16 August 2013

မင်းလူ - အမှတ်တရ

(Unicode version)

၁၉၈၁-၈၂ အချိန်များက ဖြစ်ပါသည်။ ထိုအချိန်က စနေနေ့

နေ့တ၀က်ကျောင်းတက်ရသေးသည်။ တစ်ရက်သော စနေနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်

၀ိဇ္ဖာနှင့်သိပ္ပံ တက္ကသိုလ် သိပ္ပံခန်းမတွင် စာပေဟောပြောပွဲ

တစ်ခုကျင်းပခ့ဲတာကို မှတ်မိပါသေးသည်။ နှစ်သုံးဆယ်ကျော်ပြီးဖြစ်သဖြင့်

အသေးစိတ်မမှတ်မိသော်လည်း မှတ်မိတာလေး ပြန်ရေးပါရစေ။



စာပေဟောပြောပွဲ ခေါင်းစဉ်က သာဓုနှင့်သားများ စာပေဟောပြောပွဲ။

ခန်းမကြီးတစ်ခုလုံးပြည့်သွားအောင် အားပေးကြတာ မှတ်မိသေးသည်။ စာရေးဆရာသာဓု

၊ သားများဖြစ်ကြသော မောင်၀ဏ္ဏ၊ သုမောင် နှင့် မင်းလူတို့ ဟောပြောကြပါသည်။

စင်ပေါ်တွင် သူတို့လေးဦး စထိုင်ကတည်းက ကျွန်တော်က သဘောကျနေသည်။ ဒီ လေးဦး

တစ်ခါမှ မတွေ့ဘူးသည့် ပုံစံတွေနှင့် ခပ်တည်တည်ထိုင်သည်။ စင်အောက်မှာတောင်

နှုတ်ဆက်ကြ စကားပြောခ့ဲကြရ့ဲလား မသိပါ။



ပထမဦးစွာ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓုမှ ပြောပါသည်။ မှတ်မိသလောက်

သာဓု လူဝါး၀တယ် စာအုပ်အကြောင်းပြောခ့ဲသည်ဟု ထင်ပါသည်။ မှားလျှင်လည်း

ခွင့်လွှတ်ကြပါ။ ပြောချင်တာက ဒီအကြောင်းများ မဟုတ်ပါ။ ထို့နောက် မောင်၀ဏ္ဏက

ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း အကြောင်း ပြောသည်ထင်သည်။ ထားလိုက်ပါတော့။

နောက် စာရေးဆရာ ဘ၀ သာရှိသေးသော သုမောင်က အချစ်၀ထၳုအကြောင်းပြောခ့ဲသည်

ထင်ပါသည်။



ခုမှ ပြောချင်သည့် အကြောင်းစပါမည်။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်

