26 July 2018

မြန်မာပြည်စီးပွားရေး တက်လားကျလား၊

(Unicode version )

   မြန်မာပြည် စီးပွားရေးတိုးတက်သလား ဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားနေကြတယ်။ အစိုးရနဲ့ ကမ်ဘာ့ဘဏ်လို အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တွေမှာ တိုးတက်နေပြီး လက်တွေ့ကြုံနေတ့ဲ ပြည်သူတွေကတော့ တိုးတက်မှုမရှိဘူးလို့ ခံစားနေရပါသတ့ဲ။

.

 ပြည်သူရွေးခ့ဲတ့ဲ NLDအစိုးရခေတ်မှာ အရင်စစ်အစိုးရခေတ်လောက် ချောင်လည်မှုမရှိဘူးလို့ ညီးတွားသံတွေလည်း ကြားမိပါတယ်။ ကုန်ဈေးနှုန်းတွေ ဒေါ်လာဈေးတွေ တက်နေတ့ဲအတွက် NLDအစိုးရ စီးပွားရေး မလုပ်တတ်ဘူးလို့ စွပ်စွဲသံတွေလည်း ထွက်လာပါတယ်။ စီးပွားရေးပညာရှင် မဟုတ်တော့ နားလည်သလိုဘဲ တွေးမိပါတယ်။ အစိုးရနှစ်ဖွဲ့ လုပ်ပုံကွာလို့ပါ။

.

စစ်အစိုးရခေတ်က ငွေရရင်ပြီးရော အလုပ်ဖြစ်ရင်ပြီးရော လုပ်ကြပါတယ်။ တသွေးတသန်တမိန့်ဘဲ လိုတယ်။ တိုင်းပြည်ရဲ့ သယံဇာတလည်း ရောင်းတယ်။ အတိုးနှုန်းကြီးလည်း ချေးမ့ဲသူရှိရင် ယူတယ်။ ကော်မရှင်ရမယ်ဆို ရေရှည်မတွက်ဘဲ လုပ်ခွင့်တွေချပေးတယ်။ ဒီတော့ ငွေလည်ပတ်မှုများပြီး ချောင်လည်တယ်ထင်ရတာပေါ့။ အစိုးရအဖွဲ့ကထော၊ လူတွေက သုံးစရာရှိပေမယ့် နိုင်ငံက အဆင်းရဲဆုံးဖြစ်သွားတယ်။ နောက်လူ ဆပ်ပေတော့ဘဲ။

.

အခုအစိုးရက အသုံးငွေ စိစစ်တယ်။ သယံဇာတ လုံးဝမရောင်းတော့ဘူး။ အာရကေယူရင် ထောင်ချမယ်ဆိုတော့ ကြိုးစားပမ်းစား လုပ်ကွက်သစ်ရှာမ့ဲသူ မရှိတော့ဘူး။ ပြည်ပကငွေမချေးဘဲ ရင်းနှီးမြုပ်နှံမှု ရှာတ့ဲအချိန် ဘင်္ဂါလီအရေးကြောင့် မလာဘူး။ ဒီတော့ ပြည်သူပြည်သားတွေအကြား ငွေရှားလာပေမယ့် တိုင်းပြည်ရဲ့ ဘဏ္႑ာရေးအခြေအနေက ကောင်းလာပါတယ်။ လာဘ်စားမှု လုံးဝပျောက်မသွားပေမယ့် အကြီးပိုင်းမှာ မရှိသလောက်ဖြစ်သွားပါပြီ။

.

မစ္စတာ ဂရိန်းစပဲန်လည်းမဟုတ်၊ အဒမ်စမစ်လည်း မဟုတ်တော့ သီဝရီတွေတော့ မသိပါဘူး၊ ဘယ်လိုပြောင်းရမလဲလည်း မသိပါဘူး။ စဉ်းစားမိတာလေးပါ။ စစ်အစိုးရခေတ်မှာ အဆိုးများခ့ဲပေမယ့် လူတွေအတွက် ငွေလည်ခ့ဲတ့ဲ ကောင်းကွက်လေးရှိပါတယ်။ အခုအစိုးရမှာ တိုင်းပြည်ဘဏ္႑ာတိုးတက်ပေမယ့် လူတွေအတွက် ငွေရှာကြပ်တ့ဲ အဆိုးလေးရှိပါတယ်။ မဟုတ်တာတွေ ပြန်လုပ်ဖို့ပြောတာ မဟုတ်ပါဘူး။ သို့သော်လူတွေ ငွေလည်စေမယ့် လျော့ပေါ့မှုလေးတွေ၊ လုပ်ကွက်လေးတွေ ဖန်တီးပေးရင် ပြည်သူတွေ အနေအစား ပြေလည်မယ်ထင်မိကြောင်းပါဗျာ။

XxXxXx

(Zawgyi version )

