05 August 2019

အာရှယူ၂၃ ဘောလီဘောပြိုင်ပွဲ


(Zawgyi version)


အာ႐ွယူ၂၃ ေဘာလီေဘာၿပိဳင္ပြဲ ေနျပည္ေတာ္မွလႊင့္တာ ၾကည့္မိတယ္။ အထူးသျဖင့္ ျမန္မာၿပိဳင္တ့ဲပြဲေတြေပါ့။
.
ပထမဆံုးဗီယက္နမ္နဲ႔ပြဲ ႏိုင္တယ္။ ဒုတိယေန႔ သိီရိလကၤာနဲ႔၊ ပထမပြဲငယ္ႏိုင္ၿပီး သံုးပြဲဆက္႐ွံုး။ ဒီေန႔ ေအာ္ဇီကို ႏွစ္ပြဲႏိုင္ၿပီး သံုးပြဲဆက္႐ွံုး။ ႏွေျမာဖို႔ေကာင္းလိုက္တာ။ သံုးပြဲႏိုင္ အုပ္စုဗိုလ္နဲ႔ တက္ႏိုင္တ့ဲ အခြင့္အေရးမ်ိဳးပါ။
.
ကစားပံုက ညံ့ပါေသးတယ္။ တသင္းလံုးမွာ ေပါက္ေအာင္႐ိုက္ႏိုင္သူ နံပတ္၁၃တေယာက္သာပါတယ္။ က်န္သူေတြက ကာဖို႔နဲ႔ ဆယ္ဖို႔ဘဲ အသံုးဝင္တယ္။ ကြန္ျပဴတာနဲ႔ စာရင္းတြက္ၾကည့္ရင္ နံပတ္၁၃ေၾကာင့္ရတ့ဲ ရမွတ္က တသင္းလံုးရမွတ္ထက္ ႏွစ္ဆ႐ွိမလားဘဲ။
.
ေထာင္သူကလည္း လြန္ခ့ဲေသာႏွစ္၄၀ကနည္းအတိုင္း ေနာက္လိုင္းဆင္းမ့ဲသုူကို ဦးစားေပးေနဆဲ။ နံပတ္၁၃ဆင္းကြက္ေရာက္ေနၿပီဆို ပိုဆိုး။ ဟိုဘက္က သူ႔နားလာေစာင့္ေနယံုဘဲ။
.
ျမန္မာေတြရဲ႕ဗီဇနဲ႔ သင္ၾကားမႈပံုစံလည္းပါမယ္။ အေထာင္သမားေတြက နည္းျပေျပာတ့ဲအထဲက ေဖာက္ထြက္ရဲဖို႔လိုတယ္။ ရဲရဲဝံ့ဝံ့ေထာင္ရဲတ့ဲ ထြန္းလင္းေခတ္က ျမန္မာအသင္း ထိပ္တန္းေရာက္တာပါဘဲ။ ခုေတာ့ ေဘာလံုးက်တိုင္း နည္းျပခံုေတြဘက္ ခိုးၾကည့္ေနရတ့ဲ ကစားသမားမ်က္ႏွာေတြ ကင္မရာမွာ အတိုင္းသား။
.
ကြင္းႀကီးနဲ႔ ကင္မရာစံနစ္ေတြက တိုးတက္ပါတယ္။ ေဘာလံုးမွာေတာင္မလုပ္ႏိုင္ေသးတ့ဲ ဗီဒီယိုနဲ႔ျပန္ၾကည့္တ့ဲ challenge လုပ္ႏိုင္တယ္။ ျမန္မာက လုပ္လိုက္တိုင္း႐ွံုးၿပီး အျခားသူလုပ္ရင္ အနိုင္မ်ားတာက အိမ္႐ွင္မွန္းသိသာေစပါရဲ႕။

XxXxXx

(Unicode version)

