18 October 2018

ရန်ကုန်အစိုးရ နဲ့ ညိုညိုသင်း

(Unicode version)

အဂတိစစ်ဆေးရေးရုံးကို ရန်ကုန်တိုင်းအစိုးရကိစ္စ ညိုညိုသင်းတိုင်တာ ဘာလို့ ဒေါသထွက်ကြတာလည်း ကျနော်စဉ်းစားမရဘူး။ ကျနော်တော့ အားပေးတယ်ဗျာ။

.

ပထမအချက်က ရန်ကုန်အစိုးရ စည်းလွတ်ဝါးလွတ် လုပ်သလား။ ၈၈နောက်ပိုင်းထဲက ''ဥပဒေက မည်သို့ပင် ဆိုစေကာမူ''ဆိုပြီး လုပ်ခ့ဲတာ များပြီ။ ခုလို စစ်ဆေးခြင်းဖြင့် ရန်ကုန်အစိုးရ (အဓိကက ဘဏ္႑ာရေးဝန်ကြီး) မဟုတ်တာ လုပ်တာလား၊ စည်းနဲ့အညီ မလုပ်တာလား ပေါ်လာပါမယ်။

.

တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာအရ ရှယ်ယာတွေကို ပြည်သူ့ပိုက်ဆံနဲ့ဝယ်ပြီး ဝန်ကြီးအမည်ပေါက်ထားတယ်လို့ တွေ့ရတယ်။ လွှတ်တော်မှာလည်း ဆွေးနွေးတယ်။ တစ်ပူးတွေလည်း ဝင်ဂုံးဆင်းတာ အချုပ်ခံနေရပြီ။

.

ကျနော့အမြင်က ဒီခေတ်မှာ ဒီလောက်အများကြီး စားရဲဖို့ မဖြစ်နိုင်ပါ။ လုပ်ထုံးလုပ်နည်း လွဲတာသာ ဖြစ်ပါလိမ့်မည်။ တိုင်းအစိုးရကိုယ်စား ဝန်ကြီးဝယ်တာကို နားလည်မှုလွဲတာ ဖြစ်ပါလိမ့်မည်။ လုပ်ထုံးနားမလည်သူကို အရေးယူခြင်းဖြင့် နောင်ကျဉ်ကြပါလိမ့်မည်။

.

နောက်တချက်က အရင်အစိုးရခေတ်က အစိုးရမြေတွေ အလကားဈေးနဲ့ ငှါးခ့ဲတာတွေပါ ထည့်တိုင်တာ သဘောကျတာ။ ကန်တော်ကြီး၊ ပြည်သူ့ဥယာဉ်၊ အင်းယားအပါအဝင် အစိုးရမြေများကို ဈေးပေါပေါနှင့် ပတ်သက်သူများကို အငှါးချသွားသည့်ကိစ္စ။

.

ဒီအထဲက တချို့သည် ဦးသိန်းစိန်ခေတ်တွင် ရန်ကုန်တိုင်းအစိုးရက ချပေးထားတာဖြစ်သည်။ ပြန်စစ်ပြီး အခြားပြည်နယ်တိုင်းများက့ဲသို့ ပြန်ပေးလျော်စေရမည်။ ကြည့်ကောင်းမည်မှာ ထိုစဉ်က ရန်ကုန်တိုင်းဝန်ချုပ်က လက်ရှိ နိုင်ငံတော် ဒုသမတဖြစ်နေခြင်းပင်။

.