  ျမန္မာျပည္ စီးပြားေရးတိုးတက္သလား ဆိုတာနဲ႔ပတ္သက္ၿပီး အျငင္းပြားေနၾကတယ္။ အစိုးရနဲ႔ ကမ႓ာ့ဘဏ္လို အဖြဲ႔အစည္းေတြက ထုတ္ျပန္ခ်က္ေတြမွာ တိုးတက္ေနၿပီး လက္ေတြ႔ၾကံဳေနတ့ဲ ျပည္သူေတြကေတာ့ တိုးတက္မႈမ႐ွိဘူးလို႔ ခံစားေနရပါသတ့ဲ။
.
 ျပည္သူေရြးခ့ဲတ့ဲ NLDအစိုးရေခတ္မွာ အရင္စစ္အစိုးရေခတ္ေလာက္ ေခ်ာင္လည္မႈမ႐ွိဘူးလို႔ ညီးတြားသံေတြလည္း ၾကားမိပါတယ္။ ကုန္ေစ်းႏႈန္းေတြ ေဒၚလာေစ်းေတြ တက္ေနတ့ဲအတြက္ NLDအစိုးရ စီးပြားေရး မလုပ္တတ္ဘူးလို႔ စြပ္စြဲသံေတြလည္း ထြက္လာပါတယ္။ စီးပြားေရးပညာ႐ွင္ မဟုတ္ေတာ့ နားလည္သလိုဘဲ ေတြးမိပါတယ္။ အစိုးရႏွစ္ဖြဲ႔ လုပ္ပံုကြာလို႔ပါ။
.
စစ္အစိုးရေခတ္က ေငြရရင္ၿပီးေရာ အလုပ္ျဖစ္ရင္ၿပီးေရာ လုပ္ၾကပါတယ္။ တေသြးတသန္တမိန္႔ဘဲ လိုတယ္။ တိုင္းျပည္ရဲ႕ သယံဇာတလည္း ေရာင္းတယ္။ အတိုးႏႈန္းႀကီးလည္း ေခ်းမ့ဲသူ႐ွိရင္ ယူတယ္။ ေကာ္မ႐ွင္ရမယ္ဆို ေရ႐ွည္မတြက္ဘဲ လုပ္ခြင့္ေတြခ်ေပးတယ္။ ဒီေတာ့ ေငြလည္ပတ္မႈမ်ားၿပီး ေခ်ာင္လည္တယ္ထင္ရတာေပါ့။ အစိုးရအဖြဲ႔ကေထာ၊ လူေတြက သံုးစရာ႐ွိေပမယ့္ ႏိုင္ငံက အဆင္းရဲဆံုးျဖစ္သြားတယ္။ ေနာက္လူ ဆပ္ေပေတာ့ဘဲ။
.
အခုအစိုးရက အသံုးေငြ စိစစ္တယ္။ သယံဇာတ လံုးဝမေရာင္းေတာ့ဘူး။ အာရေကယူရင္ ေထာင္ခ်မယ္ဆိုေတာ့ ႀကိဳးစားပမ္းစား လုပ္ကြက္သစ္႐ွာမ့ဲသူ မ႐ွိေတာ့ဘူး။ ျပည္ပကေငြမေခ်းဘဲ ရင္းႏွီးျမဳပ္ႏွံမႈ ႐ွာတ့ဲအခ်ိန္ ဘဂၤါလီအေရးေၾကာင့္ မလာဘူး။ ဒီေတာ့ ျပည္သူျပည္သားေတြအၾကား ေငြ႐ွားလာေပမယ့္ တိုင္းျပည္ရဲ႕ ဘ႑ာေရးအေျခအေနက ေကာင္းလာပါတယ္။ လာဘ္စားမႈ လံုးဝေပ်ာက္မသြားေပမယ့္ အႀကီးပိုင္းမွာ မ႐ွိသေလာက္ျဖစ္သြားပါၿပီ။
.
မစၥတာ ဂရိန္းစပဲန္လည္းမဟုတ္၊ အဒမ္စမစ္လည္း မဟုတ္ေတာ့ သီဝရီေတြေတာ့ မသိပါဘူး၊ ဘယ္လိုေျပာင္းရမလဲလည္း မသိပါဘူး။ စဥ္းစားမိတာေလးပါ။ စစ္အစိုးရေခတ္မွာ အဆိုးမ်ားခ့ဲေပမယ့္ လူေတြအတြက္ ေငြလည္ခ့ဲတ့ဲ ေကာင္းကြက္ေလး႐ွိပါတယ္။ အခုအစိုးရမွာ တိုင္းျပည္ဘ႑ာတိုးတက္ေပမယ့္ လူေတြအတြက္ ေငြ႐ွာၾကပ္တ့ဲ အဆိုးေလး႐ွိပါတယ္။ မဟုတ္တာေတြ ျပန္လုပ္ဖို႔ေျပာတာ မဟုတ္ပါဘူး။ သို႔ေသာ္လူေတြ ေငြလည္ေစမယ့္ ေလ်ာ့ေပါ့မႈေလးေတြ၊ လုပ္ကြက္ေလးေတြ ဖန္တီးေပးရင္ ျပည္သူေတြ အေနအစား ေျပလည္မယ္ထင္မိေၾကာင္းပါဗ်ာ။ 

No comments:

Post a Comment

Thank you.