25 July 2019

ရာစုသစ် ခင်ဝမ်း


(Zawgyi version)

   ခင္ဝမ္းပံုတူ ပန္းခ်ီနဲ႔ မဂၢဇင္း ေတြ႔လို႔ ဝယ္ျဖစ္ပါတယ္။ ခင္ဝမ္းလြန္ခ့ဲတာ ႏွစ္နွစ္ဆယ္နီးၿပီကတေၾကာင္း၊ ခင္ဝမ္းပံု မ်က္ႏွာဖံုးတင္တာကတေၾကာင္း အံ့ၾသစြာနဲ႔ပါ။ 'ရာစုသစ္မဂၢဇင္း' အတြဲ-၃ [၂၀၁၉] ပါ။
.
ခင္ဝမ္း အမွတ္တရထုတ္တာပါဘဲ။ အယ္ဒီတာ့စကား၊ ပန္းခ်ီေမာင္ညိဳဝင္းရဲ႕ အမွတ္တရစာ၊ ခင္ဝမ္းဘိုင္အိုဂရပ္ဖီနဲ႔ ေဆာင္းပါး ၉ပုဒ္ပါဝင္ပါတယ္။ ၁၉၉၅ထုတ္ မုဒိတာမဂၢဇင္းမွာ ခင္ဝမ္းေရးခ့ဲတ့ဲ 'ေငြမိုး' ဆိုတ့ဲကဗ်ာကိုလည္း ျပန္လည္ေဖာ္ျပထားပါတယ္။
.
ခင္ဝမ္းအေၾကာင္းေတြ မဖတ္ရတာၾကာလာေတာ့ သတိတရဖတ္ရတာေပါ့။ ေဆာင္းပါးေတြ အမွတ္တရေရးၾကတာက ေမာင္ဒီ၊ မ်ိဳးျမတ္သူ၊ ဂြၽန္ဘြား၊ ဘေဌးၾကည္၊ ေမာင္ညီၫြတ္၊ ၿငိမ္းခ်မ္းဆု၊ ေနမ်ိဳးနဲ႔ ေမာင္ေဆြခင္(ခရမ္းျပာ)တို႔ပါဘဲ။
.
ထူးထူးျခားျခား ေဆာင္းပါးက သမီးအရင္း 'ဇူလိုင္သီ' ေရးတ့ဲ 'အေဖ့ကိုလြမ္းတ့ဲ အလြမ္းေတြ' ျဖစ္ပါတယ္။ ခင္ဝမ္းနဲ႔သမီးေတြကို အနီးကပ္ျမင္လိုက္ရသလိုပါဘဲ။ ေပ်ာ္စရာမိသားစု ျဖစ္ခ့ဲၾကမွာပါ။
.
၂၀၁၃ထုတ္ 'ခင္ဝမ္း' စာအုပ္ထဲမွာ တခ်ိဳ႕အေၾကာင္းအရာေတြ ဖတ္ဘူးေသာ္လည္း ပံုစံသစ္တခ်ိဳ႕မို႔ ဖတ္ရတာ ႀကိဳက္ပါတယ္။ ေနာက္ေလးငါေျခာက္လအၾကာ ႏွစ္ႏွစ္ဆယ္ျပည့္မွာလည္း အမွတ္တရေတြ တဝႀကီးဖတ္ခ်င္ပါေသးတယ္။ သက္ဆိုင္သူေတြ စီစဥ္ၾကပါဦး။

XxXxXx

(Unicode version)

   ခင်ဝမ်းပုံတူ ပန်းချီနဲ့ မဂ္ဂဇင်း တွေ့လို့ ဝယ်ဖြစ်ပါတယ်။ ခင်ဝမ်းလွန်ခ့ဲတာ နှစ်နှစ်ဆယ်နီးပြီကတကြောင်း၊ ခင်ဝမ်းပုံ မျက်နှာဖုံးတင်တာကတကြောင်း အံ့သြစွာနဲ့ပါ။ 'ရာစုသစ်မဂ္ဂဇင်း' အတွဲ-၃ [၂၀၁၉] ပါ။ 
.
ခင်ဝမ်း အမှတ်တရထုတ်တာပါဘဲ။ အယ်ဒီတာ့စကား၊ ပန်းချီမောင်ညိုဝင်းရဲ့ အမှတ်တရစာ၊ ခင်ဝမ်းဘိုင်အိုဂရပ်ဖီနဲ့ ဆောင်းပါး ၉ပုဒ်ပါဝင်ပါတယ်။ ၁၉၉၅ထုတ် မုဒိတာမဂ္ဂဇင်းမှာ ခင်ဝမ်းရေးခ့ဲတ့ဲ 'ငွေမိုး' ဆိုတ့ဲကဗျာကိုလည်း ပြန်လည်ဖော်ပြထားပါတယ်။
.
ခင်ဝမ်းအကြောင်းတွေ မဖတ်ရတာကြာလာတော့ သတိတရဖတ်ရတာပေါ့။ ဆောင်းပါးတွေ အမှတ်တရရေးကြတာက မောင်ဒီ၊ မျိုးမြတ်သူ၊ ဂျွန်ဘွား၊ ဘဌေးကြည်၊ မောင်ညီညွတ်၊ ငြိမ်းချမ်းဆု၊ နေမျိုးနဲ့ မောင်ဆွေခင်(ခရမ်းပြာ)တို့ပါဘဲ။
.
ထူးထူးခြားခြား ဆောင်းပါးက သမီးအရင်း 'ဇူလိုင်သီ' ရေးတ့ဲ 'အဖေ့ကိုလွမ်းတ့ဲ အလွမ်းတွေ' ဖြစ်ပါတယ်။ ခင်ဝမ်းနဲ့သမီးတွေကို အနီးကပ်မြင်လိုက်ရသလိုပါဘဲ။ ပျော်စရာမိသားစု ဖြစ်ခ့ဲကြမှာပါ။ 
.
၂၀၁၃ထုတ် 'ခင်ဝမ်း' စာအုပ်ထဲမှာ တချို့အကြောင်းအရာတွေ ဖတ်ဘူးသော်လည်း ပုံစံသစ်တချို့မို့ ဖတ်ရတာ ကြိုက်ပါတယ်။ နောက်လေးငါခြောက်လအကြာ နှစ်နှစ်ဆယ်ပြည့်မှာလည်း အမှတ်တရတွေ တဝကြီးဖတ်ချင်ပါသေးတယ်။ သက်ဆိုင်သူတွေ စီစဉ်ကြပါဦး။ 

No comments:

Post a Comment

Thank you.