30 October 2016

မြန်မာလိဂ်

(Unicode version )

       မြန်မာလူမျိုးတွေ ဘောလုံးကစားတာ ကြိုက်ကြပါသည်။ အရင်ခေတ်ကဆို အောင်ဆန်းကွင်းထဲကန်သည့် ပထမတန်းပွဲမှ စ၍ လမ်းဘေးဘောလုံးပွဲအထိ အားပေးခ့ဲကြသည်။ အောင်ဆန်းကွင်းတွင် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲဆိုလျှင် အုပ်စုမှအစ ဖိုင်နယ်အထိ ကွင်းပြည့်ကွင်းလျှံ။ ၁၉၈၀နှစ်များခန့်ကပေါ့။

.

   ထိုအချိန်ကတည်းက ဥရောပတွင် လိဂ်ပြိုင်ပွဲများ ခေတ်စားနေပါပြီ။ စခ့ဲတာ နှစ်တရာခန့်ရှိနေပြီဖြစ်သည့် နိုင်ငံအလိုက် ဘောပွဲများသည် စီးပွားဖြစ်သည်အဆင့်အထိ ဖွံ့ဖြိုးနေပြီဖြစ်သည်။ သို့သော် မြန်မာဘောလုံး ပရိဿတ်များ သေချာမသိခ့ဲ။ အနည်းဆုံး နှစ်ပတ်ခန့်နောက်ကျပြီးမှ ဖတ်ရသည့် တံခွန်တို့ အင်အားတို့လို့ ဂျာနယ်တွင် ဖေါ်ပြသမျှသာ သိခွင့်ရခ့ဲသည်။ အသေးစိတ်သိခွင့်၊ တီဗီတွင် ကစားပုံများ မမြင်ရသည်အထိ မြန်မာဘောလုံးအသင်းများကို အားပေးမှု မလျော့ခ့ဲပါ။

.

   ၁၉၈၈နောက်ပိုင်း နိုင်ငံ အနည်းငယ်ပွင့်လာချိန်မှ စပြီး ဥရောပမှ ဘောလုံးပွဲများကို ဗီဒီယိုခွေ မှတဆင့်၎င်း၊ ဂြိုဟ်တုစလောင်းများမှ တဆင့်၎င်း ကြည့်ခွင့်ရလာသောအခါ မြန်မာဘောလုံးအသင်းများ ကစားပုံကို အားမရတော့။ တဖြေးဖြေးနဲ့ အောင်ဆန်းကွင်းတွင် လူနည်းနည်းလာပြီး ဥရောပလိဂ်များပြသည့် တီဗီများရှေ့သို့သာ ရောက်ကုန်ကြတော့သည်။

.

   ထိုအခါ တချို့က တမျိုးစဉ်းစား မိကြကုန်၏။ ငါတို့ မြန်မာပြည်မှာရော ဥရောပလို လိဂ်ကျင်းပရင် မဖြစ်နိုင်ဘူးလား။ အသင်းထောင်နိုင်တ့ဲ သူဌေးတွေလဲ ရှိလာပြီ။ ဘောပွဲစိတ်ဝင်စားသူတွေလဲ အများကြီး ရှိနေပြီ။ တိုက်ရိုက်ထုတ်လွှင့်နိုင်တ့ဲ တီဗီတွေလဲ ရှိနေပြီပေါ့။ စလုပ်ကြည့်လိုက်ကြတာ ခုအချိန် အားလုံးသိတ့ဲအတိုင်း မြန်မာလိဂ်ကြီး မအောင်မြင်ပါ။ ပျက်မသွားအောင် မနည်းထိန်းနေရသည်။ ဘာကြောင့်လဲ စုံစမ်းပြီး ပွဲစည်အောင် နိုင်ငံခြားသားတွေပါ ထည့်ကန်သည်။ မရ။ စွဲဆောင်သည့် ပွဲမျိုးစုံလုပ်သည်၊ မရ။

.

