14 August 2015

​ရေ​ဘေးကာကွယ်​ ကယ်​တင်​ ထူ​ထောင်​

(Unicode version )

     လူဦး​ရေ တသန်​း​ကျော်​ ထိခိုက်​​စေခ့ဲ​သော ​ရေ​ဘေးကြီး တ​ဖြေး​ဖြေး ​လျော့လာပါပြီ။ ​ဖေ့ဘုတ်​​ကျေးဇူး​ကြောင်​့ လူအများ ဒုက္ခပင်​လယ်​​ဝေ​နေသည်​ကို မြင်​​တွေ့ခ့ဲရသလို၊ အလျှင်​အမြန်​လဲ ကယ်​တင်​ကူညီနိုင်​ခ့ဲသည်​။ ​ငွေ​ကြေး​ချောင်​လည်​​ကြသည်​ မဟုတ်​​သော်​လည်​း မိမိထက်​ လိုအပ်​​နေသုူများကို ကူညီဖို့ လက်​မတွန်​့သည်​့ မြန်​မာ့စိတ်​ရင်​းကို နာဂစ်​အပြီး ပြန်​မြင်​ကြရသည်​။ ထုံးစံအတိုင်​း စိတ်​မြန်​တက်​ကြွ​သော လူငယ်​များသည်​ အစိုးရနှင်​့ မည်​သူ၏ အမိန်​့ အ​ထောက်​အပံ့မှ မပါဘဲ ကူညီနိုင်​မည်​့ ရန်​ပုံ​ငွေ ရှာခ့ဲကြသည်​။ ​လှောင်​​ပြောင်​သူ ရှုံချသူများ အနည်​းငယ်​ရှ်ိ​သော်​လည်​း မြန်​မာလူငယ်​များ၏ စိတ်​ဓါတ်​ကို မှတ်​တမ်​းတင်​ပါသည်​။

.

   လူငယ်​များ၏ ဆန်​့ကျင်​ဖက်​က​တော့ လူကြီးများဖြစ်​သည်​။ လူဦး​ရေ အများဆုံး ​ရေ​ဘေးခံရသည်​့ က​လေးမြို့တဝိုက်​သို့ သမတနှင်​့အဖွဲ့ တပတ်​ခန်​့​နောက်​ကျပြီး လာ​ရောက်​ကြည်​့ရှုပြီး​နောက်​ သတင်​းတခု ​ပေါ်ထွက်​လာသည်​။ ဤမျှ ဆိုးရွားမည်​့ ​ရေ​ဘေးကြီးဖြစ်​မည်​ကို တာဝန်​ရှိသူများ ကြိုမသိကြဘူးလား။ ​ဖေ့ဘုတ်​​ပေါ်မှ သတင်​းအရ ကြိုသိကြပါသည်​။ မိုး​လေဝသဌာနက နှစ်​ပတ်​ခန်​့ မိုးကြီးမည်​ကို ကြိုသိခ့ဲသည်​။ ဆည်​​မြောင်​းဌာနကလည်​း မိုး​ရေချိန်​ဤမျှ ရွာလျှင်​ ဆည်​​ရေလျှံမည်​ကို သိခ့ဲသည်​။ ပတ်​သက်​​သော ဌာနများကလည်​း ​ရေမြုပ်​နိုင်​သည်​ကို ကြိုသိခ့ဲကြပါသည်​။

.

