09 September 2018

နေသာချိန် အတွေး



(Unicode version )


ညကမိုးသည်းသော်လဲ မနက်နေသာနေသည်။ ဒီတော့ မိုးစကုန်တာတော့ မဖြစ်နိုင်သေး၊

.

ခါတိုင်းနှစ်များတွင် မှတ်မိသလောက် မိုးတွင်းတလကျော်လာရင် မိုးနားတတ်သည်။ တခါတလေ နှစ်ရက်သုံးရက်၊ တခါတလေ တပတ်လောက်အထိ။ မိုးနားတာလား။

.

ဒီနှစ် မိုးစရွာကတည်းက ပြတ်တယ် မရှိသေးပါ။ ရွာတိုင်းလည်း ရေကပါသေး။ ရေမြုပ်တ့ဲဒေသတွေ တော်တော်များခ့ဲပြီ။ ဒုက္ခရောက်သူ ရေဘေးသည်တွေလဲ တော်တော်များခ့ဲပြီ။

.

သို့သော် မိုးကုန်ဖို့တော့ စောသေးသည်။ ငယ်ငယ်ကဆို သီတင်းကျွတ်လပြည့်၊ အင်္ဂလိပ်လဆို အောက်တိုဘာအထိ မိုးတွင်း။ နောက်ပိုင်းတော့ ရာသီဥတု ဖောက်ပြန်သဖြင့် မိုးရာသီအချိန် လျော့နည်းသွားသည်ဟု မိုးလေဝသဆရာကြီး ဦးထွန်းလွင်က ဆိုသည်။ စက်တင်ဘာလကုန်အထိလောက်တော့ ရွာစေချင်ပါသေးသည်။

.

ရွာတော့ရွာ၊ မသည်းဘဲ ပုလဲကုံးအရွယ်တမျှပေါ့။ ဒါပေမယ့် လူ့အလို နတ်လိုက်နိုင်ဖို့ မလွယ်။ တွေးနေစဉ်ပင် မိုးတိမ်တသုတ် တက်လာပြန်သဖြင့် အတွေးကို ရပ်လိုက်ရပါ၏။

XxXxXx

(Zawgyi version)

ညကမိုးသည္းေသာ္လဲ မနက္ေနသာေနသည္။ ဒီေတာ့ မိုးစကုန္တာေတာ့ မျဖစ္ႏိုင္ေသး၊
.
ခါတိုင္းႏွစ္မ်ားတြင္ မွတ္မိသေလာက္ မိုးတြင္းတလေက်ာ္လာရင္ မိုးနားတတ္သည္။ တခါတေလ ႏွစ္ရက္သံုးရက္၊ တခါတေလ တပတ္ေလာက္အထိ။ မိုးနားတာလား။
.
ဒီႏွစ္ မိုးစရြာကတည္းက ျပတ္တယ္ မ႐ွိေသးပါ။  ရြာတိုင္းလည္း ေရကပါေသး။ ေရျမဳပ္တ့ဲေဒသေတြ ေတာ္ေတာ္မ်ားခ့ဲၿပီ။ ဒုကၡေရာက္သူ ေရေဘးသည္ေတြလဲ ေတာ္ေတာ္မ်ားခ့ဲၿပီ။
.
သို႔ေသာ္ မိုးကုန္ဖို႔ေတာ့ ေစာေသးသည္။ ငယ္ငယ္ကဆို သီတင္းကြၽတ္လျပည့္၊ အဂၤလိပ္လဆို ေအာက္တိုဘာအထိ မိုးတြင္း။ ေနာက္ပိုင္းေတာ့ ရာသီဥတု ေဖာက္ျပန္သျဖင့္ မိုးရာသီအခ်ိန္ ေလ်ာ့နည္းသြားသည္ဟု မိုးေလဝသဆရာႀကီး ဦးထြန္းလြင္က ဆိုသည္။ စက္တင္ဘာလကုန္အထိေလာက္ေတာ့ ရြာေစခ်င္ပါေသးသည္။
.
ရြာေတာ့ရြာ၊ မသည္းဘဲ ပုလဲကံုးအရြယ္တမွ်ေပါ့။ ဒါေပမယ့္ လူ႔အလို နတ္လိုက္ႏိုင္ဖို႔ မလြယ္။ ေတြးေနစဥ္ပင္ မိုးတိမ္တသုတ္ တက္လာျပန္သျဖင့္ အေတြးကို ရပ္လိုက္ရပါ၏။ 

No comments:

Post a Comment

Thank you.