   ဘာကြောင့် ဥရောပလိဂ်တွေလို မအောင်မြင်နည်း။ သေချာစဉ်းစားကြည့်တော့ ကစားသမားကောင်းလဲ မရှိ။ နည်းပြကောင်းလဲ မရှိ။ ဘောလုံးကွင်းကောင်းလဲ မရှိ။ ကစားသမားအသစ်များ လေ့ကျင့်မွေးထုတ်ပေးမည့် ကျောင်းများလဲမရှိ။ အရေးအကြီးဆုံးဖြစ်သည့် ဘဏ္႑ာရေးကလဲ မတောင့်တင်း။ ခေတ်ပျက်သူဌေးများကို အားကိုးနေရသည်။ အကောင်းဆုံး ကစားသမား တယောက်တလေကလည်း သူတို့ကို အစားထိုးမ့ဲသူ မရှိမှန်းသိလာတော့ ဖောက်ချင်လာသည်။ ဟုတ်သည်လေ၊ သူမကန်ရင် ဘောပွဲ မစည်ဘဲ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ ဒါတွေက စိတ်ပျက်စရာတွေ မဟုတ်ပါ။ မြန်မာလိဂ်က စတာ ဆယ်နှစ်လောက်ဘဲ ရှိသေးသည်။ ဥရောပလိဂ်တွေက နှစ်ရာချီခဲ့ပြီ။ သူတို့လဲ အကြပ်အတည်းမျိုးစုံ ကျော်ဖြတ်ခ့ဲရမှာပါဘဲ။

.

  အထက်ပါ အချက်များကို ပြောရသည်မှာ ဘောလုံးအကြောင်း ပြောချင်၍ မဟုတ်ပါ။ ဘောလုံးပွဲကို အစိုးရတခု၊ ဘောလုံးအသင်းများကို ယှဉ်ပြိုင်နေကြသည့် နိုင်ငံရေးပါတီများအဖြစ် စဉ်းစားကြည့်လိုက်ကြပါ။ ြုမန်မာပြည်မှာ ဘာမျှ မပြည့်စုံသေးသည်ကို သတိထားမိမှာပါ။ အနည်းငယ် ကန်တတ်သူများက ဝင်ကန်ပေးနေရသည်။ ရှိသည့် ပိုက်ဆံလေးနှင့် ပွဲဖြစ်အောင်၊ ပွဲမပျက်အောင် ကန်နေရသည်။ ပြည်ပမှ ကန်တတ်သူများကို ငှါးရမ်းဖို့ ကြိုးစားနေရဆဲဖြစ်သည်။ ကွင်းအသစ်များ တည်ဆောက်ဖို့ ပြင်ဆင်နေရဆဲ ဖြစ်သည်။ အရေးကြီးသည့် ကိစ္စဖြစ်သည့် ပွဲကြည့်ပရိဿတ်ကြီး စည်းမျဉ်းများ နားလည်စွာနှင် ဘောပွကြည့်တတ်ရေး ပညာပေးနေရဆဲ ဖြစ်သည်။ အို လိုအပ်တာတွေ လေ့လာ ဖြည့်ဆည်းနေရတုံး ဖြစ်သည်။ စိတ်မပျက်ကြစေလိုပါ။

.

   ဥရောပလိဂ်များကို မမှီသေးတာတော့ သေချာပါသည်။ ဘောပွဲကောင်းကောင်း ကြည့်ချင်သော ပရိဿတ်ကြီး မြန်မာလိဂ်ပွဲကြီး အောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ လိုအပ်နေပါကြောင်း။ ။


XxXxXx

(Zawgyi version )

