01 February 2016
အာဏာ​ပြောင်​းချိန်​
(Unicode version )
  ယ​နေ့ လွှတ်​​တော်​ကျင်​းပတာကြည်​့ပြီး အ​တွေးတခုဝင်​လာသည်​။ လွှတ်​​တော်​၏ အဓိကတာဝန်​များသည်​ ဥပ​ဒေပြုရန်​နှင်​့ အုပ်​ချုပ်​​ရေးကဏ္႑ကို ထိန်​း​ကျောင်​းရန်​ဖြစ်​သည်​။
ယ​နေ့လွှတ်​​တော်​ကိုယ်​စားလှယ်​များသည်​ ကျမ်​းကျိန်​ပြီးဖြစ်​၍ အသက်​ဝင်​ပြီ။ သူတို့သည်​ သက်​တမ်​းနှစ်​လသာ ကျန်​​တော့သည်​့ လက်​ရှိအစိုးရကို စတင်​ထိန်​း​ကျောင်​းနိုင်​ပြီလား။ နှစ်​လအတွင်​း အားလုံးကွဲကုန်​လိမ်​မည်​။ အရင်​ ကြံ့ဖွံ့လွှတ်​​တော်​နှင်​့ ကြ့ံဖွံ့အစိုးရ အချင်​းချင်​း​တောင်​ မ​ခေါ်နိုင်​ မ​ပြောနိုင်​ဖြစ်​​နေကြပြီ။
.
ဒါသည်​လည်​း အ​ခြေခံဥပ​ဒေ၏ အားနည်​းချက်​တခုပင်​။ ​ရွေး​ကောက်​ပွဲ လွှတ်​​တော်​နှင်​့ အစိုးရအ​ပြောင်​းအလဲ အချိန်​များကို ခွာထားလွန်​းသည်​။ ​ရွေး​ကောက်​ပွဲပြီးမှ လွှတ်​​တော်​ကို ဆက်​ကျင်​းပ​နေရပြီး ဥပ​ဒေ​တွေ ဘတ်​ဂျက်​​တွေ ဆွဲ​နေ​သေးသည်​။ ရှုံးသူအများစု ဖြစ်​​နေသည်​့အတွက်​ မသင်​့​တော်​သည်​့ ဥပ​ဒေ​တွေ ဆွဲသွားနိုင်​သည်​။ သင်​့​တော်​မည်​က ​ရွေး​ကောက်​ပွဲပြီးသည်​နှင်​့ ပြန်​စမည်​့လွှတ်​​တော်​သည်​ အ​ရွေးခံကိုယ်​စားလှယ်​များသာ သင်​့​တော်​​တော့သည်​။
.
ဒီလိုဘဲ လွှတ်​​တော်​စပြီး အစိုးရကို ပထမ​နေ့တွင်​ပင်​ဖွဲ့၊ နှစ်​ပတ်​​လောက်​အတွင်​း အာဏာလွှဲသွားသင်​့သည်​။ အစိုးရ​ပြောင်​းသည်​ဆိုလျှင်​ ဘာမျှ မဟုတ်​တာ မသင်​့​တော်​တာ​တွေ မလုပ်​နိုင်​​တော့။ လက်​ရှိအ​ခြေခံဥပ​ဒေ ပြင်​ခွင်​့ရလျှင်​ ဤအချက်​များကိုလဲ ထည်​့သွင်​းပြင်​ဆင်​ရပါမည်​။
.
​ကောင်​းသည်​့ဘက်​က​တွေးလျှင်​​တော့ လက်​ရှိနှစ်​လအတွင်​း ​ဒေါ်စုကို သမတမဖြစ်​​အောင်​ ပိတ်​ပင်​ထားသည်​့ ဥပ​ဒေများကို ပြင်​ဆင်​ဖို့ ​ဆွေး​နွေးနိုင်​ခြင်​းပါ။ အရင်​တ​ခေါက်​က ​ပြောခ့ဲသလိုပင်​ အရင်​​မောင်​​တွေ ညစ်​ပြီး လုပ်​ခ့ဲသမျှ ​ဒေါ်စု​ကောင်​းဖို့ကြီး ဖြစ်​လာသည်​ဟုဘဲ ထင်​မိ​ကြောင်​းပါ။
XxXxXx
(Zawgyi version)
.
.
.
No comments:
Post a Comment
Thank you.