အာရှယူ၂၃ ဘောလီဘောပြိုင်ပွဲ နေပြည်တော်မှလွှင့်တာ ကြည့်မိတယ်။ အထူးသဖြင့် မြန်မာပြိုင်တ့ဲပွဲတွေပေါ့။
.
ပထမဆုံးဗီယက်နမ်နဲ့ပွဲ နိုင်တယ်။ ဒုတိယနေ့ သိီရိလင်္ကာနဲ့၊ ပထမပွဲငယ်နိုင်ပြီး သုံးပွဲဆက်ရှုံး။ ဒီနေ့ အော်ဇီကို နှစ်ပွဲနိုင်ပြီး သုံးပွဲဆက်ရှုံး။ နှမြောဖို့ကောင်းလိုက်တာ။ သုံးပွဲနိုင် အုပ်စုဗိုလ်နဲ့ တက်နိုင်တ့ဲ အခွင့်အရေးမျိုးပါ။
.
ကစားပုံက ညံ့ပါသေးတယ်။ တသင်းလုံးမှာ ပေါက်အောင်ရိုက်နိုင်သူ နံပတ်၁၃တယောက်သာပါတယ်။ ကျန်သူတွေက ကာဖို့နဲ့ ဆယ်ဖို့ဘဲ အသုံးဝင်တယ်။ ကွန်ပြူတာနဲ့ စာရင်းတွက်ကြည့်ရင် နံပတ်၁၃ကြောင့်ရတ့ဲ ရမှတ်က တသင်းလုံးရမှတ်ထက် နှစ်ဆရှိမလားဘဲ။
.
ထောင်သူကလည်း လွန်ခ့ဲသောနှစ်၄၀ကနည်းအတိုင်း နောက်လိုင်းဆင်းမ့ဲသုူကို ဦးစားပေးနေဆဲ။ နံပတ်၁၃ဆင်းကွက်ရောက်နေပြီဆို ပိုဆိုး။ ဟိုဘက်က သူ့နားလာစောင့်နေယုံဘဲ။
.
မြန်မာတွေရဲ့ဗီဇနဲ့ သင်ကြားမှုပုံစံလည်းပါမယ်။ အထောင်သမားတွေက နည်းပြပြောတ့ဲအထဲက ဖောက်ထွက်ရဲဖို့လိုတယ်။ ရဲရဲဝံ့ဝံ့ထောင်ရဲတ့ဲ ထွန်းလင်းခေတ်က မြန်မာအသင်း ထိပ်တန်းရောက်တာပါဘဲ။ ခုတော့ ဘောလုံးကျတိုင်း နည်းပြခုံတွေဘက် ခိုးကြည့်နေရတ့ဲ ကစားသမားမျက်နှာတွေ ကင်မရာမှာ အတိုင်းသား။
.
ကွင်းကြီးနဲ့ ကင်မရာစံနစ်တွေက တိုးတက်ပါတယ်။ ဘောလုံးမှာတောင်မလုပ်နိုင်သေးတ့ဲ ဗီဒီယိုနဲ့ပြန်ကြည့်တ့ဲ challenge လုပ်နိုင်တယ်။ မြန်မာက လုပ်လိုက်တိုင်းရှုံးပြီး အခြားသူလုပ်ရင် အနိုင်များတာက အိမ်ရှင်မှန်းသိသာစေပါရဲ့။

03 August 2019

လူတယောက်ရဲ့ အနာဂတ်၊


(Zawgyi version)

   ၿပီးခ့ဲတ့ဲ ရက္အနည္းငယ္က ေဖ့ဘုတ္ေပၚမွာ နာေရးေၾကာ္ျငာတခု ျပန္႔ခ့ဲပါတယ္။ အက်ဥ္းဌာနမွာ တာဝန္ထမ္းခ့ဲတ့ဲ ဆရာဝန္ႀကီးတဦးရဲ႕ နာေရးပါ။ ေကာင္းေသာ စာမ်ားနဲ႔ ျပန္႔ႏွံ႔ျခင္းေတာ့ မဟုတ္ရပါ။
.
နာေရးေၾကာ္ျငာဆိုေတာ့ မိသားစုဝင္ေတြ အမည္အျပည့္အစံုနဲ႔ေပါ့။ သားသမီးေတြသာမက ေျမးေတြအထိပါပါတယ္။ ဒီလူေတြ ဘယ္လိုမ်က္ႏွာထားၾကမွာပါလိမ့္။ က်င္လယ္ရာပတ္ဝန္းက်င္မွာ အရင္ကမသိခ့ဲၾကေတာင္ ခုသိကုန္ၿပီမို႔ ဆက္ဆံေရး ခက္ကုန္ႏိုင္ပါတယ္။
.
စဥ္းစားမိပါတယ္။ ၈၈ေနာက္ပိုင္း ဒီဆရာဝန္ထက္ ပိုဆိုးစြာ ႏိုင္ငံေရးအက်ဥ္းသားေတြကို ႏွိပ္စက္ခ့ဲသူေတြ ႐ွိခ့ဲပါတယ္။ ျပည္သူေတြကို အာဏာ႐ွင္စံနစ္နဲ႔ ႏွိပ္စက္ခ့ဲသူေတြ ႐ွိခ့ဲပါတယ္။ သူတို႔ရဲ႕ မိသားစုေတြ အနာဂတ္မွာ ဘယ္လိုက်န္ေနခ့ဲမလည္း မစဥ္းစားၾကဘူးလား။ ကိုယ္လုပ္ပိုင္ခြင့္႐ွိခ်ိန္ လုပ္ခ့ဲသမွ်အတြက္ ကိုယ္မ႐ွိခ်ိန္မွာ ကိုယ့္မိသားစုက်န္ရစ္သူေတြ မ်က္ႏွာငယ္က်န္ရစ္မွာ မစိုးၾကဘူးလား။ 
.
ေသခ်ာစဥ္းစားၾကည့္ပါ။ ကိုယ္ေသသြားေတာင္ ကိုယ့္သားေျမးျမစ္ က်န္ခ့ဲမွာပါ။ ခ်စ္စရာေကာင္းတ့ဲ ျမန္မာ့အေလ့အရ လက္စားေခ်မႈေတြ မ႐ွိလို႔သာ ေတာ္ေတာ့တာ။ လူေတာတိုးဖို႔ အေတာ္ခက္ပါလိမ့္မယ္။ ကိုယ့္သားသမီးေျမျမစ္ကို မခ်စ္ၾကေတာ့ဘူးလား။ သူတို႔ထိုက္နဲ႔သူတို႔ကံဘဲလား။ အာဏာ႐ွင္ေခတ္ကို တမ္းတႀကိဳက္ႏွစ္ၿပီး ပံုတူလုပ္ေနဆဲ ခုတာဝန္႐ွိသူေတြလည္း စဥ္းစားေစခ်င္ပါတယ္။ 