   ပြဿနာက ဘာ​ကြောင်​့ ပြည်​သူလူထု မသိခ့ဲပါသလဲ။ အ​ကြောင်​းရင်​းက​တော့ မည်​သည်​့ဌာနက အ​ရေး​ပေါ်အ​ခြေအ​နေကို ​ကြေငြာမလဲ တာဝန်​​ပေးမထား၍ပါတ့ဲ။ ပြန်​ကြား​ရေးဌာနကပင်​ အထက်​မှ ချ​ပေး​သော ပြန်​တမ်​း​လောက်​သာ ရုံးမှာကပ်​သည်​့ အလုပ်​လုပ်​သည်​ထင်​ပါသည်​။ လူထုကြီး သိရန်​​ကြေငြာရမည်​့ အလုပ်​အတွက်​ အဓိကတာဝန်​ရှိသူများမှာ အစိုးရဌာနများထဲတွင်​ ​ထွေအုပ်​ဌာန ဖြစ်​ရပါမည်​။ ၎င်းတို့ကလဲ တသက်​လုံး အထက်​မှခိုင်​းသည်​ကိုသာ လုပ်​ကြရသဖြင်​့ ကိုယ်​့တာဝန်​အရင်​းကိုပင်​ သိဟန်​မတူ​တော့ပါ။ ပြည်​သူ့အ​ပေါ် ​စေတနာမထားသည်​့အတွက်​ ပိုဆိုးသည်​ ထင်​ပါသည်​။ ​နောက်​ဆုံး ဒုသမတနှင်​့ ဝန်​ကြီးအဖွဲ့ ​ဆွေး​နွေးအပြီး ပြန်​ကြား​ရေးဌာနက တာဝန်​ယူလိုက်​သည်​ဟု သိရသည်​။ ထို​နေ့ည​နေတွင်​ပင်​ တီ​ဗီ​ရေဒီယိုများမှ ​ညောင်​တုံးမြို့ကို လိ​မေ္မာ်​​ရောင်​အဆင်​့ သတ်​မှတ်​ထားပြီဟု breaking news များ လွှင်​့​ပေးနိုင်​ပါသည်​။ တကယ်​က နှစ်​ပတ်​ခန်​့ ​နောက်​ကျ​နေပါပြီ။

.

   ထုံးစံအတိုင်​း လဘက်​ရည်​ဆိုင်​မှာ ​ဆွေး​နွေးမှ အ​ကြောင်​းရင်​းသိပြီး စိတ်​​ပြေခ့ဲရသည်​။ ​ထွေအုပ်​​ခေါ် အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဌာနသည်​ အထက်​မှ ခိုင်​းသည်​ကိုသာလုပ်​တတ်​သည်​။ မြို့နယ်​အဆင်​့မှ အထက်​ အရာရှိများသည်​ တပ်​မှ ​ပြောင်​းလာရသူများဖြစ်​သဖြင်​့ ဌာနတာဝန်​ ဘာမှမသိတ့ဲ။ သာမန်​အချိန်​များတွင်​ ​ငွေရှာ ပိုက်​ဆံ​ရမည်​့ခွင်​သာ ရှာ​နေကြပါသတ့ဲ။ ဤက့ဲသို့ အ​ရေး​ပေါ်အ​ခြေအ​နေတွင်​ အထက်​မှ ဘာခိုင်​းမလဲသာ ​စောင်​့​နေကြပြီး ​ရေကျသွားချိန်​တွင်​မူ ​ရောက်​လာသည်​့ ကယ်​ဆယ်​​ရေးပစ္စည်​းများကို စီမံဖို့ ​စောင်​့​နေကြသတ့ဲ။ ဘာ​ပြောချင်​ကြပါ​သေးသနည်​း။

.

   ​ထွေအုပ်​ဌာနသည်​ ​ရှေးယခင်​ အင်္ဂလိပ်​ မြန်​မာပြည်​ကို အုပ်​ချုပ်​​ရေးပုံ ုံစ​ဖော်​ကတည်​းက မြို့အုပ်​ဆိုပြီး ရှိခ့ဲပါသည်​။ အလွန်​ အလုပ်​လုပ်​ရသည်​့ ဌာနဖြစ်​သည်​။ မိမိနယ်​​မြေအတွင်​းရှိ ကျန်​ဆက်​စပ်​ဌာနများနှင်​့ ချိတ်​ဆက်​၍ နယ်​​မြေအတွက်​ စီမံရပါသည်​။ မြို့အုပ်​ နယ်​ပိုင်​ အ​ရေးပိုင်​ တိုင်​းမင်​းကြီးမှ ​နောက်​ဆုံး အတွင်​းဝန်​အထိ အဆင်​့ဆင်​့ တက်​သွားကြပါသည်​။ ယခင်​​ခေတ်​ အ​ရေးပိုင်​ နယ်​ပိုင်​​ဟောင်​းကြီးများ ​ရေး​သော စာအုပ်​များတွင်​ ​တွေ့နိုင်​သည်​။ ခု ထို​နေရာများ အားလုံးကို တပ်​မှ မိုးကျ​ရွှေကိုယ်​များ ဝင်​လာသဖြင်​့ ဤမျှအထိ ​ရေ​ဘေး ဆိုးရွားသွားရသည်​ ထင်​ပါသည်​၊

.