ဒါ့ကြောင့် ဒေါ်ညိုညိုသင်းတိုင်တာ ကျနော်ဒေါသထွက်စရာ မရှိ။ တချက်ခုတ် နှစ်ချက်ပြတ်ဘဲ။ ဗရာဘို။

XxXxXx

(Zawgyi version)

အဂတိစစ္ေဆးေရးရံုးကို ရန္ကုန္တိုင္းအစိုးရကိစၥ ညိဳညိဳသင္းတိုင္တာ ဘာလို႔ ေဒါသထြက္ၾကတာလည္း က်ေနာ္စဥ္းစားမရဘူး။ က်ေနာ္ေတာ့ အားေပးတယ္ဗ်ာ။
.
ပထမအခ်က္က ရန္ကုန္အစိုးရ စည္းလြတ္ဝါးလြတ္ လုပ္သလား။ ၈၈ေနာက္ပိုင္းထဲက ''ဥပေဒက မည္သို႔ပင္ ဆိုေစကာမူ''ဆိုၿပီး လုပ္ခ့ဲတာ မ်ားၿပီ။ ခုလို စစ္ေဆးျခင္းျဖင့္ ရန္ကုန္အစိုးရ (အဓိကက ဘ႑ာေရးဝန္ႀကီး) မဟုတ္တာ လုပ္တာလား၊ စည္းနဲ႔အညီ မလုပ္တာလား ေပၚလာပါမယ္။
.
တိုင္းစာရင္းစစ္ခ်ဳပ္ အစီရင္ခံစာအရ ႐ွယ္ယာေတြကို ျပည္သူ႔ပိုက္ဆံနဲ႔ဝယ္ၿပီး ဝန္ႀကီးအမည္ေပါက္ထားတယ္လို႔ ေတြ႔ရတယ္။ လႊတ္ေတာ္မွာလည္း ေဆြးေႏြးတယ္။ တစ္ပူးေတြလည္း ဝင္ဂံုးဆင္းတာ အခ်ဳပ္ခံေနရၿပီ။
.
က်ေနာ့အျမင္က ဒီေခတ္မွာ ဒီေလာက္အမ်ားႀကီး စားရဲဖို႔ မျဖစ္ႏိုင္ပါ။ လုပ္ထံုးလုပ္နည္း လြဲတာသာ ျဖစ္ပါလိမ့္မည္။ တိုင္းအစိုးရကိုယ္စား ဝန္ႀကီးဝယ္တာကို နားလည္မႈလြဲတာ ျဖစ္ပါလိမ့္မည္။ လုပ္ထံုးနားမလည္သူကို အေရးယူျခင္းျဖင့္ ေနာင္က်ဥ္ၾကပါလိမ့္မည္။
.
ေနာက္တခ်က္က အရင္အစိုးရေခတ္က အစိုးရေျမေတြ အလကားေစ်းနဲ႔ ငွါးခ့ဲတာေတြပါ ထည့္တိုင္တာ သေဘာက်တာ။ ကန္ေတာ္ႀကီး၊ ျပည္သူ႔ဥယာဥ္၊ အင္းယားအပါအဝင္ အစိုးရေျမမ်ားကို ေစ်းေပါေပါႏွင့္ ပတ္သက္သူမ်ားကို အငွါးခ်သြားသည့္ကိစၥ။
.
ဒီအထဲက တခ်ိဳ႕သည္ ဦးသိန္းစိန္ေခတ္တြင္ ရန္ကုန္တိုင္းအစိုးရက ခ်ေပးထားတာျဖစ္သည္။ ျပန္စစ္ၿပီး အျခားျပည္နယ္တိုင္းမ်ားက့ဲသို႔ ျပန္ေပးေလ်ာ္ေစရမည္။ ၾကည့္ေကာင္းမည္မွာ ထိုစဥ္က ရန္ကုန္တိုင္းဝန္ခ်ဳပ္က လက္႐ွိ ႏိုင္ငံေတာ္ ဒုသမတျဖစ္ေနျခင္းပင္။
.
ဒါ့ေၾကာင့္ ေဒၚညိဳညိဳသင္းတိုင္တာ က်ေနာ္ေဒါသထြက္စရာ မ႐ွိ။ တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ဘဲ။ ဗရာဘို။ 

No comments:

Post a Comment

Thank you.