12 November 2014
သမတ မလုပ်​​တော့ပါ။
(Unicode version)
ပြန်​ကြား​ရေး ၀န်​ကြီးက သံ​တော်​ဆင်​့ဂျာနယ်​ကို တရားစွဲပါတယ်​။ အ​ကြောင်​းက
        " နိုင်​ငံ​တော်​သမတသည်​ အထွတ်​အထိတ်​၊ အဲဒီပုဂ္ဂိုလ်​တ​ယောက်​ရဲ့ စကားက က​ဗြောင်​းကဗြန်​၊ ဗ​လောင်​းဗလဲ၊ ဟို​ပြောဒီ​ပြော၊ ဘရွတ်​ရွတ်​တ၊ ​ပေါက်​ပန်​း​လေးဆယ်​၊ က​လေက​ချေ၊ က​လေက၀ ( ပြန်​ကူး​ရေးရတာ အားရလိုက်​တာဗျာ : ဤကား စကားချပ်​ ) ကျွန်​​တော်​ စကားလုံး ထပ်​ရှာလို့ယင်​ အကုန်​ထည်​့သုံးမှာ၊ အအရည်​မရ၊ အဖတ်​မရ၊ ​ပေါက်​လွှတ်​ပဲစား ​ပြောသလို ဖြစ်​​နေတာ " ဟုလည်​း​ကောင်​း၊ ​ဆောင်​းပါးစာသားတွင်​
        " ဘာ​ကြောင်​့မို့လို့ ရူး​ကြောင်​မူး​ကြောင်​ အ​တွေး​တွေကို ဘယ်​သူ​တွေ ထည်​့​ပေးလို့ ဘယ်​လိုမျိုးစံနစ်​မကျတ့ဲ၊ ဘာမှမဟုတ်​တ့ဲ အ​ပေါစား​ပေါ်လစီ​တွေချမှတ်​ ပြီး​တော့အခုလို လုပ်​​နေလဲဆိုတာ စဉ်​းစားလို့ကိုမရဘူး " ဟု သမတကြီး ဂုဏ်​သိက္ခာ ထိခိုက်​ပြီး အကြည်​ညိုပျက်​​စေသည်​့ စာသား​တွေ ​ဖော်​ပြခ့ဲလို့ ဖြစ်​ပါတယ်​။
အဲဒီမှာ ဥပ​ဒေအရ ဗျူးခံရသူ တရားစွဲခံရတ့ဲအထဲ မပါပါဘူး။ ဗျူးသူဘဲ ပါပါတယ်​။ အရင်​​ခေတ်​ကလိုဆို ​ပြောတ့ဲသူပါ နာပြီ။
ကျွန်​​တော်​ အဓိက ​ပြောချင်​တာက အဲဒီမူရင်​း​ဆောင်​းပါးကို ကျွန်​​တော်​ မဖတ်​မိပါဘူး။ ဖတ်​မိလဲ အဲဒီဗျူးခံရသူကို ​သေချာမသိလို့. စာသား​တွေကို ဂရုစိုက်​မှတ်​ မထားမိပါ။ ခုလို တရားစွဲခံရ​တော့မှ ဂျာနယ်​တိုင်​းလိုလို သတင်​းအဖြစ်​​ဖော်​ပြ​နေသလိုလိုနဲ့ စာသား​တွေကို အားပါးတရ ​ဖော်​ပြ​နေကြပါတယ်​။ ဂျာနယ်​ အဖတ်​များတ့ဲသူဆိုယင်​ အလွတ်​​တောင်​ရ​လောက်​ပါပြီ။
ပြန်​၀န်​လုပ်​ကာမှ သမတ အကြိမ်​ကြိမ်​ သိက္ခာကျ ​နေရပါတယ်​။
       ကျွန်​​တော်​့ရဲ့ ဘာမဟုတ်​တ့ဲ ဘ​လောဂ်​့​လေးမှာ​တောင်​ မှတ်​တမ်​း၀င်​သွားပါပြီ။ ကျွန်​​တော်​က​တော့ ပြန်​​ဖော်​ပြတာဆို​တော့ တရားစွဲလို့ မရဘူးထင်​ပါတယ်​။ အဲဒီ ဂျာနယ်​မှာဘဲ ပါပါ​သေးတယ်​။ သမတမိသားစုက အ​ပြောခံရလွန်​းလို့ နုတ်​ထွက်​ခိုင်​း​နေပါတယ်​တ့ဲ။ ဟုတ်​တယ်​ဗျာ။ မိသားစုက​တောင်​မှ အလိုမရှိ​တော့တာ သမတကြီး သ​ဘော​ပေါက်​သင်​့ပါပြီ။
        ကျွန်​​တော်​လဲ သ​ဘော​ပေါက်​သွားပါပြီ။ အာဏာရှင်​ သမတမလုပ်​ရယင်​ ဘယ်​သူ​တွေ လာခန်​့ခန်​့ သမတ မလုပ်​​တော့ပါ ခင်​ဗျား။
XxXxXx
(Zawgyi version)
        " ဘာ​ကြောင့်​မို့လို့ ရူး​ကြောင်​မူး​ကြောင်​ အ​တွေး​တွေကို ဘယ်​သူ​တွေ ထည့်​​ပေးလို့ ဘယ်​လိုမျိုးစံနစ်​မကျတဲ့၊ ဘာမှမဟုတ်​တဲ့ အ​ပေါစား​ပေါ်လစီ​တွေချမှတ်​ ပြီး​တော့အခုလို လုပ်​​နေလဲဆိုတာ စဉ်းစားလို့ကိုမရဘူး " ဟု သမတကြီး ဂုဏ်​သိက္ခာ ထိခိုက်​ပြီး အကြည်​ညိုပျက်​​စေသည့်​ စာသား​တွေ ​ဖော်​ပြခဲ့လို့ ဖြစ်​ပါတယ်​။
အဲဒီမှာ ဥပ​ဒေအရ ဗျူးခံရသူ တရားစွဲခံရတဲ့အထဲ မပါပါဘူး။ ဗျူးသူဘဲ ပါပါတယ်​။ အရင်​​ခေတ်​ကလိုဆို ​ပြောတဲ့သူပါ နာပြီ။
No comments:
Post a Comment
Thank you.