       ျမန္မာလူမ်ိဳးေတြ ေဘာလံုးကစားတာ ႀကိဳက္ၾကပါသည္။ အရင္ေခတ္ကဆို ေအာင္ဆန္းကြင္းထဲကန္သည့္ ပထမတန္းပြဲမွ စ၍ လမ္းေဘးေဘာလံုးပြဲအထိ အားေပးခ့ဲၾကသည္။ ေအာင္ဆန္းကြင္းတြင္ တိုင္းႏွင့္ျပည္နယ္ ေဘာလံုးၿပိဳင္ပြဲဆိုလွ်င္ အုပ္စုမွအစ ဖိုင္နယ္အထိ ကြင္းျပည့္ကြင္းလွ်ံ။ ၁၉၈၀ႏွစ္မ်ားခန္႔ကေပါ့။
.
   ထိုအခ်ိန္ကတည္းက ဥေရာပတြင္ လိဂ္ၿပိဳင္ပြဲမ်ား ေခတ္စားေနပါၿပီ။ စခ့ဲတာ ႏွစ္တရာခန္႔႐ွိေနၿပီျဖစ္သည့္ ႏိုင္ငံအလိုက္ ေဘာပြဲမ်ားသည္ စီးပြားျဖစ္သည္အဆင့္အထိ ဖြံ႔ၿဖိဳးေနၿပီျဖစ္သည္။ သို႔ေသာ္ ျမန္မာေဘာလံုး ပရိႆတ္မ်ား ေသခ်ာမသိခ့ဲ။ အနည္းဆံုး ႏွစ္ပတ္ခန္႔ေနာက္က်ၿပီးမွ ဖတ္ရသည့္ တံခြန္တို႔ အင္အားတို႔လို႔ ဂ်ာနယ္တြင္ ေဖၚျပသမွ်သာ သိခြင့္ရခ့ဲသည္။ အေသးစိတ္သိခြင့္၊ တီဗီတြင္ ကစားပံုမ်ား မျမင္ရသည္အထိ ျမန္မာေဘာလံုးအသင္းမ်ားကို အားေပးမႈ မေလ်ာ့ခ့ဲပါ။
.
   ၁၉၈၈ေနာက္ပိုင္း ႏိုင္ငံ အနည္းငယ္ပြင့္လာခ်ိန္မွ စၿပီး ဥေရာပမွ ေဘာလံုးပြဲမ်ားကို ဗီဒီယုိေခြ မွတဆင့္၎၊ ၿဂိဳဟ္တုစေလာင္းမ်ားမွ တဆင့္၎ ၾကည့္ခြင့္ရလာေသာအခါ ျမန္မာေဘာလံုးအသင္းမ်ား ကစားပံုကို အားမရေတာ့။ တေျဖးေျဖးနဲ႔ ေအာင္ဆန္းကြင္းတြင္ လူနည္းနည္းလာၿပီး ဥေရာပလိဂ္မ်ားျပသည့္ တီဗီမ်ားေ႐ွ႕သို႔သာ ေရာက္ကုန္ၾကေတာ့သည္။
.
   ထိုအခါ တခ်ိဳ႕က တမ်ိဳးစဥ္းစား မိၾကကုန္၏။ ငါတို႔ ျမန္မာျပည္မွာေရာ ဥေရာပလို လိဂ္က်င္းပရင္ မျဖစ္ႏိုင္ဘူးလား။ အသင္းေထာင္ႏိုင္တ့ဲ သူေဌးေတြလဲ ႐ွိလာၿပီ။ ေဘာပြဲစိတ္ဝင္စားသူေတြလဲ အမ်ားႀကီး ႐ွိေနၿပီ။ တိုက္႐ိုက္ထုတ္လႊင့္ႏိုင္တ့ဲ တီဗီေတြလဲ ႐ွိေနၿပီေပါ့။ စလုပ္ၾကည့္လိုက္ၾကတာ ခုအခ်ိန္ အားလံုးသိတ့ဲအတိုင္း ျမန္မာလိဂ္ႀကီး မေအာင္ျမင္ပါ။ ပ်က္မသြားေအာင္ မနည္းထိန္းေနရသည္။ ဘာေၾကာင့္လဲ စံုစမ္းၿပီး ပြဲစည္ေအာင္ ႏိုင္ငံျခားသားေတြပါ ထည့္ကန္သည္။ မရ။ စြဲေဆာင္သည့္ ပြဲမ်ိဳးစံုလုပ္သည္၊ မရ။