မင်းလူပြောပါတော့သည်။ အဖေနှင့်အကိုများရှေ့တွင် ပြောရတာ သူ့အဖို့

လွယ်မည်မဟုတ်ပါ။ နာမည်ကြီးတွေသာမက ဝါပါ ကြီးသောသူများ မဟုတ်ပါလား။

ဆရာမင်းလူက သူ့အဖေအကြောင်းနှင့် စဖွင့်ခ့ဲပါသည်။



ဟိုးဖက်အစွန်းဆုံးမှာ ထိုင်နေတာ နိုင်ငံကျော်အနုပညာရှင်ကြီး ဖြစ်ပါတယ်။

ရုပ်ရှင်လည်းအောင်မြင်၊ စာရေးတာလဲ အောင်မြင်သူပါ။ ဒါပေမ့ဲ သူ့သားတွေကို

နာမည်ပေးတာတော့ အင်မတန်ကို လွဲနေပါတယ်။ ပထမဆုံးမွေးလာတ့ဲ သားကို ပါဠိလို

အမည်ပေးပါတယ်။ အာယု တ့ဲ။ မြန်မာလို အသက်ရှည်ခြင်းပေါ့။ ငယ်စဉ်ကတည်းက

ဆုံးသွားပါတယ်။ ဒီနေရာမှာပင် လွန်စွာပွဲကျနေပြီ။ ဦးသာဓုကတော့

နားလေးသူပီပီ ဘာမှကြားဟန်မတူ။ ခပ်တည်တည်ပင် ထိုင်နေသည်။



နောက်တစ်ယောက်မွေးတော့ မမှတ်သေးဘူး။ ဆက်နာမည်ပေးပါသည်။ ၀ဏ္ဏ တ့ဲ

ကောင်းလိုက်ပုံများ။ မြန်မာလို အဆင်းလှခြင်းပေါ့။ မြင်တ့ဲအတိုင်းပါဘဲဗျာ။

ပွဲကျ သွားပြန်ပါသည်။ သိ သညိ့အတိုင်း မောင်၀ဏ္ဏမှာ မုတ်ဆိတ်မွှေး၊

နှုတ်ခမ်းမွှေး ထိုးထိုးထောင်ထောင် ဗိုသီဘတ်သီနှင့်ပါ။ သူ့အကြောင်း

မဟုတ်သလိုနှင့် မျက်မှောင်ကုတ်ပြီး အရမ်းအရေးကြီးသည့် ကိစ္စကို

စဉ်းစားဟန်လုပ်နေသည်။



ဆက်ပါသည်။ နောက်တစ်ယောက်ကျ ဗလ တ့ဲ။ အင်အားကြီးခြင်းပေါ့။ ခွန်အားကတော့

မြင်တဲအတိုင်းပါဘဲ။ ထိုစဉ်က ဦးသုမောင်မှာ ပိန်တာမှ ရှိုက်ကုန်းကလေးလို

ဖြစ်နေချိန်၊ ပွဲကျပြန်တာပေါ့။ နောက်တစ်ယောက်ကျတော့ ရုပ တ့ဲ။ ဂလန်ဂလားနဲ့

ဘယ်လိုလုပ် အဆင်းလှမလည်းဗျာ။ သူကလည်း ဘောလုံးသာကန်နေသူပါ။ အကိုမောင်၀ဏ္ဏ၏

ရုပ်ရှင်နှစ်ကားလောက်တွင် သရုပ်ဆောင်ဘူးသည်။ ပုံမလာပါ။



နောက်ဆုံးတစ်ယောက်ကျတော့ ဉာဏ တ့ဲ။ ( ဉာဏ်ပေါ်) ဟုခေါ်သော ကျွန်တော်ပေါ့။

ပညာကြီးခြင်းပေါ့။ ၀ိဇ္ဖာဘွဲ့လေးရဘို့ ငါးနှစ်လောက်ကျောင်းတက်လိုက်ရတယ်။

စာလဲ တစ်ခါမှ မတော်ဘူးပါဗျာ။ ပွဲကျသွားပါသည်။ စကားလုံး အတိအကျ

မဖြစ်သော်လည်း အကြောင်းအရာတော့ သေချာပါသည်။



ခုတော စင်ပေါ်က စာရေးဆရာများ အားလုံးမရှိတော့ပါ။ အနုပညာဝါသနာ မပါသူ

ဘောလုံးသမားတစ်ဦးသာ ကျန်တော့သည်။ မြန်မာစာပေလောကရဲ့ မိသားစုလိုက်

ထူးချွန်ခ့ဲသူတွေ။ နှမြောစရာ အလွန်ပါ။ ဆရာမင်းလူရေးခ့ဲဘူးသော

သော်တာဆွေတို့ ရောက်နေသော ဘုံတစ်ခုတွင် ဆုံနေကြလောက်ပြီ ထင်ပါသည်။



လွမ်းမယ်ဆိုယင်တော့ ခုနှစ်ကြိမ်၊ ခုနှစ်ခါ လွမ်းရပါတော့မည်။ ။

XxXxXx

(Zawgyi version)

၁၉၈၁-၈၂ အခ်ိန္မ်ားက ျဖစ္ပါသည္။ ထိုအခ်ိန္က စေနေန႔
ေန႔တ၀က္ေက်ာင္းတက္ရေသးသည္။ တစ္ရက္ေသာ စေနေန႔ ေန႔လည္ပိုင္းတြင္ ရန္ကုန္
၀ိဇၹာႏွင့္သိပၸံ တကၠသိုလ္ သိပၸံခန္းမတြင္ စာေပေဟာေျပာပြဲ
တစ္ခုက်င္းပခ့ဲတာကို မွတ္မိပါေသးသည္။ ႏွစ္သံုးဆယ္ေက်ာ္ၿပီးျဖစ္သျဖင့္
အေသးစိတ္မမွတ္မိေသာ္လည္း မွတ္မိတာေလး ျပန္ေရးပါရေစ။

