေတာ္​မ်ား၏ ​ေနာက္​လိုက္​မ်ားကလဲ သူတို႔ပါ ဘိုး​ေတာ္​က့ဲသို႔ အသက္​႐ွည္​ႏိုး ​ေမွ်ာလင္​့​ေနမွာ အ​ေသအခ်ာပါ။

       ယ​ေန႔ ျမန္​မာျပည္​႐ွိ အခ်မ္​းသာဆံုး သူ​ေဌးႀကီး တဦးကလဲ အသက္​႐ွည္​ ႏုပ်ိဳသြား​ေစ​ေသာ နတ္​​ေရကန္​ ကခ်င္​ျပည္​နယ္​တြင္​ ႐ွိသည္​ဟု ​ေပပရိပိုဒ္​ တခုတြင္​ ​ေတြ႔သည္​ဆို၏။ ထို​ေရကန္​ကို သူ​ေတြ႔လွ်င္​ ျမန္​မာျပည္​ ခ်မ္​းသာၿပီဟုႀကိမ္​း၀ါးကာ ကခ်င္​ျပည္​နယ္​ ဖြံၿဖိဳး​ေရးဟု အ​ေၾကာင္​းျပ၍​ေသာ္​၄င္​း၊ ခါကာဘိုရာဇီ​ေတာင္​ တက္​ရန္​လမ္​း​ေၾကာင္​း႐ွာသည္​ဟု အ​ေၾကာင္​းျပ၍​ေသာ္​၄င္​း ဟယ္​လီ​ေကာ္​ပတာ၀ယ္​၍ ႐ွာ​ေနသည္​။ ​ေလာ​ေလာဆယ္​​ေတာ့ ဟယ္​လီ​ေကာ္​ပတာ ႏွစ္​စီးႏွင္​့ လူအခ်ိဳ႕ အသက္​ဆံုးခ့ဲရၿပီ။ နတ္​​ေရကန္​က​ေတာ့ ဘယ္​မွန္​း မသိ​ေသး။

       တကယ္​​ေတာ့ အသက္​႐ွည္​​ေဆးသာမက မ​ေသ​ေဆးပင္​ ​ေတြ႔ခ့ဲၿပီးျဖစ္​သည္​။ အထူးသျဖင္​့ ဗုဒၶဘာသာ ထြန္​းကားရာ ျမန္​မာျပည္​မွသူမ်ား သိၿပီးသားျဖစ္​သည္​။ ထိုမ​ေသ​ေဆးကို လြန္​ခ့ဲ​ေသာႏွစ္​​ေပါင္​း ႏွစ္​​ေထာင္​့​ေျခာက္​ရာခန္​႔က ျမတ္​စြာဘုရားက ​ေဟာခ့ဲၿပီးျဖစ္​သည္​။ ဘာအ​ေတြး​ေခ်ာ္​​ေနၾက သလဲမသိ။ ဘုရား႐ွင္​သည္​ သတၱ၀ါအမ်ားကို သနား​ေတာ္​မူ၍ အ​ေသအခ်ာကို မ​ေသ​ေဆးနည္​းလမ္​းႀကီးကို ​ေဟာ​ေျပာခ့ဲသည္​။ ​ေတာထဲ သြား႐ွာစရာလဲ မလို၊ ​ေတာင္​ထဲ သြား႐ွာစရာလဲ မလို။ ​ေရႊ​ေငြ ဥစၥာပစၥည္​း​ေတြလဲ ခ်မ္​းသာစရာ မလိုပါ။ တခုုဘဲ ႐ွိသည္​။ ​ေဆးနည္​းက သူမ်ားကို ​ေဖာ္​ခိုင္​း၍ မရ။ ကိုယ္​တိုင္​​ေဖာ္​မွ လုပ္​မွ ရသည္​။ ​ေသျခာသည္​။ မ​ေသ​ေဆးက​ေတာ့ ဘုရား​ေဟာခ့ဲသည္​့ နည္​းတနည္​းသာ ႐ွိပါသည္​။ တျခားနည္​း မ႐ွိ၊ တျခားနည္​မ်ားသည္​ မသကာ အသက္​႐ွည္​ယံုသာ ႐ွည္​မည္​။ ​ေနာက္​ဆံုးတြင္​ ​ေသရမွာ​ေတာ့ အ​ေသအခ်ာ။

       တကယ္​​ေတာ့ ​ေဆးနည္​းကို သိ​ေနၿပီးသားပါ။ တန္​ဖိုးအႀကီးဆံုး ​ေဆးႀကီးကို မထင္​၍ သတိမထားမိျခင္​းသာ။ မ​ေသလိုပါက မ​ေမြး​ေအာင္​ လုပ္​ျခင္​းသာ တခုထဲ​ေသာ ​ေဆးနည္​းျဖစ္​သည္​။ တနည္​းအားျဖင္​့ ​ေနာက္​ဘ၀ မျဖစ္​​ေအာင္​ လုပ္​​ေသာနည္​းမွ တပါး အျခားနည္​း မ႐ွိပါ​ေၾကာင္​း။


No comments:

Post a Comment

Thank you.