23 February 2008

Constitution

(Unicode version)


ဒီတစ်ပါတ်အတွင်းမှာ နားထောင်ရတ့ဲသတင်းတွေမှာရော ၀င်လာတ့ဲ email တွေမှာရော အများဆုံးကြားရ ဖတ်ရတာကတော့ မေလမှာကျင်းပမ့ဲ ဖွဲ့စည်းအုပ်ချုပ်ပုံဆန္ဒခံယူပွဲကို ကန့်ကွက်ကြဖို့ပါဘဲ ။ ပြည်ပက ကန့်ကွက်ကြတ့ဲအဓိကအကြောင်းအရင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုရွေးကောက်ပွဲ ပေးမ၀င်လို့ပါ ။ ပြည်တွင်းကတော့ တပ်မတော်က နေရာတကာမှာ ၂၅% ယူထားလို့ပါ ။

ဒါပေမ့ဲ ကန့်ကွက်ပြီးယင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှဖေါ်ပြထားချင်းမရှိပါဘူး ။ ၁၉၉၃ ခုနှစ်ကပြန်စယင်ဘယ်လိုလုပ်ကြမလဲဗျာ ။ ထောက်ခံဖို့ဆိုတာကလဲဘယ်လိုမှ မဖြစ်နိုင်ပြန်ဘူး ။ ဆုပ်လဲဆူး၊စားလဲရူး အခြေအနေပါဘဲ ။

ဒီနေရာမှာ အချင်းချင်းညှိကြတာအကောင်းဆုံးပါဘဲ ။ အပေးအယူလုပ်ကြယင်ကောင်းမယ် ထင်တယ် ။ ၁၉၇၃ ဆန္ဒခံယူပွဲတုံးကတော့ မူကြမ်းဆိုပြီး ၃ ကြိမ်လောက်သတင်းစာတွေမှာ ထ့ဲပေးပါတယ် ။ မကြိုက်တာတွေကိုလဲ စာရေးအကြောင်းကြားလို့ရပါတယ် ။ ဒါပေမ့ဲနောက်ဆုံးမှာတော့ သူတို့စိတ်ကြိုက် ေရေးသွားတာပါဘဲ ။ ၁၉၈၈ ခုနှစ်ကျမှ ပျက်တော့တာပါ ။

ဘယ်ဖွဲ့စည်းအုပ်ချုပ်ပုံမှ အမြဲမမှန်နိုင်ပါဘူး ။ အချိန်အခါနဲ့လိုက်ပြောင်းနေရမှာပါဘဲ ။ ပြီးပြည့်စုံအောင် တစ်ခါထဲရေးတယ်ဆိုတာ မဖြစ်နိုင်တာကိုလုပ်နေတာပါ ။ အချိန်ဆွဲနေတာလဲ ဖြစ်နိုင်ပါတယ် ။ ယခုရုတ်တရက် ဆန္ဒခံယူပွဲလုပ်ပေးမယ်ဆိုတာ အကြောင်းရှိပါလိမ့့်မယ် ။ ရွေးကောက်ပွဲ date တစ်ခါလဲကြေငြာတာလဲ အ့ံသြစရာပါ ။ ၅၀ %ကျော်ကန့်ကွက်ကြယင်ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားမထားတာလား ၊ တစ်ခါထဲ ထောက်ခံကြပါတယ်ဆိုပြီး လိမ််မှာလားမသိပါဘူး ။

ကျွန်တော်စဉ်းစားမိတာ တစ်ခုတော့ရှိပါတယ် ။ ကြီးကြီးကျယ်ကျယ် ပြောယင်တော့ နိုင်ငံရေးအပေးအယူ လုပ်တာပေါ့ ။ တစ်ကယ်ကတော့ ဈေးဆစ်ကြတာပါ ။ NLD ဖက်ကလဲ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ကိုမယူသင့်တော့ပါဘူး ။ အရွေးခံအမတ်တော်တော် များများလဲမရှိေတော့ပါဘူး ။ ခုတစ်ခါ စ မဲဲပေးမ့ဲ လူငယ်တွေဟာ ၁၉၉၀ ကမှမွေးတဲ့သူတွေပါ ။ ၁၉၈၈ ကအကြောင်းတွေကို လုံး၀သိသူတွေ မဟုတ်ပါဘူး ။ သူတို့အတွေးအခေါ်တွေဟာ အယင်လူတွေနဲ့ လုံး၀ခြားနားနေပါလိမ့်မယ် ။ NLD အနေနဲ့ကလဲ ကိုယ့်ကိုကိုယ် ယူံကြည်မှု ရှိတယ်ဆိုယင် ဘာလို့ရွေးကောက်ပွဲအသစ်ကို မ၀င်ရဲတာလဲ ။

