25 April 2015

မြန်​မာ့​နွေဦး

(Unicode version)

မြန်​မာ့​နွေဦး တ့ဲ၊

.

နား​ထောင်​လို့ ​ကောင်​းသလို စာလုံးလဲ လှပါသည်​။

.

၂၀၁ဝ ​နောက်​ပိုင်​း မြန်​မာ့နိုင်​ငံ​ရေးကို တင်​စား​ခေါ်​ဝေါ် သုံးစွဲတ့ဲ စကားလုံးလှလှ​လေးပါ။ နှစ်​နှစ်​ဆယ်​​ကျော်​ စစ်​အုပ်​ချုပ်​​ရေး အ​မှောင်​ထဲက ထွက်​လာတာကို တင်​စားထားတာပါ။ သက်​ဆိုင်​သူ အားလုံးလဲ ​ပျော်​လို့​ပေါ့။ ဦး​ဆောင်​​ပြောင်​းလဲသူ သမတကြီးဆို ​နွေဦးပြီးလျှင်​​ ​ရောက်​လာ​တော့မ့ဲ သင်္ကြန်​ပွဲ​မျှော်​ပြီး တူးပို့တူးပို့နဲ့​တောင်​ ကချင်​ က​နေမှာ။ နာမည်​​ကောင်​း​တွေလဲရ၊ ​ငွေ​ကြေးအပါအဝင်​ အကူအညီ​တွေလဲရ၊ ကမ္ဘာမှာလဲ မျက်​နှာပွင်​့၊ ြမြန်​မာ သူ့​နေရာသူပြန်​ရပြီဆိုပြီး ဟစ်​တ့ဲလူကလဲ ဟစ်​နဲ့​ပေါ့။ သာယာလှပတ့ဲ ​နွေဦး​ပေါ့။ ဥသြသံ​တွေ​တောင်​ နားထဲကြား​နေ​သေး။

.

တကယ်​က ​နွေဦးဇတ်​လမ်​းက အာရပ်​ကမ္ဘာက စတာပါ။ arab spring ​ပေါ့..။ မြန်​မာနိုင်​ငံလိုဘဲ အာဏာရှင်​လက်​​အောက်​မှာ ရှည်​ကြာစွာ​နေခ့ဲတ့ဲ အ​ရှေ့အလယ်​ပိုင်​း နိုင်​ငံ​တွေ တနိုင်​ငံချင်​း တနိုင်​ငံချင်​း လွတ်​​မြောက်​လာတာကို အ​နောက်​နိုင်​ငံက သတင်​းစာ​တွေက အမည်​​ပေးခ့ဲပါတယ်​။ အာရပ်​​နွေဦးတ့ဲ။

.

တကယ်​​တော့ အ​နောက်​က သတင်​းစာ​တွေက သူတို့ရာသီဥတုနဲ့ တင်​စားခ့ဲတာပါ။ သူတို့အ​နောက်​နိုင်​ငံ အများစုရဲ့ ​ဆောင်​း winter က ရှည်​ကြာ ပြင်​းထန်​ပါတယ်​။ ဟိုးဝင်​ရိုးစွန်​း​ဒေသ​တွေဆို ​နွေ​ခြောက်​လ ​ဆောင်​း​ခြောက်​လပါ။ ​နွေဦးအစ သစ်​ပင်​​​တွေ ရွက်​နု​လေး​တွေ ထွက်​လာချိန်​၊ ငှက်​က​လေး​တွေ ပြန်​စမြင်​လာရတ့ဲ ၊ ​နွေး​ထွေး​စေတ့ဲ ​နေ​ရောင်​ခြည်​ ပြန်​ရလာတ့ဲ ​နွေဦးဟာ သူတို့အတွက်​ ​ပျော်​စရာကြီး​ပေါ့။ သူတို့နိုင်​ငံ​တွေမှာ အသာယာဆုံးဖြစ်​မ့ဲ ​နွေရာသီ summer ကလဲ လာ​တော့မှာမို့ ​နွေဦးဟာ သူတို့အတွက်​ ​ပျော်​စရာကြီးပါ။

.

မြန်​မာမှာ​တော့ ​နွေဦးရယ်​လို့ ထူးမရှိပါဘူး။ သို့​သော်​ ​ဆောင်​းစကုန်​တ့ဲ အချိန်​က​တော့ ​နွေဦးလို့ သတ်​မှတ်​ရမှာ​ပေါ့။ ဒါ​ပေမ့ဲ ​နွေဦးရဲ့​နောက်​ ​ရောက်​လာတ့ဲ ​နွေက​တော့ သူတို့ရဲ့ summer လို မဟုတ်​ပါ။ hot season ပါ။ ​ကျော​ကော့​နေ​အောင်​ပူပါတယ်​။ ခုကို တပြည်​လုံး ခံစား​နေရပါပြီ။ တချို့​နေရာ​တွေဆို ၄၀° စင်​တီဂရိတ်​ ​ကျော်​​နေပြီ။ ဒါလဲ ပုံမှန်​ ပူ​နေကျ ​နွေ​လေ။

.

ဒီ​တော့ အ​နောက်​သတင်​းစာ​တွေ တင်​စားတ့ဲ မြန်​မာ့​နွေဦး မှန်​​နေပြီ​ပေါ့။ မြန်​မာနိုင်​ငံ​ရေး အပူဆုံးအချိန်​ ​ရောက်​လာပြီ​လေ။ သူတို့တင်​စားပုံက လွဲပြီး နမိတ်​များ ဖြစ်​သွား​လေ​ရော့လား။ အာရပ်​ကမ္ဘာ လဲ ကိုယ်​့ထက်​ ပိုပူ​နေပြီ။ အ​နောက်​နိုင်​ငံ​တွေမှာလို ​နွေဦးပြီးယင်​ သာယာလှပတ့ဲ ​နွေမလာဘူး​လေ။ မြန်​မာပြည်​အတွက်​​တော့ ​အေးမြ​စေမ့ဲ မိုးကိုဘဲ ​မျှော်​ကြရ​တော့မှာဘဲ။ ဒီနိုင်​ငံ​ရေးမိုးက နိုဝင်​ဘာမှ လာမယ်​ဆို​တော့ November Rain ​ပေါ့။

.

