29 July 2018

မြန်မာ့စီးပွားရေး တက်လားကျလား (၂)


(Unicode version)

  တနေ့က "မြန်မာ့စီးပွားရေး တက်လားကျလား" ဆိုပြီးရေးလိုက်တော့ ဖိဘက်လေးတွေ ပြန်ကြားရပါတယ်။ နှစ်ချက်ပြန်ပြောချင်ပါတယ်။ စီးပွားရေးပညာရှင်မဟုတ်ဘဲ နိုင်ငံတိုးတက်စေချင်သူမို့ သီဝရီတွေမသိပါ။ ဖတ်ဘူးကြားဘူးတာတွေဘဲ ပြန်ပြောနိုင်မှာပါ။ ပထမပို့စ်ရဲ့ လင့်ပါ။



http://aplar.blogspot.com/2018/07/blog-post_26.html?m=1



.

၈၈အာဏာသိမ်းပြီးကာစမှာ စစ်ဗိုလ်တွေလဲ ဘဏ္႑ာရေးအခက်အခဲ ကြုံတာပါဘဲ။ ဒါပေမယ့် ၉၀ကျော်လောက်မှာ နဝတတွေ ငွေလည်ပတ်အောင် အကြံတခုရခ့ဲပါသတ့ဲ၊ အဲဒါကတော့ ဘုရားတွေပြင်မယ်ဆိုပြီး အလှူခံတာပါ။ တီဗီဒါန ပြုကြသူငှါလို့ နာမည်တွင်တာပေါ့။ ငွေတသောင်းလောက်လှူရင် တွင်း(၁)ကြီးအညွန့်က ကိုယ်တိုင်လက်ခံယူ၊ ဂုဏ်ပြုလက်မှတ်အကြီးကြီးပြန်ပေး၊ တီဗီသတင်းမှာလွှင့်ပေးတယ်။ တီဗီမှာ ပါချင်လို့လှူသူတွေနဲ့ ည၈နာရီသတင်း ဆယ်နာရီရောက်တ့ဲရက် မနည်းခ့ဲဘူး။ (အမှန်တကယ်လှူခ့ဲသူများလည်း ရှိခ့ဲပါသည်) မြန်မာတွေ စုသိမ်းထားတ့ဲငွေတွေ လည်ပတ်တ့ဲအထဲ ထွက်လာတာပေါ့။

.

နောက် တည်ဆောက်ပြုပြင်ဆိုပြီး ပလက်ဖောင်းကစ ပန်းခြံတွေအဆုံး ကန်ထရိုက်ပေးပြီး ငွေစီးဆင်းအောင် လုပ်ကွက်ဖော်တာမျိုးတွေ လိုပါတယ်။ နမူနာအနေနဲ့ ပြောတာသာဖြစ်ပြီး ဒီခေတ်လုပ်ရင် မခိုးအောင် ထိန်းဖို့တော့ လိုတာပေါ့။ ရှင်းရှင်းပြောရင် ဆင်းရဲသားအလုပ်ရဖို့ လိုပါတယ်။ ပညာရှင်တွေကတော့ တခြားနည်းစံနစ်ကောင်းတွေ သိကြမှာပါ။

.

ဒုတိယအချက်က ခရိုနီတွေဘဲ ပြန်ကြီးပွားအောင်လို့လားဆိုတာပါ။ နိုင်ငံစီးပွားရေး မောင်းနှင်နိုင်ဖို့ (ဆိုရှယ်လစ်စီးပွားရေးစံနစ် မဟုတ်ရင်) ပိုက်ဆံရှိတ့ဲသူတွေ လိုပါတယ်။ စီးပွားရေးလုပ်တတ်သူတွေ လိုပါတယ်။ အစိုးရက အဓိကပေါ်လစီချပေးပြီး လုပ်ငန်းရှင်တွေ လှုပ်ရှားရမှာပါ။ အစိုးရဂွင် ပေါင်းစားတ့ဲခရိုနီ မဖြစ်ဖို့ကတော့ စောင့်ကြည့်ရမှာပါ။ ခရိုနီဆိုသူတွေမှာဘဲ အရင်းအနှီးငွေရှိနေပါတယ်။ သိမ်းထားတ့ဲငွေတွေ လည်ပတ်လာအောင် လုပ်ရမှာပါ။

.

