12 February 2008

this week

ဒီတစ်ပါတ်ထဲမှာရေးချင်တာ ကြီး တွေ့ပေမဲ့ မရေးဖြစ်ခဲ့ပါဘူး ။ စာလုံးသုံးတာကအစ ဂရုပြုရမဲ့ ကိစ္စဆိုတော့ နောက်မှဘဲရေးပါမယ် ။
ဒီအပါတ်ထဲမှာ စင်ကာပူဒေါ်လာဟာ အမေရိကန်ဒေါ်လာနဲ့ ငွေလဲနှုံးမှာ အမြင့်ဆုံးရောက်သွားပါတယ် ။ အမေရိကန် တစ်ဒေါ်လာကို စင်ကာပူ ၁.၄၁ လောက်သာရှိပါတယ် ။ လွန်ခဲ့တဲ့ တစ်နှစ် ဒီအချိန်မှာ ၁.၅၂ လောက်ပေးခဲ့ရပါတယ် ။ သဘောကတော့ US$ ၁၀၀၀ ရဘို့ အယင်က S$ ၁၅၂၀ ပေးရမှာဖြစ်ပေမဲ့ အခု ၁၄၁၀ ခန့်သာပေးရတော့မှာပါ ။ ၅% လောက်သက်သာသွားတာပေါ့ ။ euro ကလဲ US$ နဲ့ယှဉ်ယင် ၃ ၄ နှစ်အတွင်း အများကြီးတက်လာပါတယ် ။
ဒီကိစ္စကတော့ ကျွန်တော်တို့နဲ့တိုက်ရိုက်ဆိုင်ပါတယ် ။ မြန်မာနိုင်ငံကို sanction လုပ်ချိန်မှာ exchange rate ကနဲပါသေးတယ် ။ အသေအချာမှတ်မထားမိပေမဲ့ ခုနှုံးကိုမရောက်သေးတာတော့ သေချာပါတယ် ။ အဲဒီအချိန်ကသာ မြန်မာအစိုးရက သတ္တိရှိရှိ ငွေကြေးအားလုံးကို euro နဲ့ လဲခဲ့ယင် နေယင်းထိုင်ယင်း တစ်ဆခွဲလောက်ပိုချမ်းသာသွားမှာပါ ။ ရှေးရိုးဆွဲကလဲ ရှိနေတော့ ၊ အမျှော်အမြင်ကလဲ မရှိတော့ ခုထိ ဒီ $ ကြီးကိုကိုင်ဆွဲထားတုံးပါဘဲ ။ တရားဝင်သာ အစိုးရကိစ္စတွေမှာ euro နဲ့ကြေငြာပေမဲ့ တကယ်သုံးတော့ US$ ပါဘဲ ။ အစိုးရ F.E ဘဏ်မှာ သွားထုတ်ယင် $ သာပေးတုံးပါဘဲ ။

x x x x x x

ဒီတစ်ပါတ်ထဲ နောက်ထပ်ရေးချင်တာက ယိုးဒယား ရွေးကောက်ပွဲ အနိုင်အရှုံးအကြောင်းပါ ။ ကျွန်တော်ထင်တဲ့အတိုင်း သက်ဆင် ထောက်ခံသူတွေဦးဆောင်တဲ့ PPP ပါတီကဘဲ နိုင်သွားပါတယ် ။ စစ်တပ်က အာဏာသိမ်းပြီး ၁၅ လ အကြာမှာ အရပ်သားအစိုးရလက်ထဲ ပြန်ရောက်သွားတာပေါ့ ။ ဒီ ၁၅ လအတွင်းမှာ ဗိုလ်ချုပ်ကြီးတွေဟာ ပထမဆုံးမျှော်မှန်းချက်ဖြစ်တဲ့ တောင်ပိုင်းက ခွဲထွက်မူစလင် ကိစ္စကိုတောင်
မရှင်းနိုင်ခဲ့ပါဘူး ။ ၁၅ လ အတွင်းမှာ လူ ၉၀၀ ကျော်အသတ်ခံရတယ်လို့ သတင်းများမှာဖတ်ရပါတယ် ။
အရေးကြီးတဲ့ စီးပွားရေးကိစ္စမှာ စစချင်း သက်ဆင်နဲ့ပါတ်သက်တာတွေကိုဖြိုဖို့လုပ်တာ မအောင်မြင်ပါဘူး။ ထိုင်းနိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးတောင်ပျာသွားပါတယ် ။ နိုင်ငံခြားသားတွေရဲ့ ပိုင်ဆိုင်မှု့ကိုထိန်းချုပ်တာ စတော့ဈေးတွေကျသွားလို့ နောက်နေ့မှာ ချက်ချင်းပြန်ဖျက်ပေးလိုက်ရပါတယ် ။ ရှက်ဖွယ်ပါဘဲ ။ အဲဒီနောက်မှာ ဗိုလ်ချုပ်တွေ စီးပွားရေးကိုလုံးဝ မထိတော့ပါဘူး ။ ဒီခေတ်ကြီးမှာ နေရာတကာ လုံခြုံရေးရှု့ထောင့်ကကြည့်လို့ မရတော့ပါဘူး ။ စစ်ရေးနဲ့ တိုက်တာ လူမြင်ပြီး ပိုက်ဆံကုန်ပါတယ် ။ စီးပွားရေးနဲ့ တိုက်တာ မသိသာပါဘူး ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကလို ကိုလိုနီလုပ်ဖို့ မလိုတော့ပါဘူး ။ ဆင်းရဲတဲ့နီုင်ငံတွေက လာစီးပွားရေး လုပ်ဖို့ခေါ်နေရတဲ့ ခေတ်ပါ ။ ဒီမှာ ရေ၊မီးတွေ လဲအဆင်သင့်ပါ ၊ Infrastructure တွေလဲ လုပ်ပေးပါ့မယ် ။ အလုပ်သမားတွေဆိုလဲ ပေါမှပေါ ဆိုပြီး ကြော်ငြာအော်ခေါ်နေရတဲ့ အချိန်ပါ ။
ကျွန်တော်စဉ်းစားမိတာက ၁၅ လ လောက်နဲ့ ထိုင်းစီးပွားရေး ဒီလောက်ထိယင် ၁၅ နှစ်ကျော်ဆိုယင် ဘယ်လိုနေမလဲ ဆိုတာကိုပါ ။ မချမ်းသာချင်ဘူးဆိုယင်တော့ မတတ်နိုင်ဘူးပေါ့ ။ ။

No comments:

Post a Comment

Thank you.