17 June 2018

အိုက်စလန်ဆိုတာ







(Unicode version)


အိုက်စလန်ဆိုတာ ဥရောပနဲ့ အမေရိကကြား အာတိတ်စက်ဝိုင်းနားကပ်နေတ့ဲ ကျွန်းနိုင်ငံလေးပါ။ လူဦးရေ သုံးသိန်းခွဲ၊ ရန်ကုန်လူဦးရေရဲ့ နှစ်ဆယ်ပုံတပုံဘဲ ရှိပါတယ်။ ဘောလုံးလိဂ်တောင် မရှိပါ။

.

Football king visit ဆိုပြီး အဲရစ်ကန်တိုနာ သွားလည်တ့ဲ ဗီဒီယို ကြည့်လိုက်ရတယ်။ ဘောလုံးလေ့ကျင့်ကွင်းတခုက လေယာဉ်ထားတ့ဲရုံလို အလုံပိတ်နဲ့။ ရာသီဥတု ဆိုးလွန်းလို့ပါ။ ကမ်ဘာ့အသန်ဆုံးလူတွေ လေ့ကျင့်တ့ဲ gym မှ ကရိယာတွေကို ကန်တိုနာတောင် မမနိုင်ပါ။ လူကောင်ထွားတာကလည်း မနေ့က အာဂျင်တီးနားပွဲမှာ အဓိက အထောက်အကူ ဖြစ်စေခ့ဲပါတယ်။

.

အိုက်စလန်မြို့တော်နာမည်က ရေကျားဗစ်လို့ ခေါ်တယ်။ အ့ဲဒီက လူနာမည် မြို့နာမည်တွေက စာလုံးပေါင်း အထူးအဆန်းနဲ့ ရှည်ပါတယ်။ ရေကျားဗစ်ကို ပထမဆုံးမှတ်မိသွားတာက ချက်စ်ပွဲကြောင့်ပါ။

.

စစ်အေးခေတ်က ချက်စ်ချန်ပီယံတွေက ရုရှတွေဘဲ။ စပါ့စကီး ချန်ပီယံဖြစ်နေချိန် စိန်ခေါ်သူက အမေရိကန်က ဘော်ဘီဖစ်ရှာပါ။ အဲဒီမှာ သူတို့ထိုးမ့ဲနေရာကို ရေကျားဗစ်ကို ရွေးခ့ဲတာပါ။ မြန်မာပြည်မှာလည်း သတင်းစာတွေမှာ ထိုးကွက်တွေကအစ ဖော်ပြခ့ဲပြီး ချက်စ်ရောဂါ အစပြုခ့ဲတာပါ။

.

နောက်တကြိမ် နာမည်ကြီးတာက စစ်အေးခေတ်ကုန်ဖို့ အမေရိကန်သမတ ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် ဂိုဘာချော့တို့ ထိပ်သီးအစည်းအဝေး လုပ်ခ့ဲတ့ဲ နေရာပါ။ အမေရိကန်တွေ တည်းဖို့နေရာမရှိလို့ အခက်အခဲ ဖြစ်နေချိန်မှာ ရုရှဘက်က သူတို့လူတွေနေဖို့ ဟိုတယ်သဘောၤယူလာတာ မှတ်မိသဘောကျနေတုံးပါ။

.

မနေ့က ကမ်ဘာ့ဘောလုံးပြိုင်ပွဲမှာ အိုက်စလဲန်က သမိုင်းသစ်တွေ ရေးထိုးသွားပြန်ပါပြီ။ ဒီနေ့အင်တာနက်မှာလည်း အရှာခံရဆုံး စကားလုံးဖြစ်နေနိုင်ပါတယ်။


XxXxXx

(Zawgyi version )

အိုက္စလန္ဆိုတာ ဥေရာပနဲ႔ အေမရိကၾကား အာတိတ္စက္ဝိုင္းနားကပ္ေနတ့ဲ ကြၽန္းႏိုင္ငံေလးပါ။ လူဦးေရ သံုးသိန္းခြဲ၊ ရန္ကုန္လူဦးေရရဲ႕ ႏွစ္ဆယ္ပံုတပံုဘဲ ႐ွိပါတယ္။ ေဘာလံုးလိဂ္ေတာင္ မ႐ွိပါ။
.
Football king visit ဆိုၿပီး အဲရစ္ကန္တိုနာ သြားလည္တ့ဲ ဗီဒီယို ၾကည့္လိုက္ရတယ္။ ေဘာလံုးေလ့က်င့္ကြင္းတခုက ေလယာဥ္ထားတ့ဲရံုလို အလံုပိတ္နဲ႔။ ရာသီဥတု ဆိုးလြန္းလို႔ပါ။ ကမ႓ာ့အသန္ဆံုးလူေတြ ေလ့က်င့္တ့ဲ gym မွ ကရိယာေတြကို ကန္တိုနာေတာင္ မမႏိုင္ပါ။ လူေကာင္ထြားတာကလည္း မေန႔က အာဂ်င္တီးနားပြဲမွာ အဓိက အေထာက္အကူ ျဖစ္ေစခ့ဲပါတယ္။
.
အိုက္စလန္ၿမိဳ႕ေတာ္နာမည္က ေရက်ားဗစ္လို႔ ေခၚတယ္။ အ့ဲဒီက လူနာမည္ ၿမိဳ႕နာမည္ေတြက စာလံုးေပါင္း အထူးအဆန္းနဲ႔ ႐ွည္ပါတယ္။ ေရက်ားဗစ္ကို ပထမဆံုးမွတ္မိသြားတာက ခ်က္စ္ပြဲေၾကာင့္ပါ။
.
စစ္ေအးေခတ္က ခ်က္စ္ခ်န္ပီယံေတြက ႐ု႐ွေတြဘဲ။ စပါ့စကီး ခ်န္ပီယံျဖစ္ေနခ်ိန္ စိန္ေခၚသူက အေမရိကန္က ေဘာ္ဘီဖစ္႐ွာပါ။ အဲဒီမွာ သူတို႔ထိုးမ့ဲေနရာကို ေရက်ားဗစ္ကို ေရြးခ့ဲတာပါ။ ျမန္မာျပည္မွာလည္း သတင္းစာေတြမွာ ထိုးကြက္ေတြကအစ ေဖာ္ျပခ့ဲၿပီး ခ်က္စ္ေရာဂါ အစျပဳခ့ဲတာပါ။
.
ေနာက္တႀကိမ္ နာမည္ႀကီးတာက စစ္ေအးေခတ္ကုန္ဖို႔ အေမရိကန္သမတ ေရဂင္နဲ႔ ဆိုဗီယက္ေခါင္းေဆာင္ ဂိုဘာေခ်ာ့တို႔ ထိပ္သီးအစည္းအေဝး လုပ္ခ့ဲတ့ဲ ေနရာပါ။ အေမရိကန္ေတြ တည္းဖို႔ေနရာမ႐ွိလို႔ အခက္အခဲ ျဖစ္ေနခ်ိန္မွာ ႐ု႐ွဘက္က သူတို႔လူေတြေနဖို႔ ဟိုတယ္သေဘာၤယူလာတာ မွတ္မိသေဘာက်ေနတံုးပါ။
.
မေန႔က ကမ႓ာ့ေဘာလံုးၿပိဳင္ပြဲမွာ အိုက္စလဲန္က သမိုင္းသစ္ေတြ ေရးထိုးသြားျပန္ပါၿပီ။ ဒီေန႔အင္တာနက္မွာလည္း အ႐ွာခံရဆံုး စကားလံုးျဖစ္ေနႏိုင္ပါတယ္။ 

14 June 2018

ဗဟိုလမ်း ချဲ့တ့ဲကိစ္စ၊



(Unicode version)


      ဗဟိုလမ်း (အရင်ရှမ်းလမ်း)ထပ်ခင်းလို့ တချို့အိမ်တွေ အောက်ထပ်ကို ခေါင်းငုံ့ဝင်ရလို့ အပစ်တင်တာ တွေ့နေရပါတယ်။ အရင် ရှမ်းလမ်းခေတ်ကတည်းက ဆီဆုံလမ်းကနေ မင်းလမ်းထိပ်အထိလောက် လမ်းအရှေ့ဘက်က လမ်းထက် နှစ်ပေ သုံးပေလောက်ကိုနိမ့်တာပါ။ အရေးအခင်းမဖြစ်ချိန် ဆီဆုံလမ်းထိပ်က တရုပ်လေးလဘက်ရည်ဆိုင်တို့ သူဌေးမင်းဆိုင်တို့ ထိုင်နေကြသူတွေသိပါတယ်။

.

