
(Unicode version)
Voice ဂျာနယ်မှပေးသော အတွေးလေးများကို သဘောကျမိပါသည်။ သဘောမတူစရာများ တွေ့သော်လည်း ယခုနောက်ပိုင်း ဂျာနယ်ပါစာများ ပြောင်းလာသည် ထင်ပါသည်။ မြန်မာနိုင်ငံတွင် အမေရိကန် ပုံစံ စီးပွားရေး မလုပ်ခိုင်းတော့။
ပထမဦးစွာ Voice တွင်သာမက အခြားဂျာနယ်များတွင်လည်း ပါ၀င်သော အမှားလေး များကို ထောက်ပြပါရစေ။ စင်ကာပူနိုင်ငံတွင် ကျင်းပတော့မည့် F-1 Grand Prix ကားမောင်း ပြိုင်ပွဲနှင့် ပတ်သက်သော သတင်းများတွင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသားများ ပါ၀င် ပတ်သက်မှုကို ဖေါ်ပြနိုင် သည်မှာ ကောင်းပါသည်။ မြန်မာတွေ ကမ္ဘာနှင့်ဆိုင်သော ပွဲများတွင် တိုးစေချင် သောကြောင့် ဖြစ်ပါသည်။
အမှားများမှာ ပြိုင်ပွဲတွင် ပွဲစဉ်သုံးပွဲဟု ရေးထားတာကို တွေ့ရပါသည်။ အခြား ဂျာနယ်များတွင်လည်း အမှားမျိုးစုံကို တွေ့ရပါသည်။ အမှန်မှာ ပွဲစဉ်သုံးပွဲ မဟုတ်ပါ။ F-1 Grand Prix ပွဲတိုင်းတွင် ထုံးစံရှိပါသည်။ သောကြာနေ့တွင် ကွင်းအခြေအနေ သိနိုင်ရန် လေ့ကျင့်မောင်းကြပါသည်။ စနေနေ့တွင် စံချိန်ယူရန် မောင်းရပါသည်။ ထိုနေ့တွင် အမြန်ဆုံး မောင်းနိုင်သူသည် တနင်္ဂနွေနေ့ အဓိကပြိုင်ပွဲတွင် ရှေ့ဆုံးမှ တာထွက်ခွင့် ရပါသည်။ Pole Position ဟုခေါ်၍ ပြိုင်လမ်းကျင်းသော ( အထူးသဖြင့် မြို့တွင်းတွင်ပြိုင်ရသော Monaco Grand Prix နှင့် ယခု စင်ကာပူ Grand Prix) ပြိုင်ပွဲများတွင် ကျော်တက်ရန်မလွယ်သဖြင့် ထိပ်ဆုံးမှ တာထွက်နိုင်ရန် အလွန်အရေးကြီးပါသည်။ တနင်္ဂနွေနေ့တွင် အဓိကပြိုင်ပွဲ စပါသည်။
များသောအားဖြင့် နှစ်ပတ်ခြားတစ်ခါ ကမ္ဘာ့မြို့ကြီူများတွင် လှည့်ကာ ကျင်းပလေ့ ရှိပါသည်။ ဈေးကွက်ရှာကောင်းသော စင်ကာပူတွင် ကျင်းပမှ မြန်မာပြည်တွင် စိတ်၀င်စားလာ ကြသလား၊ မြန်မာများစွာရှိသည့် စင်ကာပူတွင် ကျင်းပ၍ မြန်မာဂျာနယ်များတွင် ပိုမိုဖေါ်ပြလာ သလားမသိပါ။ ပုံမှန်အားဖြင့် အားကစားဂျာနယ်များတွင်ပင် F-1 Grand Prix အကြောင်း ဖေါ်ပြလေ့မရှိပါ။
