31 August 2016
၂၁ရာစု ပင်လုံညီလာခံ၊
(Unicode version)
    ဒီနေ့ နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံမှာ ငြိမ်းချမ်းရေးအတွက် လာဆွေးနွေးမ့ဲ တိုင်းရင်းသားလက်နက်ကိုင်တွေ သတိထားမိမယ် ထင်ပါတယ်။
.
ယနေ့ တိုင်းပြည်ကို အုပ်ချုပ်နေတ့ဲ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တ့ဲ အရွေးချယ်ခံ ပြည်သူ့အစိုးရဖြစ်ပါတယ်။
.
ဝါဒရေးရာ ကွဲပြားတ့ဲ အဖွဲ့ဆိုလို့ ABSDF တဖွဲ့သာရှိပါတယ်။ (သူတို့ ယနေ့အထိ ဘာလို့တော်လှန်ရေးလုပ်နေသလဲ၊ ဘယ်သူ့ကိုတော်လှန်နေတာလဲ ကျွန်တော်တော့ နားမလည်ပါ။) ကျန်တာတွေက တိုင်းရင်းသား အဖွဲ့တွေသာ ရှိပါတယ်။
.
ယခုအစိုးရသည် တိုင်းပြည်ဘဏ္႑ာ သယံဇာတ ခိုးစားနေတ့ဲ အစိုးရမျိုး မဟုတ်တော့ပါ။ ( အောက်ခြေဝန်ထမ်းတွေကတော့ တဖြေးဖြေးပြောင်းအောင် လုပ်ရဦးမှာပါ။)
.
ဘာသာရေးကို အကြောင်းပြပြီး ဗုဒ္ဓဘာသာနိုင်ငံ ထူထောင်မ့ဲ အစိုးရလဲ မဟုတ်ပါ။ ဒါ့အပြင် တချိန်လုံး တိုင်းရင်းသားတွေပြောနေတ့ဲ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ထောင်မ့ဲ အစိုးရသာ ဖြစ်ပါတယ်။
.
ဗမာစစ်တပ်ကို မကြိုက်လို့ တော်လှန်ရင်လဲ ဗမာနဲ့ စစ်တပ်ကို ခွဲမြင်ကြပါ။ ဗမာတွေကိုယ်တိုင် စစ်အာဏာရှင်စံနစ်ကို မကြိုက်လို့ ၁၉၈၈ နဲ့ ၂၀၁၅ မှာ ပြခ့ပြီးပါပြီ။
.
ယခုအချိန် ငြိမ်းချမ်းရေးရရင် ဗမာတွေရော တိုင်းရင်းသားတွေရော မကြိုက်တ့ဲ ဖွဲ့စည်းပုံကို ပြင်ဖို့ အစပြုနိုင်ပါလိမ့်မယ်။ ဒီခြေဥကို ပြင်နိုင်ရင် ပြည်နယ်တွေမှာ မဲနိုင်တ့ဲပါတီ အုပ်ချုပ်စေချင်တ့ဲ အချက်လဲ အဆင်ပြေသွားနိုင်မှာပါ။
.
စိတ်ကူးယဉ်ဆန်တ့ဲ ဗမာတကျပ် ရှမ်းတကျပ် ကရင်တကျပ်ဝါဒသည် ယခုအချိန်မျိုးမှာ အလုပ်မဖြစ်နိုင်တော့ပါ။ တပြည်လုံးမှာ တိုင်းရင်းသားတွေ ပျံနှံ့နေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရလို့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေရင် ကွပြားမှုတွေ ပိုလျော့လာမှာပါ။
.
ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ်ပြောခ့ဲသလိုဘဲ ဖြစ်ချင်တ့ဲစိတ်နဲ့ မေတ္တာစေတနာထားပြီး ဆွေးနွေးကြရင် မြန်မာပြည် ငြိမ်းချမ်းရေးရမှာပါ။
.
#၂၁ရာစုပင်လုံညီလာခံ_အောင်မြင်ပါစေ။
XxXxXx
(Zawgyi version)
    ဒီနေ့ နွစ်ဆယ့္တစ်ရာစု ပင္လုံညီလာခံမွာ ငြိမ်းခ်မ်းရေးအတြက် လာဆြေးနြေးမဲ့ တိုင်းရင်းသားလက္နက္ကိုင်တြေ သတိထားမိမယ် ထင္ပါတယ်။
.
ယေန့ တိုင်ျးပည္ကို အုပ္ခ်ုပ်နေတဲ့ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင္တဲ့ အေရြးခ်ယ္ချံပည်သူ့အစိုးရျဖစ္ပါတယ်။
.
ဝါဒေရးရာ ကျြဲပားတဲ့ အဖြဲ့ဆိုလို့ ABSDF တဖြဲ့သာရွိပါတယ်။ (သူတို့ ယေန့အထိ ဘာလို့တ္လေွာန်ရေးလုပ်နေသလဲ၊ ဘယ်သူ့ကိုတ္လေွာန်နေတာလဲ ကျြန်တော်တော့ နားမလည္ပါ။) က်န္တာတြေက တိုင်းရင်းသား အဖြဲ့တြေသာ ရွိပါတယ်။
.
ယခုအစိုးရသည် တိုင်ျးပည္ဘဏ္ဍာ သယံဇာတ ခိုးစားနေတဲ့ အစိုးရမိုး မဟုတ်တော့ပါ။ ( အောက်ျေခဝန္ထမ်းတြေကေတာ့ တျေဖျးေဖျးေပာင်းအောင် လုပ်ရဦးမွာပါ။)
.
ဘာသာရေးကို အေကြာင်ျးပပြီး ဗုဒ္ဓဘာသာနိုင်ငံ ထူထောင္မဲ့ အစိုးရလဲ မဟုတ္ပါ။ ဒါ့အျပင် တခိန္လုံး တိုင်းရင်းသားတျြေပာနေတဲ့ ဖက္ဒရယ်ျပည်ထောင္စု နိုင်ငံတည်ထောင္မဲ့ အစိုးရသျာဖစ္ပါတယ်။
.