XxXxXx

(Unicode version )

   ပြီးခ့ဲတ့ဲ ရက်အနည်းငယ်က ဖေ့ဘုတ်ပေါ်မှာ နာရေးကြော်ငြာတခု ပြန့်ခ့ဲပါတယ်။ အကျဉ်းဌာနမှာ တာဝန်ထမ်းခ့ဲတ့ဲ ဆရာဝန်ကြီးတဦးရဲ့ နာရေးပါ။ ကောင်းသော စာများနဲ့ ပြန့်နှံ့ခြင်းတော့ မဟုတ်ရပါ။
.
နာရေးကြော်ငြာဆိုတော့ မိသားစုဝင်တွေ အမည်အပြည့်အစုံနဲ့ပေါ့။ သားသမီးတွေသာမက မြေးတွေအထိပါပါတယ်။ ဒီလူတွေ ဘယ်လိုမျက်နှာထားကြမှာပါလိမ့်။ ကျင်လယ်ရာပတ်ဝန်းကျင်မှာ အရင်ကမသိခ့ဲကြတောင် ခုသိကုန်ပြီမို့ ဆက်ဆံရေး ခက်ကုန်နိုင်ပါတယ်။
.
စဉ်းစားမိပါတယ်။ ၈၈နောက်ပိုင်း ဒီဆရာဝန်ထက် ပိုဆိုးစွာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ခ့ဲသူတွေ ရှိခ့ဲပါတယ်။ ပြည်သူတွေကို အာဏာရှင်စံနစ်နဲ့ နှိပ်စက်ခ့ဲသူတွေ ရှိခ့ဲပါတယ်။ သူတို့ရဲ့ မိသားစုတွေ အနာဂတ်မှာ ဘယ်လိုကျန်နေခ့ဲမလည်း မစဉ်းစားကြဘူးလား။ ကိုယ်လုပ်ပိုင်ခွင့်ရှိချိန် လုပ်ခ့ဲသမျှအတွက် ကိုယ်မရှိချိန်မှာ ကိုယ့်မိသားစုကျန်ရစ်သူတွေ မျက်နှာငယ်ကျန်ရစ်မှာ မစိုးကြဘူးလား။ 
.
သေချာစဉ်းစားကြည့်ပါ။ ကိုယ်သေသွားတောင် ကိုယ့်သားမြေးမြစ် ကျန်ခ့ဲမှာပါ။ ချစ်စရာကောင်းတ့ဲ မြန်မာ့အလေ့အရ လက်စားချေမှုတွေ မရှိလို့သာ တော်တော့တာ။ လူတောတိုးဖို့ အတော်ခက်ပါလိမ့်မယ်။ ကိုယ့်သားသမီးမြေမြစ်ကို မချစ်ကြတော့ဘူးလား။ သူတို့ထိုက်နဲ့သူတို့ကံဘဲလား။ အာဏာရှင်ခေတ်ကို တမ်းတကြိုက်နှစ်ပြီး ပုံတူလုပ်နေဆဲ ခုတာဝန်ရှိသူတွေလည်း စဉ်းစားစေချင်ပါတယ်။ 

01 August 2019

ဝါခေါင်လ တံဆိပ်ခေါင်း၊


(Zawgyi version)

   ရာသီပန္းနဲ႔ ပြဲေတာ္စီးရီးအတြက္ ဝါေခါင္လတံဆိပ္ေခါင္း ထြက္ပါတယ္။ ကိုေနဝင္းေရးတ့ဲ ခတၱာ သီခ်င္းကို ခ်က္ခ်င္းသတိရမိတယ္။
.
သိဟ္ရာသီ ဝါေခါင္မိုးနဲ႔ လွမ္းလာခ့ဲေတာ့ ခတၱာေရ။ ရာသီပန္းခတၱာနဲ႔ ပြဲေတာ္ကေတာ့ စာေရးတံမဲပြဲပါ။
.
တံဆိပ္ေခါင္းက ၂၀၀က်ပ္တန္ပါ။ FDC လည္း ထြက္ပါတယ္။ လစဥ္ထြက္လို႔လားမသိ၊ စုဖို႔လာဝယ္သူ ၾကဲၾကဲလာသလိုဘဲ။ ေကာင္းပါတယ္။ FDC မရ မ႐ွိေတာ့ဘူးေပါ့ဗ်ာ။

(Unicode version)

   ရာသီပန်းနဲ့ ပွဲတော်စီးရီးအတွက် ဝါခေါင်လတံဆိပ်ခေါင်း ထွက်ပါတယ်။ ကိုနေဝင်းရေးတ့ဲ ခတ္တာ သီချင်းကို ချက်ချင်းသတိရမိတယ်။
.
သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခ့ဲတော့ ခတ္တာရေ။ ရာသီပန်းခတ္တာနဲ့ ပွဲတော်ကတော့ စာရေးတံမဲပွဲပါ။
.
တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ပါ။ FDC လည်း ထွက်ပါတယ်။ လစဉ်ထွက်လို့လားမသိ၊ စုဖို့လာဝယ်သူ ကြဲကြဲလာသလိုဘဲ။ ကောင်းပါတယ်။ FDC မရ မရှိတော့ဘူးပေါ့ဗျာ။ 