စင်ကာပူတွင်ကျင်းပမည့် F-1 Grand Prix ကို အာရှတွင် ပထမဆုံး ကျင်းပသောပွဲ ဟုရေးတာလဲ တွေ့ရသည်။ အရှေ့တောင်အာရှတွင်ပင် မဟုတ်ရပါ။ မလေးရှားတွင် ကျင်းပနေသည်မှာ နှစ်အတန်ကြာပါပြီ။ အာရှမှ တရုပ်ပြည်၊ ဂျပန်၊ ဘာရိန်း တို့တွင်လည်း ကျင်းပဖူးပါသည်။ ကျင်းပနေဆဲလည်း ဖြစ်ပါသည်။ သ်ု့ိသော် စင်ကာပူသည် လူတွေပိုမို စိတ်၀င်စားလာရန် ညဖက်တွင် ကျင်းပ၍ Singapore Night Race ဟု အမည်ပေးကာ စွဲဆောင် စည်းရုံးနိုင်ခ့ဲသည်။ Night Race ကတော့ ကမ္ဘာပေါ်မှာ ပထမဆုံး ပြိုင်ပွဲ ဖြစ်တာ သေချာပါသည်။
ဤနေရာတွင် Voice ဂျာနယ်ဧ။် Why Singapore? ကိုထောက်ခံ ရေးရတော့မည် ဖြစ်ပါသည်။ စင်ကာပူသည် စီးပွားရှာတော်ကြောင်း ပြသလိုက်ခြင်းပင်။ များသောအားဖြင့် F-1 ပြိုင်ပွဲကို စိတ်အ၀င်စားဆုံးမှာ ဗြိတိန် နှင့် ဥရောပတိုက်မှ နိုင်ငံများသာ ဖြစ်ကြသည်။ အကြမ်းအားဖြင့် နှစ်ပတ်တစ်မြို့လှည့်ကာ ပြိုင်ကြသည်။ ဥရောပပြင်ပမှဆို၍ အမေရိကန်၊ ဘရာဇီး သြစတြေးလျ တွင်သာပုံမှန် ကျင်းပ၍ နောက်ပိုင်း အာရှတွင် ဈေးကွက်ချဲ့လာပါပြီ။ ထို့အတွက် ပြိုင်ပွဲကို 12:00 GMT တွင် တာလွှတ်လေ့ရှိသည်။ အင်္ဂလန်နိုင်တွင် ကျင်းပလျှင် noon တွင်တာလွှတ်၍ ဥရောပတိုက်မှ နိုင်ငံများတွင် နေ့ခင်းတစ်နာရီတွင် တာလွှတ်ပါသည်။
F-1 ပြိုင်ပွဲသည် ၀င်ငွေများစွာရသည့်ပွဲဖြစ်၍ စင်ကာပူမှ ကျင်းပလိုသည်မှာ မဆန်းပါ။ သို့သော် ပြိုင်ကွင်းတည်ဆောက်ရန် မြေနေရာမရှိ၍ မြို့တွင်းပြိုင်ပွဲလုပ်ခွင့် ရရန် ကြိုးပမ်းခ့ဲပါသည်။ အတော်ဆုံးမှာ ည ပြိုင်ပွဲအဖြစ် အထူးအဆန်း ဖြစ်အောင်လုပ်နိုင်ခ့ဲသည်။ တကယ်တော့ ဥရောပမှလူများ ကြည့်နေကြ ပြိုင်ပွဲတာလွှတ်ချိန်သည် စင်ကာပူတွင် ည ၈ နာရီ ရှိနေပြီဖြစ်သည်။ ပရိသာတ်အများစု ကြည့်နေကြ အချိန်တွင် ကျင်းပလိုက်ခြင်းသာ ဖြစ်ပါသည်။ စင်ကာပူတွင် ည ရောက်နေသဖြင့် ည ပြိုင်ပွဲ ဖြစ်သွားပါသည်။ နည်းပညာ တိုးတက်မှုကြောင့် နေ့နှင့်မခြား မီးထွန်းပေးနိုင်ခ့ဲသည်။ နေ့အပူချိန်ကိုလည်း ရှောင်လွှဲပြီးဖြစ် နေခ့ဲသည်။
စင်ကာပူနှင့် စံတော်ချိန်တူသော အခြား အာရှနိုင်ငံများသည် ဒေသစံတော်ချိန် နေ့ခင်းတစ်နာရီတွင် (ဥရောပ စတိုင်အတိုင်း) တာလွှတ်တတ်သဖြင့် ဥရောပမှ လူများ ကြည့်ရန်မလွယ်ကူပါ။ မလေးရှား နှင့် တရုပ် တို့သည် စင်ကာပူထက် အရင် F-1 Grand Prix ကျင်းပခွင့်ရခ့ဲကြသော်လည်း စင်ကာပူက့ဲသို့ ဈေးကွက် မမြင်ခ့ဲကြ။ မြင်ခ့ဲလျှင်တောင်မှ နည်းပညာ အခက်အခဲ ရှိခ့ဲကြနိုင်သည်။ ထို့အတွက် စင်ကာပူတွင် ပထမဆုံး F-1 Grand Prix Night Race ဖြစ်လာခ့ဲသည်။ Why Singapore ထဲတွင် တစ်ချက်တိုးသင့်သည် မဟုတ်ပါလား။
မြန်မာပြည်မှ ကြည့်ချင်သူများသည် ၂ပေ စလောင်းတွင် Star Sport နှင့် ၈ပေ စလောင်းတွင် Palapa ဂြိုဟ်တုမှ အင်ဒိုနီးရှား Channel Global TV တွင် မြန်မာစံတော်ချိန် ညနေ ၆နာရီခွဲ ( GMT ၁၂း၀၀)တွင် ကြည့်နိုင်ပါသည်။ အမေရိကန်၊ ကနေဒါ၊ ဘရာဇီးတို့တွင် ကျင်းပလျှင် ည သန်းခေါင်ကျော်ဖြစ်၍ မလွယ်သော်လည်း ဥရောပတွင် ကျင်းပလျှင်မူ ညနေစောင်း ဖြစ်၍ အဆင်ပြေပါသည်။ တနင်္ဂနွေဘောလုံးပွဲများ မစမှီ ပြီးသဖြင့် အတော်ပင်။
ဤသို့ အားလုံးအဆင်ပြေအောင် စဉ်းစားနိုင်သည်မှာ စင်ကာပူ ဝါရင့်၀န်ကြီး လီကွမ်းယူး ဘဲလား ၊ သူရွေးချယ်ခန့်ထားသော ပုဂ္ဂိုလ် တစ်ဦးဦးဘဲလား မသိပါ။ တော်တာတော့ အလွန်တော်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင်လဲ ဒါမျိုး တိုင်းပြည် အကျိုးရှိအောင် စဉ်းစားပေးနိုင်မည့် မြန်မာလီကွမ်းယူး တစ်ယောက်လောက် ရှိလျှင် ကောင်မည်ဟု တောင့်တမိပါသည် ခင်ဗျား။ ။