ဗမာစစ္တပ္ကို မကြိုက္လို့ တ္လေွာန်ရင္လဲ ဗမာနဲ့ စစ္တပ္ကို ချြဲမင်ကြပါ။ ဗမာတြေကိုယ္တိုင် စစ်အာဏာရွင္စံနစ္ကို မကြိုက္လို့ ၁၉၈၈ နဲ့ ၂၀၁၅ မျွာပခ့ပြီးပါပြီ။
.
ယခုအခိန် ငြိမ်းခ်မ်းရေးရရင် ဗမာတြေရာ တိုင်းရင်းသားတြေရာ မကြိုက္တဲ့ ဖြဲ့စည်းပုံကျိုပင္ဖို့ အဈပုနိုင္ပါလိမ့္မယ်။ ဒျီေခဥကျိုပင်နိုင်ရင်ျပည္နယ်တြေမွာ မဲနိုင္တဲ့ပါတီ အုပ္ခ်ုပ်စေခ်င္တဲ့ အခ်က္လဲ အဆင်ျေပသြားနိုင္မွာပါ။
.
စိတ္ကူးယဉ်ဆန္တဲ့ ဗမာတက်ပ် ရွမ်းတက်ပ် ကရင္တက်ပ်ဝါဒသည် ယခုအခိန္မိုးမွာ အလုပ္မျဖစ်နိုင်တော့ပါ။ တျပည္လုံးမွာ တိုင်းရင်းသားတြေ ပ်ံနွံ့နေပျြီဖစ္ပါတယ်။ ငြိမ်းခ်မ်းရေးရလို့ လမ်းပန်းဆက်သြယ်ရေး အဆင်ျေပရင် ကျြပားမှုတြေ ပိုလော့်လာမွာပါ။
.
ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ်ျေပာခဲ့သလိုဘျဲဖစ္ခ်င္တဲ့စိတ္နဲ့ မေတ္တာစေတနာထားပြီး ဆြေးနြေးကြရင်ျမန္မျာပည် ငြိမ်းခ်မ်းရေးရမွာပါ။
.
#၂၁ရာစုပင္လုံညီလာခံ_အောင်ျမင္ပါစေ။
28 August 2016
ငါတို့အားလုံးရဲ့ အမေ
(Unicode version )
 ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ် ပြောလိုက်တယ်။
ဟောင်တ့ဲကောင်ကဟောင်ပြီး အူတ့ဲသူကအူတယ်။
အမေစု ဘာမျှပြန်မပြောခ့ဲပါ။
ခုတော့ မြင်တ့ဲအတိုင်းဘဲလေ။
.
၅၉(စ)မပြင်ရင် သမတအထက်မှာနေမယ်လို့ ပြောလိုက်တယ်။
ဟောင်တ့ဲကောင်ကဟောင်ပြီး အူတ့ဲသူကအူတယ်။
အမေစု ဘာမျှပြန်မပြောခ့ဲပါ။
ခုတော့ မြင်တ့ဲအတိုင်းဘဲလေ။
.
ဒုသမတတနေရာကို ခရစ်ယာန်ခန့်လိုက်တယ်။
ဟောင်တ့ဲကောင်ကဟောင်ပြီး အူတ့ဲသူကအူတယ်။
အမေစု ဘာမျှပြန်မပြောခ့ဲပါ။
ခုတော့ မြင်တ့ဲအတိုင်းဘဲလေ။
.
ပြောင်းလဲလာတ့ဲ ကြ့ံဖွတ်တချို့ကို ဝန်ကြီးနေရာတွေမှာ ခန့်လိုက်တယ်။
ဟောင်တ့ဲကောင်ကဟောင်ပြီး အူတ့ဲသူကအူတယ်။
အမေစု ဘာမျှပြန်မပြောခ့ဲပါ။
ခုတော့ မြင်တ့ဲအတိုင်းဘဲလေ။
.
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ကွီးဖြိုးကို ခန့်လိုက်တယ်။
ဟောင်တ့ဲကောင်ကဟောင်ပြီး အူတ့ဲသူကအူတယ်။
အမေစု ဘာမျှပြန်မပြောခ့ဲပါ။
ခုတော့ မြင်တ့ဲအတိုင်းဘဲလေ။
.
ခုလဲ ကိုဖီအာနန်ကို ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်မှာ ခန့်လိုက်ပြန်ပြီ။
ဟောင်တ့ဲကောင်ကဟောင်ပြီး အူတ့ဲသူကအူတယ်။
အမေစု ဘာမျှပြန်မပြောပါ။
အချိန်တန်တော့ အကျိုးတရားကို တွေ့ရမယ်လို့ ယုံတယ်။
.
ငါတို့အတွက် လုပ်ပေးနေတ့ဲ
#ငါတို့အားလုံးရဲ့_အမေ ဘဲလေ။
XxXxXx
(Zawgyi version)
 ဒေါ်အောင်ဆန်းစုကြည် ရြေးကောက္ပြဲဝင္မယ်ျေပာလိုက္တယ်။
ဟောင္တဲ့ကောင္ကေဟာင်ပြီး အူတဲ့သူကအူတယ်။
အေမစု ဘာမ်ျွပန္မျေပာခဲ့ပါ။
ခုတေျာ့မင္တဲ့အတိုင်းဘဲလေ။
.
၅၉(စ)မျပင်ရင် သမတအထက္မွာနေမယ္လို့ျေပာလိုက္တယ်။
ဟောင္တဲ့ကောင္ကေဟာင်ပြီး အူတဲ့သူကအူတယ်။
အေမစု ဘာမ်ျွပန္မျေပာခဲ့ပါ။
ခုတေျာ့မင္တဲ့အတိုင်းဘဲလေ။
.
ဒုသမတတေနရာကို ခရစ်ယာန္ခန့်လိုက္တယ်။
ဟောင္တဲ့ကောင္ကေဟာင်ပြီး အူတဲ့သူကအူတယ်။
အေမစု ဘာမ်ျွပန္မျေပာခဲ့ပါ။
ခုတေျာ့မင္တဲ့အတိုင်းဘဲလေ။
.
