20 September 2018

၁၁၀နှစ်ပြည့် တံဆိပ်ခေါင်း


(Unicode version)


   ရန်ကုန်စာတိုက်ကြီး နှစ် ၁၁၀ပြည့် အထိမ်းအမှတ်တံဆိပ်ခေါင်း တခေါင်း၊ ၂၀၀ကျပ်တန်ထုတ်ပါသည်။ တံဆိပ်ခေါင်း ကွာလတီ ဒီဇိုင်း ထုံးစံအတိုင်း ညံ့ပါသည်။ ဒီဇိုင်းကို ဆုကြေးအနည်းငယ်ဖြင့် ပြိုင်ပွဲခေါ်သင့်ပါပြီ။ လုပ်တတ်လျှင် တရောင်ထဲနဲ့ပင် တံဆိပ်ခေါင်းလှလှ ဖြစ်ပါသည်။ 

.

ပိုဆိုးသည်မှာ တံဆိပ်ခေါင်းပေါ်တွင် နိုင်ငံအမည် လုံးဝရိုက်နှိပ်မထားပါ။ မြန်မာလိုရော အင်္ဂလိပ်လိုပါ မပါပါ။ တံဆိပ်ခေါင်း ပထမဆုံးထုတ်သော အင်္ဂလန်နိုင်ငံတောင်မှ ဘုရင်မပုံလေး ထည့်သေးသည်။ ရွှေမြန်မာခေါင်းက ဘာမှမပါ။ စာတိုက်ကြီး နှစ်၁၁ဝ ပြည့်ဖြစ်ကြောင်း မြန်မာလိုရိုက်ထားလို့သာ တော်ပါသေးတော့သည်။

.

အထိမ်းအမှတ်အဖြစ် ပို့စကဒ်လေးမျိုးနှင့် FDC ရောင်းသည်ဟု ကြေငြာပါသည်။ စရောင်းရောင်းချင်းပင် FDC ကုန်ပြီတ့ဲ။ ရှေ့မှာ လူဆယ်ယောက်လောက်ဘဲ ရောင်းရသေးသည်ထင်သည်။ (တခု တထောင်ကျပ် ဈေးဖွင့်လို့ရပြီဟု ပြောသံကြားခ့ဲပါသည်)

.

 အကြံပေးရရင် FDC လုပ်ပြီး တသောင်းလောက် ရောင်းသင့်သည်။ ထိုနေ့တွင် မကုန်လျှင် နောက်နေ့မှစ၍ ဈေးတမျိုးဖြင့် မကုန်မချင်း ရောင်းနိုင်ပါသည်။ မန္တလေးသို့ လှမ်းမေးရာ ကုန်ပြီတ့ဲ။ နေပြည်တော်မှာသာ ရလိုက်လို့ တော်ပါသေးသည်။ 

.

ဒီအစိုးရခေတ်အထိ ဒါတွေ မပြောင်းလဲဘူးဆိုရင် မစုဘဲ မနေနိုင်တ့ဲ ကိုယ့်ကိုယ်ကိုဘဲ အပစ်တင်ရပါတော့မည်။


XxXxXx 

(Zawgyi version) 

   ရန္ကုန္စာတိုက္ႀကီး ႏွစ္ ၁၁၀ျပည့္ အထိမ္းအမွတ္တံဆိပ္ေခါင္း တေခါင္း၊ ၂၀၀က်ပ္တန္ထုတ္ပါသည္။ တံဆိပ္ေခါင္း ကြာလတီ ဒီဇိုင္း ထံုးစံအတိုင္း ညံ့ပါသည္။ ဒီဇိုင္းကို ဆုေၾကးအနည္းငယ္ျဖင့္ ၿပိဳင္ပြဲေခၚသင့္ပါၿပီ။ လုပ္တတ္လွ်င္ တေရာင္ထဲနဲ႔ပင္ တံဆိပ္ေခါင္းလွလွ ျဖစ္ပါသည္။ 
.
ပိုဆိုးသည္မွာ တံဆိပ္ေခါင္းေပၚတြင္ ႏိုင္ငံအမည္ လံုးဝ႐ိုက္ႏွိပ္မထားပါ။ ျမန္မာလိုေရာ အဂၤလိပ္လိုပါ မပါပါ။ တံဆိပ္ေခါင္း ပထမဆံုးထုတ္ေသာ အဂၤလန္ႏိုင္ငံေတာင္မွ ဘုရင္မပံုေလး ထည့္ေသးသည္။ ေရႊျမန္မာေခါင္းက ဘာမွမပါ။ စာတိုက္ႀကီး ႏွစ္၁၁ဝ ျပည့္ျဖစ္ေၾကာင္း ျမန္မာလို႐ိုက္ထားလို႔သာ ေတာ္ပါေသးေတာ့သည္။
.
အထိမ္းအမွတ္အျဖစ္ ပို႔စကဒ္ေလးမ်ိဳးႏွင့္ FDC ေရာင္းသည္ဟု ေၾကျငာပါသည္။ စေရာင္းေရာင္းခ်င္းပင္ FDC ကုန္ၿပီတ့ဲ။ ေ႐ွ႕မွာ လူဆယ္ေယာက္ေလာက္ဘဲ ေရာင္းရေသးသည္ထင္သည္။ (တခု တေထာင္က်ပ္ ေစ်းဖြင့္လို႔ရၿပီဟု ေျပာသံၾကားခ့ဲပါသည္)
.
 အၾကံေပးရရင္ FDC လုပ္ၿပီး တေသာင္းေလာက္ ေရာင္းသင့္သည္။ ထိုေန႔တြင္ မကုန္လွ်င္ ေနာက္ေန႔မွစ၍ ေစ်းတမ်ိဳးျဖင့္ မကုန္မခ်င္း ေရာင္းႏိုင္ပါသည္။ မႏၲေလးသို႔ လွမ္းေမးရာ ကုန္ၿပီတ့ဲ။ ေနျပည္ေတာ္မွာသာ ရလိုက္လို႔ ေတာ္ပါေသးသည္။ 
.
ဒီအစိုးရေခတ္အထိ ဒါေတြ မေျပာင္းလဲဘူးဆိုရင္ မစုဘဲ မေနနိုင္တ့ဲ ကိုယ့္ကိုယ္ကိုဘဲ အပစ္တင္ရပါေတာ့မည္။


No comments:

Post a Comment

Thank you.