20 March 2020

မော့ဆက်၏ စစ်ဆင်ရေးများ


ဆရာလှစိုးဝေ ဘာသာပြန်သည့် မော့ဆက်အကြောင်း ဖတ်ဖြစ်သည်။ စာမျက်နှာ ၇၅၀ခန့်နှင့် တန်ဖိုးကျပ်၁၀၀၀၀ ဖြစ်သည်။
.
အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ကို (၈၀ခု နှစ်များလောက်ကထင်သည်) တင်နွယ်မောင်ပြုစုသည့် မော့ဆက်စာအုပ်မှစ ရင်းနှီးခဲ့သည်။ သူတို့၏ ပြောင်မြောက်သောလုပ်ရပ်များကို အားကျခဲ့သည်။ အင်တက်ဘီလေဆိပ်တွင် ပြန်ပေးဆွဲခံထားရသော လေယာဥ်ကိုသွားကယ်ချိန်က မော့ဆက်ကဇတ်လိုက်။
.
ယခုစာအုပ်တွင်မူ အသေးစိတ်ဖော်ပြထားပြီး ဥပဒေပ အလွန်အကျွန်ဆောင်ရွက်မှုများကိုပါ ဖော်ပြထားပါသည်။ ၂၀၁၂ စစ်ဆင်ရေးများအထိ ဖော်ပြထားရာ အပြည့်စုံဆုံး စာအုပ်ဖြစ်သည်။  အင်တက်ဘီ၊ ရှင်းဘက်၊ ဘေရွတ်၊ ပါလက်စတိုင်း၊ အာရာဖတ် ၊လီကွတ်ပါတီ၊ ဘီဂင်၊ မိုရှေဒါယန်း၊ ဂိုလ်ဒါမေယာမှအစ ဂျေရူစလင်အထိ စကားလုံးများ ပြန်ဖတ်မိသည်။ ဒီစကားလုံးတွေနဲ့ ဝေးနေတာကြာခဲ့ပြီ။
.
မော့ဆက်နှင့် အခြားအစ္စရေးထောက်လှမ်းရေးအဖွဲ့များ၏ အော်ပရေးရှင်းများ တော်တော်အသေးစိတ်ရေးထားသည်။ အရင်မော့ဆက်အကြောင်း စာအုပ်များလို ဇတ်လမ်းပုံမရေးဘဲ မှတ်တမ်းလိုရေးထားသဖြင့် ဖတ်ရတာ လေးပါလိမ့်မည်။ သို့သော် ထောက်လှမ်းရေးစိတ်ပါဝင်စားသူများ ဖတ်သင့်ပါသည်။ အထူးသဖြင့် စစ်တပ်စာကြည့်တိုက်များအတွက် လွန်စွာသင့်တော်မည်ဟု ထင်မိသည်။

No comments:

Post a Comment

Thank you.