ျေပာင်းလဲလာတဲ့ ကြံ့ဖြတ္တခို့ကို ဝန်ကြီးနေရာတြေမွာ ခန့်လိုက္တယ်။
ဟောင္တဲ့ကောင္ကေဟာင်ပြီး အူတဲ့သူကအူတယ်။
အေမစု ဘာမ်ျွပန္မျေပာခဲ့ပါ။
ခုတေျာ့မင္တဲ့အတိုင်းဘဲလေ။
.
ရန္ကုန္တိုင်းဝန်ကြီးခ်ုပ်အျဖစ် ကြီးဖြိုးကို ခန့်လိုက္တယ်။
ဟောင္တဲ့ကောင္ကေဟာင်ပြီး အူတဲ့သူကအူတယ်။
အေမစု ဘာမ်ျွပန္မျေပာခဲ့ပါ။
ခုတေျာ့မင္တဲ့အတိုင်းဘဲလေ။
.
ခုလဲ ကိုဖီအာနန္ကို ရခိုင်ျပည္နယ်အေရး အကြံပေးက္မောရွင္မွာ ခန့်လိုက်ျပန်ပြီ။
ဟောင္တဲ့ကောင္ကေဟာင်ပြီး အူတဲ့သူကအူတယ်။
အေမစု ဘာမ်ျွပန္မျေပာပါ။
အခိန္တန်တော့ အကိုးတရားကို တြေ့ရမယ္လို့ ယုံတယ်။
.
ငါတို့အတြက် လုပ်ပေးနေတဲ့
#ငါတို့အားလုံးရဲ့_အေမ ဘဲလေ။ 
27 August 2016
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၊
(Unicode version )
         ရခိုင်ပြည်နယ်ထဲကို ရောက်နေတ့ဲ ဘင်္ဂလီအရေးနဲ့ ပတ်သက်လို့ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဂါနာနိုင်ငံသား ခရစ်ယာန်ကိုးကွယ်သူ ကိုဖီအာနန်ကို ခန့်လိုက်လို့ ကန့်ကွက်သူတွေ ပေါ်လာပါတယ်။ အဓိကကန့်ကွက်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLDအစိုးရ နာမည်ကောင်းရမှာစိုးနေတ့ဲ ဖွတ်ပါတီနဲ့ တစ်ပူးသတင်းစာ တို့ပါဘဲ။ ကြားထဲက လုပ်ကြံချင်နေတ့ဲ မျိုးနှစ်တွေလဲ ပါတာပေါ့ခင်ဗျ။
.
     နားယောင်သွားနိုင်သူတွေ ရှိနိုင်တ့ဲအတွက် တနိုင်တပိုင် ပြန်ရှင်းပြချင်ပါတယ်။ ပထမဦးဆုံး ကိုဖီအာနန်သည် အသားမဲတာကလွဲပြီး ကုလားလဲမဟုတ်၊ မူစလင်ဘာသာ ကိုးကွယ်သူလဲ မဟုတ်ရပါ။ အာဖရိကတိုက်သားဖြစ်၍ အသားမဲတာသာဖြစ်ပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ပညာတတ်တယောက်ပါ။ ဒေါ်စုလိုဘဲ နိုဘယ်ငြိမ်းချမ်းရေးဆု ရခ့ဲသူတဦးပါ။ သူ့ကို ဒီလိုအဖွဲ့တခုမှာ ပါစေဖို့ မလွယ်ပါ။ ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေး မေတ္တာရပ်မှုကြောင့် ပါဝင်လာတာ ဖြစ်နိုင်ပါတယ်။
.
     တချို့ ငပိန်းတွေ ဝါဒဖြန့်သလို ရခိုင်ပြည်နယ်မှ ဘင်္ဂလီအရေးသည် ပြည်တွင်းရေး သက်သက်မကပါ။ အနည်းဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါဝင်ပတ်သက်နေပါတယ်။ ထို့အပြင် သူတို့လှေစီးထွက်ပြေးကြသဖြင့် ရောက်ရှိပတ်သက်ကုန်သည့် မလေးရှား ထိုင်း အင်ဒိုနီးရှားတို့ပါ ပတ်သက်နေသည့် အမှုဖြစ်နေပါပြီ။ ထို့ထက်ကြယ်ပြန့်သည်မှာ အရင်စစ်အစိုးရခေတ်က စစ်အစိုးရကို မကြိုက်သည်နှင့် ပြည်တွင်းပြည်ပ လှုံူ့ဆော်မှုများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများလဲ ပတ်သက်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလီများကိုးကွယ်သည့် မူစလင်ဘာသာဝင်အချင်းချင်း လှော်ပေးမှုကလဲ အရှေ့အလယ်ပိုင်းနိုင်ငံအများစုလဲ ပတ်သက်နေပါပြီ။ အင်အားကြီးမီဒီယာများကလဲ စစ်အစိုးရခေတ်က စစ်အစိုးရကိုဆန့်ကျင်ရင်း ပါဝင်ပတ်သက်နေတာ အားလုံးအသိပင်ဖြစ်ပါတယ်။
.