အ့ဲဒီခေတ်က ကန်ထရိုက်ဆောက်တော့ မြှင့်ဆောက်ကြတာပါဘဲ။ ဒါပေမယ့် လမ်းနဲ့ဝေးသေးတော့ မသိသာဘူး။ ဗဟိုလမ်းအဖြစ်ချဲ့တော့ သိသာသွားတာပါဘဲ။ လမ်းထက်နိမ့်နေပြီ။ ခုထပ်ပိုးလွှာခင်းတော့ တပေနီးပါး ထပ်နိမ့်မှာပေါ့။

.

ဒီအိမ်အနည်း ဒုက္ခရောက်မှာစိုးလို့ လမ်းမခင်းလို့ မဖြစ်ပါ။ နောက်တကြိမ်ပြန်ဆောက်ရင် မြှင့်ဆောက်ဖို့ဘဲ ရှိပါတယ်။ လွယ်မယ်မဟုတ်ပေမ့ဲ ဆီဆုံလမ်းထောင့်က နှစ်ခါရှိပါပြီ။ အဲဒီအိမ်တွေအတွက်တော့ ဆောရီးပါ။ မကောင်းသူထိပ် ကောင်းသူထိပ်ဘဲ။ ဒါမျိုးတွေ ဒါ့ထက်ဆိုးတာတွေ ရှိသေး။

.

လုပ်သင့်တာက လမ်းဖြတ်မြောင်းတွေရှိရင် မခင်းခင် သေချာပြန်ဆောက်သင့်တယ်။ ဖြစ်နိုင်ရင်လည်း မခင်းခင် မူလလမ်းမှာတူးပြီး လိုလိုမယ်မယ် ပိုက်အလွတ်တွေ မြှုပ်ခ့ဲသင့်တယ်။ လမ်းတလျောက်ရော ကန့်လန့်တွေရော။ ခင်းပြီးမှ ပြန်တူးကြတာ စိတ်ပျက်စရာ။

.

စိုးရိမ်တာက အခုထပ်ခင်းနည်းက သံချောင်းမထည့်ဘဲ ထုထူထူခင်းတ့ဲနည်း။ ရှမ်းလမ်းဖြတ်ခင်းတ့ဲ ရေမြောင်းကြီနေရာမှာ သံကူကွန်ကရစ် မလိုဘဲ ရပါ့မလား။ အေးလေ။ ရလို့ခင်းတာဘဲ နေမှာပါ။ သူတို့က ဗိုလ်ကြီးတွေဘဲ၊ ဆောရီး။ အင်ဂျင်နီယာတွေဘဲ။

XxXxXx

(Zawgyi version)

      ဗဟိုလမ္း (အရင္႐ွမ္းလမ္း)ထပ္ခင္းလို႔ တခ်ိဳ႕အိမ္ေတြ ေအာက္ထပ္ကို ေခါင္းငံု႔ဝင္ရလို႔ အပစ္တင္တာ ေတြ႔ေနရပါတယ္။ အရင္ ႐ွမ္းလမ္းေခတ္ကတည္းက ဆီဆံုလမ္းကေန မင္းလမ္းထိပ္အထိေလာက္ လမ္းအေ႐ွ႕ဘက္က လမ္းထက္ နွစ္ေပ သံုးေပေလာက္ကိုနိမ့္တာပါ။ အေရးအခင္းမျဖစ္ခ်ိန္ ဆီဆံုလမ္းထိပ္က တ႐ုပ္ေလးလဘက္ရည္ဆိုင္တို႔ သူေဌးမင္းဆိုင္တို႔ ထိုင္ေနၾကသူေတြသိပါတယ္။
.
အ့ဲဒီေခတ္က ကန္ထ႐ိုက္ေဆာက္ေတာ့ ျမႇင့္ေဆာက္ၾကတာပါဘဲ။ ဒါေပမယ့္ လမ္းနဲ႔ေဝးေသးေတာ့ မသိသာဘူး။ ဗဟိုလမ္းအျဖစ္ခ်ဲ့ေတာ့ သိသာသြားတာပါဘဲ။ လမ္းထက္နိမ့္ေနၿပီ။ ခုထပ္ပိုးလႊာခင္းေတာ့ တေပနီးပါး ထပ္နိမ့္မွာေပါ့။
.
ဒီအိမ္အနည္း ဒုကၡေရာက္မွာစိုးလို႔ လမ္းမခင္းလို႔ မျဖစ္ပါ။ ေနာက္တႀကိမ္ျပန္ေဆာက္ရင္ ျမႇင့္ေဆာက္ဖို႔ဘဲ ႐ွိပါတယ္။ လြယ္မယ္မဟုတ္ေပမ့ဲ ဆီဆံုလမ္းေထာင့္က ႏွစ္ခါ႐ွိပါၿပီ။ အဲဒီအိမ္ေတြအတြက္ေတာ့ ေဆာရီးပါ။ မေကာင္းသူထိပ္ ေကာင္းသူထိပ္ဘဲ။ ဒါမ်ိဳးေတြ ဒါ့ထက္ဆိုးတာေတြ ႐ွိေသး။
.
လုပ္သင့္တာက လမ္းျဖတ္ေျမာင္းေတြ႐ွိရင္ မခင္းခင္ ေသခ်ာျပန္ေဆာက္သင့္တယ္။ ျဖစ္ႏိုင္ရင္လည္း မခင္းခင္ မူလလမ္းမွာတူးၿပီး လိုလိုမယ္မယ္ ပိုက္အလြတ္ေတြ ျမႇဳပ္ခ့ဲသင့္တယ္။ လမ္းတေလ်ာက္ေရာ ကန္႔လန္႔ေတြေရာ။ ခင္းၿပီးမွ ျပန္တူးၾကတာ စိတ္ပ်က္စရာ။
.
စိုးရိမ္တာက အခုထပ္ခင္းနည္းက သံေခ်ာင္းမထည့္ဘဲ ထုထူထူခင္းတ့ဲနည္း။ ႐ွမ္းလမ္းျဖတ္ခင္းတ့ဲ ေရေျမာင္းႀကီေနရာမွာ သံကူကြန္ကရစ္ မလိုဘဲ ရပါ့မလား။ ေအးေလ။ ရလို႔ခင္းတာဘဲ ေနမွာပါ။ သူတို႔က ဗိုလ္ႀကီးေတြဘဲ၊ ေဆာရီး။ အင္ဂ်င္နီယာေတြဘဲ။

12 June 2018

ဒေါ်နယ်ထရမ့်နဲ့ မြန်မာ့စီးပွားရေး



(Unicode version)




ဒီအခိုက်အတန့်မှာ ဒေါ်နွယ်ထွန်းကို ဝက်ကလေးက သေနတ်ထုတ်ပစ်လိုက်ရမှာလို့ တွေးမိတာ အကြောင်းရှိပါတယ်။ ကိုယ်ပိုင် အယူအဆပေါ့။ သူတို့ချင်း စစ်ဖြစ်တာ၊ ဝက်ကလေးကို ဝိုင်းပစ်ကြတာတော့ သူတို့ကံပေါ့။

.