XxXxXx
(Zawgyi version)
Voice ဂ်ာနယ္မွေပးေသာ အေတြးေလးမ်ားကို သေဘာက်မိပါသည္။ သေဘာမတူစရာမ်ား ေတြ႔ေသာ္လည္း ယခုေနာက္ပိုင္း ဂ်ာနယ္ပါစာမ်ား ေျပာင္းလာသည္ ထင္ပါသည္။ ျမန္မာႏိုင္ငံတြင္ အေမရိကန္ ပံုစံ စီးပြားေရး မလုပ္ခိုင္းေတာ့။
ပထမဦးစြာ Voice တြင္သာမက အျခားဂ်ာနယ္မ်ားတြင္လည္း ပါ၀င္ေသာ အမွားေလး မ်ားကို ေထာက္ျပပါရေစ။ စင္ကာပူႏိုင္ငံတြင္ က်င္းပေတာ့မည့္ F-1 Grand Prix ကားေမာင္း ၿပိဳင္ပြဲႏွင့္ ပတ္သက္ေသာ သတင္းမ်ားတြင္ျဖစ္ပါသည္။ ျမန္မာႏိုင္ငံသားမ်ား ပါ၀င္ ပတ္သက္မႈကို ေဖၚျပႏိုင္ သည္မွာ ေကာင္းပါသည္။ ျမန္မာေတြ ကမာၻႏွင့္ဆိုင္ေသာ ပြဲမ်ားတြင္ တိုးေစခ်င္ ေသာေၾကာင့္ ျဖစ္ပါသည္။
အမွားမ်ားမွာ ၿပိဳင္ပြဲတြင္ ပြဲစဥ္သံုးပြဲဟု ေရးထားတာကို ေတြ႔ရပါသည္။ အျခား ဂ်ာနယ္မ်ားတြင္လည္း အမွားမ်ိဳးစံုကို ေတြ႔ရပါသည္။ အမွန္မွာ ပြဲစဥ္သံုးပြဲ မဟုတ္ပါ။ F-1 Grand Prix ပြဲတိုင္းတြင္ ထံုးစံ႐ွိပါသည္။ ေသာၾကာေန႔တြင္ ကြင္းအေျခအေန သိႏိုင္ရန္ ေလ့က်င့္ေမာင္းၾကပါသည္။ စေနေန႔တြင္ စံခ်ိန္ယူရန္ ေမာင္းရပါသည္။ ထိုေန႔တြင္ အျမန္ဆံုး ေမာင္းႏိုင္သူသည္ တနဂၤေႏြေန႔ အဓိကၿပိဳင္ပြဲတြင္ ေ႐ွ႕ဆံုးမွ တာထြက္ခြင့္ ရပါသည္။ Pole Position ဟုေခၚ၍ ၿပိဳင္လမ္းက်င္းေသာ ( အထူးသျဖင့္ ၿမိဳ႕တြင္းတြင္ၿပိဳင္ရေသာ Monaco Grand Prix ႏွင့္ ယခု စင္ကာပူ Grand Prix) ၿပိဳင္ပြဲမ်ားတြင္ ေက်ာ္တက္ရန္မလြယ္သျဖင့္ ထိပ္ဆံုးမွ တာထြက္ႏိုင္ရန္ အလြန္အေရးၾကီးပါသည္။ တနဂၤေႏြေန႕တြင္ အဓိကၿပိဳင္ပြဲ စပါသည္။
မ်ားေသာအားျဖင့္ ႏွစ္ပတ္ျခားတစ္ခါ ကမာၻ႕ၿမိဳ႕ႀကီူမ်ားတြင္ လွည့္ကာ က်င္းပေလ့ ႐ွိပါသည္။ ေစ်းကြက္႐ွာေကာင္းေသာ စင္ကာပူတြင္ က်င္းပမွ ျမန္မာျပည္တြင္ စိတ္၀င္စားလာ ၾကသလား၊ ျမန္မာမ်ားစြာ႐ွိသည့္ စင္ကာပူတြင္ က်င္းပ၍ ျမန္မာဂ်ာနယ္မ်ားတြင္ ပိုမိုေဖၚျပလာ သလားမသိပါ။ ပံုမွန္အားျဖင့္ အားကစားဂ်ာနယ္မ်ားတြင္ပင္ F-1 Grand Prix အေၾကာင္း ေဖၚျပေလ့မ႐ွိပါ။