.
   ဘာေၾကာင့္ ဥေရာပလိဂ္ေတြလို မေအာင္ျမင္နည္း။ ေသခ်ာစဥ္းစားၾကည့္ေတာ့ ကစားသမားေကာင္းလဲ မ႐ွိ။ နည္းျပေကာင္းလဲ မ႐ွိ။ ေဘာလံုးကြင္းေကာင္းလဲ မ႐ွိ။ ကစားသမားအသစ္မ်ား ေလ့က်င့္ေမြးထုတ္ေပးမည့္ ေက်ာင္းမ်ားလဲမ႐ွိ။ အေရးအႀကီးဆံုးျဖစ္သည့္ ဘ႑ာေရးကလဲ မေတာင့္တင္း။ ေခတ္ပ်က္သူေဌးမ်ားကို အားကိုးေနရသည္။ အေကာင္းဆံုး ကစားသမား တေယာက္တေလကလည္း သူတို႔ကို အစားထိုးမ့ဲသူ မ႐ွိမွန္းသိလာေတာ့ ေဖာက္ခ်င္လာသည္။ ဟုတ္သည္ေလ၊ သူမကန္ရင္ ေဘာပြဲ မစည္ဘဲ ျဖစ္သြားႏိုင္သည္ မဟုတ္ပါလား။ ဒါေတြက စိတ္ပ်က္စရာေတြ မဟုတ္ပါ။ ျမန္မာလိဂ္က စတာ ဆယ္ႏွစ္ေလာက္ဘဲ ႐ွိေသးသည္။ ဥေရာပလိဂ္ေတြက ႏွစ္ရာခ်ီခဲ့ၿပီ။ သူတို႔လဲ အၾကပ္အတည္းမ်ိဳးစံု ေက်ာ္ျဖတ္ခ့ဲရမွာပါဘဲ။
.
  အထက္ပါ အခ်က္မ်ားကို ေျပာရသည္မွာ ေဘာလံုးအေၾကာင္း ေျပာခ်င္၍ မဟုတ္ပါ။ ေဘာလံုးပြဲကို အစိုးရတခု၊ ေဘာလံုးအသင္းမ်ားကို ယွဥ္ၿပိဳင္ေနၾကသည့္ ႏိုင္ငံေရးပါတီမ်ားအျဖစ္ စဥ္းစားၾကည့္လိုက္ၾကပါ။ ျုမန္မာျပည္မွာ ဘာမ်ွ မျပည့္စံုေသးသည္ကို သတိထားမိမွာပါ။ အနည္းငယ္ ကန္တတ္သူမ်ားက ဝင္ကန္ေပးေနရသည္။ ႐ွိသည့္ ပိုက္ဆံေလးႏွင့္ ပဲြျဖစ္ေအာင္၊ ပြဲမပ်က္ေအာင္ ကန္ေနရသည္။ ျပည္ပမွ ကန္တတ္သူမ်ားကို ငွါးရမ္းဖို႔ ႀကိဳးစားေနရဆဲျဖစ္သည္။ ကြင္းအသစ္မ်ား တည္ေဆာက္ဖို႔ ျပင္ဆင္ေနရဆဲ ျဖစ္သည္။ အေရးႀကီးသည့္ ကိစၥျဖစ္သည့္ ပြဲၾကည့္ပရိႆတ္ႀကီး စည္းမ်ဥ္းမ်ား နားလည္စြာႏွင္ ေဘာပြၾကည့္တတ္ေရး ပညာေပးေနရဆဲ ျဖစ္သည္။ အို လိုအပ္တာေတြ ေလ့လာ ျဖည့္ဆည္းေနရတံုး ျဖစ္သည္။ စိတ္မပ်က္ၾကေစလိုပါ။
.
   ဥေရာပလိဂ္မ်ားကို မမွီေသးတာေတာ့ ေသခ်ာပါသည္။ ေဘာပြဲေကာင္းေကာင္း ၾကည့္ခ်င္ေသာ ပရိႆတ္ႀကီး ျမန္မာလိဂ္ပဲြႀကီး ေအာင္ျမင္ေရးအတြက္ ဝိုင္းဝန္းကူညီၾကဖို႔ လိုအပ္ေနပါေၾကာင္း။ ။

No comments:

Post a Comment

Thank you.