NLD အစိုးရဖွဲ့ခွင့်ရတော့ နိုင်ငံတကာက ဆဲန်ရှင်တွေ ရုပ်သိမ်းပြီး မြန်မာပြည်မှာ လာရင်းနှီးမြုပ်နှံမယ်၊ မြန်မာတွေ အလုပ်တွေရကြတော့မယ်လို့ ထင်ခ့ဲတယ်။ NLD အစိုးရ ပထမနှစ်မှာ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ကုမ္ပဏီဥပဒေတွေကြောင့် အလာနှေးနေတယ်။ ဒါတွေပြင်ပြီးရင်တော့ လာကြမှာဘဲပေါ့။

.

ဒါပေမယ့် ၂၀၁၆ အမေရိကန်သမတရွေးပွဲမှာ ဒေါ်နွယ်ထွန်း နိုင်သွားတယ်။ သူ့ရဲ့ အမေရိကန် ဗဟိုပြု စီးပွားရေးကြောင့် အမေရိကန် အပြင်ဘက် ရင်းနှီးမြုပ်နှံမှု အသစ်တွေ မလုပ်ရဲကြတော့ပါဘူး။ သမိုင်းတလျောက် ချုပ်ဆိုခ့ဲတ့ဲ စီးပွားရေးသဘောတူချက်တွေကို လက်မခံတော့ဘူး လုပ်လာတယ်။ အိမ်နီးချင်း ကနေဒါနဲ့ မက္ကဆီကိုတို့နဲ့လည်း အဆင်မပြေတော့ဘူး။ ဒီကိုလာကာနီး အနောက်ကမ်ဘာရဲ့ အရေးအကြီးဆုံး G7 ထိပ်သီးဆွေးနွေးပွဲမှာတောင် တော်တော်အဆင်မပြေခ့ဲဟန် တူပါတယ်။

.

အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ တော်တော်အရေးကြီးပါတယ်။ အခြားတိုင်းပြည်က ကုမ္ပဏီတွေတောင် အမေရိကန်မှာ မထုတ်လို့ အမေရိကန်မှာ ပေးမရောင်းရင် အမေရိကန်ပြင်ပမှာ ရင်းနှီးမြုပ်နှံမှု မလုပ်ရဲကြတော့ပါဘူး။ မက္ကဆီကိုမှာ စက်ရုံ အသစ်ဖွင့်ဖို့ ပြင်ဆင်နေတ့ဲ ဂျပန် တိုယိုတာကားကုမ္ပဏီတောင် အမေရိကန်ထဲ စက်ရုံရွှေ့ဖို့ လုပ်ရတာကြည့်ရင် သိသာပါတယ်။

.

မြန်မာပြည်က ခုမှ စဖို့ အခွင့်အရေးရတ့ဲ နိုင်ငံပါ။ အရင်နှစ်သုံးဆယ် စစ်အစိုးရမို့ ဟုတ်တိပတ်တိ မလာကြပါ။ လူသားအရင်းအမြစ်ကို အဓိကထားတ့ဲ စက်ရုံမျိုးဖြစ်တ့ဲ အထည်ချုပ် ဖိနပ်ချုပ်လိုမျိုးတွေ အရင်ကထက် ပိုလုပ်ခွင့် ရသင့်တာပါ။ ဒါကလည်း မြန်မာတွေ တော်လို့မဟုတ်ပါဘူး။ အမေရိကန်က ပေးလေ့ရှိတ့ဲ အထူးအခွင့်အရေးကြောင့် မြန်မာပြည်မှာထုတ်ပြီး အမေရိကန်သွင်းရင် အခွန်သက်သာခွင့် ပြုထားလို့ပါ။ အာဆီယံနိုင်ငံတွေ တရုပ်နဲ့ ဘင်္ဂလားဒေ့တို့ ဒီအခွင့်အရေး သုံးစားလာတာ နှစ်သုံးဆယ်ကျော်ရောပေါ့။

.

ဒါ့ကြောင့် ဒေါ်နွယ်ထွန်းရဲ့ စီးပွားရေးပေါ်လစီကြောင့်လို့ ထင်မိတာပါ။ ဘင်္ဂလီပြဿနာက တမတ်သားလောက်ဘဲ ပါမှာပါ။ မဟုတ်ရင် မြန်မာပြည်ထဲက စက်မှုဇုန်တွေမှာ မြှုပ်နှံဖို့ စိတ်ဝင်စားကြမှာပါ။ ခုတော့ အစိုးရကောင်းရရက်နဲ့ တိုင်းပြည်မတက်တာ ပြည်သူတွေရဲ့ ကံဘဲအောက်မေ့ရမှာဘဲ။

XxXxXx

(Zawgyi version)

ဒီအခိုက္အတန့္မွာ ေဒၚႏြယ္ထြန္းကို ဝက္ကေလးက ေသနတ္ထုတ္ပစ္လိုက္ရမွာလို႔ ေတြးမိတာ အေၾကာင္း႐ွိပါတယ္။ ကိုယ္ပိုင္ အယူအဆေပါ့။ သူတို႔ခ်င္း စစ္ျဖစ္တာ၊ ဝက္ကေလးကို ဝိုင္းပစ္ၾကတာေတာ့ သူတို႔ကံေပါ့။
.
NLD အစိုးရဖြဲ႔ခြင့္ရေတာ့ ႏိုင္ငံတကာက ဆဲန္႐ွင္ေတြ ႐ုပ္သိမ္းၿပီး ျမန္မာျပည္မွာ လာရင္းႏွီးျမဳပ္ႏွံမယ္၊ ျမန္မာေတြ အလုပ္ေတြရၾကေတာ့မယ္လို႔ ထင္ခ့ဲတယ္။ NLD အစိုးရ ပထမႏွစ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒနဲ႔ ကုမၸဏီဥပေဒေတြေၾကာင့္ အလာေႏွးေနတယ္။ ဒါေတြျပင္ၿပီးရင္ေတာ့ လာၾကမွာဘဲေပါ့။
.
ဒါေပမယ့္ ၂၀၁၆ အေမရိကန္သမတေရြးပြဲမွာ ေဒၚႏြယ္ထြန္း ႏိုင္သြားတယ္။ သူ႔ရဲ႕ အေမရိကန္ ဗဟိုျပဳ စီးပြားေရးေၾကာင့္ အေမရိကန္ အျပင္ဘက္ ရင္းႏွီးျမဳပ္ႏွံမႈ အသစ္ေတြ မလုပ္ရဲၾကေတာ့ပါဘူး။ သမိုင္းတေလ်ာက္ ခ်ဳပ္ဆိုခ့ဲတ့ဲ စီးပြားေရးသေဘာတူခ်က္ေတြကို လက္မခံေတာ့ဘူး လုပ္လာတယ္။ အိမ္နီးခ်င္း ကေနဒါနဲ႔ မကၠဆီကိုတို႔နဲ႔လည္း အဆင္မေျပေတာ့ဘူး။ ဒီကိုလာကာနီး အေနာက္ကမ႓ာရဲ႕ အေရးအႀကီးဆံုး G7 ထိပ္သီးေဆြးေႏြးပြဲမွာေတာင္ ေတာ္ေတာ္အဆင္မေျပခ့ဲဟန္ တူပါတယ္။
.
အေမရိကန္ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈဟာ ေတာ္ေတာ္အေရးႀကီးပါတယ္။ အျခားတိုင္းျပည္က ကုမၸဏီေတြေတာင္ အေမရိကန္မွာ မထုတ္လို႔ အေမရိကန္မွာ ေပးမေရာင္းရင္ အေမရိကန္ျပင္ပမွာ ရင္းႏွီးျမဳပ္ႏွံမႈ မလုပ္ရဲၾကေတာ့ပါဘူး။ မကၠဆီကိုမွာ စက္ရံု အသစ္ဖြင့္ဖို႔ ျပင္ဆင္ေနတ့ဲ ဂ်ပန္ တိုယိုတာကားကုမၸဏီေတာင္ အေမရိကန္ထဲ စက္ရံုေရႊ႔ဖို႔ လုပ္ရတာၾကည့္ရင္ သိသာပါတယ္။
.
ျမန္မာျပည္က ခုမွ စဖို႔ အခြင့္အေရးရတ့ဲ ႏိုင္ငံပါ။ အရင္ႏွစ္သံုးဆယ္ စစ္အစိုးရမို႔ ဟုတ္တိပတ္တိ မလာၾကပါ။ လူသားအရင္းအျမစ္ကို အဓိကထားတ့ဲ စက္ရံုမ်ိဳးျဖစ္တ့ဲ အထည္ခ်ဳပ္ ဖိနပ္ခ်ဳပ္လိုမ်ိဳးေတြ အရင္ကထက္ ပိုလုပ္ခြင့္ ရသင့္တာပါ။ ဒါကလည္း ျမန္မာေတြ ေတာ္လို႔မဟုတ္ပါဘူး။ အေမရိကန္က ေပးေလ့႐ွိတ့ဲ အထူးအခြင့္အေရးေၾကာင့္ ျမန္မာျပည္မွာထုတ္ၿပီး အေမရိကန္သြင္းရင္ အခြန္သက္သာခြင့္ ျပဳထားလို႔ပါ။ အာဆီယံႏိုင္ငံေတြ တ႐ုပ္နဲ႔ ဘဂၤလားေဒ့တို႔ ဒီအခြင့္အေရး သံုးစားလာတာ ႏွစ္သံုးဆယ္ေက်ာ္ေရာေပါ့။
.
ဒါ့ေၾကာင့္ ေဒၚႏြယ္ထြန္းရဲ႕ စီးပြားေရးေပၚလစီေၾကာင့္လို႔ ထင္မိတာပါ။ ဘဂၤလီျပႆနာက တမတ္သားေလာက္ဘဲ ပါမွာပါ။ မဟုတ္ရင္ ျမန္မာျပည္ထဲက စက္မႈဇုန္ေတြမွာ ျမႇဳပ္ႏွံဖို႔ စိတ္ဝင္စားၾကမွာပါ။ ခုေတာ့ အစိုးရေကာင္းရရက္နဲ႔ တိုင္းျပည္မတက္တာ ျပည္သူေတြရဲ႕ ကံဘဲေအာက္ေမ့ရမွာဘဲ။ 