စင္ကာပူတြင္က်င္းပမည့္ F-1 Grand Prix ကို အာ႐ွတြင္ ပထမဆံုး က်င္းပေသာပြဲ ဟုေရးတာလဲ ေတြ႕ရသည္။ အေ႐ွ႕ေတာင္အာ႐ွတြင္ပင္ မဟုတ္ရပါ။ မေလး႐ွားတြင္ က်င္းပေနသည္မွာ ႏွစ္အတန္ၾကာပါၿပီ။ အာ႐ွမွ တ႐ုပ္ျပည္၊ ဂ်ပန္၊ ဘာရိန္း တို႔တြင္လည္း က်င္းပဖူးပါသည္။ က်င္းပေနဆဲလည္း ျဖစ္ပါသည္။ သ္ု႔ိေသာ္ စင္ကာပူသည္ လူေတြပိုမို စိတ္၀င္စားလာရန္ ညဖက္တြင္ က်င္းပ၍ Singapore Night Race ဟု အမည္ေပးကာ စြဲေဆာင္ စည္း႐ံုးႏိုင္ခ့ဲသည္။ Night Race ကေတာ့ ကမာၻေပၚမွာ ပထမဆံုး ၿပိဳင္ပြဲ ျဖစ္တာ ေသခ်ာပါသည္။
ဤေနရာတြင္ Voice ဂ်ာနယ္ဧ။္ Why Singapore? ကိုေထာက္ခံ ေရးရေတာ့မည္ ျဖစ္ပါသည္။ စင္ကာပူသည္ စီးပြား႐ွာေတာ္ေၾကာင္း ျပသလိုက္ျခင္းပင္။ မ်ားေသာအားျဖင့္ F-1 ၿပိဳင္ပြဲကို စိတ္အ၀င္စားဆံုးမွာ ျဗိတိန္ ႏွင့္ ဥေရာပတိုက္မွ ႏိုင္ငံမ်ားသာ ျဖစ္ၾကသည္။ အၾကမ္းအားျဖင့္ ႏွစ္ပတ္တစ္ၿမိဳ႕လွည့္ကာ ၿပိဳင္ၾကသည္။ ဥေရာပျပင္ပမွဆို၍ အေမရိကန္၊ ဘရာဇီး ၾသစေၾတးလ် တြင္သာပံုမွန္ က်င္းပ၍ ေနာက္ပိုင္း အာ႐ွတြင္ ေစ်းကြက္ခ်ဲ႕လာပါၿပီ။ ထို႔အတြက္ ၿပိဳင္ပြဲကို 12:00 GMT တြင္ တာလႊတ္ေလ့႐ွိသည္။ အဂၤလန္ႏိုင္တြင္ က်င္းပလွ်င္ noon တြင္တာလႊတ္၍ ဥေရာပတိုက္မွ ႏိုင္ငံမ်ားတြင္ ေန႔ခင္းတစ္နာရီတြင္ တာလႊတ္ပါသည္။
F-1 ၿပိဳင္ပြဲသည္ ၀င္ေငြမ်ားစြာရသည့္ပြဲျဖစ္၍ စင္ကာပူမွ က်င္းပလိုသည္မွာ မဆန္းပါ။ သို႔ေသာ္ ၿပိဳင္ကြင္းတည္ေဆာက္ရန္ ေျမေနရာမ႐ွိ၍ ၿမိဳ႕တြင္းၿပိဳင္ပြဲလုပ္ခြင့္ ရရန္ ႀကိဳးပမ္းခ့ဲပါသည္။ အေတာ္ဆံုးမွာ ည ၿပိဳင္ပြဲအျဖစ္ အထူးအဆန္း ျဖစ္ေအာင္လုပ္ႏိုင္ခ့ဲသည္။ တကယ္ေတာ့ ဥေရာပမွလူမ်ား ၾကည့္ေနၾက ၿပိဳင္ပြဲတာလႊတ္ခ်ိန္သည္ စင္ကာပူတြင္ ည ၈ နာရီ ႐ွိေနၿပီျဖစ္သည္။ ပရိသာတ္အမ်ားစု ၾကည့္ေနၾက အခ်ိန္တြင္ က်င္းပလိုက္ျခင္းသာ ျဖစ္ပါသည္။ စင္ကာပူတြင္ ည ေရာက္ေနသျဖင့္ ည ၿပိဳင္ပြဲ ျဖစ္သြားပါသည္။ နည္းပညာ တိုးတက္မႈေၾကာင့္ ေန႔ႏွင့္မျခား မီးထြန္းေပးႏိုင္ခ့ဲသည္။ ေန႔အပူခ်ိန္ကိုလည္း ေ႐ွာင္လႊဲၿပီးျဖစ္ ေနခ့ဲသည္။
စင္ကာပူႏွင့္ စံေတာ္ခ်ိန္တူေသာ အျခား အာ႐ွႏိုင္ငံမ်ားသည္ ေဒသစံေတာ္ခ်ိန္ ေန႔ခင္းတစ္နာရီတြင္ (ဥေရာပ စတိုင္အတိုင္း) တာလႊတ္တတ္သျဖင့္ ဥေရာပမွ လူမ်ား ၾကည့္ရန္မလြယ္ကူပါ။ မေလး႐ွား ႏွင့္ တ႐ုပ္ တို႔သည္ စင္ကာပူထက္ အရင္ F-1 Grand Prix က်င္းပခြင့္ရခ့ဲၾကေသာ္လည္း စင္ကာပူက့ဲသို႔ ေစ်းကြက္ မျမင္ခ့ဲၾက။ ျမင္ခ့ဲလွ်င္ေတာင္မွ နည္းပညာ အခက္အခဲ ႐ွိခ့ဲၾကႏိုင္သည္။ ထို႔အတြက္ စင္ကာပူတြင္ ပထမဆံုး F-1 Grand Prix Night Race ျဖစ္လာခ့ဲသည္။ Why Singapore ထဲတြင္ တစ္ခ်က္တိုးသင့္သည္ မဟုတ္ပါလား။
ျမန္မာျပည္မွ ၾကည့္ခ်င္သူမ်ားသည္ ၂ေပ စေလာင္းတြင္ Star Sport ႏွင့္ ၈ေပ စေလာင္းတြင္ Palapa ၿဂိဳဟ္တုမွ အင္ဒိုနီး႐ွား Channel Global TV တြင္ ျမန္မာစံေတာ္ခ်ိန္ ညေန ၆နာရီခြဲ ( GMT ၁၂း၀၀)တြင္ ၾကည့္ႏိုင္ပါသည္။ အေမရိကန္၊ ကေနဒါ၊ ဘရာဇီးတို႔တြင္ က်င္းပလွ်င္ ည သန္းေခါင္ေက်ာ္ျဖစ္၍ မလြယ္ေသာ္လည္း ဥေရာပတြင္ က်င္းပလွ်င္မူ ညေနေစာင္း ျဖစ္၍ အဆင္ေျပပါသည္။ တနဂၤေႏြေဘာလံုးပြဲမ်ား မစမွီ ၿပီးသျဖင့္ အေတာ္ပင္။
ဤသို႔ အားလံုးအဆင္ေျပေအာင္ စဥ္းစားႏိုင္သည္မွာ စင္ကာပူ ၀ါရင့္၀န္ႀကီး လီကြမ္းယူး ဘဲလား ၊ သူေ႐ြးခ်ယ္ခန္႔ထားေသာ ပုဂၢိဳလ္ တစ္ဦးဦးဘဲလား မသိပါ။ ေတာ္တာေတာ့ အလြန္ေတာ္ပါသည္။ ကၽြန္ေတာ္တို႔ႏိုင္ငံတြင္လဲ ဒါမ်ိဳး တိုင္းျပည္ အက်ိဳး႐ွိေအာင္ စဥ္းစားေပးႏိုင္မည့္ ျမန္မာလီကြမ္းယူး တစ္ေယာက္ေလာက္ ႐ွိလွ်င္ ေကာင္မည္ဟု ေတာင့္တမိပါသည္ ခင္ဗ်ား။ ။
No comments:
Post a Comment
Thank you.