ကဲ ဒီတော့ စစ်တပ်ဖက်ကရော ဘာလျှော့ပေးရမှာလဲ ။ လွယ်လွယ်လေးပါ ။ ၂၅% ဆိုတာကြီးကို ဖြုတ်ပေးလိုက်ယုံပါဘဲ ။ တပ်ထဲက နိုင်ငံရေးဝါသနာပါသူတွေ တပ်ကထွက်ပြီး ရွေးကောက်ပွဲ၀င်နိုင်ပါတယ် ။ ကြ့ံဖွံ့အသင်းကို ပါတီအဖြစ်ပြောင်းဖွဲ့ပြီး ၀င်သင့်တာပေါ့ ။သူတို့မှာလဲ အဖွဲ့၀င်တွေနဲတာမှမဟုတ်ဘဲ ။ သတင်းစာတွေ မှာဆိုထောက်ခံသူတွေ အများအပြားတွေ့နေရတာဘဲဗျာ ။ နိုင်နိုင်ပါတယ်နော် ။ ။

XxXxXx

(Zawgyi version )

ဒီတစ္ပါတ္အတြင္းမွာ နားေထာင္ရတ့ဲသတင္းေတြမွာေရာ ၀င္လာတ့ဲ email ေတြမွာေရာ အမ်ားဆံုးၾကားရ ဖတ္ရတာကေတာ့ ေမလမွာက်င္းပမ့ဲ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုဆႏၵခံယူပြဲကို ကန္႔ကြက္ၾကဖို႔ပါဘဲ ။ ျပည္ပက ကန္႔ကြက္ၾကတ့ဲအဓိကအေၾကာင္းအရင္းကေတာ့ ေဒၚေအာင္ဆန္းစုုၾကည္ ကိုေရြးေကာက္ပြဲ ေပးမ၀င္လို႔ပါ ။ ျပည္တြင္းကေတာ့ တပ္မေတာ္က ေနရာတကာမွာ ၂၅% ယူထားလို႔ပါ ။
ဒါေပမ့ဲ ကန္႔ကြက္ျပီးယင္ ဘာျဖစ္မယ္ဆိုတာ ဘယ္သူမွေဖၚျပထားခ်င္းမရွိပါဘူး ။ ၁၉၉၃ ခုႏွစ္ကျပန္စယင္ဘယ္လိုလုပ္ၾကမလဲဗ်ာ ။ ေထာက္ခံဖို႔ဆိုတာကလဲဘယ္လိုမွ မျဖစ္နိုင္ျပန္ဘူး ။ ဆုပ္လဲဆူး၊စားလဲရူး အေျခအေနပါဘဲ ။
ဒီေနရာမွာ အခ်င္းခ်င္းညွိၾကတာအေကာင္းဆံုးပါဘဲ ။ အေပးအယူလုပ္ၾကယင္ေကာင္းမယ္ ထင္တယ္ ။ ၁၉၇၃ ဆႏၵခံယူပြဲတံုးကေတာ့ မူၾကမ္းဆိုျပီး ၃ ၾကိမ္ေလာက္သတင္းစာေတြမွာ ထ့ဲေပးပါတယ္ ။ မၾကိဳက္တာေတြကိုလဲ စာေရးအေၾကာင္းၾကားလို႔ရပါတယ္ ။ ဒါေပမ့ဲေနာက္ဆံုးမွာေတာ့ သူတို႔စိတ္ၾကိဳက္ ေေရးသြားတာပါဘဲ ။ ၁၉၈၈ ခုႏွစ္က်မွ ပ်က္ေတာ့တာပါ ။