11 June 2018

Repercussions effects.





(Unicode version )


  အင်္ဂလိပ်စာလုံး repercussions ဆိုတာရှိတယ်။ အဓိပ္ပာယ်က အလုပ်တခုခု အပြုအမူတခုခုကြောင့် မိမိထင်ထားတာနဲ့ ဆန့်ကျင်ဘက် ဆိုးကျိုးတွေ တုန့်ပြန်လာတာကို ဆိုလိုတာပါ။ ရိုးရိုး တုန့်ပြန်မှု echo လိုမျိုးနဲ့ မတူတာက ပိုဆိုးသွားစေတာပါ။ အများနဲ့သက်ဆိုင်တ့ဲ အပြုအမူ အလုပ်တခုလုပ်မယ်ဆို ပိုသတိထားရပါမယ်။

.

ပြီးခ့ဲတ့ဲအပတ်ထဲ ရှမ်းပြည်ဘက်မှာ တပ်မတော်ထောက်ခံပွဲများ လုပ်ပါတယ်။ မည်သူတွေကို ထောက်ခံစေဖို့ ရည်ရွယ်တာလည်း မသိပါဘူး။ ဆိုလိုတာက ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားတွေကို ထောက်ခံစေချင်တာလား၊ ပြည်ပမှ ဖိအားပေးနေသူတွေကို ပြည်သူတွေက ထောက်ခံတယ်ဆိုတာ ပြချင်တာလား မသိတာပါ။

.

ဒီနည်းဟာ ဒီခေတ်မှာ အသုံးမတ့ဲတော့တာ ထားလိုက်ပါတော့။ ထောက်ခံပွဲမှာ ဟောခိုင်းတ့ဲသူတွေ တွေ့ရတော့ သွားပြန်ပြီဟ့ဲလို့ တွေးမိပါတယ်။ တခြားသူ မရှိတော့ဘူးလားဗျာ။ ဒီလူတွေကို ပြည်သူတွေ ဘယ်လိုသဘောထားလည်း ဖေ့ဘုတ်ပေါ်ကြည့် သိနိုင်ပါတယ်။ သူတို့ကို ပြောခိုင်းပါမှ ရည်ရွယ်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်စေတာပါ။ ပွဲမလုပ်တာကမှ တော်ဦးမယ်။

.

နောက်တခုက Mytel ဖုန်းနဲ့ ပတ်သက်လို့ပါ။ ကုမ္ပဏီကတော့ အ့ဲလိုကြော်ငြာခိုင်းမယ် မထင်ပါ။ အဖိုးခေတ်ကတည်းက ပြည်သူတွေမေတ္တာ ခံယူခ့ဲရတ့ဲသူရဲ့ မြေးက ဝင်ကြော်ငြာပေးတာပါ။ ရိုင်းရိုင်းစိုင်းစိုင်းပါဘဲ။ တိရစာၦန်တွေမသုံးတ့ဲ ဖုန်းမို့ သူသုံးတယ်တ့ဲ။ ဘယ်လောက်အဆဲခံရလည်း ဖေ့ဘုတ်သုံးသူတိုင်း သိပါတယ်။ စီးပွားရေးမဆန်ယုံမက စော်ကားရာ ရောက်နေလို့ မသုံးသူ ပိုများလာနိုင်ပါတယ်။ ကုမ္ပဏီအနေနဲ့ ကန့်တောင်ကန့်ကွက်သင့်တာပါ။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်တာကိုး။

.

Repercussions အဓိပ္ပာယ် သိလောက်ပါပြီ။ တချို့ အလုပ်တွေ အပြုအမူတွေက မလုပ်ခ့ဲ မပြုမူခ့ဲရင်တောင် ပိုကောင်းပါလိမ့်မယ်ဗျာ။

XxXxXx

(Zawgyi version )