   မိုးကြီးလျှင်​ ​ရေလျှံ​ရေမြုပ်​မှာ ​သေချာပါသည်​။ ဒါက အုပ်​ချုပ်​သူများ အပစ်​မဟုတ်​ပါ။ ထိုသို့ဖြစ်​မည်​ကို ကြိုတင်​ခန်​့မှန်​းခြင်​း၊ ကြိုတင်​ကာကွယ်​ခြင်​း၊ အပျက်​အစီး အထိအခိုက်​ အနည်​းဆုံးဖြစ်​​အောင်​ မလုပ်​​ဆောင်​နိုင်​ခြင်​းကမှ အပစ်​ဖြစ်​သည်​။ ယခုပြန်​လည်​ထူ​ထောင်​ချိန်​တွင်​လည်​း အိပ်​ထဲထည်​့ဖို့သာ စိတ်​မကူးကြဘဲ တာဝန်​ကို ​စေတနာ​ပေါင်​း၍ လုပ်​​ပေးခြင်​းဖြင်​့ အပစ်​များ ​လျှော့နိုင်​ကြပါ​စေသတည်​း။

XxXxXx

(Zawgyi version)

     လူဦး​ေရ တသန္​း​ေက်ာ္​ ထိခိုက္​​ေစခ့ဲ​ေသာ ​ေရ​ေဘးႀကီး တ​ေျဖး​ေျဖး ​ေလ်ာ့လာပါၿပီ။ ​ေဖ့ဘုတ္​​ေက်းဇူး​ေၾကာင္​့ လူအမ်ား ဒုကၡပင္​လယ္​​ေဝ​ေနသည္​ကို ျမင္​​ေတြ႔ခ့ဲရသလို၊ အလွ်င္​အျမန္​လဲ ကယ္​တင္​ကူညီႏိုင္​ခ့ဲသည္​။ ​ေငြ​ေၾကး​ေခ်ာင္​လည္​​ၾကသည္​ မဟုတ္​​ေသာ္​လည္​း မိမိထက္​ လိုအပ္​​ေနသုူမ်ားကို ကူညီဖို႔ လက္​မတြန္​႔သည္​့ ျမန္​မာ့စိတ္​ရင္​းကို နာဂစ္​အၿပီး ျပန္​ျမင္​ၾကရသည္​။ ထံုးစံအတိုင္​း စိတ္​ျမန္​တက္​ႂကြ​ေသာ လူငယ္​မ်ားသည္​ အစိုးရႏွင္​့ မည္​သူ၏ အမိန္​႔ အ​ေထာက္​အပံ့မွ မပါဘဲ ကူညီႏိုင္​မည္​့ ရန္​ပံု​ေငြ ႐ွာခ့ဲၾကသည္​။ ​ေလွာင္​​ေျပာင္​သူ ႐ွံုခ်သူမ်ား အနည္​းငယ္​႐ွ္ိ​ေသာ္​လည္​း ျမန္​မာလူငယ္​မ်ား၏ စိတ္​ဓါတ္​ကို မွတ္​တမ္​းတင္​ပါသည္​။
.
   လူငယ္​မ်ား၏ ဆန္​႔က်င္​ဖက္​က​ေတာ့ လူႀကီးမ်ားျဖစ္​သည္​။ လူဦး​ေရ အမ်ားဆံုး ​ေရ​ေဘးခံရသည္​့ က​ေလးၿမိဳ႕တဝိုက္​သို႔ သမတႏွင္​့အဖြဲ႔ တပတ္​ခန္​႔​ေနာက္​က်ၿပီး လာ​ေရာက္​ၾကည္​့႐ႈၿပီး​ေနာက္​ သတင္​းတခု ​ေပၚထြက္​လာသည္​။ ဤမွ် ဆိုးရြားမည္​့ ​ေရ​ေဘးႀကီးျဖစ္​မည္​ကို တာဝန္​႐ွိသူမ်ား