25 July 2019

ရာစုသစ် ခင်ဝမ်း


(Zawgyi version)

   ခင္ဝမ္းပံုတူ ပန္းခ်ီနဲ႔ မဂၢဇင္း ေတြ႔လို႔ ဝယ္ျဖစ္ပါတယ္။ ခင္ဝမ္းလြန္ခ့ဲတာ ႏွစ္နွစ္ဆယ္နီးၿပီကတေၾကာင္း၊ ခင္ဝမ္းပံု မ်က္ႏွာဖံုးတင္တာကတေၾကာင္း အံ့ၾသစြာနဲ႔ပါ။ 'ရာစုသစ္မဂၢဇင္း' အတြဲ-၃ [၂၀၁၉] ပါ။
.
ခင္ဝမ္း အမွတ္တရထုတ္တာပါဘဲ။ အယ္ဒီတာ့စကား၊ ပန္းခ်ီေမာင္ညိဳဝင္းရဲ႕ အမွတ္တရစာ၊ ခင္ဝမ္းဘိုင္အိုဂရပ္ဖီနဲ႔ ေဆာင္းပါး ၉ပုဒ္ပါဝင္ပါတယ္။ ၁၉၉၅ထုတ္ မုဒိတာမဂၢဇင္းမွာ ခင္ဝမ္းေရးခ့ဲတ့ဲ 'ေငြမိုး' ဆိုတ့ဲကဗ်ာကိုလည္း ျပန္လည္ေဖာ္ျပထားပါတယ္။
.
ခင္ဝမ္းအေၾကာင္းေတြ မဖတ္ရတာၾကာလာေတာ့ သတိတရဖတ္ရတာေပါ့။ ေဆာင္းပါးေတြ အမွတ္တရေရးၾကတာက ေမာင္ဒီ၊ မ်ိဳးျမတ္သူ၊ ဂြၽန္ဘြား၊ ဘေဌးၾကည္၊ ေမာင္ညီၫြတ္၊ ၿငိမ္းခ်မ္းဆု၊ ေနမ်ိဳးနဲ႔ ေမာင္ေဆြခင္(ခရမ္းျပာ)တို႔ပါဘဲ။
.
ထူးထူးျခားျခား ေဆာင္းပါးက သမီးအရင္း 'ဇူလိုင္သီ' ေရးတ့ဲ 'အေဖ့ကိုလြမ္းတ့ဲ အလြမ္းေတြ' ျဖစ္ပါတယ္။ ခင္ဝမ္းနဲ႔သမီးေတြကို အနီးကပ္ျမင္လိုက္ရသလိုပါဘဲ။ ေပ်ာ္စရာမိသားစု ျဖစ္ခ့ဲၾကမွာပါ။
.
၂၀၁၃ထုတ္ 'ခင္ဝမ္း' စာအုပ္ထဲမွာ တခ်ိဳ႕အေၾကာင္းအရာေတြ ဖတ္ဘူးေသာ္လည္း ပံုစံသစ္တခ်ိဳ႕မို႔ ဖတ္ရတာ ႀကိဳက္ပါတယ္။ ေနာက္ေလးငါေျခာက္လအၾကာ ႏွစ္ႏွစ္ဆယ္ျပည့္မွာလည္း အမွတ္တရေတြ တဝႀကီးဖတ္ခ်င္ပါေသးတယ္။ သက္ဆိုင္သူေတြ စီစဥ္ၾကပါဦး။

XxXxXx

(Unicode version)