မိုး အမျိုးမျိုး ရှိပါတယ်​။ ပြည်​သူ​တွေကို ​အေးချမ်​း​စေမ့ဲ မိုးမျိုး နိုဝင်​ဘာမှာ ရွာ​အောင်​ ပြည်​သူလူထုကြီးကဘဲ ဆန္ဒပြုရမှာပါ။ ဘာလုပ်​ရမယ်​ကို သိတယ်​​နော်​ ပရိသာတ်​ကြီး။

XxXxXx

(Zawgyi version )

ျမန္​မာ့​ေႏြဦး တ့ဲ၊
.
နား​ေထာင္​လို႔ ​ေကာင္​းသလို စာလံုးလဲ လွပါသည္​။
.
၂၀၁ဝ ​ေနာက္​ပိုင္​း ျမန္​မာ့ႏိုင္​ငံ​ေရးကို တင္​စား​ေခၚ​ေဝၚ သံုးစြဲတ့ဲ စကားလံုးလွလွ​ေလးပါ။ ႏွစ္​ႏွစ္​ဆယ္​​ေက်ာ္​ စစ္​အုပ္​ခ်ဳပ္​​ေရး အ​ေမွာင္​ထဲက ထြက္​လာတာကို တင္​စားထားတာပါ။ သက္​ဆိုင္​သူ အားလံုးလဲ ​ေပ်ာ္​လို႔​ေပါ့။ ဦး​ေဆာင္​​ေျပာင္​းလဲသူ သမတႀကီးဆို ​ေႏြဦးၿပီးလွ်င္​​ ​ေရာက္​လာ​ေတာ့မ့ဲ သၾကၤန္​ပြဲ​ေမွ်ာ္​ၿပီး တူးပို႔တူးပို႔နဲ႔​ေတာင္​ ကခ်င္​ က​ေနမွာ။ နာမည္​​ေကာင္​း​ေတြလဲရ၊ ​ေငြ​ေၾကးအပါအဝင္​ အကူအညီ​ေတြလဲရ၊ ကမာၻမွာလဲ မ်က္​ႏွာပြင္​့၊ ျျမန္​မာ သူ႔​ေနရာသူျပန္​ရၿပီဆိုၿပီး ဟစ္​တ့ဲလူကလဲ ဟစ္​နဲ႔​ေပါ့။ သာယာလွပတ့ဲ ​ေႏြဦး​ေပါ့။ ဥၾသသံ​ေတြ​ေတာင္​ နားထဲၾကား​ေန​ေသး။
.
တကယ္​က ​ေႏြဦးဇတ္​လမ္​းက အာရပ္​ကမာၻက စတာပါ။ arab spring ​ေပါ့..။ ျမန္​မာႏိုင္​ငံလိုဘဲ အာဏာ႐ွင္​လက္​​ေအာက္​မွာ ႐ွည္​ၾကာစြာ​ေနခ့ဲတ့ဲ အ​ေ႐ွ႕အလယ္​ပိုင္​း ႏိုင္​ငံ​ေတြ တႏိုင္​ငံခ်င္​း တႏိုင္​ငံခ်င္​း လြတ္​​ေျမာက္​လာတာကို အ​ေနာက္​ႏိုင္​ငံက သတင္​းစာ​ေတြက အမည္​​ေပးခ့ဲပါတယ္​။ အာရပ္​​ေႏြဦးတ့ဲ။
.
တကယ္​​ေတာ့ အ​ေနာက္​က သတင္​းစာ​ေတြက သူတို႔ရာသီဥတုနဲ႔ တင္​စားခ့ဲတာပါ။ သူတို႔အ​ေနာက္​ႏိုင္​ငံ အမ်ားစုရဲ႕ ​ေဆာင္​း winter က ႐ွည္​ၾကာ ျပင္​းထန္​ပါတယ္​။ ဟိုးဝင္​႐ိုးစြန္​း​ေဒသ​ေတြဆို ​ေႏြ​ေျခာက္​လ ​ေဆာင္​း​ေျခာက္​လပါ။ ​ေႏြဦးအစ သစ္​ပင္​​​ေတြ ရြက္​ႏု​ေလး​ေတြ ထြက္​လာခ်ိန္​၊ ငွက္​က​ေလး​ေတြ ျပန္​စျမင္​လာရတ့ဲ ၊ ​ေႏြး​ေထြး​ေစတ့ဲ ​ေန​ေရာင္​ျခည္​ ျပန္​ရလာတ့ဲ ​ေႏြဦးဟာ သူတို႔အတြက္​ ​ေပ်ာ္​စရာႀကီး​ေပါ့။ သူတို႔ႏိုင္​ငံ​ေတြမွာ အသာယာဆံုးျဖစ္​မ့ဲ ​ေႏြရာသီ summer ကလဲ လာ​ေတာ့မွာမို႔ ​ေႏြဦးဟာ သူတို႔အတြက္​ ​ေပ်ာ္​စရာႀကီးပါ။
.
ျမန္​မာမွာ​ေတာ့ ​ေႏြဦးရယ္​လို႔ ထူးမ႐ွိပါဘူး။ သို႔​ေသာ္​ ​ေဆာင္​းစကုန္​တ့ဲ အခ်ိန္​က​ေတာ့ ​ေႏြဦးလို႔ သတ္​မွတ္​ရမွာ​ေပါ့။ ဒါ​ေပမ့ဲ ​ေႏြဦးရဲ႕​ေနာက္​ ​ေရာက္​လာတ့ဲ ​ေႏြက​ေတာ့ သူတို႔ရဲ႕ summer လို မဟုတ္​ပါ။ hot season ပါ။ ​ေက်ာ​ေကာ့​ေန​ေအာင္​ပူပါတယ္​။ ခုကို တျပည္​လံုး ခံစား​ေနရပါၿပီ။ တခ်ိဳ႕​ေနရာ​ေတြဆို ၄၀° စင္​တီဂရိတ္​ ​ေက်ာ္​​ေနၿပီ။ ဒါလဲ ပံုမွန္​ ပူ​ေနက် ​ေႏြ​ေလ။
.
ဒီ​ေတာ့ အ​ေနာက္​သတင္​းစာ​ေတြ တင္​စားတ့ဲ ျမန္​မာ့​ေႏြဦး မွန္​​ေနၿပီ​ေပါ့။ ျမန္​မာႏိုင္​ငံ​ေရး အပူဆံုးအခ်ိန္​ ​ေရာက္​လာၿပီ​ေလ။ သူတို႔တင္​စားပံုက လြဲၿပီး နမိတ္​မ်ား ျဖစ္​သြား​ေလ​ေရာ့လား။ အာရပ္​ကမာၻ လဲ ကိုယ္​့ထက္​ ပိုပူ​ေနၿပီ။ အ​ေနာက္​ႏိုင္​ငံ​ေတြမွာလို ​ေႏြဦးၿပီးယင္​ သာယာလွပတ့ဲ ​ေႏြမလာဘူး​ေလ။ ျမန္​မာျပည္​အတြက္​​ေတာ့ ​ေအးျမ​ေစမ့ဲ မိုးကိုဘဲ ​ေမွ်ာ္​ၾကရ​ေတာ့မွာဘဲ။ ဒီႏိုင္​ငံ​ေရးမိုးက ႏိုဝင္​ဘာမွ လာမယ္​ဆို​ေတာ့ November Rain ​ေပါ့။
.
မိုး အမ်ိဳးမ်ိဳး ႐ွိပါတယ္​။ ျပည္​သူ​ေတြကို ​ေအးခ်မ္​း​ေစမ့ဲ မိုးမ်ိဳး ႏိုဝင္​ဘာမွာ ရြာ​ေအာင္​ ျပည္​သူလူထုႀကီးကဘဲ ဆႏၵျပဳရမွာပါ။ ဘာလုပ္​ရမယ္​ကို သိတယ္​​ေနာ္​ ပရိသာတ္​ႀကီး။ 