ႀကိဳမသိၾကဘူးလား။ ​ေဖ့ဘုတ္​​ေပၚမွ သတင္​းအရ ႀကိဳသိၾကပါသည္​။ မိုး​ေလဝသဌာနက ႏွစ္​ပတ္​ခန္​႔ မိုးႀကီးမည္​ကို ႀကိဳသိခ့ဲသည္​။ ဆည္​​ေျမာင္​းဌာနကလည္​း မိုး​ေရခ်ိန္​ဤမွ် ရြာလွ်င္​ ဆည္​​ေရလ်ွံမည္​ကို သိခ့ဲသည္​။ ပတ္​သက္​​ေသာ ဌာနမ်ားကလည္​း ​ေရျမဳပ္​ႏိုင္​သည္​ကို ႀကိဳသိခ့ဲၾကပါသည္​။
.
   ျပႆနာက ဘာ​ေၾကာင္​့ ျပည္​သူလူထု မသိခ့ဲပါသလဲ။ အ​ေၾကာင္​းရင္​းက​ေတာ့ မည္​သည္​့ဌာနက အ​ေရး​ေပၚအ​ေျခအ​ေနကို ​ေၾကျငာမလဲ တာဝန္​​ေပးမထား၍ပါတ့ဲ။ ျပန္​ၾကား​ေရးဌာနကပင္​ အထက္​မွ ခ်​ေပး​ေသာ ျပန္​တမ္​း​ေလာက္​သာ ရံုးမွာကပ္​သည္​့ အလုပ္​လုပ္​သည္​ထင္​ပါသည္​။ လူထုႀကီး သိရန္​​ေၾကျငာရမည္​့ အလုပ္​အတြက္​ အဓိကတာဝန္​႐ွိသူမ်ားမွာ အစိုးရဌာနမ်ားထဲတြင္​ ​ေထြအုပ္​ဌာန ျဖစ္​ရပါမည္​။ ၎တို႔ကလဲ တသက္​လံုး အထက္​မွခိုင္​းသည္​ကိုသာ လုပ္​ၾကရသျဖင္​့ ကိုယ္​့တာဝန္​အရင္​းကိုပင္​ သိဟန္​မတူ​ေတာ့ပါ။ ျပည္​သူ႔အ​ေပၚ ​ေစတနာမထားသည္​့အတြက္​ ပိုဆိုးသည္​ ထင္​ပါသည္​။ ​ေနာက္​ဆံုး ဒုသမတႏွင္​့ ဝန္​ႀကီးအဖြဲ႔ ​ေဆြး​ေႏြးအၿပီး ျပန္​ၾကား​ေရးဌာနက တာဝန္​ယူလိုက္​သည္​ဟု သိရသည္​။ ထို​ေန႔ည​ေနတြင္​ပင္​ တီ​ဗီ​ေရဒီယိုမ်ားမွ ​ေညာင္​တံုးၿမိဳ႕ကို လိ​ေမၼာ္​​ေရာင္​အဆင္​့ သတ္​မွတ္​ထားၿပီဟု breaking news မ်ား လႊင္​့​ေပးႏိုင္​ပါသည္​။ တကယ္​က ႏွစ္​ပတ္​ခန္​႔ ​ေနာက္​က်​ေနပါၿပီ။
.
   ထံုးစံအတိုင္​း လဘက္​ရည္​ဆိုင္​မွာ ​ေဆြး​ေႏြးမွ အ​ေၾကာင္​းရင္​းသိၿပီး စိတ္​​ေျပခ့ဲရသည္​။ ​ေထြအုပ္​​ေခၚ အ​ေထြ​ေထြအုပ္​ခ်ဳပ္​​ေရးဌာနသည္​ အထက္​မွ ခိုင္​းသည္​ကိုသာလုပ္​တတ္​သည္​။ ၿမိဳ႕နယ္​အဆင္​့မွ အထက္​ အရာ႐ွိမ်ားသည္​ တပ္​မွ ​ေျပာင္​းလာရသူမ်ားျဖစ္​သျဖင္​့ ဌာနတာဝန္​ ဘာမွမသိတ့ဲ။ သာမန္​အခ်ိန္​မ်ားတြင္​ ​ေငြ႐ွာ ပိုက္​ဆံ​ရမည္​့ခြင္​သာ ႐ွာ​ေနၾကပါသတ့ဲ။ ဤက့ဲသို႔ အ​ေရး​ေပၚအ​ေျခအ​ေနတြင္​ အထက္​မွ ဘာခိုင္​းမလဲသာ ​ေစာင္​့​ေနၾကၿပီး ​ေရက်သြားခ်ိန္​တြင္​မူ ​ေရာက္​လာသည္​့ ကယ္​ဆယ္​​ေရးပစၥည္​းမ်ားကို စီမံဖို႔ ​ေစာင္​့​ေနၾကသတ့ဲ။ ဘာ​ေျပာခ်င္​ၾကပါ​ေသးသနည္​း။
.
   ​ေထြအုပ္​ဌာနသည္​ ​ေ႐ွးယခင္​ အဂၤလိပ္​ ျမန္​မာျပည္​ကို အုပ္​ခ်ဳပ္​​ေရးပံု ံုစ​ေဖာ္​ကတည္​းက ၿမိဳ႕အုပ္​ဆိုၿပီး ႐ွိခ့ဲပါသည္​။ အလြန္​ အလုပ္​လုပ္​ရသည္​့ ဌာနျဖစ္​သည္​။ မိမိနယ္​​ေျမအတြင္​း႐ွိ က်န္​ဆက္​စပ္​ဌာနမ်ားႏွင္​့ ခ်ိတ္​ဆက္​၍ နယ္​​ေျမအတြက္​ စီမံရပါသည္​။ ၿမိဳ႕အုပ္​ နယ္​ပိုင္​ အ​ေရးပိုင္​ တိုင္​းမင္​းႀကီးမွ ​ေနာက္​ဆံုး အတြင္​းဝန္​အထိ အဆင္​့ဆင္​့ တက္​သြားၾကပါသည္​။ ယခင္​​ေခတ္​ အ​ေရးပိုင္​ နယ္​ပိုင္​​ေဟာင္​းႀကီးမ်ား ​ေရး​ေသာ စာအုပ္​မ်ားတြင္​ ​ေတြ႔ႏိုင္​သည္​။ ခု ထို​ေနရာမ်ား အားလံုးကို တပ္​မွ မိုးက်​ေရႊကိုယ္​မ်ား ဝင္​လာသျဖင္​့ ဤမွ်အထိ ​ေရ​ေဘး ဆိုးရြားသြားရသည္​ ထင္​ပါသည္​၊
.
   မိုးႀကီးလွ်င္​ ​ေရလွ်ံ​ေရျမဳပ္​မွာ ​ေသခ်ာပါသည္​။ ဒါက အုပ္​ခ်ဳပ္​သူမ်ား အပစ္​မဟုတ္​ပါ။ ထိုသို႔ျဖစ္​မည္​ကို ႀကိဳတင္​ခန္​႔မွန္​းျခင္​း၊ ႀကိဳတင္​ကာကြယ္​ျခင္​း၊ အပ်က္​အစီး အထိအခိုက္​ အနည္​းဆံုးျဖစ္​​ေအာင္​ မလုပ္​​ေဆာင္​ႏိုင္​ျခင္​းကမွ အပစ္​ျဖစ္​သည္​။ ယခုျပန္​လည္​ထူ​ေထာင္​ခ်ိန္​တြင္​လည္​း အိပ္​ထဲထည္​့ဖို႔သာ စိတ္​မကူးၾကဘဲ တာဝန္​ကို ​ေစတနာ​ေပါင္​း၍ လုပ္​​ေပးျခင္​းျဖင္​့ အပစ္​မ်ား ​ေလွ်ာ့ႏိုင္​ၾကပါ​ေစသတည္​း။ 

No comments:

Post a Comment

Thank you.