  အဂၤလိပ္စာလံုး repercussions ဆိုတာ႐ွိတယ္။ အဓိပၸာယ္က အလုပ္တခုခု အျပဳအမူတခုခုေၾကာင့္ မိမိထင္ထားတာနဲ႔ ဆန္႔က်င္ဘက္ ဆိုးက်ိဳးေတြ တုန့္ျပန္လာတာကို ဆိုလိုတာပါ။ ႐ိုး႐ိုး တုန္႔ျပန္မႈ echo လိုမ်ိဳးနဲ႔ မတူတာက ပိုဆိုးသြားေစတာပါ။ အမ်ားနဲ႔သက္ဆိုင္တ့ဲ အျပဳအမူ အလုပ္တခုလုပ္မယ္ဆို ပိုသတိထားရပါမယ္။
.
ၿပီးခ့ဲတ့ဲအပတ္ထဲ ႐ွမ္းျပည္ဘက္မွာ တပ္မေတာ္ေထာက္ခံပြဲမ်ား လုပ္ပါတယ္။ မည္သူေတြကို ေထာက္ခံေစဖို႔ ရည္ရြယ္တာလည္း မသိပါဘူး။ ဆိုလိုတာက ႐ွမ္းျပည္နယ္ထဲက တိုင္းရင္းသားေတြကို ေထာက္ခံေစခ်င္တာလား၊ ျပည္ပမွ ဖိအားေပးေနသူေတြကို ျပည္သူေတြက ေထာက္ခံတယ္ဆိုတာ ျပခ်င္တာလား မသိတာပါ။
.
ဒီနည္းဟာ ဒီေခတ္မွာ အသံုးမတ့ဲေတာ့တာ ထားလိုက္ပါေတာ့။ ေထာက္ခံပြဲမွာ ေဟာခိုင္းတ့ဲသူေတြ ေတြ႔ရေတာ့ သြားျပန္ၿပီဟ့ဲလို႔ ေတြးမိပါတယ္။ တျခားသူ မ႐ွိေတာ့ဘူးလားဗ်ာ။ ဒီလူေတြကို ျပည္သူေတြ ဘယ္လိုသေဘာထားလည္း ေဖ့ဘုတ္ေပၚၾကည့္ သိႏိုင္ပါတယ္။ သူတို႔ကို ေျပာခိုင္းပါမွ ရည္ရြယ္တာနဲ႔ ဆန္႔က်င္ဘက္ ျဖစ္ေစတာပါ။ ပြဲမလုပ္တာကမွ ေတာ္ဦးမယ္။
.
ေနာက္တခုက Mytel ဖုန္းနဲ႔ ပတ္သက္လို႔ပါ။ ကုမၸဏီကေတာ့ အ့ဲလိုေၾကာ္ျငာခိုင္းမယ္ မထင္ပါ။ အဖိုးေခတ္ကတည္းက ျပည္သူေတြေမတၱာ ခံယူခ့ဲရတ့ဲသူရဲ႕ ေျမးက ဝင္ေၾကာ္ျငာေပးတာပါ။ ႐ိုင္း႐ိုင္းစိုင္းစိုင္းပါဘဲ။ တိရစာၦန္ေတြမသံုးတ့ဲ ဖုန္းမို႔ သူသံုးတယ္တ့ဲ။ ဘယ္ေလာက္အဆဲခံရလည္း ေဖ့ဘုတ္သံုးသူတိုင္း သိပါတယ္။ စီးပြားေရးမဆန္ယံုမက ေစာ္ကားရာ ေရာက္ေနလို႔ မသံုးသူ ပိုမ်ားလာႏိုင္ပါတယ္။ ကုမၸဏီအေနနဲ႔ ကန္႔ေတာင္ကန္႔ကြက္သင့္တာပါ။ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုမ်ားႏိုင္တာကိုး။
.
Repercussions အဓိပၸာယ္ သိေလာက္ပါၿပီ။ တခ်ိဳ႕ အလုပ္ေတြ အျပဳအမူေတြက မလုပ္ခ့ဲ မျပဳမူခ့ဲရင္ေတာင္ ပိုေကာင္းပါလိမ့္မယ္ဗ်ာ။ 

04 June 2018

The Voice Myanmar



(Unicode version)


   မနေ့ညက သီချင်းဆိုပြိုင်ပွဲ The Voice Myanmar ကြည့်လိုက်ကြရမယ် ထင်ပါတယ်။ ချန်ပီယံက ကိုငွေစိုးဖြစ်ပေမယ့် ခရက်ဒစ်ပေးသင့်သူက သူ့ရဲ့သီချင်းနည်းပြ လင်းလင်းပါဘဲ။ ရှင်းပါမယ်။

.

ဒီအဆင့်သို့ ယှဉ်ပြိုင်သူ ထောင်ချီထဲက လေးယောက်ဘဲ ရောက်လာတာမို့ တယောက်နဲ့တယောက် အရည်အချင်း သိတ်အကွာကြီး မဟုတ်ပါ။ ပထမတပုဒ်ဆိုပြီးသည်အထိ ပရိသာတ်တွေ ဝေခွဲမရ ဖြစ်နေမှာပါ။ ဒုတိယတပုဒ်စီ ဆိုတ့ဲအခါမှာတော့ နည်းပြတွေကြောင့် ကွာသွားပါပြီ။

.

ပထမဆုံးက သီချင်းရွေးတာပါ။ ဒီအဆင့်မှာ ဒိုင်တွေဆုံးဖြတ်ရတာမဟုတ်ဘဲ မဲပေးရတာဆိုတော့ မြန်မာတွေရဲ့ အသည်းနှလုံး ဧရာဝတီကို ရွေးလိုက်ပါတယ်။ ခင်ဝမ်း သီရိညွန့်နဲ့ အခြားအဆိုရှင်တွေရဲ့ ဧရာဝတီသီချင်းတွေ ရှိပေမ့ဲ ပြိုင်ပွဲအတွက် အရည်အချင်းပြလို့ အကောင်းဆုံးဖြစ်စေမ့ဲ ငှက်ကြီးရဲ့ ဧရာဝတီကို ရွေးချယ်ပေးခ့ဲတာပါ။

.

ဒုတိယက presentation ခေါ်တ့ဲ တင်ဆက်ပုံပါ။ အခြားသူတွေလို ဗူဗောင်းတွေ၊ ပန်းတွေ၊ မီးခိုးတွေ မလုပ်ဘဲ ဧရာဝတီမြစ်ပုံနဲ့ တီရှပ်ဆင်တူ ဝတ်ပါတယ်။ တီးဝိုင်းကိုလည်း စင်ပေါ်အထိတင်ပြီး ထွင်တီးတာလေးတွေ ပရိသာတ် မြင်စေခ့ဲပါတယ်။

.

နောက်ဆုံးတချက်ကတော့ arrangements ခေါ်တ့ဲ ဂီတတေးသွား စီစဉ်မှုပါဘဲ။ နဂိုရ်သီချင်းကို မြန်မာတွေပြန်ဆိုရင် ပျက်တတ်ပေမ့ဲ ဒီတခါတော့ မူရင်းထက်သာခ့ဲပါတယ်။ ပုလွေလေးနဲ့ ရေးစီးသံစသလို တယောကြိုးကို လက်နဲ့ခတ်ပြီးတော့ လှိုင်းလေးတွေ ဖန်တီးခ့ဲကာ ဧရာဝတီကို အသက်ဝင်စေခ့ဲပါတယ်။ လေမှုတ်တူရိယာသုံးတာနဲ့ second လိုက်သံတွေကလည်း သီချင်းကို ကြွတက်စေခ့ဲပါတယ်။ လင်းလင်း ဒီတီးခတ်ပုံကို ဘယ်လောက်အလေးထားသလဲဆို ပြီးတာနဲ့ ကိုငွေစိုးကို တီးခတ်သူတွေကို ဂါရဝပြုဖို့ သတိပေးခ့ဲပါတယ်။ သူတို့ရဲ့ ပံ့ပိုးမှုက အများကြီး အထောက်အကူ ဖြစ်စေခ့ဲတယ် မဟုတ်ပါလား။

.

ဒီအဆင့်မှာ အားလုံး အရည်အချင်းရှိပြီးသားပါ။ သော်ဒီနဲ့ မိန်းခလေးအဆိုရှင်တို့ ဒီသီချင်းကို ဒီအရိန့်ချ်မဲန်းနဲ့ သီဆိုရင် ဒီလောက်နီးပါးရမှာ သေချာပါတယ်။ အဆိုချင်းတူရင် စီစဉ်သူကွာသွားတာ ဒီပြိုင်ပွဲမှာ သိသာစေခ့ဲပါတယ်ဗျာ။ ။

.