စာေပေဟာေျပာပြဲ ေခါင္းစဥ္က သာဓုႏွင့္သားမ်ား စာေပေဟာေျပာပြဲ။
ခန္းမႀကီးတစ္ခုလံုးျပည့္သြားေအာင္ အားေပးၾကတာ မွတ္မိေသးသည္။ စာေရးဆရာသာဓု
၊ သားမ်ားျဖစ္ၾကေသာ ေမာင္၀ဏၰ၊ သုေမာင္ ႏွင့္ မင္းလူတို႔ ေဟာေျပာၾကပါသည္။
စင္ေပၚတြင္ သူတို႔ေလးဦး စထိုင္ကတည္းက ကၽြန္ေတာ္က သေဘာက်ေနသည္။ ဒီ ေလးဦး
တစ္ခါမွ မေတြ႕ဘူးသည့္ ပံုစံေတြႏွင့္ ခပ္တည္တည္ထိုင္သည္။ စင္ေအာက္မွာေတာင္
ႏႈတ္ဆက္ၾက စကားေျပာခ့ဲၾကရ့ဲလား မသိပါ။

ပထမဦးစြာ စာေရးဆရာ ႐ုပ္႐ွင္ဒါ႐ိုက္တာ ဦးသာဓုမွ ေျပာပါသည္။ မွတ္မိသေလာက္
သာဓု လူ၀ါး၀တယ္ စာအုပ္အေၾကာင္းေျပာခ့ဲသည္ဟု ထင္ပါသည္။ မွားလွ်င္လည္း
ခြင့္လႊတ္ၾကပါ။ ေျပာခ်င္တာက ဒီအေၾကာင္းမ်ား မဟုတ္ပါ။ ထို႔ေနာက္ ေမာင္၀ဏၰက
ကတၱီပါဖိနပ္စီး ေ႐ႊထီးေဆာင္း အေၾကာင္း ေျပာသည္ထင္သည္။ ထားလိုက္ပါေတာ့။
ေနာက္ စာေရးဆရာ ဘ၀ သာ႐ွိေသးေသာ သုေမာင္က အခ်စ္၀ထၳဳအေၾကာင္းေျပာခ့ဲသည္
ထင္ပါသည္။

ခုမွ ေျပာခ်င္သည့္ အေၾကာင္းစပါမည္။ ေနာက္ဆံုးပိတ္ အိတ္နဲ႔လြယ္
မင္းလူေျပာပါေတာ့သည္။ အေဖႏွင့္အကိုမ်ားေ႐ွ႕တြင္ ေျပာရတာ သူ႔အဖို႔
လြယ္မည္မဟုတ္ပါ။ နာမည္ႀကီးေတြသာမက ၀ါပါ ႀကီးေသာသူမ်ား မဟုတ္ပါလား။
ဆရာမင္းလူက သူ႔အေဖအေၾကာင္းႏွင့္ စဖြင့္ခ့ဲပါသည္။

ဟိုးဖက္အစြန္းဆံုးမွာ ထိုင္ေနတာ ႏိုင္ငံေက်ာ္အႏုပညာ႐ွင္ႀကီး ျဖစ္ပါတယ္။
႐ုပ္႐ွင္လည္းေအာင္ျမင္၊ စာေရးတာလဲ ေအာင္ျမင္သူပါ။ ဒါေပမ့ဲ သူ႔သားေတြကို
နာမည္ေပးတာေတာ့ အင္မတန္ကို လြဲေနပါတယ္။ ပထမဆံုးေမြးလာတ့ဲ သားကို ပါဠိလို
အမည္ေပးပါတယ္။ အာယု တ့ဲ။ ျမန္မာလို အသက္႐ွည္ျခင္းေပါ့။ ငယ္စဥ္ကတည္းက
ဆံုးသြားပါတယ္။ ဒီေနရာမွာပင္ လြန္စြာပြဲက်ေနၿပီ။ ဦးသာဓုကေတာ့
နားေလးသူပီပီ ဘာမွၾကားဟန္မတူ။ ခပ္တည္တည္ပင္ ထိုင္ေနသည္။