20 April 2015

ယမမင်​းများလား။

(Unicode version )

သင်္ကြန်​ တခါပြီးသွား​တော့ သိကြားမင်​း ပြန်​တက်​သွားပါပြီ။ ငယ်​စဉ်​က လူကြီးများ ​ပြောခ့ဲသည်​ကို သတိရသည်​။ " သင်္ကြန်​တွင်​း ​ကောင်​း​ကောင်​း​နေကြ၊ သိကြားမင်​းက မ​ကောင်​းတ့ဲသူ​တွေကို ​ခွေးသာ​ရေ ပုရိပိုဒ်​နဲ့ မှတ်​သွားတတ်​တယ်​။ " ဒီနှစ်​သိကြားမင်​း လည်​ပတ်​ချိန်​​တောင်​မရဟု ကြားသည်​။ အိုင်​ပက်​နဲ့ မှတ်​တာ​တောင်​ မဆန်​့၍ အပိုဟတ်​ဒစ်​ခ်​​တောင်​ သုံးသွားရသည်​အထိ မှတ်​လို့မကုန်​တ့ဲ။

.

သင်္ကြန်​အပြီး ငါးရက်​ကြာ​တော့ ​ဖေ့ဘုတ်​တွင်​ ​တွေ့ရပြန်​ပါပြီ။ ယ​နေ့​ပေါ့။ ဟစ်​တလာနဲ့ ​မွေး​နေ့တူ​သော သမတကြီးကို ဆဲကြပြန်​ပါသည်​။ ​

# ​သေ​နေ့ဖြစ်​သင်​့သတ့ဲ၊

# ယမမင်​း ​စောင်​့​နေတယ်​တ့ဲ၊

# နာဂစ်​က ​သေသူ​တွေ ​စောင်​့​နေတယ်​တ့ဲ၊

တခြားဆဲကြတာ​တွေ​တော့ ပြန်​မ​ပြောချင်​​တော့ပါ။ သိကြားမင်​း အတက်​​စော​ပေလို့ဘဲ။ နို့မို့ ​နောက်​ထပ်​ တဲန်​း ဂစ်​​တောင်​ ​လောက်​မှာမဟုတ်​။

.

" ယမမင်​း ​စောင်​့​နေတာ " တခွန်​းကိုဘဲ စာ​ရေးဆရာ ကိုတာ​ရေးသလို ဖြန်​ထွက်​​တွေးကြည်​့မိပါသည်​။ ဦးသိန်​းစိန်​သာ မက သူ့ဆရာ စာဖတ်​​နေသူကြီး​ရောပါ ယမမင်​း ဖြစ်​​နေလျှင်​​ရော။ ကျွန်​​တော်​တို့ မြန်​မာ​တွေ ငရဲပြည်​ တ​နေရာရာ ​ရောက်​​နေတာ မဖြစ်​နိုင်​ဘူးလား။ သူတို့က ငရဲမင်​းကြီး​တွေ​လေ။ ပြည်​သူ​တွေက ငရဲတမျိုး ခံ​နေရတာ​လေ။ မြန်​မာပြည်​သား​တွေက မဟုတ်​တာ လုပ်​တာ များ​နေသည်​​လေ၊ ဒီလို​တွေးမိ​တော့လဲ မခံချင်​စရာ။

.

အပျင်​း​ပြေ ​တွေးကြည်​့တာပါ။ သူတို့ကလဲ ယမမင်​း​တွေ မဟုတ်​လို့ ငရဲကြီးမယ်​ ထင်​ပါရဲ့။ ပြည်​သူ​တွေကလဲ ​ကောင်​းမှု​တွေ ​ရှေ့​လျှောက်​လုပ်​ပြီး နတ်​ပြည်​မြန်​းကြပါမယ်​။ ​နောက်​ဆုံး အပိုဒ်​လေး မ​ရေးမိယင်​ ကွန်​မန်​့​တွေ​ကြောင်​့ ​နောက်​ထပ်​ ဟတ်​ဒစ်​ခ်​တလုံး။ ။

XxXxXx

(Zawgyi version )