     ဤမျှအထိ ကြယ်ပြန့်နေသည့် ကိစ္စမျိုးကို မိမိတို့ နိုင်ငံအတွင်း လက်သီးလက်မောင်းတန်း အော်နေယုံနှင့် မထိရောက်နိုင်ပါ။ လူငါးဆယ်လောက် စီတန်းလှည့်လည်နေလျှင် ကားလမ်းပိတ်တာသာ အဖတ်တင်ပါလိမ့်မယ်။ မိမိတိုင်းပြည်ထဲမှ လူများနှင့်သာ ဆုံးဖြစ်လျင်လည်း ကိုယ့်ဖဲကိုယ်ချိုးသည့် လုပ်ရပ်အဖြစ် ကမ္ဘာက သတ်မှတ်ခံရပါလိမ့်မယ်။ ထို့အတွက် အကောင်းဆုံးကတော့ ကမ္ဘာက လက်ခံနိုင်မည့် ပုဂ္ဂိုလ်များ ထည့်သွင်းဆုံးဖြတ်စေခြင်း ဖြစ်ပါတယ်။ တကယ်တော့ ကိုဖီအာနန်လို လူမျိုးကို မြန်မာနှင့်ပတ်သက်သည့် မည်သည့်ကိစ္စမျိုးအတွက်မှ ယခင်ကဆို ခေါ်၍ ရမည်မဟုတ်ပါ။ ယခုလက်ရှိ အစိုးရထဲမှာ ကမ္ဘာက ကြည်ညိုဂုဏ်ယူဖွယ်ရာ ပုဂ္ဂိုလ်ရှိနေလို့သာ လက်ခံတာမျိုးဖြစ်မှာပါ။ ငွေရေးကြေးရေး လူမျိုးရေး ဘာသာရေးတ့ိုနှင့် လုံးဝမပတ်သက်နိုင်ပါ။
.
     နောက်ဆုံးအရေးကြီးသည့်အချက်မှာ ဤအဖွဲ့သည် အကြံပေးအဖွဲ့သာ ဖြစ်ပါတယ်။ အဆုံးစွန်အနေဖြင့် ဆုံးဖြတ်ချက်ကို မကြိုက်ပါက အကောင်အထည် မဖော်ဖို့သာ ရှိပါတယ်။ ကိုဖီအာနန်လိုလူကလဲ သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့်အလုပ်မျိုး လုပ်မည်မထင်ပါ။ လုပ်ပါကလည်း အဖွဲ့ထဲပါသည့် မြန်မာ(ရခိုင်)များကလဲ လက်သင့်ခံမည် မဟုတ်ပါ။ ထို့အတွက် ယခုကိစ္စသည် လူပိန်းယောင်ဆောင်များ ပြောနေကြသလို ဝင်ရောက်စွက်ဖက်ခံရသည့် ကိစ္စမဟုတ်ဘဲ ဝမ်းမြောက်စွာ ကြိုဆိုရမည့် ကိစ္စဖြစ်ပါကြောင်း ယောင်တောင်တောင်ဖြစ်နေသူများ သိစေအပ်ပါသည်ခင်ဗျား။ ။
XxXxXx
(Zawgyi version )
         ရခိုင်ပြည်နယ်ထဲကို ရောက်နေတဲ့ ဘင်္ဂလီအရေးနဲ့ ပတ်သက်လို့ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဂါနာနိုင်ငံသား ခရစ်ယာန်ကိုးကွယ်သူ ကိုဖီအာနန်ကို ခန့်လိုက်လို့ ကန့်ကွက်သူတွေ ပေါ်လာပါတယ်။ အဓိကကန့်ကွက်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLDအစိုးရ နာမည်ကောင်းရမှာစိုးနေတဲ့ ဖွတ်ပါတီနဲ့ တစ်ပူးသတင်းစာ တို့ပါဘဲ။ ကြားထဲက လုပ်ကြံချင်နေတဲ့ မျိုးနှစ်တွေလဲ ပါတာပေါ့ခင်ဗျ။
.
.
.
.
26 August 2016
အန္တရယ်ကို မဖိတ်ခေါ်သင့်ပါ။
  (Unicode version )
         အန္တရယ်ကို ဘယ်သူက ဖိတ်ခေါ်မလဲကွာဟု အငေါ်မတူးစေချင်ပါ။ လူတချို့၏ ပြုမူမှုများသည် အန္တရယ်ကို မရည်ရွယ်ဘဲ ဖိတ်ခေါ်သလို ဖြစ်နေတတ်ပါသည်။ မိမိက ကိုယ်လိုအတွေးဖြင့် ရိုးသားစွာ ပြုမှုသော်လည်း မသမာသူ မကောင်းကြံနေသူများအတွက် အခွင့်ကောင်း ဖြစ်သွားတတ်သည်ကို သတိပြုစေချင်သောကြောင့် ရေးလိုက်ရပါသည်။
.
     ဖွဘုတ်ပေါ်တွင် လတ်တလောဖြစ်ပျက်ခ့ဲသော အဖြစ်အပျက်နှစ်ခုဖြင့် ဥပမာပေးလိုသည်။ ကာယကံရှင် နှစ်ဦးလုံးမှာ ရိုးရှင်းစွာပြုမူခ့ဲသော်လည်း ခိုးရန်ကြံနေသူများအတွက် အသင့်ဖြစ်သွားခ့ဲပါသည်။ ကာယကံရှင်များကို အပစ်တင်လိုစိတ် လုံးဝမရှိပါ။ မကောင်းကြံလိုသူများ မိမိပတ်ဝန်းကျင်တွင် မိမိမထင်ဘဲ မိမိသတိမပြုမိဘဲ ရှိနေတတ်သည်ကို သတိပြုစေလိုတာသာ ဖြစ်ပါသည်။
.
