27 August 2014

ခင်​၀မ်း နဲ့ ငြိမ်းချမ်းစု 

Real Lives Real Stories မဂ္ဂဇင်း ၂၀၁၄ ​မေလထုတ်​ထဲမှာ ​မောင်​ကိုကို(အမရပူရ)ရဲ့ ငြိမ်းချမ်းစု ဆိုတဲ့ ပန်းချီဆရာအ​ကြောင်း ပါပါတယ်​။ ငြိမ်းချမ်းစု ဟာ လက်​ရှိနာမည်​ကြီး ပန်းချီဆရာ တစ်​ဦးပါ။ အဲဒီ​ဆောင်းပါးမှာ သူနဲ့ ခင်​၀မ်း အ​ကြောင်း​လေး ပါတာမို့ ​ကောက်​နှုတ်​​ဖော်​ပြလိုက်​ပါတယ်​။ ခင်​၀မ်း အ​ကြောင်းလဲ မဖတ်​ရတာ ကြာပြီမဟုတ်​လား။

အိုင်​ဗွီဂယ်​လာရီိက ၄၅လမ်းမှာ ရှိသည်​။ ခင်​၀မ်းက ၄၅လမ်းမှာ ​နေသည်​။ ငြိမ်းချမ်းစု၏ အိုင်​ဗွီမှာလုပ်​​သော Nude ပန်းချီပြပွဲကို ခင်​၀မ်းက ပန်းချီကားများ ချိတ်​​ပေး၏။ ပန်းချီကား အစီအစဉ်​ အခင်းအကျင်းကို ခင်​၀မ်း ကိုယ်​တိုင်​ လုပ်​​ပေး၏။
ငြိမ်းချမ်းစု ငယ်​ငယ်​ကတည်းက နာမည်​​ကျော်​ စိတ္တဇပန်းချီစာအုပ်​ဖြင့်​ လွှမ်းမိုးထား​သော ခင်​၀မ်း၊ ပန်းချီကား​တွေ လာချိတ်​​ပေး​နေသည်​။
ငြိမ်းချမ်းစုသည်​ ခင်​၀မ်းနှင့်​ ညီအကိုလို ခင်​မင်​သွားသည်​။
တရက်​မှာ ငြိမ်းချမ်းစုသည်​ ခင်​၀မ်းထံသို့ သွား၏။ ခင်​၀မ်းက ပန်းချီ​ရေး​နေသည်​။
" ငြိမ်းချမ်း မင်း ငါ့ပန်းချီကားကို ၀င်​ဆွဲကွာ။"
" ဟာ အကို ... အစ်​ကို့ပန်းချီကားကို ကျွန်​​တော်​ ဘယ်​လိုလုပ်​ တို့ထိရဲမှာလဲ။"
ခင်​၀မ်း၏ စံနစ်​ကျ​သော ​လေ့လာမှု၊ ခင်​၀မ်း​၏ စံနစ်​ကျ​သော ပြင်​ဆင်​မှု၊ ခင်​၀မ်း၏ တိကျ​သော ဖမ်​တီးမှု၊ ခင်​၀မ်း၏ ကိုယ်​ခန္ဓာထဲမှာ၊ ခင်​၀မ်း၏ အ​သွေးအသားထဲမှာ အနုပညာပိုးမွှားများ တရွရွ တဖွားဖွား သွားလာ​နေမှုတို့ကို ငြိမ်းချမ်းစုသည်​ နီးနီးကပ်​ကပ်​ ​တွေ့မြင်​ခွင့်​ရ၏။ အနုပညာနှင့်​ တိကျခြင်း။ ခင်​၀မ်းကို အနုပညာတ၀က်​၊ သိပ္ပံပညာတ၀က်​ ဖွဲ့စည်းထား၏။
" ငြိမ်းချမ်း ... မင်း ဘာလုပ်​​နေသလဲ "
ခင်​၀မ်းက ​မေးသည်​။
" ကျွန်​​တော်​ ပန်းချီဆွဲ​နေတာ​ပေါ့ အစ်​ကို "
ငြိမ်းချမ်းစုက ​ဖြေသည်​။
" မင်း ပန်းချီဆွဲ​နေတာ ဟုတ်​တယ်​။ မင်း ဘာပန်းချီဆွဲ​နေတာလဲ။ မင်းဆွဲ​နေတာ ဘယ်​လိုပန်းချီလဲ။ အဲဒါသိမှ တိုးတက်​မယ်​။ "
         ငြိမ်းချမ်းစု ဖျားသွားသည်​။
         မင်းဆွဲ​နေတာ ဘာပန်းချီလဲ။
         မင်းဆွဲ​နေတာ ဘာပန်းချီလဲ။
         မင်းဆွဲ​နေတာ ဘာပန်းချီလဲ။ .. ........

ငြိမ်းချမ်းစုသည်​ ယခု​တော့ မြန်​မာသာမက အာရှ​ကျော်​ပင်​ ဖြစ်​​နေပါပြီ။ ကမ္ဘာ​ကျော်​ ပါ​စေလို့ ခင်​၀မ်းfan များက ဆု​တောင်း​ပေးလိုက်​ပါသည်​။


No comments:

Post a Comment

Thank you.