သၾကၤန္​ တခါၿပီးသြား​ေတာ့ သိၾကားမင္​း ျပန္​တက္​သြားပါၿပီ။ ငယ္​စဥ္​က လူႀကီးမ်ား ​ေျပာခ့ဲသည္​ကို သတိရသည္​။ " သၾကၤန္​တြင္​း ​ေကာင္​း​ေကာင္​း​ေနၾက၊ သိၾကားမင္​းက မ​ေကာင္​းတ့ဲသူ​ေတြကို ​ေခြးသာ​ေရ ပုရိပိုဒ္​နဲ႔ မွတ္​သြားတတ္​တယ္​။ " ဒီႏွစ္​သိၾကားမင္​း လည္​ပတ္​ခ်ိန္​​ေတာင္​မရဟု ၾကားသည္​။ အိုင္​ပက္​နဲ႔ မွတ္​တာ​ေတာင္​ မဆန္​႔၍ အပိုဟတ္​ဒစ္​ခ္​​ေတာင္​ သံုးသြားရသည္​အထိ မွတ္​လို႔မကုန္​တ့ဲ။
.
သၾကၤန္​အၿပီး ငါးရက္​ၾကာ​ေတာ့ ​ေဖ့ဘုတ္​တြင္​ ​ေတြ႔ရျပန္​ပါၿပီ။ ယ​ေန႔​ေပါ့။ ဟစ္​တလာနဲ႔ ​ေမြး​ေန႔တူ​ေသာ သမတႀကီးကို ဆဲၾကျပန္​ပါသည္​။ ​
# ​ေသ​ေန႔ျဖစ္​သင္​့သတ့ဲ၊
# ယမမင္​း ​ေစာင္​့​ေနတယ္​တ့ဲ၊
# နာဂစ္​က ​ေသသူ​ေတြ ​ေစာင္​့​ေနတယ္​တ့ဲ၊
တျခားဆဲၾကတာ​ေတြ​ေတာ့ ျပန္​မ​ေျပာခ်င္​​ေတာ့ပါ။ သိၾကားမင္​း အတက္​​ေစာ​ေပလို႔ဘဲ။ ႏို႔မို႔ ​ေနာက္​ထပ္​ တဲန္​း ဂစ္​​ေတာင္​ ​ေလာက္​မွာမဟုတ္​။
.
" ယမမင္​း ​ေစာင္​့​ေနတာ " တခြန္​းကိုဘဲ စာ​ေရးဆရာ ကိုတာ​ေရးသလို ျဖန္​ထြက္​​ေတြးၾကည္​့မိပါသည္​။ ဦးသိန္​းစိန္​သာ မက သူ႔ဆရာ စာဖတ္​​ေနသူႀကီး​ေရာပါ ယမမင္​း ျဖစ္​​ေနလွ်င္​​ေရာ။ ကြၽန္​​ေတာ္​တို႔ ျမန္​မာ​ေတြ ငရဲျပည္​ တ​ေနရာရာ ​ေရာက္​​ေနတာ မျဖစ္​ႏိုင္​ဘူးလား။ သူတို႔က ငရဲမင္​းႀကီး​ေတြ​ေလ။ ျပည္​သူ​ေတြက ငရဲတမ်ိဳး ခံ​ေနရတာ​ေလ။ ျမန္​မာျပည္​သား​ေတြက မဟုတ္​တာ လုပ္​တာ မ်ား​ေနသည္​​ေလ၊ ဒီလို​ေတြးမိ​ေတာ့လဲ မခံခ်င္​စရာ။
.
အပ်င္​း​ေျပ ​ေတြးၾကည္​့တာပါ။ သူတို႔ကလဲ ယမမင္​း​ေတြ မဟုတ္​လို႔ ငရဲႀကီးမယ္​ ထင္​ပါရဲ႕။ ျပည္​သူ​ေတြကလဲ ​ေကာင္​းမႈ​ေတြ ​ေ႐ွ႕​ေလွ်ာက္​လုပ္​ၿပီး နတ္​ျပည္​ျမန္​းၾကပါမယ္​။ ​ေနာက္​ဆံုး အပိုဒ္​ေလး မ​ေရးမိယင္​ ကြန္​မန္​႔​ေတြ​ေၾကာင္​့ ​ေနာက္​ထပ္​ ဟတ္​ဒစ္​ခ္​တလံုး။ ။ 

19 April 2015

မဲစာရင်း

(Unicode version)

မဲစာရင်​း ဆိုတာနဲ့ ရပ်​ကွက်​ထဲ ​ဈေးထဲတွင်​ ​ငွေစုထည်​့၍ အလှည်​့ကျ မဲနှိုက်​ပြီး​ငွေပြန်​ခွဲတာကို ​ပြေးမြင်​မှာ စိုးပါသည်​။ ယ​နေ့ မြန်​မာပြည်​တွင်​ ​ငွေစုနည်​းတမျိုးအဖြစ်​ စိတ်​ဝင်​စားကာ လုပ်​​နေကြသည်​။ ဘဏ်​​ချေး​ငွေ တရားဝင်​ရရန်​ ခက်​သဖြင်​့ ဤနည်​းဖြင်​့ အရင်​းစု​နေကြတာ ဖြစ်​ပါလိမ်​့မည်​။ ကျွန်​​တော်​ ​ပြောလိုသည်​မှာ ထိုမဲစာရင်​း လုံးဝမဟုတ်​ပါ။ စိတ်​ပျက်​ပြီး ဆက်​မဖတ်​ဘဲ မ​နေကြပါနဲ့ဦး။ လာမည်​့ ၂၀၁၅ ​ရွေး​ကောက်​ပွဲတွင်​ မဲ​ပေးနိုင်​သူ စာရင်​းအ​ကြောင်​း ​ပြောချင်​တာပါ။

.

သင်​သည်​

NLD ကို ​ထောက်​ခံသူ ဖြစ်​နိုင်​ပါသည်​။

ကြ့ံဖွံ့ကို ​ထောက်​ခံသူဖြစ်​နိုင်​သည်​။

ထိုနှစ်​ဖွဲ့စလုံးကို မကြိုက်​၍ ​ပေါ်ထွက်​လာနိုင်​သည်​့ တတိယပါတီကို ကြိုက်​သူလဲ ဖြစ်​နိုင်​ပါသည်​။

သို့မဟုတ်​ မိမိလူမျိုး တိုင်​းရင်​းသားပါတီကို ​ထောက်​ခံသူလဲ ဖြစ်​နိုင်​ပါသည်​။

ဘယ်​ပါတီကို ​ထောက်​ခံသူဖြစ်​​စေ ကိုယ်​့ပါတီကို အနိုင်​ရ​စေလိုမှာ အမှန်​ဖြစ်​သည်​။ ထိုသို့ အနိုင်​ရရန်​ မဲ​ပေးချိန်​တွင်​ ကိုယ်​တိုင်​ မဲ​ပေးဖို့ လိုပါလိမ်​့မည်​။ ဤတွင်​ မဲစာရင်​းက အ​ရေးကြီးလာပါ​တော့သည်​။

.