ပြိုင်ပွဲဝင်သီချင်းကို အောက်ပါလင့်မှာ နားဆင်နိုင်ပါတယ်။

https://m.youtube.com/watch?v=2vMPu3u8ZrQ&feature=youtu.be

XxXxXx

(Zawgyi version)


   မေန႔ညက သီခ်င္းဆိုၿပိဳင္ပြဲ The Voice Myanmar ၾကည့္လိုက္ၾကရမယ္ ထင္ပါတယ္။ ခ်န္ပီယံက ကိုေငြစိုးျဖစ္ေပမယ့္ ခရက္ဒစ္ေပးသင့္သူက သူ႔ရဲ႕သီခ်င္းနည္းျပ လင္းလင္းပါဘဲ။ ႐ွင္းပါမယ္။
.
ဒီအဆင့္သို႔ ယွဥ္ၿပိဳင္သူ ေထာင္ခ်ီထဲက ေလးေယာက္ဘဲ ေရာက္လာတာမို႔ တေယာက္နဲ႔တေယာက္ အရည္အခ်င္း သိတ္အကြာႀကီး မဟုတ္ပါ။ ပထမတပုဒ္ဆိုၿပီးသည္အထိ ပရိသာတ္ေတြ ေဝခြဲမရ ျဖစ္ေနမွာပါ။ ဒုတိယတပုဒ္စီ ဆိုတ့ဲအခါမွာေတာ့ နည္းျပေတြေၾကာင့္ ကြာသြားပါၿပီ။
.
ပထမဆံုးက သီခ်င္းေရြးတာပါ။ ဒီအဆင့္မွာ ဒိုင္ေတြဆံုးျဖတ္ရတာမဟုတ္ဘဲ မဲေပးရတာဆိုေတာ့ ျမန္မာေတြရဲ႕ အသည္းႏွလံုး ဧရာဝတီကို ေရြးလိုက္ပါတယ္။ ခင္ဝမ္း သီရိၫြန္႔နဲ႔ အျခားအဆို႐ွင္ေတြရဲ႕ ဧရာဝတီသီခ်င္းေတြ ႐ွိေပမ့ဲ ၿပိဳင္ပြဲအတြက္ အရည္အခ်င္းျပလို႔ အေကာင္းဆံုးျဖစ္ေစမ့ဲ ငွက္ႀကီးရဲ႕ ဧရာဝတီကို ေရြးခ်ယ္ေပးခ့ဲတာပါ။
.
ဒုတိယက presentation ေခၚတ့ဲ တင္ဆက္ပံုပါ။ အျခားသူေတြလို ဗူေဗာင္းေတြ၊ ပန္းေတြ၊ မီးခိုးေတြ မလုပ္ဘဲ ဧရာဝတီျမစ္ပံုနဲ႔ တီ႐ွပ္ဆင္တူ ဝတ္ပါတယ္။ တီးဝိုင္းကိုလည္း စင္ေပၚအထိတင္ၿပီး ထြင္တီးတာေလးေတြ ပရိသာတ္ ျမင္ေစခ့ဲပါတယ္။
.
ေနာက္ဆံုးတခ်က္ကေတာ့ arrangements ေခၚတ့ဲ ဂီတေတးသြား စီစဥ္မႈပါဘဲ။ နဂိုရ္သီခ်င္းကို ျမန္မာေတြျပန္ဆိုရင္ ပ်က္တတ္ေပမ့ဲ ဒီတခါေတာ့ မူရင္းထက္သာခ့ဲပါတယ္။ ပုေလြေလးနဲ႔ ေရးစီးသံစသလို တေယာႀကိဳးကို လက္နဲ႔ခတ္ၿပီးေတာ့ လိႈင္းေလးေတြ ဖန္တီးခ့ဲကာ ဧရာဝတီကို အသက္ဝင္ေစခ့ဲပါတယ္။ ေလမႈတ္တူရိယာသံုးတာနဲ႔ second လိုက္သံေတြကလည္း သီခ်င္းကို ႂကြတက္ေစခ့ဲပါတယ္။ လင္းလင္း ဒီတီးခတ္ပံုကို ဘယ္ေလာက္အေလးထားသလဲဆို ၿပီးတာနဲ႔ ကိုေငြစိုးကို တီးခတ္သူေတြကို ဂါရဝျပဳဖို႔ သတိေပးခ့ဲပါတယ္။ သူတို႔ရဲ႕ ပံ့ပိုးမႈက အမ်ားႀကီး အေထာက္အကူ ျဖစ္ေစခ့ဲတယ္ မဟုတ္ပါလား။
.
ဒီအဆင့္မွာ အားလံုး အရည္အခ်င္း႐ွိၿပီးသားပါ။ ေသာ္ဒီနဲ႔ မိန္းခေလးအဆို႐ွင္တို႔ ဒီသီခ်င္းကို ဒီအရိန္႔ခ်္မဲန္းနဲ႔ သီဆိုရင္ ဒီေလာက္နီးပါးရမွာ ေသခ်ာပါတယ္။ အဆိုခ်င္းတူရင္ စီစဥ္သူကြာသြားတာ ဒီၿပိဳင္ပြဲမွာ သိသာေစခ့ဲပါတယ္ဗ်ာ။    ။
.
ၿပိဳင္ပြဲဝင္သီခ်င္းကို ေအာက္ပါလင့္မွာ နားဆင္ႏိုင္ပါတယ္။
https://m.youtube.com/watch?v=2vMPu3u8ZrQ&feature=youtu.be 

03 June 2018

ဆယ်တန်းမအောင်သူတွေဖတ်ဖို့

(Unicode version )

  မနေ့က ဆယ်တန်းအောင်စာရင်းထွက်တော့ ကျသူတွေကို အားပေးစာမျိုးစုံ ထွက်လာပါတယ်။ တချို့စာတွေက ကျသူကို နောက်တကြိမ် ကြိုးစားဖို့ အားပေးရာ မရောက်ပါဘူး။ နှစ်ရာရောက်စေတာ သတိထားကြပါ။

.

ဆယ်တန်းစာမေးပွဲဟာ ဂရုစိုက်စရာ မဟုတ်။ ဘာမျှတန်ဖိုးထားစရာ မရှိဆိုသည်အထိ လွန်လွန်ကျူးကျူး ရေးကြပါတယ်။ ဆယ်တန်းမအောင်ဘဲ အောင်မြင်နေသူတွေ ရှိတယ်။ ဘွဲ့မရဘဲ ကမ်ဘာကျော်နေသူတွေ ရှိတယ်။ ထုံးစံအတိုင်း ဘီလ်ဂိတ်တို့ စတိဗ်ဂျော့တို့လည်း ပါလာတာပေါ့။

.

ပထမဆုံး ပြောချင်တာက မြန်မာပြည်မှာ ဆယ်တန်းအောင်လို့ ဘာမှမဖြစ်ဘူးဆိုတာ မှန်သလို ဆယ်တန်းလေးမှ မအောင်ရင်လည်း ဘာမှဆက်လုပ်လို့ မရပါ။ ကိုယ်ထူးကိုယ်ချွန် အသက်မွေးဝမ်းကျောင်း အတတ်ပညာ လေ့လာပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်နိုင်ရင်တော့ တော်သေးတယ်။ လခစားလုပ်ချင်ရင် အစိုးရအလုပ် မဆိုထားနဲ့၊ ကုမ္ပဏီအလုပ် ညစောင့်တောင် ဘွဲ့ရတွေ တိုးနေရတ့ဲခေတ်ပါ။

.

ပြည်ပက မွေးရာပါ ထူးချွန်သူတွေနဲ့လည်း မနှိုင်းသင့်ပါဘူး။ သူတို့ ကျောင်းထွက်လိုက်တယ်ဆိုတာ ကျောင်းကသင်တာထက် သူတို့က ပိုသိနေလို့ပါ။ ကျောင်းမှာသင်တ့ဲ စာတွေကလည်း ဒီလိုလူတွေ ရှာဖွေတွေ့တ့ဲ ပညာတွေကို သူတို့လို ရှာမနေရဘဲ အသင့်သင်ပေးနေတာပါ။ Genius လို့ခေါ်တ့ဲ ဒီလိုလူသားတွေကလည်း ခေတ်တခေတ်မှာ ရာဂဏန်းမရှိပါဘူး။

.

