05 October 2018

ခင်ခင်ထူး၏ အညာသူအညာသား



(Unicode version)

ဆရာမခင်ခင်ထူးရဲ့ အညာသူအညာသား စာအုပ်ကို ဖတ်ပြီးပါပြီ၊ ဖတ်ဖတ်ချင်း စဉ်းစားမိသည်မှာ ၂၀၀၃ခုနှစ်က ပထမအကြိမ် စထုတ်ခ့ဲသော ထိုစာအုပ်ကို ဘာလို့ ခုမှဖတ်မိရပါသနည်း။ ဤမျှလောက်ကို ဖတ်ကောင်းပါသည်။ ယခုဖတ်ရသော စာအုပ်မှာ ၂၀၁၈ မတ်လထုတ် စတုတၳအကြိမ် ဖြစ်သည်။

.

ကောင်းကြောင်းချီးမွမ်းနေလျှင် ငတာဖြစ်မှာစိုးလို့ သဘောကျတာတွေဘဲ ပြောပါတော့မည်။ စာအုပ်က ဆရာမရဲ့ မွေးရာဇာတိ ရွာပြန်သည့်အကြောင်းပါ။ ဆွေမျိုးများနှင့် ပြန်တွေ့ချိန်ကြုံရသည်များကို အညာလေနှင့်ရေးထားတာ သရုပ်ပေါ်လှသည်။ မိမိဆွေမျိုး မိတ်ဆွေသူငယ်ချင်း ပတ်သက်သူများအကြောင်း အရေးကောင်းသည့် စာရေးဆရာများတွင် သော်တာဆွေ သုမောင်နှင့်အတူ ခင်ခင်ထူးလည်း အတူတူပါလား။

.

အညာလေ အညာစကားပြောဟန်များ ရေးရာတွင် မူလအသံထွက်အတိုင်း ရေးသဖြင့် ပိုသရုပ်ပေါ်ပါသည်။ စာလုံးပေါင်းသတ်ပုံကျမ်းနဲ့မညီဆိုပြီး ပြင်ခိုင်းခ့ဲလျှင် ပျက်ပြီ။ ဒေသသုံး ဝေါဟာရများ၊ အသုံးအဆောင် အခေါ်အဝေါ်များကိုလည်း အများကြီး သိရပါသည်။

.

ဆရာမက မြန်မာစာကြွယ်ဝသည် ပြောရမည်။ ဒေသဝေါဟာရများအပြင် နာမဝိသေသန၊ ကြိယာဝိသေသနာများ ဖောချင်းသုံးထားတာ တွေ့ရမည်။ အများစုမှာ ထိုဒေသတွင် အမြဲသုံးနေကြသော်လည်း အပြင်တွင်သုံးတာ မတွေ့ရတာလည်း ဖြစ်နိုင်ပါသည်။

.

ဆရာမ၏ ဝတၳုတိုများကို မဂ္ဂဇင်းများတွင် ရံဖန်ရံခါ ဖတ်ဘူးပါသည်။ သို့သော် ယခုစာအုပ်ဖတ်ပြီးမှ ဆရာမ၏ဝတၳုတို ဝတၳုလတ်ပေါင်းချုပ်များ ဘာကြောင့်အများအပြား ထွက်နေသည်ကို သဘောပေါက်မိပြီ။ ထိုစာအုပ်များကိုလည်း ရှာဖွေဖတ်ရှုရပါဦးမည်။


XxXxXx

(Zawgyi version )

ဆရာမခင္ခင္ထူးရဲ႕ အညာသူအညာသား စာအုပ္ကို ဖတ္ၿပီးပါၿပီ၊ ဖတ္ဖတ္ခ်င္း စဥ္းစားမိသည္မွာ ၂၀၀၃ခုႏွစ္က ပထမအႀကိမ္ စထုတ္ခ့ဲေသာ ထိုစာအုပ္ကို ဘာလို႔ ခုမွဖတ္မိရပါသနည္း။ ဤမွ်ေလာက္ကို ဖတ္ေကာင္းပါသည္။ ယခုဖတ္ရေသာ စာအုပ္မွာ ၂၀၁၈ မတ္လထုတ္ စတုတၳအႀကိမ္ ျဖစ္သည္။
.
ေကာင္းေၾကာင္းခ်ီးမြမ္းေနလွ်င္ ငတာျဖစ္မွာစိုးလို႔ သေဘာက်တာေတြဘဲ ေျပာပါေတာ့မည္။ စာအုပ္က ဆရာမရဲ႕ ေမြးရာဇာတိ ရြာျပန္သည့္အေၾကာင္းပါ။ ေဆြမ်ိဳးမ်ားႏွင့္ ျပန္ေတြ႔ခ်ိန္ၾကံဳရသည္မ်ားကို အညာေလႏွင့္ေရးထားတာ သ႐ုပ္ေပၚလွသည္။ မိမိေဆြမ်ိဳး မိတ္ေဆြသူငယ္ခ်င္း ပတ္သက္သူမ်ားအေၾကာင္း အေရးေကာင္းသည့္ စာေရးဆရာမ်ားတြင္ ေသာ္တာေဆြ သုေမာင္ႏွင့္အတူ ခင္ခင္ထူးလည္း အတူတူပါလား။
.
အညာေလ အညာစကားေျပာဟန္မ်ား ေရးရာတြင္ မူလအသံထြက္အတိုင္း ေရးသျဖင့္ ပိုသ႐ုပ္ေပၚပါသည္။ စာလံုးေပါင္းသတ္ပံုက်မ္းနဲ႔မညီဆိုၿပီး ျပင္ခိုင္းခ့ဲလွ်င္ ပ်က္ၿပီ။ ေဒသသံုး ေဝါဟာရမ်ား၊ အသံုးအေဆာင္ အေခၚအေဝၚမ်ားကိုလည္း အမ်ားႀကီး သိရပါသည္။
.
ဆရာမက ျမန္မာစာႂကြယ္ဝသည္ ေျပာရမည္။ ေဒသေဝါဟာရမ်ားအျပင္ နာမဝိေသသန၊ ႀကိယာဝိေသသနာမ်ား ေဖာခ်င္းသံုးထားတာ ေတြ႔ရမည္။ အမ်ားစုမွာ ထိုေဒသတြင္ အျမဲသံုးေနၾကေသာ္လည္း အျပင္တြင္သံုးတာ မေတြ႔ရတာလည္း ျဖစ္ႏိုင္ပါသည္။
.
ဆရာမ၏ ဝတၳဳတိုမ်ားကို မဂၢဇင္းမ်ားတြင္ ရံဖန္ရံခါ ဖတ္ဘူးပါသည္။ သို႔ေသာ္ ယခုစာအုပ္ဖတ္ၿပီးမွ ဆရာမ၏ဝတၳဳတို ဝတၳဳလတ္ေပါင္းခ်ဳပ္မ်ား ဘာေၾကာင့္အမ်ားအျပား ထြက္ေနသည္ကို သေဘာေပါက္မိၿပီ။ ထိုစာအုပ္မ်ားကိုလည္း ႐ွာေဖြဖတ္႐ႈရပါဦးမည္။

No comments:

Post a Comment

Thank you.