မဲစာရင်​းတွင်​ မိမိအမည်​ မပါပါက မဲ​ပေးခွင်​့ ရမည်​ မဟုတ်​ပါ။ မဲ​ပေးသည်​့​နေ့ကျမှ ဘာမျှ မတတ်​နိုင်​ပါ။ ဟိုတ​ခေါက်​က​တော့ ရပ်​ကွက်​လူကြီးများ ​ထောက်​ခံချက်​ဖြင်​့ အချို့မဲ​ပေးခွင်​့ ရခ့ဲသည်​ ကြားဘူးသည်​။ သို့​သော်​ အခုတ​ခေါက်​တွင်​ ကန်​့ကွက်​မှုများ ရှိလာနိုင်​သဖြင်​့ မ​သေချာ​တော့ပါ။ ထို့​ကြောင်​့ ယခု ယာယီမဲစာရင်​းများ ​ကြေငြာချိန်​တွင်​ သွား​ရောက်​ စစ်​သင်​့ပါသည်​။

.

မိမိ ​နေထိုင်​ရာ ရပ်​ကွက်​​ မဲစာရင်​းတွင်​ မပါပါက ရပ်​ကွက်​ရုံးသို့ အ​ကြောင်​းကြား၍ ပုံစံဖြည်​့ရပါမည်​။ ပုံစံကို ကူညီဖြည်​့​ပေးမည်​့ NGO အဖွဲ့များ ထိုရုံးများတွင်​ ရှိ​နေတတ်​ပါသည်​။ အမည်​ ပါ​သော်​လည်​း အဘအမည်​၊ နိုင်​ငံသားအမှတ်​က့ဲသို့ အချက်​အလက်​များ ကွဲလွဲ​နေလျှင်​လည်​း ပုံးစံတမျိုး​တောင်​း၍ ပြင်​ဆင်​ရပါမည်​။ မိမိ ကိုယ်​တိုင်​အတွက်​ မှန်​​နေလျှင်​လည်​း ချက်​ချင်​းမပြန်​ဘဲ မိမိအသိ၊ ​ဆွေမျိုး ၊ အိမ်​နီးချင်​းများအတွက်​ပါ ကြည်​့​ပေး​စေချင်​ပါသည်​။ လိုအပ်​သည်​ကို ​တွေ့ပါက ကာယကံရှင်​ကို အ​ကြောင်​းကြား၍ ပြင်​ဖို့ တိုက်​တွန်​း​ပေးသင်​့ပါသည်​။

.

ဒီ​ကောင်​​တွေ လိမ်​မှာပါဘဲ၊ မဲခိုးမှာပါဘဲဟု ​တွေးပြီး လစ်​လျူရှုခ့ဲလျှင်​ လိမ်​မည်​့ ခိုးမည်​့သူများ ပိုအခွင်​့အ​ရေး ရသွားပါလိမ်​့မည်​။ သင်​အမည်​ဖြင်​့ တခြား ပါတီကို မဲခိုး​ပေးသွားပါက မိ​အေးနှစ်​ခါနာ ဖြစ်​ပါလိမ်​့မည်​။ လူတဦးချင်​း၏ မဲတမဲချင်​း​ကြောင်​့ အစိုးရ​ပြောင်​းသွားနိုင်​သည်​ကို သတိပြုသင်​့သည်​။ မြန်​မာလူမျိုးပီပီ ​ကြောက်​​သော​ကြောင်​့၎င်း၊ ပျင်​း​သော​ကြောင်​့၎င်း၊ မထူးပါဘူးကွာဟု ထင်​​သော​ကြောင်​့၎င်း ပစ္စလက္ခတ်​ မလုပ်​လိုက်​ပါနှင်​့၊ ​နောက်​ငါးနှစ်​ အနည်​းဆုံး ခံ​နေရလိမ်​့မည်​။

.

မဲ အပြတ်​အသတ်​ ကွာ​နေလျှင်​ လိမ်​ဖို့ ခက်​ပါလိမ်​့မည်​။ ​နောက်​ဆုံး အာဏာလွှဲမ​ပေးဘဲ ​နေဖို့ပင်​ ခက်​ပါလိမ်​့မည်​။ ဤတကြိမ်​သည်​ အခြားအကြိမ်​များနှင်​့ မတူပါ။ ဒီအခွင်​့အ​ရေးမျိုး ​နောင်​ငါးနှစ်​မှ ရပါလိမ်​့မည်​။ မြန်​မာပြည်​တလွှား မြို့နယ်​အလိုက်​ မဲစာရင်​းများ စတင်​​ကြေငြာ​နေပါပြီ။ မိမိမြို့နယ်​တွင်​ ​ကြေငြာပြီဆိုပါက ရပ်​ကွက်​/​ကျေးရွာ အုပ်​ချုပ်​​ရေးမှုးရုံးများတွင်​ မဲစာရင်​း ကြည်​့စစ်​​ဆေးနိုင်​ပါသည်​။ မဲမ​ပေးရခင်​ ပထမဆုံး အဆင်​့အ​နေနှင်​့ မဲစာရင်​းထဲ မိမိအမည်​ ပါဖို့လိုသဖြင်​့ ယခုကပင်​ စတင်​လှုပ်​ရှားလိုက်​ပါ။ သင်​တို့ ကျွန်​​တော်​တို့ အလိုရှိ​သော ဒီမိုက​ရေစီ နိုင်​ငံသား ပီသ​ကြောင်​း ပြသည်​့အ​နေနှင်​​ပေါ့။

XxXxXx

(Zawgyi version)

