14 March 2020

ဆုဘွဲ့တံဆိပ်အသစ်တွေလိုအပ်၊












   မြန်မာတွေက မိမိအလှူကို လူအများသိစေချင်ကြပါတယ်။ သာဓုခေါ်နိုင်ကြဖို့ ရည်ရွယ်သူရှိသလို အခြားအကြောင်းတွေလည်း ရှိမှာပါ။ အလှူအတွက် နိုင်ငံတော်က ဆုတံဆိပ်ဘွဲ့တွေ ချီးမြင့်ရင်လည်း ဝမ်းမြောက်ဂုဏ်ယူစွာ လက်ခံကြတာ တနေ့ကတွေ့လိုက်ရပါတယ်။
.
နားလည်ထားတာက အဲ့ဒီဆုတံဆိပ်ဘွဲ့အများစုသည် ဘာသာရေးအလှူတွေအတွက် ရည်ရွယ်တာ များပါလိမ့်မယ်။ အလှူကြီးရင်ကြီးသလို ဘွဲ့တွေလည်း ရှည်လျှားလာတာ သတိထားမိပါတယ်။  အများဆုံးလှူထားတဲ့သူတွေအတွက် နောက်ထပ်ဘွဲ့အသစ် တည်ထွင်ပေးရင် ထပ်လှူကြဦးမယ် ထင်တာပါဘဲ။
.
ပြည်သူ့အစိုးရဖြစ်နေချိန်မှာ နောက်ထပ်အလှူကြီးတွေအတွက် ဘွဲ့တံဆိပ် အသစ်တွေလည်း တည်ထွင်ချီးမြှင့်စေချင်ပါတယ်။ အသစ်ချီးမြှင့်ရမယ့် နယ်ပယ်တွေကတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနယ်ပယ်မှာ အမြောက်အများ လှူသူတွေအတွက်ပါ။ သိန်းတထောင်တန် မိဘမဲ့ဂေဟာလှူရင် ဘွဲ့တမျိုး၊ သိန်းတသောင်းတန်​ စာသင်ကျောင်းလှူရင် ဘွဲ့တမျိုး၊ သိန်းသိန်းချီတန်တဲ့ ဆေးရုံကြီးတွေလှူရင် ဘွဲ့တမျိုး စဖြင့်ပေါ့။
.
ဘွဲအမည်တွေကိုလည်း ခန့်ခန့်ညာညား ပါဠိအမည်ပေးရပါမယ်။ ပါဠိဘာသာနဲ့ ပညာရေးကိုချီးမြင့်သူ၊ ကျန်းမာရေးကိုချီးမြင့်သူ စသဖြင့်ပေါ့။ အလှူကြီးရင်ကြီးသလို  မဟာတွေ အဂ္ဂတွေရှေ့ကခံပြီးပေါ့။ ဒီလိုဘွဲ့အသစ်တွေပေါ်လာရင် အခုအမြင့်ဆုံးအလှူရှင်ဘွဲ့ရထားတဲ့ သူဌေးသူကြွယ်ကြီးတွေလည်း နောက်ထပ်အလှူအတန်းတွေ လုပ်လာကြလိမ့်ဦးမယ် ထင်ပါတယ်။  အလှူရှင်ကြီးတွေလည်း ဘွဲ့အသစ်တွေရ၊ ပြည်သူပြည်သားတွေလည်း ကျောင်းတွေဆေးရုံတွေရ။ နှစ်ဘက်အကျိုးရှိမယ် ထင်လို့ပါ။ 

No comments:

Post a Comment

Thank you.