11 June 2022

ယစ် ရွှေ ပြည် ဝတ္ထု၊


 စာအုပ်အသစ်များ မဖတ်ဖြစ်တာ ကြာလာပြီ။ အရင်ကစာတွေ ပြန်ဖတ်ရတာ ဇိမ်ပိုကျနေသည်။ တလောက ဘာသာပြန်အသစ်တအုပ် ဖတ်ဖြစ်သော်လည်း အဆုံးအထိ မဖတ်ဖြစ်။ အရသာ မတွေ့။ ဖေ့ဘုတ်ပေါ်က တွေ့နေသော စာအဟောင်းတွေကိုဘဲ ရှာဖတ်ဖြစ်နေသည်။

.

ဖေ့ဘုတ်ပေါ်မှာဘဲ ဘဝတက္ကသိုလ်စာပေမှ ကြော်ငြာတခုတွေ့တော့ စိတ်ဝင်စားသွားတာနှင့် ဝယ်ဖတ်ဖြစ်သည်။ စာရေးဆရာတော်ကောင်းမင်း ဘာသာပြန်သော မူရင်း တရုပ်ဝတ္ထု ယစ်ရွှေပြည်တဲ့။

.

စဖတ်ဖတ်ချင်း ဒီဆရာဘာသာပြန် နှစ်အုပ်လား ဖတ်ဖူးပါတယ်။ စာရေးတာ ဒီလိုမဟုတ်ပါဘူးလို့ ထင်မိသည်။ နှစ်ခန်းသုံးခန်းလောက်ဖတ်မိမှ သဘောကျလာပြီး အဆုံးအထိ ဖတ်ဖြစ်တော့သည်။

.

ဖတ်ရင်းနဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က ခေတ်စားခဲ့သော မော်ဒန်ဆိုတဲ့ စကားလုံးကို သတိရလာမိသည်။ ဤဘာသာပြန်ဝတ္ထုသည် စာအရေးအသား၊ အကြောင်းအရာ၊ ဇတ်လမ်းဆင်ပုံမှအစ အမည်ပေးပုံများအဆုံး တကယ်ဒန်တာဘဲဟု စိတ်ထင်မိပါသည်။ 

.

ဇတ်လမ်းအရ အရက်များ အမည်ပေးပုံ၊ အစားအသောက်များ အမည်ပေးပုံတွေဖတ်ရတော့ လွန်ခဲ့သော နှစ်လေးဆယ်ကျော်က ခေတ်စားခဲ့သော သိုင်းဝတ္ထုများထဲမှ သိုင်းနာမည်တွေကိုပင် သတိရမိပါသည်။

.

စာအုပ်တဝက်လောက်ရောက်မှ ဝတ္ထုဇတ်သွားကို သဘောပေါက်မိသည်။ စာတအုပ်ထဲတွင် ဝတ္ထုရှည် ဝတ္ထုတို ပေးစာများကို ထည့်ရေးထားရာ ဒန်ဖွဲ့စည်းပုံလို့ဘဲ ထင်မိသည်။ ကိုယ်တိုင်ဖတ်ကြည့်လိုက်ကြပါ။

.

မူရင်းတရုပ်ဝတ္ထု၊ အင်္ဂလိပ်လို The Republic of Wine ၊ ရေးသူ Mo Yan ကို ဘာသာပြန်ဆရာ တော်ကောင်းမင်းက ဘာသာပြန်ထားပါသည်။ စာပေစိစစ်ရေး ရှိချိန်ဆိုလျှင် အကြောင်းအရာအချို့အရ၎င်း၊ ဇတ်တည်ရာ တရုပ်ပြည်တွင် ဒီလိုအဖြစ်မျိုး တကယ်ရှိသည်ဟု ထင်မှာစိုးသည်ကတကြောင်း၊ အပေါ်ကပြောခဲ့သလို ဒန်လွန်းသဖြင့်၎င်း စာအုပ်အဖြစ် မြင်ရမည်လို့ မထင်မိပါကြောင်း။ 

No comments:

Post a Comment

Thank you.