   ခင်ဝမ်းပုံတူ ပန်းချီနဲ့ မဂ္ဂဇင်း တွေ့လို့ ဝယ်ဖြစ်ပါတယ်။ ခင်ဝမ်းလွန်ခ့ဲတာ နှစ်နှစ်ဆယ်နီးပြီကတကြောင်း၊ ခင်ဝမ်းပုံ မျက်နှာဖုံးတင်တာကတကြောင်း အံ့သြစွာနဲ့ပါ။ 'ရာစုသစ်မဂ္ဂဇင်း' အတွဲ-၃ [၂၀၁၉] ပါ။ 
.
ခင်ဝမ်း အမှတ်တရထုတ်တာပါဘဲ။ အယ်ဒီတာ့စကား၊ ပန်းချီမောင်ညိုဝင်းရဲ့ အမှတ်တရစာ၊ ခင်ဝမ်းဘိုင်အိုဂရပ်ဖီနဲ့ ဆောင်းပါး ၉ပုဒ်ပါဝင်ပါတယ်။ ၁၉၉၅ထုတ် မုဒိတာမဂ္ဂဇင်းမှာ ခင်ဝမ်းရေးခ့ဲတ့ဲ 'ငွေမိုး' ဆိုတ့ဲကဗျာကိုလည်း ပြန်လည်ဖော်ပြထားပါတယ်။
.
ခင်ဝမ်းအကြောင်းတွေ မဖတ်ရတာကြာလာတော့ သတိတရဖတ်ရတာပေါ့။ ဆောင်းပါးတွေ အမှတ်တရရေးကြတာက မောင်ဒီ၊ မျိုးမြတ်သူ၊ ဂျွန်ဘွား၊ ဘဌေးကြည်၊ မောင်ညီညွတ်၊ ငြိမ်းချမ်းဆု၊ နေမျိုးနဲ့ မောင်ဆွေခင်(ခရမ်းပြာ)တို့ပါဘဲ။
.
ထူးထူးခြားခြား ဆောင်းပါးက သမီးအရင်း 'ဇူလိုင်သီ' ရေးတ့ဲ 'အဖေ့ကိုလွမ်းတ့ဲ အလွမ်းတွေ' ဖြစ်ပါတယ်။ ခင်ဝမ်းနဲ့သမီးတွေကို အနီးကပ်မြင်လိုက်ရသလိုပါဘဲ။ ပျော်စရာမိသားစု ဖြစ်ခ့ဲကြမှာပါ။ 
.
၂၀၁၃ထုတ် 'ခင်ဝမ်း' စာအုပ်ထဲမှာ တချို့အကြောင်းအရာတွေ ဖတ်ဘူးသော်လည်း ပုံစံသစ်တချို့မို့ ဖတ်ရတာ ကြိုက်ပါတယ်။ နောက်လေးငါခြောက်လအကြာ နှစ်နှစ်ဆယ်ပြည့်မှာလည်း အမှတ်တရတွေ တဝကြီးဖတ်ချင်ပါသေးတယ်။ သက်ဆိုင်သူတွေ စီစဉ်ကြပါဦး။ 

12 July 2019

ခြေဥ ဘယ်လိုပြင်မှာလည်း

(Zawgyi version)

   လာမယ့္ ၁၇ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ ေျခဥျပင္ဖို႔ တင္မည္ထင္သည္။ ေျခဥျပင္ေရး လႊတ္ေတာ္မွဖြဲ႔ေပးထားတ့ဲ ေကာ္မတီက လႊတ္ေတာ္နားခ်ိန္မွာ အစည္းအေဝးေတြလုပ္ၿပီး ျပင္သင့္တ့ဲအခ်က္ေတြ ျပဳစုၿပီးသြာၿပီဟုဆိုသည္။
.
ဘယ္လိုျပင္မွာလည္း သိခ်င္လွၿပီ။ ဥာဏ္မမွီပါ။ ဘာေၾကာင့္လည္းဆိုေတာ့ ေျခဥ႐ွိ ျပည္သူအမ်ားစု ျပင္ခ်င္သည့္အခ်က္ေတြက စစ္တပ္မွေထာက္ခံမွ ျပင္၍ ရမည္။ စစ္တပ္ကလည္ သူတို႔ကို ေျခဥမွဖယ့္သည့္ကိစၥ မည္သို႔ေထာက္ခံမည္နည္း။
.
ပံုမွန္အတိုင္ျပင္ဖို႔ မလြယ္တာ ဦးေအာင္ၾကည္ၫြန္႔နဲ႔ ေဒါက္တာျမတ္ဥာဏစိုးတို႔ ဦးေဆာင္ေသာ ေကာ္မတီကလည္း မသိမဟုတ္။ တနည္းနည္းေတာ့ ဝိနည္းလြတ္လုပ္မွရမည္ကို သိထားၿပီးသား။ 
.
ထိုေကာ္မတီက ေဆြးေႏြးဆံုးျဖတ္သမွ် ျပင္ပမေပါက္ၾကားရဟု ဆံုးျဖတ္ထားသျဖင့္ ဘာေတြျပင္မည္ကို အတိအက် မသိၾကရ။ ဘယ္လိုျပင္မည္ကို မသိၾကရ။ ခန္႔မွန္းေနၾကယံုသာ။ သို႔ေသာ္လည္း ထိုေကာ္မတီတြင္ စစ္တပ္ကိုယ္စားလွယ္မ်ား ပါသျဖင့္ တပ္ခ်ဳပ္က အခ်ိန္မဆိုင္း အကုန္သိၿပီးေလာက္ၿပီ။ သမ႐ိုးက်နည္းနဲ႔ေတာ့ ျပင္ခြင့္ျပဳပါ့မလား။
.
ဆႏၵေတြေစာတာ မဟုတ္ေသာ္လည္း သိခ်င္လွၿပီ။ ထိုေန႔တြင္ တခါတည္း မဲခြဲမည္ဟုယူဆၾက၍ ေထာက္ခံပြဲေတြလုပ္ဖို႔ တာဆူေနၾကၿပီ။ ေကာ္မတီသည္ မျဖစ္ႏိုင္မ့ဲလမ္းကို ဇြတ္ေလ်ာက္မယ္ မထင္။ ျပင္ဖို႔ႀကိဳးစားေသာ္လည္း မရဟုဆိုယံု လုပ္မည္မထင္။
.
 တနည္းဘဲ စဥ္းစားမိသည္မွာ ဒီအခ်က္ေတြျပင္ခ်င္တယ္၊ ျပင္သင့္မျပင္သင့္ ျပည္သူ႔ဆႏၵခံယူပြဲနဲ႔ ဆံုးျဖတ္ခိုင္းမလား။ ဒါဆို ၄၃၆လြတ္မလား။ သိေတာ့ သိခ်င္လွၿပီ။   ။