ဘယ္ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုမွ အျမဲမမွန္ႏိုင္ပါဘူး ။ အခ်ိန္အခါနဲ႔လိုက္ေျပာင္းေနရမွာပါဘဲ ။ ျပီးျပည့္စံုေအာင္ တစ္ခါထဲေရးတယ္ဆိုတာ မျဖစ္ႏိုင္တာကိုလုပ္ေနတာပါ ။ အခ်ိန္ဆြဲေနတာလဲ ျဖစ္ႏိုင္ပါတယ္ ။ ယခုရုတ္တရက္ ဆႏၵခံယူပြဲလုပ္ေပးမယ္ဆိုတာ အေၾကာင္းရွိပါလိမ့့္မယ္ ။ ေရြးေကာက္ပြဲ date တစ္ခါလဲေၾကျငာတာလဲ အ့ံၾသစရာပါ ။ ၅၀ %ေက်ာ္ကန္႔ကြက္ၾကယင္ဘယ္လိုလုပ္မလဲဆိုတာ စဥ္းစားမထားတာလား ၊ တစ္ခါထဲ ေထာက္ခံၾကပါတယ္ဆိုျပီး လိမ္္မွာလားမသိပါဘူး ။
ကၽြန္ေတာ္စဥ္းစားမိတာ တစ္ခုေတာ့ရွိပါတယ္ ။ ၾကီးၾကီးက်ယ္က်ယ္ ေျပာယင္ေတာ့ ႏိုင္ငံေရးအေပးအယူ လုပ္တာေပါ့ ။ တစ္ကယ္ကေတာ့ ေစ်းဆစ္ၾကတာပါ ။ NLD ဖက္ကလဲ ၁၉၉၀ ေရြးေကာက္ပြဲရလဒ္ ကိုမယူသင့္ေတာ့ပါဘူး ။ အေရြးခံအမတ္ေတာ္ေတာ္ မ်ားမ်ားလဲမရွိေေတာ့ပါဘူး ။ ခုတစ္ခါ စ မဲဲေပးမ့ဲ လူငယ္ေတြဟာ ၁၉၉၀ ကမွေမြးတဲ့သူေတြပါ ။ ၁၉၈၈ ကအေၾကာင္းေတြကို လံုး၀သိသူေတြ မဟုတ္ပါဘူး ။ သူတို႔အေတြးအေခၚေတြဟာ အယင္လူေတြနဲ႔ လံုး၀ျခားနားေနပါလိမ့္မယ္ ။ NLD အေနနဲ႔ကလဲ ကိုယ့္ကိုကိုယ္ ယံူၾကည္မႈ ရွိတယ္ဆိုယင္ ဘာလို႔ေရြးေကာက္ပြဲအသစ္ကို မ၀င္ရဲတာလဲ ။
ကဲ ဒီေတာ့ စစ္တပ္ဖက္ကေရာ ဘာေလွ်ာ့ေပးရမွာလဲ ။ လြယ္လြယ္ေလးပါ ။ ၂၅% ဆိုတာၾကီးကို ျဖဳတ္ေပးလိုက္ယံုပါဘဲ ။ တပ္ထဲက ႏိုင္ငံေရး၀ါသနာပါသူေတြ တပ္ကထြက္ျပီး ေရြးေကာက္ပြဲ၀င္ႏိုင္ပါတယ္ ။ ၾက့ံဖြံ႔အသင္းကို ပါတီအျဖစ္ေျပာင္းဖြဲ႔ျပီး ၀င္သင့္တာေပါ့ ။သူတို႔မွာလဲ အဖြဲ႔၀င္ေတြနဲတာမွမဟုတ္ဘဲ ။ သတင္းစာေတြ မွာဆိုေထာက္ခံသူေတြ အမ်ားအျပားေတြ႔ေနရတာဘဲဗ်ာ ။ ႏိုင္ႏိုင္ပါတယ္ေနာ္ ။

No comments:

Post a Comment

Thank you.