မဲစာရင္​း ဆိုတာနဲ႔ ရပ္​ကြက္​ထဲ ​ေစ်းထဲတြင္​ ​ေငြစုထည္​့၍ အလွည္​့က် မဲႏိႈက္​ၿပီး​ေငြျပန္​ခြဲတာကို ​ေျပးျမင္​မွာ စိုးပါသည္​။ ယ​ေန႔ ျမန္​မာျပည္​တြင္​ ​ေငြစုနည္​းတမ်ိဳးအျဖစ္​ စိတ္​ဝင္​စားကာ လုပ္​​ေနၾကသည္​။ ဘဏ္​​ေခ်း​ေငြ တရားဝင္​ရရန္​ ခက္​သျဖင္​့ ဤနည္​းျဖင္​့ အရင္​းစု​ေနၾကတာ ျဖစ္​ပါလိမ္​့မည္​။ ကြၽန္​​ေတာ္​ ​ေျပာလိုသည္​မွာ ထိုမဲစာရင္​း လံုးဝမဟုတ္​ပါ။ စိတ္​ပ်က္​ၿပီး ဆက္​မဖတ္​ဘဲ မ​ေနၾကပါနဲ႔ဦး။ လာမည္​့ ၂၀၁၅ ​ေရြး​ေကာက္​ပြဲတြင္​ မဲ​ေပးႏိုင္​သူ စာရင္​းအ​ေၾကာင္​း ​ေျပာခ်င္​တာပါ။
.
သင္​သည္​
NLD ကို ​ေထာက္​ခံသူ ျဖစ္​ႏိုင္​ပါသည္​။
ၾက့ံဖြံ႔ကို ​ေထာက္​ခံသူျဖစ္​ႏိုင္​သည္​။
ထိုႏွစ္​ဖြဲ႔စလံုးကို မႀကိဳက္​၍ ​ေပၚထြက္​လာႏိုင္​သည္​့ တတိယပါတီကို ႀကိဳက္​သူလဲ ျဖစ္​ႏိုင္​ပါသည္​။
သို႔မဟုတ္​ မိမိလူမ်ိဳး တိုင္​းရင္​းသားပါတီကို ​ေထာက္​ခံသူလဲ ျဖစ္​ႏိုင္​ပါသည္​။
ဘယ္​ပါတီကို ​ေထာက္​ခံသူျဖစ္​​ေစ ကိုယ္​့ပါတီကို အႏိုင္​ရ​ေစလိုမွာ အမွန္​ျဖစ္​သည္​။ ထိုသို႔ အႏိုင္​ရရန္​ မဲ​ေပးခ်ိန္​တြင္​ ကိုယ္​တိုင္​ မဲ​ေပးဖို႔ လိုပါလိမ္​့မည္​။ ဤတြင္​ မဲစာရင္​းက အ​ေရးႀကီးလာပါ​ေတာ့သည္​။
.
မဲစာရင္​းတြင္​ မိမိအမည္​ မပါပါက မဲ​ေပးခြင္​့ ရမည္​ မဟုတ္​ပါ။ မဲ​ေပးသည္​့​ေန႔က်မွ ဘာမွ် မတတ္​ႏိုင္​ပါ။ ဟိုတ​ေခါက္​က​ေတာ့ ရပ္​ကြက္​လူႀကီးမ်ား ​ေထာက္​ခံခ်က္​ျဖင္​့ အခ်ိဳ႕မဲ​ေပးခြင္​့ ရခ့ဲသည္​ ၾကားဘူးသည္​။ သို႔​ေသာ္​ အခုတ​ေခါက္​တြင္​ ကန္​႔ကြက္​မႈမ်ား ႐ွိလာႏိုင္​သျဖင္​့ မ​ေသခ်ာ​ေတာ့ပါ။ ထို႔​ေၾကာင္​့ ယခု ယာယီမဲစာရင္​းမ်ား ​ေၾကျငာခ်ိန္​တြင္​ သြား​ေရာက္​ စစ္​သင္​့ပါသည္​။
.
မိမိ ​ေနထိုင္​ရာ ရပ္​ကြက္​​ မဲစာရင္​းတြင္​ မပါပါက ရပ္​ကြက္​ရံုးသို႔ အ​ေၾကာင္​းၾကား၍ ပံုစံျဖည္​့ရပါမည္​။ ပံုစံကို ကူညီျဖည္​့​ေပးမည္​့ NGO အဖြဲ႔မ်ား ထိုရံုးမ်ားတြင္​ ႐ွိ​ေနတတ္​ပါသည္​။ အမည္​ ပါ​ေသာ္​လည္​း အဘအမည္​၊ ႏိုင္​ငံသားအမွတ္​က့ဲသို႔ အခ်က္​အလက္​မ်ား ကြဲလြဲ​ေနလွ်င္​လည္​း ပံုးစံတမ်ိဳး​ေတာင္​း၍ ျပင္​ဆင္​ရပါမည္​။ မိမိ ကိုယ္​တိုင္​အတြက္​ မွန္​​ေနလွ်င္​လည္​း ခ်က္​ခ်င္​းမျပန္​ဘဲ မိမိအသိ၊ ​ေဆြမ်ိဳး ၊ အိမ္​နီးခ်င္​းမ်ားအတြက္​ပါ ၾကည္​့​ေပး​ေစခ်င္​ပါသည္​။ လိုအပ္​သည္​ကို ​ေတြ႔ပါက ကာယကံ႐ွင္​ကို အ​ေၾကာင္​းၾကား၍ ျပင္​ဖို႔ တိုက္​တြန္​း​ေပးသင္​့ပါသည္​။
.
ဒီ​ေကာင္​​ေတြ လိမ္​မွာပါဘဲ၊ မဲခိုးမွာပါဘဲဟု ​ေတြးၿပီး လစ္​လ်ဴ႐ႈခ့ဲလွ်င္​ လိမ္​မည္​့ ခိုးမည္​့သူမ်ား ပိုအခြင္​့အ​ေရး ရသြားပါလိမ္​့မည္​။ သင္​အမည္​ျဖင္​့ တျခား ပါတီကို မဲခိုး​ေပးသြားပါက မိ​ေအးႏွစ္​ခါနာ ျဖစ္​ပါလိမ္​့မည္​။ လူတဦးခ်င္​း၏ မဲတမဲခ်င္​း​ေၾကာင္​့ အစိုးရ​ေျပာင္​းသြားႏိုင္​သည္​ကို သတိျပဳသင္​့သည္​။ ျမန္​မာလူမ်ိဳးပီပီ ​ေၾကာက္​​ေသာ​ေၾကာင္​့၎၊ ပ်င္​း​ေသာ​ေၾကာင္​့၎၊ မထူးပါဘူးကြာဟု ထင္​​ေသာ​ေၾကာင္​့၎ ပစၥလကၡတ္​ မလုပ္​လိုက္​ပါႏွင္​့၊ ​ေနာက္​ငါးႏွစ္​ အနည္​းဆံုး ခံ​ေနရလိမ္​့မည္​။
.
မဲ အျပတ္​အသတ္​ ကြာ​ေနလွ်င္​ လိမ္​ဖို႔ ခက္​ပါလိမ္​့မည္​။ ​ေနာက္​ဆံုး အာဏာလႊဲမ​ေပးဘဲ ​ေနဖို႔ပင္​ ခက္​ပါလိမ္​့မည္​။ ဤတႀကိမ္​သည္​ အျခားအႀကိမ္​မ်ားႏွင္​့ မတူပါ။ ဒီအခြင္​့အ​ေရးမ်ိဳး ​ေနာင္​ငါးႏွစ္​မွ ရပါလိမ္​့မည္​။ ျမန္​မာျပည္​တလႊား ၿမိဳ႕နယ္​အလိုက္​ မဲစာရင္​းမ်ား စတင္​​ေၾကျငာ​ေနပါၿပီ။ မိမိၿမိဳ႕နယ္​တြင္​ ​ေၾကျငာၿပီဆိုပါက ရပ္​ကြက္​/​ေက်းရြာ အုပ္​ခ်ဳပ္​​ေရးမႈးရံုးမ်ားတြင္​ မဲစာရင္​း ၾကည္​့စစ္​​ေဆးႏိုင္​ပါသည္​။ မဲမ​ေပးရခင္​ ပထမဆံုး အဆင္​့အ​ေနႏွင္​့ မဲစာရင္​းထဲ မိမိအမည္​ ပါဖို႔လိုသျဖင္​့ ယခုကပင္​ စတင္​လႈပ္​႐ွားလိုက္​ပါ။ သင္​တို႔ ကြၽန္​​ေတာ္​တို႔ အလို႐ွိ​ေသာ ဒီမိုက​ေရစီ ႏိုင္​ငံသား ပီသ​ေၾကာင္​း ျပသည္​့အ​ေနႏွင္​​ေပါ့။ 