XxXxXx

(Unicode)

   လာမယ့် ၁၇ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ခြေဥပြင်ဖို့ တင်မည်ထင်သည်။ ခြေဥပြင်ရေး လွှတ်တော်မှဖွဲ့ပေးထားတ့ဲ ကော်မတီက လွှတ်တော်နားချိန်မှာ အစည်းအဝေးတွေလုပ်ပြီး ပြင်သင့်တ့ဲအချက်တွေ ပြုစုပြီးသွာပြီဟုဆိုသည်။
.
ဘယ်လိုပြင်မှာလည်း သိချင်လှပြီ။ ဉာဏ်မမှီပါ။ ဘာကြောင့်လည်းဆိုတော့ ခြေဥရှိ ပြည်သူအများစု ပြင်ချင်သည့်အချက်တွေက စစ်တပ်မှထောက်ခံမှ ပြင်၍ ရမည်။ စစ်တပ်ကလည် သူတို့ကို ခြေဥမှဖယ့်သည့်ကိစ္စ မည်သို့ထောက်ခံမည်နည်း။
.
ပုံမှန်အတိုင်ပြင်ဖို့ မလွယ်တာ ဦးအောင်ကြည်ညွန့်နဲ့ ဒေါက်တာမြတ်ဉာဏစိုးတို့ ဦးဆောင်သော ကော်မတီကလည်း မသိမဟုတ်။ တနည်းနည်းတော့ ဝိနည်းလွတ်လုပ်မှရမည်ကို သိထားပြီးသား။ 
.
ထိုကော်မတီက ဆွေးနွေးဆုံးဖြတ်သမျှ ပြင်ပမပေါက်ကြားရဟု ဆုံးဖြတ်ထားသဖြင့် ဘာတွေပြင်မည်ကို အတိအကျ မသိကြရ။ ဘယ်လိုပြင်မည်ကို မသိကြရ။ ခန့်မှန်းနေကြယုံသာ။ သို့သော်လည်း ထိုကော်မတီတွင် စစ်တပ်ကိုယ်စားလှယ်များ ပါသဖြင့် တပ်ချုပ်က အချိန်မဆိုင်း အကုန်သိပြီးလောက်ပြီ။ သမရိုးကျနည်းနဲ့တော့ ပြင်ခွင့်ပြုပါ့မလား။
.
ဆန္ဒတွေစောတာ မဟုတ်သော်လည်း သိချင်လှပြီ။ ထိုနေ့တွင် တခါတည်း မဲခွဲမည်ဟုယူဆကြ၍ ထောက်ခံပွဲတွေလုပ်ဖို့ တာဆူနေကြပြီ။ ကော်မတီသည် မဖြစ်နိုင်မ့ဲလမ်းကို ဇွတ်လျောက်မယ် မထင်။ ပြင်ဖို့ကြိုးစားသော်လည်း မရဟုဆိုယုံ လုပ်မည်မထင်။
.
 တနည်းဘဲ စဉ်းစားမိသည်မှာ ဒီအချက်တွေပြင်ချင်တယ်၊ ပြင်သင့်မပြင်သင့် ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ဆုံးဖြတ်ခိုင်းမလား။ ဒါဆို ၄၃၆လွတ်မလား။ သိတော့ သိချင်လှပြီ။ ။


09 July 2019

စစ်တပ်နဲ့ နိုင်ငံရေးပါတီ


(Zawgyi version)

