13 September 2008

money money money

(Unicode version )



လောကကြီးမှာ ငွေဆိုလျှင် မလိုချင်သူ မရှိပါဘူး။ ငွေပုံကြီးဆိုလျှင် သာ၍ကောင်းတာပေါ့။ တကယ်ပြောတာလားနော်။

ပုံမှာပြထားတ့ဲ ပိုက်ဆံမျိုးဆိုယင်ကောဗျာ။ ဒါမျိုးတွေကြီးဘဲ ဆိုယင်တော့ စဉ်းစားရတော့မလို ဖြစ်နေပြီ မဟုတ်ပါလား။ လက်ရှိ မြန်မာပြည်မှာ သုံးနေရတ့ဲ ပိုက်ဆံတွေပါ။ ရောဂါတွေ ဘယ်လောက်ကူးနိုင်မလဲ မသိပါဘူး။ အယင်က ပိုက်ဆံပြန်အမ်းလို့ ညစ်ပတ်စုတ်ပြတ်နေယင် ပြန်လဲခိုင်းတတ်ကြပါတယ်။ ခုတော့ ဂျီးများမနေနိုင်ကြတော့ပါဘူး။ ချိုချဉ်တွေပြန်မအမ်းတာဘဲ ကျေးဇူးတင်စရာပါ။

လွန်ခ့ဲတဲ့နှစ်က လုပ်ခဲ့တ့ဲ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ငွေစက္ကူတွေ ဟောင်းနွမ်းလွန်းနေလို့ မေးခ့ဲဘူးပါတယ်။ တာ၀န်ရှိသူက သက်ဆိုင်သူတွေ စီစဉ်နေပါတယ် ဆိုပြီး ရောဖြီးသွားပါတယ်။အစီအစဉ် မရှိလဲ မရှိဘူးပေါ့ ၊ မသိလဲ မသိဘူးပေါ့ဗျာ။ ခုထိိ့ ဘာမှ မထူးသေးတော့ ရောဖြီးသွားတာဘဲ အောက်မေ့တာ မလွန်ပါဘူး။

တကယ်က ပိုက်ဆံတစ်ရွက်ရိုက်ယင် ကုန်ကျစားရိတ်ချင်း အတူတူဆိုတော့ တန်ဖိုးကြီးတ့ဲ တစ်ထောင်ကျပ် တန်ဘဲ ရိုက်နေတယ်ထင်ပါတယ်။ ဒါဆိုယင်လဲ ငါးဆယ် နဲ့ တစ်ရာတန်ကို အကြွေစေ့ အဖြစ်ပေါပေါများများ ထုတ်သုံးသင့်ပါတယ်။

ဂျာနယ်တစ်စောင်မှာတော့ နေပြည်တော်မှာ ၅၀၊၁၀၀ တန်အကြွေစေ့တွေ သုံးနေတာ ဖတ်လိုက်ရပါတယ်။ ကျန်တစ်နိုင်ငံလုံးလဲ အကြွေစေ့ သုံးချင်မှာပါဘဲ။ ကိုယ်တိုင်တော့ မတွေ့ဖူးပါဘူး။ တနင်္သာရီဖက်မှာ ငါးကျပ်တန် တစ်ဆယ်တန် အစုပ်လေးတွေ ပလတ်စတစ်နဲ့ ထုပ်ထားပြီးတော့ တစ်ရာတန်အကြွေ အဖြစ်သုံးနေတယ်ဆိုဘဲ။ တော်တော် အမျှော်အမြင် ရှိတ့ဲလူတွေဘဲဗျာ။ ညစ်ပတ်နေတ့ဲ ငွေစက္ကူတွေ မကိုင်ရတော့ အနည်းဆုံး ရောဂါကူးတော့ သက်သာမှာပါဘဲ။



XxXxXx

(Zawgyi version)