     ပထမအမှုမှာ သုဝဏ္ဏအားကစားရုံရှေ့တွင် ကားရပ်၍ လက်ဝှေ့ပွဲ ကြည့်ပြီးအပြန် ကားမှန်ခွဲပြီး ကားအတွင်းမှ အိပ်ယူသွားခံရသည့် အမှုဖြစ်သည််။ ခံရသူမှာ ဗီဒီယိုဒါရိုက်တာဖြစ်သည်။ အိတ်အတွင်းတွင် ခိုးသူများထင်သလို တန်ဖိုးကြီးပစ္စည်းများ မပါဘဲ သူ့အတွက် အလွန်အဖိုးရှိသော ရိုက်ကူးထားသည့် ဗီဒီယိုများသာ ပါသည်ဆိုသည်။ ဤကိစ္စကို သတိထားလျှင် ခိုးသူများသည် ကားအတွင်း ထားခ့ဲသည့်အိပ်ကို အဖိုးတန်ပစ္စည်း ပါသည်ထင်၍ မှန်ကိုပင် ခွဲကာခိုးခဲ့ကြသည်။ ပြီးမှသာ သူတို့အတွက် တန်ဖိုးမရှိမှန်း သိ၍ လွင့်ပစ်နိုင်သော်လည်း ပိုင်ရှင်အတွက် များစွာသော ဆုံးရှုံးမှု ဖြစ်ခဲ့ပြီ။
         သင်ခန်းစာယူရန်မှာ လူမရှိဘဲ ကားရပ်ထားခ့ဲရမည်ဆိုလျင် တန်ဖိုးရှိသည့် အိတ်မဆိုထားနှင့်၊ အထင်ခံရနိုင်သည့် အိတ်မျိုးကိုပင် မထားသင့်ပါ။ လက်တော့ပ်ကွန်ပြူတာအိတ်၊ ဟဲန်းဖုန်းအိတ်၊ ပိုက်ဆံအိတ်များကို ကားထဲမြင်သာသောနေရာတွင် လုံးဝမထားသင့်ပါ။ ဒါကြီးတွေ သယ်ပြီးသွားရမှာလား ဆိုလျင်လည်း မဟုတ်ပါ။ သေးသောအိတ်ဆိုလျင် ကားဒက်ရှ်ဘုတ်ထဲတွင်၎င်း၊ ကွန်ပြူတာအိတ်ဆိုလျင် ကားနောက်ဖုံးထဲတွင်၎င်း ထားသင့်ပါသည်။ အဓိကရည်ရွယ်သည်မှာ မြင်လွယ်လျင် အန္တရယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေတာ သိစေချင်တာပါ။
.
     နောက်တမှုမှာ ကားပေါ်ပါလာသူ သားငယ် အိပ်ပျော်နေသဖြင့် အဲကွန်းဖွင့်ပြီး ကားစက်မသတ် ကားသော့မခတ်ဘဲ ဈေးဆင်းဝယ်စဉ် ကားတံခါးဖွင့်၍ ပစ္စည်းများ မသွားခြင်း ဖြစ်ပါသည်။ ဟဲန်းဖုန်းများနှင့် အဖိုးတန်အိတ်ပါသွားသည်ဟု မှတ်မိနေပါသည်။ စီစီတီဗီမှ ခိုးယူသူများကို မှတ်တမ်းမိနေသော်လည်း ဖမ်းမိ မမိ မကြားရသေးပါ။ ကွန်မန့်များတွင်လည်း ဤသို့ အလွယ်တကူ ထားခ့ဲရပါ့မလား ရေးကြပါသည်။ ကာယကံရှင်၏ တုံ့ပြန်မှုကလည်း အံ့သြစရာပါ။ သူခိုးကို မဖမ်းပေးဘဲ အလွယ်တကူထားခ့ဲသော သူ့ကို အပစ်တင်နေရသလားဆိုကာ စိတ်ဆိုးနေပုံရပါသည်။
     ဘယ်သူမဆို မိမိသားကို ချစ်ကြမှာပါ။ သား ကားထဲတွင် အိပ်ပျော်နေတုံး မနှိုးရက်၊ ဈေးကလဲ ဝယ်စရာရှိ။ ဒီအထိ ပြဿနာ မရှိသေးပါ။ သော့မပိတ်ဘဲ ထားခ့ဲရမည့် ကားထဲတွင် တန်ဖိုးရှိပစ္စည်းများ ထားခဲ့ခြင်းကသာ ပြဿနာပါ။ လုံးဝ မလုပ်သင့်သည့် ကိစ္စပါ။သော့ပိတ်ထားစဉ်မှာပင် အန္တရယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေသည်ကို လုံးဝသတိမထားမိသည့် ဖြစ်ရပ်ပါ။
.
     အခြား အန္တရယ် ဖိတ်ခေါ်သည့် ဥပမာတချို့ ရှိပါသေးသည်။ လူကြားထဲ လမ်းလျောက်စဉ် အဖိုးမတန်တောင် တန်သည်ဟုထင်ရသည့် လည်ဆွဲရတနာမျာ ဝတ်ဆင်ခြင်း၊ ကလေးငယ်လေးများကို ရတနာအဆင်တန်ဆာများ ဝတ်ဆင်ပေးခြင်း၊ ပိုက်ဆံထုပ်များကို ကြွပ်ကြွအ်အိပ်အကြည်တွင်ထည့်၍ ဆွဲသွားခြင်း ၊ များဖြစ်ပါသည်။
     တရားဥပဒေစိုးမိုးမှု လျော့နည်းနေစဉ် ၊ ပစ်မှုကျူးလွန်သူများကို လျော့ရက်များဖြင့် ပြန်လွတ်ထားစဉ် ၊ မူးရစ်ဆေးသုံးစွဲသူ များလာစဉ်အချိန်များတွင် သတိပိုမို ထားသင့်သည်။ မိမိက သဘောရိုးဖြင့် ပြုမူသော်လည်း မြင်လွယ်သောအခါ စိတ်ဖောက်ပြန်၍ မကောင်းမှုကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်သည်ကို သတိချပ်သင့်ပါသည်ခင်ဗျား။ ။
XxXxXx
(Zawgyi version )
.
.
.
.
23 August 2016
ရန်ကုန် အထပ်မြင့်အဆောက်အဦးကိစ္စ ၂
(Unicode version)
      ရန်ကုန်မြို့မှာ ဆောက်လုပ်ခွင့်ရပ်ခံထားရတ့ဲ အထပ်မြင့် အဆောက်အဦး ၁၂လုံး ပြန်ဆောက်လုပ်ခွင့် ပြုလိုက်ပါတယ်။ ပြန်လည်စီစစ်ဖို့ ရပ်ခိုင်းချိန်မှာ ဆူညံသံ များစွာထွက်ခ့ဲတ့ဲကိစ္စပါ။
.