   တပ္မေတာ္ စစ္တပ္နဲ႔ ႏိုင္ငံေရးပါတီဆိုတာ ျပဒါးတလမ္း သံတလမ္းပါဘဲ။ ဘယ္လိုမွ ပတ္သက္လို႔မရ၊ မပတ္သက္သင့္တ့ဲ အရာႏွစ္ခုပါ။ ဒီမိုကေရစီစံနစ္ က်င့္သံုးတ့ဲ ႏိုင္ငံေတြမွာ ပိုသိသာတာေပါ့။
.
စစ္တပ္ေတြ ႏိုင္ငံအုပ္ခ်ဳပ္ခ်င္ေတာ့ အာဏာသိမ္းတတ္ပါတယ္။ အနည္းငယ္ၾကာလာတာနဲ႔ ႏိုင္ငံေရးပါတီေထာင္ၿပီး ဒီမိုကေရစီအတုလုပ္ အုပ္ခ်ဳပ္တတ္ပါတယ္။ ေအာင္ျမင္တ့ဲႏိုင္ငံ ကမာၻမွာ မ႐ွိသေလာက္ပါဘဲ။
.
ျမန္မာ့သမိုင္းကို ျပန္ၾကည့္ရင္ သိသာတာတခု ေတြ႔ရမွာပါ။ ဖာသိဖာသာေနတတ္တယ္ ထင္ရတ့ဲ ျမန္မာႏိုင္ငံသားေတြရဲ႕ ႏိုင္ငံေရး ေရခ်ိန္ ျမင့္လို႔လား မသိပါဘူး။ အာဏာသိမ္းၿပီး ဖြဲ႔ခ့ဲတ့ဲ မဆလပါတီကလြဲရင္ ျမန္မာ့ႏိုင္ငံေရးမွာ စစ္တပ္ကေထာင္ေပးတ့ဲပါတီ လူထုက မဲမေပးတာ ေတြ႔ရမွာပါ။ မဆလပါတီေခတ္ကေတာ့ ဒီမိုကေရစီ မဲေပးတ့ဲေခတ္မဟုတ္လို႔ အုပ္ခ်ဳပ္ခြင့္ရတာပါ။ လူထုလက္မခံေတာ့ ျပဳတ္သြားတာပါဘဲ။
.
ပထမဆံုး ဖဆပလပါတီ အုပ္ခ်ဳပ္ေနခ်ိန္ ပါတီကြဲပါတယ္။ တည္ျမဲနဲ႔ သန္႔႐ွင္းဆိုၿပီးေပါ့။ ေရြးေကာက္ပြဲမွာ စစ္တပ္က ပိုင္ၿပီဆိုၿပီး တည္ျမဲဖဆပလဘက္က ဝင္ကူၾကတာ ဦးႏုေခါင္းေဆာင္တ့ဲ သန္႔႐ွင္းဖဆပလက မဲအျပတ္ႏိုင္ပါတယ္။ ဒါကိုမေၾကနပ္ေတာ့ ၆၂မွာ အာဏာသိမ္းခ့ဲတာပါ။
.
အာဏာသိမ္းၿပီး မဆလပါတီေထာင္ အုပ္ခ်ဳပ္ပါတယ္။ ၂၆ႏွစ္အၾကာ ၈၈မွာ လူထုက လက္မခံေတာ့ တျပည္လံုး ဆႏၵျပျဖဳတ္ခ်ပါတယ္။ စစ္တပ္က အာဏာထပ္သိမ္းပါတယ္။ သူတို႔ႏိုင္မယ္ထင္ၿပီး ေရြးေကာက္ပြဲ လုပ္ပါတယ္။ မဆလ မဟန္မွန္းသိလို္ တဆညဆိုၿပီး ဝင္ပါတယ္။ ဦးတင္ဦးနဲ႔ အေမစုဦးေဆာင္တ့ဲ NLDပါတီက မဲအျပတ္အသတ္ႏိုင္ပါတယ္။
.
အာဏာလႊဲမေပးပါဘူး။ ႏွစ္ႏွစ္ဆယ္ေက်ာ္ စစ္အစိုးရအေနနဲ႔ ဆက္အုပ္ခ်ဳပ္ပါတယ္။ သူတို႔ စိတ္ႀကိဳက္ ၾကံ့ဖြံ႔ လူမႈေရးအသင္းေထာင္တယ္။ စိတ္ႀကိဳက္ေျခဥေရးၿပီးမွ ႏိုင္ငံ့ဘ႑ာေတြနဲ႔ ဖြဲ႔ထားတ့ဲ စစ္ဗိုလ္ႀကီးမ်ားဦးေဆာင္တ့ဲ ၾကံ့ဖြတ္အသင္းကို ပါတီအျဖစ္ေျပာင္းၿပီး ေရြးေကာက္ပြဲလုပ္တယ္။ ျပည္သူစိတ္မဝင္စားတ့ဲ ၂၀၁၀မွာေတာင္ မဲခိုးၿပီးဘဲႏိုင္ပါတယ္။ ၂၀၁၅က်ေတာ့ NLDလည္းဝင္ၿပိဳင္ေရာ ႐ွံုးလိုက္တာမွ အျပတ္အသတ္ဘဲ။
.
ဒီသံုးႀကိမ္ကိုၾကည့္ျခင္းျဖင့္ စစ္တပ္နဲ႔ပတ္သက္တ့ဲပါတီ၊ စစ္တပ္က တည္ေထာင္တ့ဲပါတီ၊ စစ္တပ္က ေနာက္ကြယ္မွာ႐ွိတယ္လို႔ အထင္ခံရတ့ဲပါတီ မွန္ကန္တ့ဲ ေရြးေကာက္ပြဲမွာ ႏိုင္ေျခမ႐ွိတာ အထင္အ႐ွားျဖစ္ေၾကာင္းပါခင္ဗ်ာ။

XxXxXx

(Unicode version)

