29 June 2022

ရတနာပုံခေတ် တံဆိပ်ခေါင်း၊







 မြန်မာဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းစီးရီးအဖြစ် ရတနာပုံခေတ် တံဆိပ်ခေါင်း ယနေ့ထုတ်ဝေသည်။ FDC ကို မြန်မာ့စာပို့လုပ်ငန်းက မထုတ်ပါ။ ပြင်ပဝါသနာရှင် က ကိုယ်ပိုင် FDC များ လုပ်လာကြသည်။ Máxima card ခေါ် တံဆိပ်ခေါင်းကဒ် လုပ်လာသူပင် တွေ့ခဲ့ရသည်။

.

စီးရီးအတိုင်း အမျိုးသားဝတ်ဆင်ပုံ၊ အမျိုးသမီး ဝတ်ဆင်ပုံ နှစ်ခေါင်းထုတ်ဝေသည်။ စီးရီးအတိုင်း ရတနာပုံခေတ် ဆိုတာကို မြန်မာလိုသာ ဖော်ပြပြီး အင်္ဂလိပ်လို မပါရှိပါ။ 

.

တံဆိပ်ခေါင်း တန်ဖိုး တခေါင်း ၂၀၀ကျပ် ဖြစ်သည်။ ဝတ်စားဆင်ယင်မှု စီးရီးရဲ့ နောက်ဆုံးဖြစ်မည်ထင်သည်။ ဆက်လက်ထုတ်မည်ဆိုပါက ကိုလိုနီခေတ် ထုတ်ရတော့မည်။ 

No comments:

Post a Comment

Thank you.