14 August 2013

ဆရာမင်းလူသို့

ဆရာမင်းလူ ဆေးရုံတက်နေသည့်ပုံ တွေ့မိတယ်။

လုံး၀ စိတ်မကောင်းပါ။

ဆရာ ငယ်စဉ်က ရေးခ့ဲသော ကဗျာများကို ပြန်သတိရတော့

ခရု ခုံမိတယ်။

ခွင့်လွှတ်ကြပါကုန်။



ထားထားနွယ်သို့ အိပ်ဖွင့်ပေးကဗျာ



H5N1 ဗိုင်းရပ်ဆိုး

တစ်ချို့က ဆား ပိုးတ့ဲ၊

တရုပ်ပြည်မှာ ပြန့်နှံ့

ငါ လန့် လိမ့်မယ်ထင်သလား၊

အေ၀းကြီးမှ အေ၀းကြီး။ ။



H7N9 ဗိုင်းရပ်ဆိုး

အများက မား ပိုးတ့ဲ၊

အရှေ့အလယ်ပိုင်းမှာ ပြန့်နှံ့

ငါ လန့် လိမ့်မယ်ထင်သလား၊

အေ၀းကြီးမှ အေ၀းကြီး။ ။



လွန်ခ့ဲတ့ဲဆယ်နှစ်ကျော်

ငါချစ်တတ်တ့ဲ အရွယ်တော် ကတည်းက

H2N1 ဒါဏ် ခံ ခ့ဲရတ့ဲ ငါ ၊

ဆား လဲမကြောက်

မား လဲမကြောက်တော့ ။ ။



ဒီရောဂါက ဆား လိုလဲ မစွဲ

ဒီရောဂါက မား လိုလဲမစွဲ၊

ဒီ H2N1 က အသဲခွဲသွားတ့ဲရောဂါ

ဒီ တစ်သက်စာပါဘဲဗျို့။



ထားရက်ခ့ဲတယ် ထားထားနွယ် ရယ်။ ။



ပြီးပါပြီ။ ။ ။

No comments:

Post a Comment

Thank you.