     နဂိုရ်ကတည်းက ကျဆင်းနေတ့ဲ ဆောက်လုပ်ရေးလောက ဒီအမိန့်ကြောင့် ဖြစ်သလို စွပ်စွဲကြပါတယ်။ အခြေခံအလုပ်သမားတွေ ဒီအမိန့်ကြောင့် စားစရာမရှိ အခက်တွေ့ကုန်ပြီ အော်ကြပါတယ်။ ဖြစ်နိုင်ပါတယ်။ ဒါပေမ့ဲ အော်သူတွေ ဘာကြောင့်အော်တယ်ဆိုတာ ခဏနဲ့ ပေါ်လာပါတယ်။ လုပ်ငန်းရှင်ကြီးတွေ ဒေါ်လာဘီလီယံနဲ့ချီပြီး ရှုံးပါတော့မယ်တ့ဲ။ နှစ်ကုန်လို့ အခွန်တိုးမရဘူးဆိုရင် သေချာစစ်ကြပါတော့။
.
     ဒီအမိန့်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ထုတ်လိုက်တာဆိုတော့ သူ့ကို မေတ္တာပို့ကြပါတယ်။ သူက အရမ်းလုပ်တာမဟုတ်ပါဘူး။ သက်ဆိုင်ရာ မြို့ပြပညာရှင်တွေ အဆောက်အဦးဘက်ဆိုင်ရာ အင်ဂျင်နီယာတွေကို ဒီအဆောက်အဦးတွေ သတ်မှတ်ချက်တွေနဲ့ ညီမညီ မေးပြီးတော့ လိုတာတွေ ပြင်ခိုင်းလိုက်ဟန်တူပါတယ်။ အဲဒီအချိန်က ထွက်လာတ့ဲ အဆောက်အဦး တခုရဲ့ကားပါကင်ဆို ရယ်စရာပါ။ ကားများများဆန့်အောင် ကားတွေကို စီထည့်ပြထားတယ်။ ကားအတက်အဆင်းလုပ်စရာ နေရာမပြောနဲ့ မောင်းစရာလမ်းတောင် မပါဘူးဗျ။ ဒါမျိုးတွေကို အရင်ခေတ်က ဘယ်လိုပါမစ် ပေးခ့ဲသလဲ လူတိုင်းသိပါတယ်။
.
     သေချာတာကတော့ ဒီတကြိမ် စီစစ်လိုက်တာဟာ ကွီးဖြိုး သူ့အိမ်ကို လာဂါအောင် လုပ်တာမဟုတ်တာပါဘဲ။ နောက်ဆောက်မ့ဲသူများလဲ သတိထားမိသွားလောက်ပါပြီ။ အမိန့်ထုတ်ရတ့ဲရည်ရွယ်ချက်က လုပ်ငန်းရှင်တွေ စီးပွားပျက်အောင် ထုတ်တာမှမဟုတ်ဘဲ။ စည်းကမ်းနဲ့ညီအောင် လုပ်ရတာပါ။ စည်းပျက်တာလဲ ရန်ကုန်စည်ပင်မှာ အရမ်းများခဲ့ပြီလေ။ စည်ပင်ရော လုပ်ငန်းရှင်တွေရော အဆင်ပြေမ့ဲ နည်းဥပဒေတွေ ထုတ်သင့်ပါပြီ။ အဆောက်အဦး ခိုင်ခန့်မှု့ဆိုင်ရာ အင်ဂျင်နီယာနည်းပညာပိုင်း များလွန်းရင်လဲ ကုန်ကျစားရိတ် များသွားပါမယ်။ စီးပွားရေးဆန်လွန်းရင်လဲ ပြိုကျပြီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်မှာပါ။ compromise ပေါ့ဗျာ။
.
     အစိုးရဆန့်ကျင်သူတွေ ဘာပြောပြော ကွီးဖြိုးကတော့ မှန်မှန်ချီတက်ဆဲပါ။ သင်္ကြန်မဏ္႑ပ်က စလိုက်တာ ဒီပွဲအထိ အစွမ်းပြနေဆဲပါ။ နောင်လပြနိုင်ပါစေလို့ ပြည်သူတဦးအနေနဲ့ ဆုတောင်းပါတယ်။ အဲ နောက်ထပ် NLDအစိုးရနဲ့ ပြည်သူတွေ ရလိုက်တ့ဲ အမြတ်တခု ရှိပါသေးတယ်။ အဲဒါကတော့ မိမိအကျိုးစီးပွားထိခိုက်လာရင် မိမိပါတီအရေးကို နောက်တန်းပို့ပစ်တ့ဲ #ဒေါင်းယောင်ဆောင်သော_ကျီးတွေ တွေ့လိုက်ရတာပေါ့ ခင်ဗျား။ ။ 
XxXxXx
(Zawgyi version )
    ရန်ကုန်မြို့မှာ ဆောက်လုပ်ခွင့်ရပ်ခံထားရတဲ့ အထပ်မြင့် အဆောက်အဦး ၁၂လုံး ပြန်ဆောက်လုပ်ခွင့် ပြုလိုက်ပါတယ်။ ပြန်လည်စီစစ်ဖို့ ရပ်ခိုင်းချိန်မှာ ဆူညံသံ များစွာထွက်ခဲ့တဲ့ကိစ္စပါ။
.
.
.
.
22 August 2016
လက်ဝှေ့ချန်ပီယံ မိုဟာမက်အလီ
(Unicode version)
  ဟောလီးဝုဒ်ရဲ့ ကြော်ကြားသူများ လမ်းမကြီးမှာ နာမည်ကျော်အနုပညာရှင်များရဲ့ အမည်နဲ့လက်ရာများပါတ့ဲ ကြယ်များပြုလုပ် ဂုဏ်ပြုထားပါတယ်။ ယခုချိန်အထိ နာမည်ကြီး အနုပညာရှင် ၂၅၀၀ကျော်ရဲ့ ကြယ်များကို ပလက်ဖောင်းပေါ်မှာ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
.