မှန်တယ်။ ဆယ်တန်းကျသွားပြီ။ စိတ်ပျက်စရာ မဟုတ်ပါ။ ကိုယ်နဲ့အတူ အတန်းတက်သူတွေက အောင်သွားတော့ စိတ်ပျက်မှာ အမှန်ပါဘဲ။ လူ့ရဲ့ ထုံးစံအတိုင်း တပတ်နှစ်ပတ်လောက်ကြာရင် စိတ်သက်သာလာမှာပါ။ ဒီအချိန်မှာ သေချာစဉ်းစားပြီး နောက်ပညာသင်နှစ်အတွက် ဘယ်လိုကြိုးစားမယ်ဆိုတာ ဆုံးဖြတ်ပါ။ ဒီနှစ်ရဲ့ အားနည်းချက် ချို့ယွင်းချက်တွေကို သိအောင်လုပ်ပြီး ပြင်ဆင်ဖို့ ကြိုးစားပါ။

.

ဆယ်တန်းကျတာနဲ့ ဘဝမှာ အရာရာ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ကံ ဉာဏ် ဝိရိယ သုံးခုစုံတ့ဲအခါ အောင်မြင်မှုရှိလာမှာပါ။ ပြီးခ့ဲတာတွေ ထားခ့ဲပြီး အသစ်ပြန်စလိုက်ပါစို့။ အတုယူစရာ စာလေးထည့်ပေးလိုက်ပါတယ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ။

.

 https://m.facebook.com/story.php?story_fbid=953060508205632&id=100005050752570


XxXxXx

(Zawgyi version)

  မေန႔က ဆယ္တန္းေအာင္စာရင္းထြက္ေတာ့ က်သူေတြကို အားေပးစာမ်ိဳးစံု ထြက္လာပါတယ္။ တခ်ိဳ႕စာေတြက က်သူကို ေနာက္တႀကိမ္ ႀကိဳးစားဖို႔ အားေပးရာ မေရာက္ပါဘူး။ ႏွစ္ရာေရာက္ေစတာ သတိထားၾကပါ။
.
ဆယ္တန္းစာေမးပြဲဟာ ဂ႐ုစိုက္စရာ မဟုတ္။ ဘာမွ်တန္ဖိုးထားစရာ မ႐ွိဆိုသည္အထိ လြန္လြန္က်ဴးက်ဴး ေရးၾကပါတယ္။ ဆယ္တန္းမေအာင္ဘဲ ေအာင္ျမင္ေနသူေတြ ႐ွိတယ္။ ဘြဲ႔မရဘဲ ကမ႓ာေက်ာ္ေနသူေတြ ႐ွိတယ္။ ထံုးစံအတိုင္း ဘီလ္ဂိတ္တို႔ စတိဗ္ေဂ်ာ့တို႔လည္း ပါလာတာေပါ့။
.
ပထမဆံုး ေျပာခ်င္တာက  ျမန္မာျပည္မွာ ဆယ္တန္းေအာင္လို႔ ဘာမွမျဖစ္ဘူးဆိုတာ မွန္သလို ဆယ္တန္းေလးမွ မေအာင္ရင္လည္း ဘာမွဆက္လုပ္လို႔ မရပါ။ ကိုယ္ထူးကိုယ္ခြၽန္ အသက္ေမြးဝမ္းေက်ာင္း အတတ္ပညာ ေလ့လာၿပီး ကိုယ္ပိုင္လုပ္ငန္း လုပ္ႏိုင္ရင္ေတာ့ ေတာ္ေသးတယ္။ လခစားလုပ္ခ်င္ရင္ အစိုးရအလုပ္ မဆိုထားနဲ႔၊ ကုမၸဏီအလုပ္ ညေစာင့္ေတာင္ ဘြဲ႔ရေတြ တိုးေနရတ့ဲေခတ္ပါ။
.
ျပည္ပက ေမြးရာပါ ထူးခြၽန္သူေတြနဲ႔လည္း မႏိႈင္းသင့္ပါဘူး။ သူတို႔ ေက်ာင္းထြက္လိုက္တယ္ဆိုတာ ေက်ာင္းကသင္တာထက္ သူတို႔က ပိုသိေနလို႔ပါ။ ေက်ာင္းမွာသင္တ့ဲ စာေတြကလည္း ဒီလိုလူေတြ ႐ွာေဖြေတြ႔တ့ဲ ပညာေတြကို သူတို႔လို ႐ွာမေနရဘဲ အသင့္သင္ေပးေနတာပါ။ Genius လို႔ေခၚတ့ဲ ဒီလိုလူသားေတြကလည္း ေခတ္တေခတ္မွာ ရာဂဏန္းမ႐ွိပါဘူး။
.
မွန္တယ္။ ဆယ္တန္းက်သြားၿပီ။ စိတ္ပ်က္စရာ မဟုတ္ပါ။ ကိုယ္နဲ႔အတူ အတန္းတက္သူေတြက ေအာင္သြားေတာ့ စိတ္ပ်က္မွာ အမွန္ပါဘဲ။ လူ႔ရဲ႕ ထံုးစံအတိုင္း တပတ္ႏွစ္ပတ္ေလာက္ၾကာရင္ စိတ္သက္သာလာမွာပါ။ ဒီအခ်ိန္မွာ ေသခ်ာစဥ္းစားၿပီး ေနာက္ပညာသင္ႏွစ္အတြက္ ဘယ္လိုႀကိဳးစားမယ္ဆိုတာ ဆံုးျဖတ္ပါ။ ဒီႏွစ္ရဲ႕ အားနည္းခ်က္ ခ်ိဳ႕ယြင္းခ်က္ေတြကို သိေအာင္လုပ္ၿပီး ျပင္ဆင္ဖို႔ ႀကိဳးစားပါ။
.
ဆယ္တန္းက်တာနဲ႔ ဘဝမွာ အရာရာ ၿပီးဆံုးသြားတာ မဟုတ္ပါဘူး။ ကံ ဥာဏ္ ဝိရိယ သံုးခုစံုတ့ဲအခါ ေအာင္ျမင္မႈ႐ွိလာမွာပါ။ ၿပီးခ့ဲတာေတြ ထားခ့ဲၿပီး အသစ္ျပန္စလိုက္ပါစို႔။ အတုယူစရာ စာေလးထည့္ေပးလိုက္ပါတယ္။ ဖတ္ျဖစ္ေအာင္ ဖတ္ၾကည့္လိုက္ပါ။
.
 https://m.facebook.com/story.php?story_fbid=953060508205632&id=100005050752570

01 June 2018

နိုင်ငံရေးဟောပြောပွဲဲ နဲ့ တက္ကသိုလ်များ

(Unicode version)

   တက္ကသိုလ်ကောလိပ်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တ့ဲ စာတမ်းဖတ်ပွဲနဲ့ ဟောပြောပွဲတွေ မလုပ်ဖို့ တားမြစ်အမိန့် ထုတ်ပြန်လိုက်ပါတယ်။ စစ်အစိုးရခေတ်ကလိုဘဲ များပြားလှတ့ဲစည်းကမ်းတွေနဲ့ အချက်အလက်တွေတောင်းတာလည်း ပါဝင်ပါတယ်။

.

ဒီမိုကရေစီ အစိုးရခေတ်မှာ ထူးခြားတ့ဲ အမိန့်ပါဘဲ။ လိုရာ ရည်ရွယ်ချက်က တမျိုးဖြစ်ပါလိမ့်မယ်။ အိမ်ထောင်ထိန်းမိန်းမ မီးဖိုချောင်မှာ ထမင်းချက်တာပင် နိုင်ငံရေးလို့ အဓိပ္ပာယ်ဖွင့်နိုင်တ့ဲအတွက် နိုင်ငံရေးလို့ သိမ်းကြုံးမပြောသင့်ပါဘူး။ ဆိုလိုရာကို ကွဲကွဲပြားပြား သိအောင်လို့ ရှင်းသင့်ပါတယ်။

.

