07 March 2018

ဒေါ်စုကိုတော့ အားနာပါ။

(Unicode version)

 စင်ကာပူမှ မြန်မာပြည်ပြန်လာပြီး ကူညီချင်တ့ဲ အင်ဂျင်နီယာ တဦးရေးတ့ဲ ဖေ့ဘုတ်ပို့စ်ကို ဖတ်ကြရမယ် ထင်ပါတယ်။ သူသည်းခံလုပ်သော်လည်း ထင်တိုင်းမပေါက်လို့ စိတ်ပျက်ပြီး "အမေစုကို စဉ်းစားပါအမေ၊ ကျွန်တော်တော့ ပြန်တော့မယ်"လို့ ရေးထားတာပါ။ လက်ရှိလုပ်နေတာတွေ အပစ်တင်ပြီး ရေးထားတာဖတ်ရလို့ ပြန်ရေးမိတာပါ။

.

ပြန်ပါ မောင်ရင်၊ ဒေါ်စုလုပ်နေရတ့ဲ အခက်အခဲရဲ့ အပုံတသိန်းပုံ တပုံလောက်ကြုံ ပြီး စိတ်ပျက်သွားတော့ ပြန်ပါမောင်ရင် ပြန်ပါ။ ပြန်မလာလည်း ရှိတ့ဲသူနဲ့ဘဲ ဆက်ချီတက်နေရမှာပါ။

.

.မောင်ရင် အတော်ဆုံးအတတ်ဆုံးလည်း ဖြစ်မှာပါ။ ယူလာတ့ဲ စံနစ် နည်းပညာတွေ အကောင်းဆုံးလည်း ဖြစ်မှာပါ။ ဒါပေမယ့် ဒီမှာလုပ်နေကျ လူတွေက မောင်ရင့်လို ဗမာတွေဆိုတာ သတိထားပါ။ မနာလိုမှုကြီးတယ်၊ နေရာမပေးချင်ကြဘူး၊ ကိုယ့်ထက်သာသွားမှာ သေမလောက် ကြောက်ကြတ့ဲ ဗမာတွေပါ။ အထူးသဖြင့် အငယ်တွေကိုဆို 'မင်းကဘယ်လောက်တတ်လို့လဲ' လို့ အထင်သေးတတ်တ့ဲ ဗမာလူကြီးတွေပါ။ သူများလုပ်ရင် အပစ်လည်း အလွန်မြင်တတ်ပ။

.

အင်ဂျင်နီယာလောကမှ မဟုတ်ပါဘူး။ တတိုင်းပြည်လုံးရဲ့ နယ်ပယ်အသီးသီးမှာပါ။ ဒါတွေကို မသိလို့ ဒေါ်စုဆက်လုပ်နေတယ် ထင်လို့လား။ မောင်ရင့်အတွေးနဲ့သာဆို ဒေါ်စုပြန်သွားတာ နှစ်သုံးဆယ် ပြည့်ရော့မယ်။

.

ပြန်ပါ။ ပြန်လာချင်မှလည်း ရွှေဗမာတွေဆီ ပြန်လာပါ။ ဗမာပြည်ကတော့ ဒီလိုဘဲ ဆက်သွားနေရမှာပါဘဲ။ ဒါပေမယ့် အပစ်တင်စကား ဆိုတော့မယ်ဆို ဒေါ်စုကိုတော့ အားနားပါဗျာ။


XxXxXx

(Zawgyi version )

 စင္ကာပူမွ ျမန္မာျပည္ျပန္လာၿပီး ကူညီခ်င္တ့ဲ အင္ဂ်င္နီယာ တဦးေရးတ့ဲ ေဖ့ဘုတ္ပို႔စ္ကို ဖတ္ၾကရမယ္ ထင္ပါတယ္။ သူသည္းခံလုပ္ေသာ္လည္း ထင္တိုင္းမေပါက္လို႔ စိတ္ပ်က္ၿပီး "အေမစုကို စဥ္းစားပါအေမ၊ ကြၽန္ေတာ္ေတာ့ ျပန္ေတာ့မယ္"လို႔ ေရးထားတာပါ။ လက္႐ွိလုပ္ေနတာေတြ အပစ္တင္ၿပီး ေရးထားတာဖတ္ရလို႔ ျပန္ေရးမိတာပါ။
.
ျပန္ပါ ေမာင္ရင္၊ ေဒၚစုလုပ္ေနရတ့ဲ အခက္အခဲရဲ႕ အပံုတသိန္းပံု တပံုေလာက္ၾကဳဳံ ၿပီး စိတ္ပ်က္သြားေတာ့ ျပန္ပါေမာင္ရင္ ျပန္ပါ။ ျပန္မလာလည္း ႐ွိတ့ဲသူနဲ႔ဘဲ ဆက္ခ်ီတက္ေနရမွာပါ။
.
.ေမာင္ရင္ အေတာ္ဆုံးအတတ္ဆံုးလည္း ျဖစ္မွာပါ။ ယူလာတ့ဲ စံနစ္ နည္းပညာေတြ အေကာင္းဆံုးလည္း ျဖစ္မွာပါ။ ဒါေပမယ့္ ဒီမွာလုပ္ေနက် လူေတြက ေမာင္ရင့္လို ဗမာေတြဆိုတာ သတိထားပါ။ မနာလိုမႈႀကီးတယ္၊ ေနရာမေပးခ်င္ၾကဘူး၊ ကိုယ့္ထက္သာသြားမွာ ေသမေလာက္ ေၾကာက္ၾကတ့ဲ ဗမာေတြပါ။ အထူးသျဖင့္ အငယ္ေတြကိုဆို 'မင္းကဘယ္ေလာက္တတ္လို႔လဲ' လို႔ အထင္ေသးတတ္တ့ဲ ဗမာလူႀကီးေတြပါ။ သူမ်ားလုပ္ရင္ အပစ္လည္း အလြန္ျမင္တတ္ပ။
.
အင္ဂ်င္နီယာေလာကမွ မဟုတ္ပါဘူး။ တတိုင္းျပည္လံုးရဲ႕ နယ္ပယ္အသီးသီးမွာပါ။ ဒါေတြကို မသိလို႔ ေဒၚစုဆက္လုပ္ေနတယ္ ထင္လို႔လား။ ေမာင္ရင့္အေတြးနဲ႔သာဆို ေဒၚစုျပန္သြားတာ ႏွစ္သံုးဆယ္ ျပည့္ေရာ့မယ္။
.
ျပန္ပါ။ ျပန္လာခ်င္မွလည္း ေရႊဗမာေတြဆီ ျပန္လာပါ။ ဗမာျပည္ကေတာ့ ဒီလိုဘဲ ဆက္သြားေနရမွာပါဘဲ။ ဒါေပမယ့္ အပစ္တင္စကား ဆိုေတာ့မယ္ဆို ေဒၚစုကိုေတာ့ အားနားပါဗ်ာ။ 

No comments:

Post a Comment

Thank you.