     တခုတည်းသော အမှတ်တရကြယ်ကတော့ ပလက်ဖောင်းပေါ်မှာ ခင်းမထားဘဲ နံရံပေါ်မှာ ချိတ်ထားပါတယ်။ သူကတော့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ သုံးကြိမ်ရဘူးတ့ဲ ကပ်စီးယပ်စ်ကလေး ခေါ် မိုဟာမက်အလီဘဲ ဖြစ်ပါတယ်။ အများစုလို ပလက်ဖောင်းပေါ်မှာ ပြမထားဘဲ ကိုဒက်ဇတ်ဖျော်ဖြေရေး အဆောက်အဦးနံရံမှာ ပြထားတာပါ။ ဆုံးဖြတ်ရေးအဖွဲ့က လက်ဝှေ့သည်လဲ တိုက်ရိုက်ထုတ်လွင့်ပြသတ့ဲ ဖျော်ဖြေရေးတမျိုးဖြစ်တယ်ဆိုပြီး ခွင့်ပြုခ့ဲတာပါ။
.
     နံရံမှာ ချိတ်စေချင်တ့ဲအကြောင်းကို ဂုဏ်ပြုခံရစဉ်က အသက်၅၉နှစ် ရှိပြီဖြစ်တ့ဲ အလီက ပြောပြပါတယ်။ ”သူ့ကို မလေးစားသူတွေ ဒီကြယ်ပေါ်က ဖြတ်မလျှောက်စေချင်ဘူး” လို့ ပြောခ့ဲတာပါ။ အလီတဦးထဲရဲ့ ကြယ်ဘဲ နံရံပေါ်မှာ ရှိနေတာပါ။
.
     နာမည်ကျော် ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အလီဟာ ငယ်စဉ် အိုလံပစ်ချန်ပီယံ ဖြစ်ပြီးအချိန်မှာတောင် အသားအရောင် ခွဲခြားခြင်း ခံခ့ဲရပါတယ်။ အသက် ၇၄နှစ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်ခ့ဲပါတယ်။ မကွယ်လွန်ခင် နှစ်သုံးဆယ်ခန့် ပါကင်ဆန်ရောဂါ ခံစားခ့ဲရပါတယ်။ ကြီးကြယ်သော အနုပညာရှင်အဖြစ် ချီးမြှောက်ခံရတ့ဲ လက်ဝှေ့သမားတဦးပါ။
XxXxXx
(Zawgyi version )
.
.
.
     နာမည်ကျော် ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အလီဟာ ငယ်စဉ် အိုလံပစ်ချန်ပီယံ ဖြစ်ပြီးအချိန်မှာတောင် အသားအရောင် ခွဲခြားခြင်း ခံခဲ့ရပါတယ်။ အသက် ၇၄နှစ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ မကွယ်လွန်ခင် နှစ်သုံးဆယ်ခန့် ပါကင်ဆန်ရောဂါ ခံစားခဲ့ရပါတယ်။ ကြီးကြယ်သော အနုပညာရှင်အဖြစ် ချီးမြှောက်ခံရတဲ့ လက်ဝှေ့သမားတဦးပါ။ 
19 August 2016
မန္တလေးစာကြည့်တိုက်
(Unicode version)
      လောလောဆယ်မှာ စာကြည့်တိုက်ဆိုတာနဲ့ မန္တလေးစာကြည့်တိုက်များကို တည်ထောင်သူ ကိုဇော်ဇော်ကိုဘဲ ပြေးမြင်ကြမှာပါ။ လောလောလတ်လတ် ဒေါ်အောင်ဆန်းစုကြည်ဆုကို ရထားသူပါ။ အရင်ကလဲ အမေရိကန်ရောက် မြန်မာများချီးမြင့်တ့ဲ ပြည်သူ့ဂုဏ်ရည်ဆု ရထားဘူးသူပါဘဲ။
.
     ဒီဆုများဟာ သူနဲ့လွန်စွာထိုက်တန်ပါတယ်။ သူက လေးတန်းဘဲ အောင်ပါတယ်။ ဒါပေမ့ဲ စာပေရဲ့တန်ဖိုးကို အများကြီးသိခ့ဲတယ်။ ပညာဆိုတာ ပြန်မရမ့ဲ ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ ပြောခ့ဲသူတွေ၊ သူဝန်ကြီးဖြစ်တုံး အစိုးရငွေနဲ့ စာကြည့်တိုက်ငါးသောင်းဖွင့်ခ့ဲတယ် ( ခု ဘယ်နှစ်ခု အလုပ်ဖြစ်နေလဲတော့မသိ) ဆိုသူတွေနဲ့ မယှဉ်လောက်အောင်ပါဘဲ။ ရန်ကုန်ရောက်စ စားပွဲထိုးလုပ်ပြီး စာအုပ်ဝယ်ဖတ်တယ်။ ဖတ်ချင်သူတွေငှါးတယ်။ နောက်ပိုင်း ကိုယ်ပိုင်လမ်းဘေး ငါးကင်ဆိုင်ဖွင့်တော့ စုထားတ့ဲစာအုပ်တွေနဲ့ စာကြည့်တိုက်ဖွင့်ခ့ဲသူပါ။
.
