11 November 2015
မဲပြတ်​ရခြင်း အ​ကြောင်း အချို့
 (Unicode version)
       ယ​နေ့အထိ သိရတ့ဲ ရလာဒ်​များအရ NLD အစိုးရဖွဲ့ခွင်​့ရ​လောက်​​အောင်​ မဲအ​ရေအတွက်​ ​သေချာသွားပါပြီ။ ​တောင်​ပြိုကမ်​းပြိုသာမက ပင်​လယ်​ပါပြိုလို့ ​ပြောရ​အောင်​ ပြတ်​ခ့ဲပါတယ်​။ လွယ်​လွယ်​နဲ့ ရခ့ဲတာမဟုတ်​ပါဘူး။ ​ပေးဆပ်​မှု​တွေ အများကြီး​ပေးခ့ဲရတာပါ။ နှစ်​နှစ်​ဆယ်​​ကျော်​ အပြင်​းအထန်​ ဖိနှိပ်​ထားတ့ဲကြားက ဘာ​ကြောင်​့ ဒီ​လောက်​အပြတ်​အသတ်​နိုင်​ရလဲ စဉ်​းစားမိတာ​လေး​တွေ ​ရေးကြည်​့မိပါတယ်​။ ဟိုးအရင်​က ကိစ္စ​တွေထားလို့ လတ်​တ​လော​လေးဘဲ ကြည်​့ရ​အောင်​။ အ​ကြောင်​း​တွေက​တော့ အများကြီး​ပေါ့။
.
      အဓိကက​တော့ ​ဒေါ်​အောင်​ဆန်​းစုကြည်​ပါဘဲ။ သူ့ရဲ့ ထူးခြားတ့ဲ အရည်​အ​သွေး​တွေ​ကြောင်​့ဆိုတာ ဘယ်​သူမှ မညင်​းနိုင်​ပါဘူး။ တခြားအချက်​က​လေး​တွေ စဉ်​းစားကြည်​့​တော့
*​မြေသိမ်​းယာသိမ်​းခံ လယ်​သမား​တွေ၊ လုပ်​ခအနှိမ်​ခံ အလုပ်​သမား​တွေ၊ ပညာ​ရေးအတွက်​ ဆန္ဒပြလို့ ယ​နေ့တိုင်​အဖမ်​းခံ​နေရတ့ဲ ​ကျောင်​းသား​တွေအ​ပေါ် ကိုယ်​ချင်​းစာစိတ်​​တွေ ပါပါတယ်​။
*၁၉၆၂က စလို့ စစ်​​ဗိုလ်​အဆက်​ဆက်​အုပ်​ချုပ်​လိုက်​တာ ကမ္ဘာ့အဆင်​းရဲဆုံးဖြစ်​သွားတာ မခံချင်​စိတ်​​တွေ ပါပါတယ်​။
*​လော​လောလတ်​လတ်​ဆိုရင်​ စင်​ကာပူမှာ ညအိပ်​တန်​းစီပြီး မဲ​ပေးတာ မြင်​ကြရလို့လဲ နိုးကြားလာတာ ပါပါတယ်​။
*အနုပညာရှင်​များ နယ်​လှည်​့စည်​းရုံး​ရေး ဆင်​းခ့ဲတ့ဲ အကျိုး​တွေပါပါတယ်​။
.
     တခြားတဖက်​က စဉ်​းစားကြည်​့ရင်​
*မဲစာရင်​းအမှားများလွန်​းလို့ မယုံကြည်​​တော့တာ ပါပါတယ်​။
*၂၀၁၀က ကြိုတင်​မဲကို ရွံတာပါတယ်​။
*ဘူးလက်​က ၂၆%ရရင်​ ပြီးပြီလို့ ​ပြောခ့ဲတ့ဲအချက်​ ပါပါတယ်​။
*အချိန်​နီးမှ ကြံ့ဖွံ့မှာ ​ဖေ​ဗာအရဆုံး ဦး​ရွှေမန်​းကို ဖယ်​ရှားလိုက်​တာ ပါပါတယ်​။
*တပ်​က အရာရှိကြီး​တွေကို ပင်​စင်​​ပေးပြီး ချက်​ချင်​း ဝင်​အ​ရွေးခံခိုင်​းလိုက်​တာ ​တော်​​တော်​အမြင်​ ဆိုးပါတယ်​။ တပ်​နဲ့ နိုင်​ငံ​ရေး မကွဲဘူးဆိုတာ ​သေချာ​စေခ့ဲတယ်​။
*မဲဆွယ်​ပွဲ​တွေမှာ ​ဟော​ပြောစည်​းရုံးမှု ​တော်​​တော်​ည့ံခ့ဲတယ်​။
*ပြည်​သူ​တွေကို ​နေ့တွက်​​လေး​ပေး၊ ထမင်​း​လေး​ကြွေးရင်​ ရ​လောက်​တယ်​လို့ ​လျော့တွက်​ခ့ဲတယ်​။
*​ရွေး​ကော်​ရဲ့လုပ်​ရပ်​​တွေကို ပြည်​သူက သံသယများခ့ဲတာ​တွေ ပါပါတယ်​။
.
     ​သေချာပြန်​ကြည်​့ရင်​ ရှိဦးမှာပါ။ NLD ​ကောင်​းတာထက်​ ကြ့ံဖွံ့ဆိုးလို့ မဲပို​ပေးကြတာလို့ ထင်​ပါတယ်​။ အစိုးရကလဲ ကြံ့ဖွံ့ကိုး။
XxXxXx
(Zawgyi version )
.
*​မြေသိမ်းယာသိမ်းခံ လယ်​သမား​တွေ၊ လုပ်​ခအနှိမ်​ခံ အလုပ်​သမား​တွေ၊ ပညာ​ရေးအတွက်​ ဆန္ဒပြလို့ ယ​နေ့တိုင်​အဖမ်းခံ​နေရတဲ့ ​ကျောင်းသား​တွေအ​ပေါ် ကိုယ်​ချင်းစာစိတ်​​တွေ ပါပါတယ်​။
*အနုပညာရှင်​များ နယ်​လှည့်​စည်းရုံး​ရေး ဆင်းခဲ့တဲ့ အကျိုး​တွေပါပါတယ်​။
.
*ဘူးလက်​က ၂၆%ရရင်​ ပြီးပြီလို့ ​ပြောခဲ့တဲ့အချက်​ ပါပါတယ်​။
*မဲဆွယ်​ပွဲ​တွေမှာ ​ဟော​ပြောစည်းရုံးမှု ​တော်​​တော်​ညံ့ခဲ့တယ်​။
*ပြည်​သူ​တွေကို ​နေ့တွက်​​လေး​ပေး၊ ထမင်း​လေး​ကြွေးရင်​ ရ​လောက်​တယ်​လို့ ​လျော့တွက်​ခဲ့တယ်​။
*​ရွေး​ကော်​ရဲ့လုပ်​ရပ်​​တွေကို ပြည်​သူက သံသယများခဲ့တာ​တွေ ပါပါတယ်​။
.
No comments:
Post a Comment
Thank you.