16 April 2015

2015 water festival 3




2015 water festival 2




2015 water festival




water ပါတီ၊ ချာပါတီ။


(Unicode version )



ရုပ်​မြင်​သံကြားအနံ့ပါရသည်​့ ဘိုး​တော်​ချစ်​​ရွှေကြီး၏ ​ပြောကြားချက်​။



ယခုနှစ်​ သင်္ကြန်​တွင်​ ​ခေတ်​စား​နေ​သော သီချင်​း water ပါတီ ချာပါတီသီချင်​းသည်​၊ သာမ​ညောင်​ည မဟုတ်​၊ သဘင်​သည်​များ စ ဆို၍ က​လေးများ မည်​သူ့တိုက်​တွန်​းမှုမှ မပါဘဲ ဆိုကြ​သော တ​ဘောင်​ကြီးဖြစ်​​ကြောင်​း၊ ဤတ​ဘောင်​နမိတ်​ကို အသုံးချနိုင်​ပါက တိုင်​းပြည်​ကြီး တိုးတက်​အံ့ဟု မိန်​့​လေ၏။

.

တပည်​့များက အဓိပ္ပါယ်​ လင်​းပါဟု ​တောင်​းဆိုသဖြင်​့ ​ရွှေဘိုး​တော်​ကြီး ရှင်​းပြသည်​မှာ --- water ပါတီမှာ ပါတီက မြန်​မာစကားအဖြစ်​ ပါတီ​ကောင်​စီ​ခေတ်​ကတည်​းက ဖြစ်​​နေတာ မင်​းတို့သိကြတယ်​ ၊ water မှာ `t´ ရဲ့ မူရင်​း အင်္ဂလိပ်​ အသံမှာ တီ မဟုတ်​ဘဲ ထီ ဖြစ်​တယ်​။ ​ဗမာ​တွေကဘဲ တီ လို့ အသံထွက်​တယ်​။ ကရင်​​တွေ​တောင်​ အမှန်​အတိုင်​း ထီ လို့ထွက်​တာ မင်​းတို့ သိရဲ့လား၊ ဒါ​ကြောင်​့ water ပါတီကို ​ဗမာသံနဲ့ ဝါးထားပါတီ လို့ထွက်​ရမယ်​။ သီချင်​းအမှန်​က ဝါးထားပါတီ၊ ချာပါတီဘဲ။ ဟုမိန်​့၍ ကွမ်​းမြုံ့​နေ​လေ၏။

.

တပည်​့တဦးက ဘိုး​တော်​၊ နိုင်​ငံတိုးတက်​မ့ဲနမိတ်​နဲ့ ဘယ်​လို ဆက်​စပ်​သလဲ လင်​းပါဦးဟု ​မေးရာ စိတ်​တိုပြီး " မင်​းတို့ ဒါ​ကြောင်​့လဲ မကြီးပွားတာဘဲ။ တ​ဘောင်​က ရှင်​း​နေတာကွ၊ ဝါးထားတ့ဲပါတီက ချာတ့ဲပါတီ​ပေါ့ကွာ။ ၂၀၁၅ လာမဲ့ ​ရွေး​ကောက်​ပွဲကျ ဝါးထားတ့ဲ ချာပါတီကို မဲမ​ပေးယင်​ တိုင်​းပြည်​ ကြီးပွားပြီ​ပေါ့ကွ၊ ​တော်​​တော်​တုံးတ့ဲ ​မောင်​​တွေဘဲ။ ​ဟေ့ ဘယ်​ပါတီက ပြည်​သူ့ပိုက်​ဆံ​တွေ ဝါးထားလဲ ငါ တည်​့​ပြောရဦးမလား။ " ဆိုမှ

.