၁၉၇၀နှစ်များနှောင်းပိုင်း ဗြိတိန်နိုင်ငံ စီးပွားရေးကျနေချိန် နောင်သံမဏိလေဒီလို့ အမည်တွင်မ့ဲ မာဂရက်သက်ချာ ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ သူရဲ့လုပ်ရပ်တခုက ဝင်ငွေများသူတွေရဲ့ ဝင်ငွေခွန်ကို လျော့ကောက်လိုက်တာပါ။ သူဌေးတွေအပေါ် အခွန်လျော့လိုက်တော့ သူဌေးတွေဝင်ငွေတိုးအောင် လုပ်ငန်းတွေတိုးချဲ့ကြတာပေါ့။ ဒီတော့ လက်လုပ်လက်စား အလုပ်သမားအများကြီး အလုပ်ရကြပါတယ်။ တိုင်းပြည်စီးပွားရေး ပြန်တိုးတက်တာပေါ့။

.

ပြောခ့ဲသလိုဘဲ ပညာရှင်မဟုတ်လို့ မြင်တာထင်တာ ပြောပြတာပါ။ စစ်အစိုးရခေတ်က လုပ်ခ့ဲတ့ဲ ၂၅% အခွန်လာဆောင်ရင် ၁၀၀% ငွေဖြူလုပ်ပေးတာတော့ မကြိုက်ပါဘူး။ ပညာရှင်တွေ လုပ်သင့်မသင့် ပိုသိမှာပါ။ အဓိကကတော့ မြန်မာပြည် တိုးတက်စေချင်တာပါဘဲဗျာ။

XxXxXx

(Zawgyi version )

တေန႔က "ျမန္မာ့စီးပြားေရး တက္လားက်လား" ဆိုၿပီးေရးလိုက္ေတာ့ ဖိဘက္ေလးေတြ ျပန္ၾကားရပါတယ္။ ႏွစ္ခ်က္ျပန္ေျပာခ်င္ပါတယ္။  စီးပြားေရးပညာ႐ွင္မဟုတ္ဘဲ ႏိုင္ငံတိုးတက္ေစခ်င္သူမို႔ သီဝရီေတြမသိပါ။ ဖတ္ဘူးၾကားဘူးတာေတြဘဲ ျပန္ေျပာႏိုင္မွာပါ။ ပထမပို႔စ္ရဲ႕ လင့္ပါ။