ေနာက္တစ္ေယာက္ေမြးေတာ့ မမွတ္ေသးဘူး။ ဆက္နာမည္ေပးပါသည ၀ဏၰ တ့ဲ
ေကာင္းလိုက္ပံုမ်ား။ ျမန္မာလို အဆင္းလွျခင္းေပါ့။ ျမင္တ့ဲအတိုင္းပါဘဲဗ်ာ။
ပြဲက် သြားျပန္ပါသည္။ သိ သညိ့အတိုင္း ေမာင္၀ဏၰမွာ မုတ္ဆိတ္ေမႊး၊
ႏႈတ္ခမ္းေမႊး ထိုးထိုးေထာင္ေထာင္ ဗိုသီဘတ္သီႏွင့္ပါ။ သူ႔အေၾကာင္း
မဟုတ္သလိုႏွင့္ မ်က္ေမွာင္ကုတ္ၿပီး အရမ္းအေရးႀကီးသည့္ ကိစၥကို
စဥ္းစားဟန္လုပ္ေနသည္။

ဆက္ပါသည္။ ေနာက္တစ္ေယာက္က် ဗလ တ့ဲ။ အင္အားႀကီးျခင္းေပါ့။ ခြန္အားကေတာ့
ျမင္တဲအတိုင္းပါဘဲ။ ထိုစဥ္က ဦးသုေမာင္မွာ ပိန္တာမွ ႐ႈိက္ကုန္းကေလးလို
ျဖစ္ေနခ်ိန္၊ ပြဲက်ျပန္တာေပါ့။ ေနာက္တစ္ေယာက္က်ေတာ့ ႐ုပ တ့ဲ။ ဂလန္ဂလားနဲ႔
ဘယ္လိုလုပ္ အဆင္းလွမလည္းဗ်ာ။ သူကလည္း ေဘာလံုးသာကန္ေနသူပါ။ အကိုေမာင္၀ဏၰ၏
႐ုပ္႐ွင္ႏွစ္ကားေလာက္တြင္ သ႐ုပ္ေဆာင္ဘူးသည္။ ပံုမလာပါ။

ေနာက္ဆံုးတစ္ေယာက္က်ေတာ့ ဉာဏ တ့ဲ။ ( ဉာဏ္ေပၚ) ဟုေခၚေသာ ကၽြန္ေတာ္ေပါ့။
ပညာႀကီးျခင္းေပါ့။ ၀ိဇၹာဘြဲ႕ေလးရဘို႔ ငါးႏွစ္ေလာက္ေက်ာင္းတက္လိုက္ရတယ္။
စာလဲ တစ္ခါမွ မေတာ္ဘူးပါဗ်ာ။ ပြဲက်သြားပါသည္။ စကားလံုး အတိအက်
မျဖစ္ေသာ္လည္း အေၾကာင္းအရာေတာ့ ေသခ်ာပါသည္။

ခုေတာ စင္ေပၚက စာေရးဆရာမ်ား အားလံုးမ႐ွိေတာ့ပါ။ အႏုပညာ၀ါသနာ မပါသူ
ေဘာလံုးသမားတစ္ဦးသာ က်န္ေတာ့သည္။ ျမန္မာစာေပေလာကရဲ့ မိသားစုလိုက္
ထူးခၽြန္ခ့ဲသူေတြ။ ႏွေျမာစရာ အလြန္ပါ။ ဆရာမင္းလူေရးခ့ဲဘူးေသာ
ေသာ္တာေဆြတို႔ ေရာက္ေနေသာ ဘံုတစ္ခုတြင္ ဆံုေနၾကေလာက္ၿပီ ထင္ပါသည္။

လြမ္းမယ္ဆိုယင္ေတာ့ ခုႏွစ္ႀကိမ္၊ ခုႏွစ္ခါ လြမ္းရပါေတာ့မည္။ ။

No comments:

Post a Comment

Thank you.