တပည်​့များလဲ၊ မလို​တော့ပါ၊ ဘိုး​တော်​ရယ်​ဟု ရီရင်​း ပြန်​​ပြောကြယင်​း " ဝါးထားပါတီ၊ ချာပါတီ " သုံးကြိမ်​ ရွတ်​ကြ​လေသတည်​း။

...

​နောက်​ဆုံး လျှို့ဝှက်​မှတ်​ချက်​။ ။ ဤ အ​ကြောင်​းကို သင်္ကြန်​ ​နောက်​ဆုံး​နေ့မှ အပြင်​လူများကို ဘိုး​တော်​က ​ပြောခိုင်​းပါသည်​။ တာဝန်​ရှိသူဟု သူတို့ဖာသာ သတ်​မှတ်​ထား​သော သူများ ကြားလျှင်​ သင်္ကြန်​တွင်​း ဤသီချင်​း ​ပေးမဆိုမှာ စိုး​သော​ကြောင်​့ပါ။

XxXxXx

(Zawgyi version)


႐ုပ္​ျမင္​သံၾကားအနံ႔ပါရသည္​့ ဘိုး​ေတာ္​ခ်စ္​​ေရႊႀကီး၏ ​ေျပာၾကားခ်က္​။

ယခုႏွစ္​ သၾကၤန္​တြင္​ ​ေခတ္​စား​ေန​ေသာ သီခ်င္​း water ပါတီ ခ်ာပါတီသီခ်င္​းသည္​၊ သာမ​ေညာင္​ည မဟုတ္​၊ သဘင္​သည္​မ်ား စ ဆို၍ က​ေလးမ်ား မည္​သူ႔တိုက္​တြန္​းမႈမွ မပါဘဲ ဆိုၾက​ေသာ တ​ေဘာင္​ႀကီးျဖစ္​​ေၾကာင္​း၊ ဤတ​ေဘာင္​နမိတ္​ကို အသံုးခ်ႏိုင္​ပါက တိုင္​းျပည္​ႀကီး တိုးတက္​အံ့ဟု မိန္​႔​ေလ၏။
.
တပည္​့မ်ားက အဓိပၸါယ္​ လင္​းပါဟု ​ေတာင္​းဆိုသျဖင္​့ ​ေရႊဘိုး​ေတာ္​ႀကီး ႐ွင္​းျပသည္​မွာ --- water ပါတီမွာ ပါတီက ျမန္​မာစကားအျဖစ္​ ပါတီ​ေကာင္​စီ​ေခတ္​ကတည္​းက ျဖစ္​​ေနတာ မင္​းတို႔သိၾကတယ္​ ၊ water မွာ `t´ ရဲ႕ မူရင္​း အဂၤလိပ္​ အသံမွာ တီ မဟုတ္​ဘဲ ထီ ျဖစ္​တယ္​။ ​ဗမာ​ေတြကဘဲ တီ လို႔ အသံထြက္​တယ္​။ ကရင္​​ေတြ​ေတာင္​ အမွန္​အတိုင္​း ထီ လို႔ထြက္​တာ မင္​းတို႔ သိရဲ႕လား၊ ဒါ​ေၾကာင္​့ water ပါတီကို ​ဗမာသံနဲ႔ ဝါးထားပါတီ လို႔ထြက္​ရမယ္​။ သီခ်င္​းအမွန္​က ဝါးထားပါတီ၊ ခ်ာပါတီဘဲ။ ဟုမိန္​႔၍ ကြမ္​းျမံဳ႕​ေန​ေလ၏။
.
တပည္​့တဦးက ဘိုး​ေတာ္​၊ ႏိုင္​ငံတိုးတက္​မ့ဲနမိတ္​နဲ႔ ဘယ္​လို ဆက္​စပ္​သလဲ လင္​းပါဦးဟု ​ေမးရာ စိတ္​တိုၿပီး " မင္​းတို႔ ဒါ​ေၾကာင္​့လဲ မႀကီးပြားတာဘဲ။ တ​ေဘာင္​က ႐ွင္​း​ေနတာကြ၊ ဝါးထားတ့ဲပါတီက ခ်ာတ့ဲပါတီ​ေပါ့ကြာ။ ၂၀၁၅ လာမဲ့ ​ေရြး​ေကာက္​ပြဲက် ဝါးထားတ့ဲ ခ်ာပါတီကို မဲမ​ေပးယင္​ တိုင္​းျပည္​ ႀကီးပြားၿပီ​ေပါ့ကြ၊ ​ေတာ္​​ေတာ္​တံုးတ့ဲ ​ေမာင္​​ေတြဘဲ။ ​ေဟ့ ဘယ္​ပါတီက ျပည္​သူ႔ပိုက္​ဆံ​ေတြ ဝါးထားလဲ ငါ တည္​့​ေျပာရဦးမလား။ " ဆိုမွ
.
တပည္​့မ်ားလဲ၊ မလို​ေတာ့ပါ၊ ဘိုး​ေတာ္​ရယ္​ဟု ရီရင္​း ျပန္​​ေျပာၾကယင္​း " ဝါးထားပါတီ၊ ခ်ာပါတီ " သံုးႀကိမ္​ ရြတ္​ၾက​ေလသတည္​း။
...
​ေနာက္​ဆံုး လ်ိႈ့ဝွက္​မွတ္​ခ်က္​။ ။ ဤ အ​ေၾကာင္​းကို သၾကၤန္​ ​ေနာက္​ဆံုး​ေန႔မွ အျပင္​လူမ်ားကို ဘိုး​ေတာ္​က ​ေျပာခိုင္​းပါသည္​။ တာဝန္​႐ွိသူဟု သူတို႔ဖာသာ သတ္​မွတ္​ထား​ေသာ သူမ်ား ၾကားလွ်င္​ သၾကၤန္​တြင္​း ဤသီခ်င္​း ​ေပးမဆိုမွာ စိုး​ေသာ​ေၾကာင္​့ပါ။