http://aplar.blogspot.com/2018/07/blog-post_26.html?m=1

.
၈၈အာဏာသိမ္းၿပီးကာစမွာ စစ္ဗိုလ္ေတြလဲ ဘ႑ာေရးအခက္အခဲ ၾကံဳတာပါဘဲ။ ဒါေပမယ့္ ၉၀ေက်ာ္ေလာက္မွာ နဝတေတြ ေငြလည္ပတ္ေအာင္ အၾကံတခုရခ့ဲပါသတ့ဲ၊ အဲဒါကေတာ့ ဘုရားေတြျပင္မယ္ဆိုၿပီး အလႉခံတာပါ။ တီဗီဒါန ျပဳၾကသူငွါလို႔ နာမည္တြင္တာေပါ့။ ေငြတေသာင္းေလာက္လႉရင္ တြင္း(၁)ႀကီးအၫြန္႔က ကိုယ္တိုင္လက္ခံယူ၊ ဂုဏ္ျပဳလက္မွတ္အႀကီးႀကီးျပန္ေပး၊ တီဗီသတင္းမွာလႊင့္ေပးတယ္။ တီဗီမွာ ပါခ်င္လို႔လႉသူေတြနဲ႔ ည၈နာရီသတင္း ဆယ္နာရီေရာက္တ့ဲရက္ မနည္းခ့ဲဘူး။ (အမွန္တကယ္လႉခ့ဲသူမ်ားလည္း ႐ွိခ့ဲပါသည္) ျမန္မာေတြ စုသိမ္းထားတ့ဲေငြေတြ လည္ပတ္တ့ဲအထဲ ထြက္လာတာေပါ့။
.
ေနာက္ တည္ေဆာက္ျပဳျပင္ဆိုၿပီး ပလက္ေဖာင္းကစ ပန္းျခံေတြအဆံုး ကန္ထ႐ိုက္ေပးၿပီး ေငြစီးဆင္းေအာင္ လုပ္ကြက္ေဖာ္တာမ်ိဳးေတြ လိုပါတယ္။ နမူနာအေနနဲ႔ ေျပာတာသာျဖစ္ၿပီး ဒီေခတ္လုပ္ရင္ မခိုးေအာင္ ထိန္းဖို႔ေတာ့ လိုတာေပါ့။ ႐ွင္း႐ွင္းေျပာရင္ ဆင္းရဲသားအလုပ္ရဖို႔ လိုပါတယ္။ ပညာ႐ွင္ေတြကေတာ့ တျခားနည္းစံနစ္ေကာင္းေတြ သိၾကမွာပါ။
.
ဒုတိယအခ်က္က ခ႐ိုနီေတြဘဲ ျပန္ႀကီးပြားေအာင္လို႔လားဆိုတာပါ။ ႏိုင္ငံစီးပြားေရး ေမာင္းႏွင္ႏိုင္ဖို႔ (ဆို႐ွယ္လစ္စီးပြားေရးစံနစ္ မဟုတ္ရင္) ပိုက္ဆံ႐ွိတ့ဲသူေတြ လိုပါတယ္။ စီးပြားေရးလုပ္တတ္သူေတြ လိုပါတယ္။ အစိုးရက အဓိကေပၚလစီခ်ေပးၿပီး လုပ္ငန္း႐ွင္ေတြ လႈပ္႐ွားရမွာပါ။ အစိုးရဂြင္ ေပါင္းစားတ့ဲခ႐ိုနီ မျဖစ္ဖို႔ကေတာ့ ေစာင့္ၾကည့္ရမွာပါ။ ခ႐ိုနီဆိုသူေတြမွာဘဲ အရင္းအႏွီးေငြ႐ွိေနပါတယ္။ သိမ္းထားတ့ဲေငြေတြ လည္ပတ္လာေအာင္ လုပ္ရမွာပါ။
.
၁၉၇၀ႏွစ္မ်ားေႏွာင္းပိုင္း ၿဗိတိန္ႏိုင္ငံ စီးပြားေရးက်ေနခ်ိန္ ေနာင္သံမဏိေလဒီလို႔ အမည္တြင္မ့ဲ မာဂရက္သက္ခ်ာ ဝန္ႀကီးခ်ဳပ္ျဖစ္လာပါတယ္။ သူရဲ႕လုပ္ရပ္တခုက ဝင္ေငြမ်ားသူေတြရဲ႕ ဝင္ေငြခြန္ကို ေလ်ာ့ေကာက္လိုက္တာပါ။ သူေဌးေတြအေပၚ အခြန္ေလ်ာ့လိုက္ေတာ့ သူေဌးေတြဝင္ေငြတိုးေအာင္ လုပ္ငန္းေတြတိုးခ်ဲ့ၾကတာေပါ့။ ဒီေတာ့ လက္လုပ္လက္စား အလုပ္သမားအမ်ားႀကီး အလုပ္ရၾကပါတယ္။ တိုင္းျပည္စီးပြားေရး ျပန္တိုးတက္တာေပါ့။
.
ေျပာခ့ဲသလိုဘဲ ပညာ႐ွင္မဟုတ္လို႔ ျမင္တာထင္တာ ေျပာျပတာပါ။ စစ္အစိုးရေခတ္က လုပ္ခ့ဲတ့ဲ ၂၅% အခြန္လာေဆာင္ရင္ ၁၀၀% ေငြျဖဴလုပ္ေပးတာေတာ့ မႀကိဳက္ပါဘူး။ ပညာ႐ွင္ေတြ လုပ္သင့္မသင့္ ပိုသိမွာပါ။ အဓိကကေတာ့ ျမန္မာျပည္ တိုးတက္ေစခ်င္တာပါဘဲဗ်ာ။ 

No comments:

Post a Comment

Thank you.