ေလာကႀကီးမွာ ေငြဆိုလွ်င္ မလိုခ်င္သူ မ႐ွိပါဘူး။ ေငြပံုႀကီးဆိုလွ်င္ သာ၍ေကာင္းတာေပါ့။ တကယ္ေျပာတာလားေနာ္။
ပံုမွာျပထားတ့ဲ ပိုက္ဆံမ်ိဳးဆိုယင္ေကာဗ်ာ။ ဒါမ်ိဳးေတြႀကီးဘဲ ဆိုယင္ေတာ့ စဥ္းစားရေတာ့မလို ျဖစ္ေနၿပီ မဟုတ္ပါလား။ လက္႐ွိ ျမန္မာျပည္မွာ သံုးေနရတ့ဲ ပိုက္ဆံေတြပါ။ ေရာဂါေတြ ဘယ္ေလာက္ကူးႏိုင္မလဲ မသိပါဘူး။ အယင္က ပိုက္ဆံျပန္အမ္းလို႔ ညစ္ပတ္စုတ္ျပတ္ေနယင္ ျပန္လဲခိုင္းတတ္ၾကပါတယ္။ ခုေတာ့ ဂ်ီးမ်ားမေနႏိုင္ၾကေတာ့ပါဘူး။ ခ်ိဳခ်ဥ္ေတြျပန္မအမ္းတာဘဲ ေက်းဇူးတင္စရာပါ။
လြန္ခ့ဲတဲ့ႏွစ္က လုပ္ခဲ့တ့ဲ သတင္းစာ႐ွင္းလင္းပြဲ တစ္ခုမွာ ေငြစကၠဴေတြ ေဟာင္းႏြမ္းလြန္းေနလို႔ ေမးခ့ဲဘူးပါတယ္။ တာ၀န္႐ွိသူက သက္ဆိုင္သူေတြ စီစဥ္ေနပါတယ္ ဆိုၿပီး ေရာၿဖီးသြားပါတယ္။အစီအစဥ္ မ႐ွိလဲ မ႐ွိဘူးေပါ့ ၊ မသိလဲ မသိဘူးေပါ့ဗ်ာ။ ခုထိိ့ ဘာမွ မထူးေသးေတာ့ ေရာၿဖီးသြားတာဘဲ ေအာက္ေမ့တာ မလြန္ပါဘူး။
တကယ္က ပိုက္ဆံတစ္႐ြက္႐ိုက္ယင္ ကုန္က်စားရိတ္ခ်င္း အတူတူဆိုေတာ့ တန္ဖိုးႀကီးတ့ဲ တစ္ေထာင္က်ပ္ တန္ဘဲ ႐ိုက္ေနတယ္ထင္ပါတယ္။ ဒါဆိုယင္လဲ ငါးဆယ္ နဲ႔ တစ္ရာတန္ကို အေၾကြေစ့ အျဖစ္ေပါေပါမ်ားမ်ား ထုတ္သံုးသင့္ပါတယ္။
ဂ်ာနယ္တစ္ေစာင္မွာေတာ့ ေနျပည္ေတာ္မွာ ၅၀၊၁၀၀ တန္အေၾကြေစ့ေတြ သံုးေနတာ ဖတ္လိုက္ရပါတယ္။ က်န္တစ္ႏိုင္ငံလံုးလဲ အေၾကြေစ့ သံုးခ်င္မွာပါဘဲ။ ကိုယ္တိုင္ေတာ့ မေတြ႕ဖူးပါဘူး။ တနသၤာရီဖက္မွာ ငါးက်ပ္တန္ တစ္ဆယ္တန္ အစုပ္ေလးေတြ ပလတ္စတစ္နဲ႔ ထုပ္ထားၿပီးေတာ့ တစ္ရာတန္အေၾကြ အျဖစ္သံုးေနတယ္ဆိုဘဲ။ ေတာ္ေတာ္ အေမွ်ာ္အျမင္ ႐ွိတ့ဲလူေတြဘဲဗ်ာ။ ညစ္ပတ္ေနတ့ဲ ေငြစကၠဴေတြ မကိုင္ရေတာ့ အနည္းဆံုး ေရာဂါကူးေတာ့ သက္သာမွာပါဘဲ။





No comments:

Post a Comment

Thank you.