ထင်တာကတော့ ကျောင်းသားအဖွဲ့အစည်းအချို့ကို အသုံးချပြီး နိုင်ငံရေးပါတီတွေ စည်းရုံးရေးဆင်းမှာ စိုးရိမ်ဟန်တူပါတယ်။ ၁၉၆၂အတိုင်ခင်က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂတွေ နောက်ခံပါတီပေါ်မူတည်ပြီး ကွဲခ့ဲဘူးပါတယ်။ ဒါမျိုး ထပ်ဖြစ်လာမှာစိုးရင် အမိန့်ကို ရှင်းအောင်ထုတ်ပါ။

.

ကျောင်းတွေမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဘာသာရပ်တွေမှာ နိုင်ငံရေး ပါမှာပါ။ သမိုင်းသင်ရင်လည်း ပါကိုပါလာရမှာပါ။ ပါတီအတွက် စည်းရုံးတာမဟုတ်ဘဲ စာသင်ကြားရေးအတွက် ပြောရမ့ဲ နိုင်ငံရေးတွေ ရှိနေပါတယ်။ ကျောင်းသားတွေဟာ ကျောင်းစာအပြင် အခြားဗဟုသုတလိုသလို နိုင်ငံရေး ဗဟုသုတလည်း ရသွားသင့်ပါတယ်။

.

နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ရင် စည်းကမ်းချက်သတ်မှတ်ပြီး မိမိတက္ကသိုလ်ကျောင်းသားများအား သက်ဆိုင်ရာပါတီရဲ့ ရည်မှန်းချက် လုပ်ဆောင်ချက်တွေ လာဟောပြောဖို့တောင် ဖိတ်ကြားသင့်တာပါ။ တခြားပါတီ မကောင်းကြောင်း မဟောရ၊ မပုတ်ခတ်ရ စသဖြင့် စည်းကမ်းတော့ သတ်မှတ်ရမှာပေါ့။ လာဟောပြောတ့ဲ ပါတီက မိမိပါတီမှန်တယ်ထင်ရင် ကျောင်းသားတွေရဲ့ မေးခွန်းတွေ မေးစေပြီး ဖြေကြားတ့ဲအထိ လုပ်သင့်တာပါ။ ဒါမှ နိုင်ငံရေးဝါသနာပါသူ ကျောင်းသားတွေ နိုင်ငံရေးအမြင် ပိုကျယ်လာပါမယ်။ အနာဂတ် မြန်မာပြည်ကို တာဝန်ယူရမယ့် လူငယ်ကျောင်းသားတွေ နိုင်ငံရေးအသိ ပိုရှိလာပါမယ်။

.

ထုတ်ပြန်ထားတ့ဲ အမိန့်ကို ပြန်လည်သုံးသတ်ပါဦး အမိန့်ထုတ်သူ ဆရာကြီးခင်ဗျား။ ။


XxXxXx

(Zawgyi version)

   တကၠသိုလ္ေကာလိပ္ေတြမွာ ႏိုင္ငံေရးနဲ႔ ပတ္သက္တ့ဲ စာတမ္းဖတ္ပြဲနဲ႔ ေဟာေျပာပြဲေတြ မလုပ္ဖို႔ တားျမစ္အမိန္႔ ထုတ္ျပန္လိုက္ပါတယ္။ စစ္အစိုးရေခတ္ကလိုဘဲ မ်ားျပားလွတ့ဲစည္းကမ္းေတြနဲ႔ အခ်က္အလက္ေတြေတာင္းတာလည္း ပါဝင္ပါတယ္။
.
ဒီမိုကေရစီ အစိုးရေခတ္မွာ ထူးျခားတ့ဲ အမိန္႔ပါဘဲ။ လိုရာ ရည္ရြယ္ခ်က္က တမ်ိဳးျဖစ္ပါလိမ့္မယ္။ အိမ္ေထာင္ထိန္းမိန္းမ မီးဖိုေခ်ာင္မွာ ထမင္းခ်က္တာပင္ ႏိုင္ငံေရးလို႔ အဓိပၸာယ္ဖြင့္ႏိုင္တ့ဲအတြက္ ႏိုင္ငံေရးလို႔ သိမ္းၾကံဳးမေျပာသင့္ပါဘူး။ ဆိုလိုရာကို ကြဲကြဲျပားျပား သိေအာင္လို႔ ႐ွင္းသင့္ပါတယ္။
.
ထင္တာကေတာ့ ေက်ာင္းသားအဖြဲ႔အစည္းအခ်ိဳ႕ကို အသံုးခ်ၿပီး ႏိုင္ငံေရးပါတီေတြ စည္းရံုးေရးဆင္းမွာ စိုးရိမ္ဟန္တူပါတယ္။ ၁၉၆၂အတိုင္ခင္က ရန္ကုန္တကၠသိုလ္မွာ ေက်ာင္းသားသမဂၢေတြ ေနာက္ခံပါတီေပၚမူတည္ၿပီး ကြဲခ့ဲဘူးပါတယ္။ ဒါမ်ိဳး ထပ္ျဖစ္လာမွာစိုးရင္ အမိန္႔ကို ႐ွင္းေအာင္ထုတ္ပါ။
.
ေက်ာင္းေတြမွာ ႏိုင္ငံေရးသိပၸံဘာသာရပ္၊ အျပည္ျပည္ဆိုင္ရာ ဆက္ဆံေရးဘာသာရပ္ေတြမွာ ႏိုင္ငံေရး ပါမွာပါ။ သမိုင္းသင္ရင္လည္း ပါကိုပါလာရမွာပါ။ ပါတီအတြက္ စည္းရံုးတာမဟုတ္ဘဲ စာသင္ၾကားေရးအတြက္ ေျပာရမ့ဲ ႏိုင္ငံေရးေတြ ႐ွိေနပါတယ္။ ေက်ာင္းသားေတြဟာ ေက်ာင္းစာအျပင္ အျခားဗဟုသုတလိုသလို ႏိုင္ငံေရး ဗဟုသုတလည္း ရသြားသင့္ပါတယ္။
.
ႏိုင္ငံေရးပါတီေတြနဲ႔ ပတ္သက္ရင္ စည္းကမ္းခ်က္သတ္မွတ္ၿပီး မိမိတကၠသိုလ္ေက်ာင္းသားမ်ားအား သက္ဆိုင္ရာပါတီရဲ႕ ရည္မွန္းခ်က္ လုပ္ေဆာင္ခ်က္ေတြ လာေဟာေျပာဖို႔ေတာင္ ဖိတ္ၾကားသင့္တာပါ။ တျခားပါတီ မေကာင္းေၾကာင္း မေဟာရ၊ မပုတ္ခတ္ရ စသျဖင့္ စည္းကမ္းေတာ့ သတ္မွတ္ရမွာေပါ့။ လာေဟာေျပာတ့ဲ ပါတီက မိမိပါတီမွန္တယ္ထင္ရင္ ေက်ာင္းသားေတြရဲ႕ ေမးခြန္းေတြ ေမးေစၿပီး ေျဖၾကားတ့ဲအထိ လုပ္သင့္တာပါ။ ဒါမွ ႏိုင္ငံေရးဝါသနာပါသူ ေက်ာင္းသားေတြ ႏိုင္ငံေရးအျမင္ ပိုက်ယ္လာပါမယ္။ အနာဂတ္ ျမန္မာျပည္ကို တာဝန္ယူရမယ့္ လူငယ္ေက်ာင္းသားေတြ ႏိုင္ငံေရးအသိ ပို႐ွိလာပါမယ္။
.
ထုတ္ျပန္ထားတ့ဲ အမိန္႔ကို ျပန္လည္သံုးသတ္ပါဦး အမိန္႔ထုတ္သူ ဆရာႀကီးခင္ဗ်ား။   ။