   တပ်မတော် စစ်တပ်နဲ့ နိုင်ငံရေးပါတီဆိုတာ ပြဒါးတလမ်း သံတလမ်းပါဘဲ။ ဘယ်လိုမှ ပတ်သက်လို့မရ၊ မပတ်သက်သင့်တ့ဲ အရာနှစ်ခုပါ။ ဒီမိုကရေစီစံနစ် ကျင့်သုံးတ့ဲ နိုင်ငံတွေမှာ ပိုသိသာတာပေါ့။
.
စစ်တပ်တွေ နိုင်ငံအုပ်ချုပ်ချင်တော့ အာဏာသိမ်းတတ်ပါတယ်။ အနည်းငယ်ကြာလာတာနဲ့ နိုင်ငံရေးပါတီထောင်ပြီး ဒီမိုကရေစီအတုလုပ် အုပ်ချုပ်တတ်ပါတယ်။ အောင်မြင်တ့ဲနိုင်ငံ ကမ္ဘာမှာ မရှိသလောက်ပါဘဲ။
.
မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် သိသာတာတခု တွေ့ရမှာပါ။ ဖာသိဖာသာနေတတ်တယ် ထင်ရတ့ဲ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေး ရေချိန် မြင့်လို့လား မသိပါဘူး။ အာဏာသိမ်းပြီး ဖွဲ့ခ့ဲတ့ဲ မဆလပါတီကလွဲရင် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကထောင်ပေးတ့ဲပါတီ လူထုက မဲမပေးတာ တွေ့ရမှာပါ။ မဆလပါတီခေတ်ကတော့ ဒီမိုကရေစီ မဲပေးတ့ဲခေတ်မဟုတ်လို့ အုပ်ချုပ်ခွင့်ရတာပါ။ လူထုလက်မခံတော့ ပြုတ်သွားတာပါဘဲ။
.
ပထမဆုံး ဖဆပလပါတီ အုပ်ချုပ်နေချိန် ပါတီကွဲပါတယ်။ တည်မြဲနဲ့ သန့်ရှင်းဆိုပြီးပေါ့။ ရွေးကောက်ပွဲမှာ စစ်တပ်က ပိုင်ပြီဆိုပြီး တည်မြဲဖဆပလဘက်က ဝင်ကူကြတာ ဦးနုခေါင်းဆောင်တ့ဲ သန့်ရှင်းဖဆပလက မဲအပြတ်နိုင်ပါတယ်။ ဒါကိုမကြေနပ်တော့ ၆၂မှာ အာဏာသိမ်းခ့ဲတာပါ။
.
အာဏာသိမ်းပြီး မဆလပါတီထောင် အုပ်ချုပ်ပါတယ်။ ၂၆နှစ်အကြာ ၈၈မှာ လူထုက လက်မခံတော့ တပြည်လုံး ဆန္ဒပြဖြုတ်ချပါတယ်။ စစ်တပ်က အာဏာထပ်သိမ်းပါတယ်။ သူတို့နိုင်မယ်ထင်ပြီး ရွေးကောက်ပွဲ လုပ်ပါတယ်။ မဆလ မဟန်မှန်းသိလို် တဆညဆိုပြီး ဝင်ပါတယ်။ ဦးတင်ဦးနဲ့ အမေစုဦးဆောင်တ့ဲ NLDပါတီက မဲအပြတ်အသတ်နိုင်ပါတယ်။
.
အာဏာလွှဲမပေးပါဘူး။ နှစ်နှစ်ဆယ်ကျော် စစ်အစိုးရအနေနဲ့ ဆက်အုပ်ချုပ်ပါတယ်။ သူတို့ စိတ်ကြိုက် ကြံ့ဖွံ့ လူမှုရေးအသင်းထောင်တယ်။ စိတ်ကြိုက်ခြေဥရေးပြီးမှ နိုင်ငံ့ဘဏ္႑ာတွေနဲ့ ဖွဲ့ထားတ့ဲ စစ်ဗိုလ်ကြီးများဦးဆောင်တ့ဲ ကြံ့ဖွတ်အသင်းကို ပါတီအဖြစ်ပြောင်းပြီး ရွေးကောက်ပွဲလုပ်တယ်။ ပြည်သူစိတ်မဝင်စားတ့ဲ ၂၀၁၀မှာတောင် မဲခိုးပြီးဘဲနိုင်ပါတယ်။ ၂၀၁၅ကျတော့ NLDလည်းဝင်ပြိုင်ရော ရှုံးလိုက်တာမှ အပြတ်အသတ်ဘဲ။
.
ဒီသုံးကြိမ်ကိုကြည့်ခြင်းဖြင့် စစ်တပ်နဲ့ပတ်သက်တ့ဲပါတီ၊ စစ်တပ်က တည်ထောင်တ့ဲပါတီ၊ စစ်တပ်က နောက်ကွယ်မှာရှိတယ်လို့ အထင်ခံရတ့ဲပါတီ မှန်ကန်တ့ဲ ရွေးကောက်ပွဲမှာ နိုင်ခြေမရှိတာ အထင်အရှားဖြစ်ကြောင်းပါခင်ဗျာ။

02 July 2019

ဝါဆိုလ တံဆိပ်ခေါင်း

 (Zawgyi version)

   ယေန႔ ရာသီပန္းနဲ႔ ပြဲေတာ္စီးရီးအတြက္ ဝါဆိုလတံဆိပ္ေခါင္း ထြက္ပါတယ္။ ရဟန္းခံ႐ွင္ျပဳပြဲနဲ႔ ပုန္းညက္ပန္းပါ။
.
တံဆိပ္ေခါင္းက ၂၀၀က်ပ္တန္ ျဖစ္ၿပီး FDC လည္းထြက္ပါတယ္။

XxXxXx

(Unicode version)

   ယနေ့ ရာသီပန်းနဲ့ ပွဲတော်စီးရီးအတွက် ဝါဆိုလတံဆိပ်ခေါင်း ထွက်ပါတယ်။ ရဟန်းခံရှင်ပြုပွဲနဲ့ ပုန်းညက်ပန်းပါ။
.
တံဆိပ်ခေါင်းက ၂၀၀ကျပ်တန် ဖြစ်ပြီး FDC လည်းထွက်ပါတယ်။