     သူ့အကြောင်းတွေထဲက သူပြောတာတချို့ ပြန်ပြောပြချင်ပါတယ်။ အများကြီးထဲက တချို့အချက်လေးတွေပါ။
#ဝင်ငွေထဲက နှစ်ထောင်သုံးထောင်ချန်ပြီး စာအုပ်ဝယ်ခ့ဲတယ်။
#ကလေးတွေ စာဖတ်ချင်လာအောင် ဇယ်တောက်ခုံထောင်ပြီး စာတအုပ်ဖတ်ရင် တနာရီ ဇယ်ပေးတောက်ခ့ဲတယ်။
#လူငယ်တွေ စာအုပ်ဖတ်ပြီးရင် ဂစ်တာ တရက်ပေးငှါးတီးတယ်။
#အရက်သောက်နေသူတွေကိုတောင် စာတအုပ်ဖတ်ပြီးရင် ငွေတထောင်ပေးတယ်။ ငါးအုပ်လောက်ဖတ်အပြီး ငွေမယူတော့ဘဲ ဆက်ဖတ်တ့ဲသူ ပေါ်လာတယ်ဆိုတာ အများကြီးစဉ်းစားသင့်တ့ဲ ကိစ္စဖြစ်တယ်။
#မြောက်ဥက္ကလာအဝေးပြေးကားဂိတ်ကနေ သူနေတ့ဲလှိုင်ရပ်ကွက်အကြား စာအုပ်ဆိုင် တဆိုင်မှ မတွေ့ဘူးတ့ဲ။
စာအုပ်ဝယ်ချင်ရင် မြို့ထဲနဲ့ လှည်းတန်းမှာဘဲ လွယ်တယ်။
#သူရဲ့ အားကျတ့ဲပုဂ္ဂိုလ် idol က #ဘဘဗိုလ်ချုပ်အောင်ဆန်း ဘဲတ့ဲ။
.
     သဘောကျစရာတွေကြီးပါဘဲ။ ငါးကင်လှည်းပေါ်မှာ စာအုပ်တွေတင်ပြီး ငှါးတယ်။ နောက်ပိုင်း စက်ဘီးလှူသူပေါ်လာတော့ အိမ်တိုင်ရာရောက်လိုက်ငှါးတယ်။ ဘာအပေါင်မှ ပေးစရာမလိုဘူး။ ဘာအထောက်အထားမှ ပြစရာမလိုဘူး။
.
     ဒီနေရာမှာ သဘောအကျဆုံး အချက်ကို ပြောချင်ပါတယ်။ စာကြည့်တိုက်နဲ့ ပတ်သက်သူများ စိတ်ဝင်စားသူများ သတိထားသင့်တ့ဲ အချက်ပါ။ များသောအားဖြင့် စာကြည့်တိုက် လုပ်ပေးသူ တည်ထောင်သူများသည် စာအုပ်ချစ်သူများ ဖြစ်ကြပါတယ်။ ဒီတော့ မိမိစာကြည့်တိုက်မှ စာအုပ်များ ပျောက်မှာ အလွန်စိုးရိမ်ကြပါတယ်။ ဒီတော့ ငှါးလိုက်တ့ဲစာအုပ် ပြန်အပ်အောင် မပျောက်မပျက်အောင် နည်းလမ်းများစွာ သုံးရပါတော့တယ်။ ဒါက ကိုဇော်ဇော်ရဲ့ စာကြည့်တိုက်တွေနဲ့ အကွာခြားဆုံး အချက်ဖြစ်လာပါတော့တယ်။ သူ့စာကြည့်တိုက်မှာ ကိုယ်ငှါးတ့ဲစာအုပ်ကို ကိုယ့်ဖာသာ ရေးသွားယုံပါ။ သုံးအုပ်ငှါးသွားပြီး သုံးအုပ်ပြန်အပ်ရင် ရပါတယ်။ စာအုပ်ငှါးဖို့ ဘာမှမလိုပါဘူး။ စာဖတ်ချင်တ့ဲစိတ်တခုဘဲ လိုပါသတ့ဲ။
.
     ဒါဖြင့် စာအုပ်တွေမပျောက်ဘူးလားဆိုတော့ ၂၀% လောက်ထိ ပျောက်ပါသတ့ဲ။ စာကြည့်တိုက်ဖွင့်လိုသူတွေဟာ မိမိစာကြည့်တိုက်ကို တန်ဖိုးကြီးစာအုပ်တွေနဲ့ဘဲ လုပ်မယ်ဆိုရင် အဆင်မပြေနိုင်ပါ။ ပျောက်မှာစိုးတာနဲ့ ဗီရိုကြီးတွေနဲ့ သော့ခပ်သိမ်းရင်း စာအုပ်ပြတိုက်ဘဲ ဖြစ်သွားမှာပါ။ လူ အများစုကို စာဖတ်စေချင်တယ်ဆိုရင်လူ အများဖတ်မ့ဲ စာအုပ်ဘဲ များများလိုပါမယ်။ ကလေးတွေအတွက် ကာတွန်း၊ လူငယ်တွေအတွက် အချစ် စွန့်စားခန်း ရယ်စရာ ဂမ်ဘ်ဘီယ ဝတၳုတွေဘဲ များများလိုမှာပါ။ တန်ဖိုးရှိစာအုပ်တွေကိုတော့ သီးသန်းစာကြည့်တိုက်တွေမှာဘဲ သွားဖတ်ဖို့ လုပ်ပေးရမှာပါ။
.
     ကိုဇော်ဇော်ရဲ့ မန္တလေးစာကြည့်တိုက်များက ရလိုက်တ့ဲအသိကတော့ လူအများ လွယ်နိုင်သမျှ လွယ်ကူစွာနဲ့ စာအုပ်ဖတ်နိုင်ဖို့ အရေးအကြီးဆုံး ဆိုတာကိုပါ။ မန္တလေးစာကြည့်တိုက်များ အဓွန့်ရှည်ပါစေ။
XxXxXx
(Zawgyi version)
.
.
#ဝင်ငွေထဲက နှစ်ထောင်သုံးထောင်ချန်ပြီး စာအုပ်ဝယ်ခဲ့တယ်။
#ကလေးတွေ စာဖတ်ချင်လာအောင် ဇယ်တောက်ခုံထောင်ပြီး စာတအုပ်ဖတ်ရင် တနာရီ ဇယ်ပေးတောက်ခဲ့တယ်။
#မြောက်ဥက္ကလာအဝေးပြေးကားဂိတ်ကနေ သူနေတဲ့လှိုင်ရပ်ကွက်အကြား စာအုပ်ဆိုင် တဆိုင်မှ မတွေ့ဘူးတဲ့။
#သူရဲ့ အားကျတဲ့ပုဂ္ဂိုလ် idol က #ဘဘဗိုလ်ချုပ်အောင်ဆန်း ဘဲတဲ့။
.
.
.
.